Month: May 2015

ယခုနှစ်နှောင်းပိုင်းတွင် ဖြန့်ချိမည့် Android M ကို Google မိတ်ဆက်

Google သည် နှစ်စဉ်ကျင်းပနေကျ developer conference တွင် Android M operating system သစ်ကို မိတ်ဆက်ခဲ့သည်။ Android M ကို ယနေ့တွင် prerelease ဗားရှင်းအဖြစ် ဖြန့်ချိသွားမည် ဖြစ်ပြီး ယခုနှစ် နှောင်းပိုင်းမှသာ feature သစ်များစွာ ပါဝင်ပြီး စွမ်းဆောင်ရည် မြှင့်တင်ထားသော ဗားရှင်းကို ဖြန့်ချိသွားမည် ဖြစ်သည်။ ကုမ္ပဏီအနေဖြင့် operating system သစ်အတွက် အခြေခံကျသည့် အရာများကို တည်ဆောက်သွားမည် ဖြစ်ပြီး platform အရည်အသွေးကိုလည်း တိုးမြှင့်သွားမည် ဖြစ်ကြောင်း Google ၏ အကြီးတန်း ဒုဥက္ကဌ ဆန်ဒါပီချိုင်းက ပြောကြားခဲ့သည်။ Android 5.0 Lollipop တွင် ဒီဇိုင်းသစ်နှင့် interface သစ်များ […]

Read More

Softphone

Software နဲ့ telephone တို့ကို ပေါင်းစပ်ထားတဲ့ Softphone ဆိုတာကတော့ computing device တွေကနေ voice over Internet Protocol (VoIP) နဲ့ သုံးနိုင်တဲ့ application program တစ်ခု ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းမှာတော့ softphone ကို soft client တွေအနေနဲ့ တစ်ခါတစ်ရံ ရည်ညွှန်း သုံးနှုန်းပါတယ်။ Softphone application အများစုဟာ headset နဲ့ microphone တစ်ခု၊ အထူးပြုလုပ်ထားတဲ့ VoIP phone နဲ့ ပေါင်းစပ်ထားပါတယ်။ Analog telephone adaptor လို့ခေါ်တဲ့ device တစ်ခုကို အသုံးပြုပြီး စံသတ်မှတ်ထားတဲ့ telephone handset ကနေ VoIP ခေါ်ဆိုမှု […]

Read More

Luxury ဆန်ဆန်နဲ့ Chevrolet Impala မော်ဒယ်က ရွေးချယ်နိုင်စရာ စုံတယ်

ဟုတ်ပါတယ်၊ ခေတ်က ကားကုမ္ပဏီတစ်ခုနဲ့ တစ်ခုအပြိုင် အနေအထား ဖြစ်နေတော့ ကုမ္ပဏီတစ်ခုကနေ မော်ဒယ်တစ်ခုကို ထုတ်လုပ်တော့မယ်ဆိုရင် အရောင်၊ ဒီဇိုင်း၊ အင်ဂျင်စတဲ့ အချက်တွေ ရွေးချယ်နိုင်စရာများပါမှ ဈေးကွက်မှာ လူကြိုက်များတော့မယ့် အနေအထား ဖြစ်နေပါတယ်။ ဒီတော့ ကားကုမ္ပဏီတွေဘက်ကလည်း မော်ဒယ်တစ်ခုတည်းကိုမှ ရွေးချယ်နိုင်စရာ များများစားစား ထုတ်လုပ်ချင်လုပ်၊ အဲလိုမှ မဟုတ်ရင် အသွင်ကွဲ မော်ဒယ် ထုတ်လုပ်ရောင်းချမှ တန်ကာကျတော့တာပါ။ အခုလည်း Chevy ရဲ့ Cruze ဆိုတာ အင်ဂျင်စနစ် သေးသေးနဲ့ ဆီစားသက်သာတဲ့ မော်ဒယ်ဖြစ်ပေမယ့် တန်ကြေးနည်း မော်ဒယ်ဖြစ်နေတော့ အင်ဂျင်စနစ် ရွေးချယ်နိုင်စရာ အများကြီးမထွက်ဘူးပေါ့လေ၊ ဒီတော့အင်ဂျင်စနစ် ကြီးကြီးနဲ့ Luxury မော်ဒယ်မျိုးလိုချင်သူတွေအတွက် Chevy က နောက်ထပ် ဆင်တူ မော်ဒယ်တစ်ခု ဖြစ်တဲ့ […]

Read More

Colorfly G708 Tablet

GSM, WCDMA နှင့် Ooredoo မိုဘိုင်းဆင်းကတ် ထည့်သွင်း အသုံးပြုနိုင်သော Colorfly အမှတ်တံဆိပ် G708 မော်ဒယ် Tablet  ဖြစ်သည်။ စကရင်အရွယ်အစား ၇ လက်မရှိပြီး  Resolutionအနေဖြင့် 1280 × 800 ကိုအထောက်အပံ့ ပေးထားသည်။ RAM အနေဖြင့် 1GB ပါဝင်သည်။ Octa Core 1.3 GHz CPU ထည့်သွင်း အသုံးပြုထားပြီး Storage Memory အနေဖြင့် 8GB ပါဝင်သည်။ Micro SD Card ဖြင့် 16 GB အထိ ထပ်တိုးအသုံးပြုနိုင်မည် ဖြစ်သည်။ Android v4.4.2 OS ကို ထည့်သွင်းအသုံးပြုထားသည်။ Dual Camera ပါဝင်သည့်အတွက် […]

Read More

MITSUBISHI Split Type Air Con

Mitsubishi Heavy Industries Co.,Ltd မှ ထုတ်လုပ်ထားသော မော်ဒယ်လ်သစ် (Compact Design) အမျိုးအစား Split Type Air Con ဖြစ်သည်။ မီးပျက်ပြီး မီးပြန်လာပါက စက်ကို အလိုအလျောက် ပြန်လည်ပတ်စေနိုင်သည်။ Air Flow မှာ ၇ မီတာထိရောက်အောင် ဖြန့်ပေးနိုင်ပြီး Hi Power Function ပါဝင်သည့်အတွက် ခလုတ်စဖွင့်သည့်နှင့် အခန်းတစ်ခန်းလုံးကို လျင်မြန်စွာ အေးမြစေနိုင်သည်။ လေအေးပေးစနစ်ကိုအထက်၊ အောက်(သို့)မိမိလိုချင်သည့် အနေအထားသို့ ထားနိုင်သည်။ ၂၄ နာရီအဖွင့် အပိတ်အတွက် Timer ပေးထားနိုင်ပြီး Economy နှင့် Auto Sleep Functionများ ပါဝင်သည်။ လက်ခအခမဲ့ဖြင့် တပ်ဆင်ပေးမည်ဖြစ်ပြီး ၆ လအတွင်း Service […]

Read More

ယနေ့ကံကြမ္မာ မိုဘိုင်း Application ထွက်ရှိ

မိမိ၏ တစ်နေ့တာ ကံကြမ္မာကို ဖုန်းမှတစ်ဆင့် အလွယ်တကူ တွက်ချက်သိရှိနိုင်မည့် ယနေ့ကံကြမ္မာ မိုဘိုင်း Application ကို အခမဲ့ရယူ အသုံးပြုနိုင်မည်ဖြစ်ပြီး အဆိုပါ App ကို Android OS နှင့် iOS ဗားရှင်းနှစ်မျိုးစလုံးအတွက် ထုတ်လုပ်ထားကြောင်း သိရသည်။ “ဗေဒင်သွားမေးဖို့ အချိန်မပေးနိုင်တဲ့ သူတွေအနေနဲ့ နေ့စဉ် ဗေဒင်ဆရာတစ်ယောက် အနားမှာရှိသကဲ့သို့ မေးမြန်းနိုင်မယ့် “ယနေ့ကံကြမ္မာ” တားရော့ဗေဒင် ကိုဆရာမင်းသိမ်းခိုင်(ရွှေရမ်းထူးလင်း) ရဲ့ အကူအညီနဲ့ ရေးဆွဲထားတာပါ။ ဒီ App ရဲ့ တားရော့ဗေဒင် ကဏ္ဍမှာဆိုရင် စီးပွားရေး၊ ပညာရေး၊ အချစ်ရေးနှင့် ကျန်းမာရေး စတာတွေကို နေ့စဉ်မေးမြန်းနိုင်မှာပါ။ Android နှင့် iOS နှစ်မျိုးစလုံးအတွက် အသုံးပြုနိုင်ပါတယ်” ၎င်း Application ကို ရေးသားသည့် […]

Read More

iBoostUp for Mac

iFreeUp for Mac ဆော့ဖ်ဝဲသည် Mac OS အသုံးပြုထားသည့် ကွန်ပျူ တာစနစ်အတွင်းတွင် လုပ်ငန်းလုပ်ဆောင်မှုများ ပိုမိုတိုးတက်စေရန်နှင့် မလိုအပ်သည့်ဖိုင်များကို ရှင်းထုတ်ပေးရန်အတွက် အသုံးပြုနိုင်သည့် ဆော့ဖ်ဝဲတစ်ခုလည်းဖြစ်သည်။ Operating System အတွင်း မလိုအပ်သည့်ဖိုင်များကို ရှင်းထုတ်ပေးပြီး လုပ်ငန်းလုပ်ဆောင်မှု ပိုမိုတိုးတက်စေရန်အတွက် အထောက်အပံ့ပေးနိုင်သည့်ဆော့ဖ်ဝဲတစ်ခုလည်း ဖြစ်သည်။ Download ပြုလုပ်လိုသူများအနေနှင့် အခမဲ့ ရယူအသုံးပြုနိုင်မည်ဖြစ်ပြီး၊ Download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 6.2MB ခန့်ရှိမည်ဖြစ်သည်။ Mac OS X 10.6 မှ 10.10 အထိ ထည့်သွင်းအသုံးပြုနိုင်မည် ဖြစ်သည်။ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More

ProCam 2

Professional Camera တစ်လုံးနီးပါးအတိုင်း iPhone, iPad တို့ဖြင့် ဓာတ်ပုံရိုက်ကူးလိုသူများအတွက် အသုံးဝင်မည့် App တစ်ခုဖြစ်သည်။ အဆိုပါ App တွင် ဓာတ်ပုံရိုက်ကူးရန်အတွက် Settings ပေါင်းများစွာ ပါဝင်မည်ဖြစ်ပြီး Shooting Mode များစွာကိုလည်း ထည့်သွင်းပေးထားသည်။ ထို့ပြင် iPhone 5s နှင့်နောက်ပိုင်း Device များတွင် ထည့်သွင်း အသုံးပြုမည်ဆိုပါက 4K Ultra HD Video များကိုပင် ရိုက်ကူးနိုင်မည်ဖြစ်သည်။ အဆိုပါ App ကို iTunes တွင် ကန်ဒေါ်လာ ၂.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါ အချိန်ကန့်သတ်၍ အခမဲ့ Download ပြုလုပ်ခွင့်ပေးထားသည်။ iOS Version 7.0 နှင့်အထက်တွင်သာ ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်သည်။ […]

Read More

Telenor ကို တိုင်းရင်းသား အဖွဲ့တစ်ခုက ခေါ်ယူတွေ့ဆုံခဲ့သည် ဟုဆို

ဆက်သွယ်ရေး ကွန်ရက်ချဲ့ထွင်ရန် ကြိုးစားနေသည့် Telenor ကို တိုင်းရင်းသား အဖွဲ့တစ်ခုက လုပ်ငန်းစဉ် ရပ်တန့်၍ ၎င်းတို့နှင့် လာရောက်တွေ့ဆုံရန် ခေါ်ယူခဲ့သည်ဟု သိရသည်။ “အကြီးအကဲဖြစ်သူနဲ့ တွေ့ချင်တယ်ဆိုလို့ သွားတွေ့ခဲ့ပါတယ်။ ဖိုက်ဘာလိုင်းတွေ ချတယ်။ ဒါပေမဲ့ သူတို့ဆီကိုတော့ မရောက်ခဲ့ရင် ဘယ်လိုလုပ်မလဲ ဆိုပြီးတော့ မေးကြ တယ်။ ဘယ်နှစ်တွေမှာဆိုရင် ဘယ်လို ဖြစ်လာမယ်ဆိုတာ ရှင်းပြလိုက်တော့ အဆင်ပြေသွားတယ်” ဟု Telenor ၏ CEO ဖြစ်သူက ပြောသည်။ ကွန်ရက်ချဲ့ထွင်ခြင်းကို လုပ်ကိုင်နေစဉ် လုပ်ငန်းစဉ်ရပ်တန့်ရန်နှင့် ၎င်းတို့နှင့် လာရောက်တွေ့ဆုံရန် ပြောဆိုခဲ့သည့် တိုင်းရင်းအဖွဲ့ နာမည်ကို Telenor က ထုတ်ပြန်ပြော ဆိုခဲ့ခြင်း မရှိသော်လည်း ၎င်းတို့သည် တိုင်းရင်းသားဒေသခံများနှင့် ထိတွေ့ဆက်ဆံနိုင်ရန်အတွက် ဝန်ထမ်းများကို သီးသန့်ခန့်အပ်ခြင်းများ ပြုလုပ် […]

Read More

Yangon Heartz Business Solution မှကြီးမှူးကျင်းပမည့် Brain Storming Workshop ပြုလုပ်မည်

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းနှင့် အင်တာနက်သုံးစွဲသူ များပြားလာမှုနှင့်အတူ e-commerce and online Shopping (အင်တာနက်မှ ဈေးရောင်းချခြင်း သို့မဟုတ် ဝန်ဆောင်မှု လုပ်ငန်းများ ) သည်လည်း တိုးတက်လာလျက် ရှိရာ အဆိုပါ အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်နေသူများ အနေဖြင့် လက်ရှိအခြေ အနေထက် ကောင်းမွန်သော ဝန်ဆောင်မှုများကို သုံးစွဲသူများထံသို့ ဆက်လက် ပေးအပ်နိုင်ရန် အတွက် Yangon Heartz Business Solution မှကြီးမှူးကျင်းပသည့် Brain Storming Workshop ကို ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ MICT Park ရှိ အခန်း (၂၀၅) ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ Workshop တွင် […]

Read More