Month: June 2015

ဒုတိယအကြိမ်မြောက် Samsung Galaxy Lucky Draw 2015 ကျင်းပမည်

Samsung Myanmar မှ စီစဉ်သည့် ဒုတိယအကြိမ်မြောက် Samsung Galaxy Lucky Draw 2015 ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။ “Samsung Myanmar အနေနဲ့ Samsung Galaxy Lucky Draw အစီအစဉ်ကို ၂၀၁၃ ခုနှစ်က တစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ယခင်နှစ်တုန်းကနဲ့ ကွဲပြားမှု အနည်းငယ် ရှိခဲ့ပေမယ့် အခု Samsung Galaxy Lucky Draw 2015 အစီအစဉ်မှာတော့ ဆုအရေအတွက်နဲ့ အမျိုးအစားကို ပိုမိုမြှင့်တင် ပေးထားပါတယ်။ Samsung ရဲ့ Galaxy Lucky Draw 2015 အစီအစဉ်မှာ ပါဝင်ချင်တယ်ဆိုရင်တော့ ဈေးနှုန်းသင့်တင့်ပြီး အရည်အသွေးကောင်းမွန်တဲ့ Samsung Galaxy Grand Prime, Galaxy […]

Read More

မောင်ဇွဲဘုန်းမြတ်အောင်၏ Student Life

ဒီအပတ်မှာတော့ ယူကေနိုင်ငံ Anglia Ruskin University မှာ Business Management ဘာသာရပ်ကို တက်ရောက်နေတဲ့ မောင်ဇွဲဘုန်းမြတ်အောင်ရဲ့ Student Life ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ အခု ဘယ်ဘာသာရပ်နဲ့ ဘယ်ကျောင်းမှာတက်နေတာပါလဲ။ ကျွန်တော် အခု ယူကေနိုင်ငံ Cambridge မြို့မှာရှိတဲ့ Anglia Ruskin University မှာ Business Management တက်ရောက်နေပါတယ်။ ဘာကြောင့် ယူကေပညာရေးကို ရွေးချယ်ဖြစ်ခဲ့တာလဲ။ ယူကေကို အဓိက ရွေးချယ်ရခြင်း အကြောင်းကတော့ ယူကေက Education system ကို ကြိုက်လို့ပါ။ ပြီးတော့ ယူကေမှာ အဆင့်တန်းမြင့် တက္ကသိုလ်ကောင်းတွေ အများကြီးရှိတယ်လေ။ Agent က နေသွားခဲ့တာလား၊ ကိုယ်တိုင်ကျောင်းလျှောက်ခဲ့တာလား။ ကျွန်တော် YIUS မှာ […]

Read More

နေရာအနှံ့တွင် Facial Recognition နည်းပညာဖြင့် လျို့ဝှက်စွာ ခြေရာခံမှုများ ပြုလုပ်နေဟုဆို

Facial recognition နည်းပညာကို လူမှုရေးမီဒီယာ platform အပြင် ကြော်ငြာရှင်နှင့် နည်းပညာ ကုမ္ပဏီပေါင်း များစွာက ကျယ်ပြန့်စွာ ပိုမိုအသုံးပြု လာလျက်ရှိသည်။ သို့သော်လည်း လူအများစုသည် ၎င်းတို့၏ ဇီဝဗေဒ အချက်အလက်များ စုဆောင်းခံနေရခြင်းအပြင် မည်သည့်ရည်ရွယ်ချက်ဖြင့် အချက်အလက်များကို အသုံးချနေကြကြောင်းကို မသိရှိကြောင်း Huffigtonpost ကဖော်ပြခဲ့သည်။ ထို့အပြင် ကုမ္ပဏီများအနေဖြင့် သုံးစွဲသူများ၏ တစ်ကိုယ်ရေ လွတ်လပ်ခွင့်ကို လေးစားလာစေရန် လမ်းညွှန်ချက်များလည်း မရှိပေ။ အမေရိကန်ရှိ အများပြည်သူ လွတ်လပ်မှုအသင်း အပါအဝင် တက်ကြွထောက်ပံ့သည့် အဖွဲ့များသည် ထုတ်ကုန်များ ရောင်းချရာတွင် facial  feature များ အသုံးပြုမှုနှင့် ပတ်သက်၍ ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီများနှင့် သဘောတူညီချက်များ ရရှိရန် ကြိုးစားခဲ့သော်လည်း ပျက်ပြယ်ခဲ့ရသည်။ လတ်တလောတွင် အန္တရာယ်ရှိသော အရာမှာ […]

Read More

3D printer ဖြင့်ထုတ်လုပ်ထားသော ကမ္ဘာ့ပထမဆုံး ပြိုင်ကား

ဆန်ဖရန်စစ္စကိုအခြေစိုက် Divergent Microfactories သည် 3D printer ဖြင့် ကားအောက်ခံထည်ကို ဖန်တီးခဲ့ပြီး Blade ဟုခေါ်သည့် ပြိုင်ကားတစ်စီး တည်ဆောက်ခဲ့ကြောင်း Engadget မှ ဖော်ပြခဲ့သည်။ 3D printer ဖြင့် ထုတ်လုပ်ထားသော ကားအောက်ခံထည်သည် ကားအများစုကဲ့သို့ စတီးလ် သို့မဟုတ် အလူမီနီယမ်နှင့် မဟုတ်ဘဲ ကာဗွန်ဖိုက်ဘာဖြင့် တွဲဆက်ခဲ့ခြင်းကြောင့် အလေးချိန် ၉၀ ရာခိုင်နှုန်းကို လျှော့ချနိုင်ခဲ့သည်။ ထို့ကြောင့် ကားတစ်ခုလုံး၏ အလေးချိန်မှာ ပေါင် ၁,၄၀၀ အောက်သာ ရှိသည်။ ထို့အပြင် “Blade” သည် ပေါ့ပါးသပ်ရပ်ပြီး ၂.၂ စက္ကန့်အတွင်း မိုင်၆၀ အထိ မောင်းနှင်နိုင်သည်။ “အရာဝတ္ထုတွေကို ဘယ်လိုဖန်တီးမယ်ဆိုတာ ကားတွေမှာ ဘယ်လိုလောင်စာအသုံးပြုမယ်နဲ့ အိတ်ဇောပိုက် တွေထည့် မထည့်ဆိုတာထက် […]

Read More

Sony Xperia C4 ကို လျှော့ဈေးဖြင့် ရောင်းချမည်

Sony Xperia C4 ကို အထူးလျှော့ဈေးဖြင့် ရောင်းချမည် ဖြစ်ပြီး အဆိုပါ Sony Xperia C4 မှာ GSM နှစ်ကဒ်သုံး Dual Sim အမျိုးအစားဖြစ်ပြီး တန်ဖိုး ၃၆၉,၀၀၀ ကျပ် ဝန်းကျင်ဖြင့် စတင် ရောင်းချမည် ဖြစ်သည်။ “ကျွန်တော်တို့ အခုထွက်ရှိလာတဲ့ Sony အမှတ်တံဆိပ် Xperia C4 ကို ဇွန် ၂၆ ရက်မှာ စတင် ရောင်းချပေးမှာ ဖြစ်ပါတယ်။ သူက Dual Sim အမျိုးအစား ပါ။ ဈေးနှုန်းကိုတော့ ၃၆၉,၀၀၀ ကျပ် အဖြစ် ကျွန်တော်တို့ သတ်မှတ်ထားပါတယ်။ လောလောဆယ်မှာတော့ စတင်ပြီး ရောင်းချတဲ့ အထိမ်းအမှတ် အနေနဲ့ promotion ပုံစံလေး […]

Read More

Sony Xperia C4

အားသာချက် ဖုန်းမှာဖွဲ့စည်း တည်ဆောက်ထားတဲ့ CPU, GPU အစရှိတဲ့ Hardware စနစ်ပိုင်းတွေမှာ ကောင်းမွန်မှု ရှိနေပါတယ်။ ကင်မရာကလည်း Mega Pixel မြင့်မားတဲ့ ကင်မရာကို အသုံးပြုထားတာဖြစ်ပြီး ဂရပ်ဖစ် စနစ်အတွက်လည်း BRAVIA Engine 2 ပါဝင်တဲ့အတွက် ပုံရိပ်ဖော်ဆောင်မှု ဂရပ်ဖစ်ပိုင်းမှာ ကောင်းမွန်ပါတယ်။ ဖုန်းကိုကာကွယ်မှု တစ်ခုအနေနဲ့ ပွန်းရှခြင်းတွေကို ခံနိုင်ရည်ရှိတဲ့ နည်းပညာကို အသုံးပြုထားတဲ့အတွက် အကြမ်းခံနိုင်တဲ့ ဖုန်းလို့ဆိုရမှာပါ။ ဖုန်းရဲ့ ရှေ့ကင်မရာမှာ Flash မီးပါဝင်ပြီး ဒီ Flash ဟာ ကင်မရာရဲ့ Flash မီးတစ်ခုလို အသုံးပြုနိုင်တဲ့အပြင် မီးတစ်ခုလိုလည်း ဖွင့်ထားနိုင်မှာ ဖြစ်တဲ့အတွက် အလင်းအားနည်းတဲ့ နေရာတွေမှာ Selfie ကိုကောင်းကောင်း ရိုက်နိုင်ပါလိမ့်မယ်။ အားနည်းချက် ဖုန်းမှာ မြန်မာစာစနစ်ဟာ […]

Read More

အရွယ်အစား ကြီးမားသည့် ဖိုင်များကို သေးငယ်သည့် ဖိုင်များအဖြစ် ချုံ့ခြင်း

အရွယ်အစား ကြီးမားတဲ့ ဖိုင်များကို တစ်ခါတစ်ရံမှာ upload လုပ်တဲ့အခါမှာပဲဖြစ်ဖြစ် share လုပ်တဲ့ အခါမှာပဲဖြစ်ဖြစ် အဆင်ပြေပြေနဲ့ ပြုလုပ်နိုင်စေဖို့အတွက် ဖိုင်ဆိုက်အကြီးကြီးတွေကို အပိုင်းလေးတွေခွဲပြီး ချုံ့ပစ်နိုင်ပါတယ်။ အဆိုပါ ဖိုင်တွေကို ချုံ့ဖို့အတွက်ဆိုရင် Win Rar နဲ့ HJ Split တို့လို ဆော့ဖ်ဝဲတွေကို အသုံးပြုပြီး ဖိုင်များကို အပိုင်းလိုက်ခွဲ၍ ခွဲခြားပေးထားနိုင်မှာဖြစ်ပါတယ်။ Win Rar ကို အသုံးပြုပြီး Split ပြုလုပ်ချင်သူများကတော့ Split ပြုလုပ်မယ့် ဖိုင်ကို Right Click နှိပ်လိုက်ပါ။ ပြီးသွားရင် Add to archive ဆိုတာကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ Archive Box ကျလာတယ်ဆိုရင် General ထဲမှာ မိမိ ပေးချင်တဲ့ နာမည်ကို ပေးနိုင်မှာဖြစ်ပါတယ်။ […]

Read More

Lego Jurassic World

Developer Traveller’s Tales ရဲ့ Lego games တွေဟာ ၂၀၀၅ မှာကတည်းက Lego Star Wars ဂိမ်းကြောင့် လူငယ်ရော လူကြီးများကြားမှာပါ ခေတ်စားခဲ့ပါတယ်။ အရုပ်ဆက် ကစားရတဲ့ Lego ရုပ်ပရိသတ်နှင့် Star Wars ပရိသတ်တွေရဲ့ အားပေးမှုကြောင့် Lego Star Wars ဂိမ်းနှစ်ခွေထွက် အပြီးမှာတော့ Lego Harry Poterr, Lego Pirates of the Caribbean, နှင့် Lego The Hobbits အစရှိတဲ့ Lego ဂိမ်းပေါင်းများစွာဟာ gaming platforms တိုင်းနီးပါးမှာ ထွက်ရှိလာတာ တွေ့ရမှာပါ။ နှစ်စဉ်နှစ်တိုင်း Lego ဂိမ်းတွေ ဆက်တိုက်ထွက်နေလို့ မှီငြမ်းစရာ နာမည်ကျော် […]

Read More

Calibre

http://goo.gl/n50O7N  ဆော့ဖ်ဝဲအမျိုးအစား – Educational Software ဗားရှင်း – 2.31 ဖိုင်အရွယ်အစား – 61.89 MB အသုံးပြုနိုင်သည့် OS – Windows Vista/7/8/8.1 ကွန်ပျူ တာအတွင်းမှ e-book တွေကို အလွယ်တကူ အလျင်အမြန်နဲ့ ရှာဖွေပေးနိုင်မယ့် ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ ထို့အပြင် e-book Reader အနေနဲ့ ဖတ်ရှုနိုင်စေရန်အတွက်လည်း စီစဉ်ဖန်တီး ပေးထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ E-book တွေကို Library တစ်ခုသဖွယ် ရှာဖွေပြီး စနစ်တကျ သိမ်းဆည်းပေးထားနိုင်မယ့် ဆော့ဖ်ဝဲဖြစ်ပါတယ်။ Download ပြုလုပ်လိုသူတွေ အနေနဲ့ အခမဲ့ Download ရယူနိုင်မှာလည်း ဖြစ်ပါတယ်။

Read More

Ford မှ ဘေးကင်းစွာ ယာဉ်မောင်းနှင်နိုင်ရေး အသိပညာပေး အစီအစဉ် ပြုလုပ်ခဲ့

ဘေးကင်းစွာ ယာဉ်မောင်းနှင်နိုင်ရေး အသိပညာပေးအစီအစဉ် (Driving Skills For Life Workshop) ကို Ford မှ Top Ruby Land ကားမောင်းကွင်း ဝေဇယန္တာလမ်း၊ 101 Sport Bar အနောက်သုဝဏ္ဏ အားကစားကွင်းအနီး၊ သုဝဏ္ဏမြို့နယ်၊ ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။

Read More