Month: July 2015

1600 Windows Icons

Windows ပေါ်တွင် အသုံးပြုနိုင်မည့် Metro Style icon ပေါင်းများစွာကို ရွေးချယ်အသုံးပြု နိုင်မည့် ဆော့ဖ်ဝဲတစ်ခု ဖြစ်သည်။ အဆိုပါ ဆော့ဖ်ဝဲတွင် icon ပေါင်းများစွာကို စုစည်းပေးထားပြီး နှစ်သက်ရာကို ရွေးချယ် အသုံးပြုနိုင်စေရန် စီစဉ်ပေးထားသည်။ Download ပြု လုပ်လိုသူများအနေနှင့် အခမဲ့ download ပြုလုပ်နိုင်မည်ဖြစ်ပြီး download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 30.95MB ခန့်ရှိမည်ဖြစ်သည်။ Windows XP မှ Windows 7 အထိ ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More

Windows 10 ပေါ်မှ Windows Version အဟောင်းအား ဖယ်ရှားခြင်း

၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၉ ရက်တွင် သုံးစွဲသူများအတွက် တရားဝင်ဖြန့်ချိပေးခဲ့သည့် Windows 10 ကို Upgrade ပြုလုပ်ပြီးသူများအနေဖြင့် ယခင် Windows version အဟောင်းအား ဖယ်ရှားချင်တယ်ဆိုရင် အောက်ဖော်ပြပါ နည်းလမ်းအတိုင်းပြုလုပ်နိုင်ပါတယ်။ Windows version အဟောင်း ရှိ၊ မရှိကို Drive C မှာကြည့်လိုက်ရင် Windows.old ဆိုတဲ့ Folder ကို တွေ့ရပါလိမ့်မယ်။ အဆိုပါဖိုင်ဟာ ယခင်အသုံးပြုတဲ့ Windows version အဟောင်းဖြစ်တဲ့အတွက် အဆိုပါ ဖိုင်များဟာ Hard Disk အတွင်းမှာ မလိုအပ်ဘဲ နေရာများစွာ ယူထားနိုင်တဲ့အတွက် အဆိုပါဖိုင်များကို ဖယ်ရှားရှင်းလင်းရပါမယ်။ ယခင် Version အဟောင်းကို ဖယ်ရှားဖို့အတွက် Start button ကို နှိပ်လိုက်ပါ။ […]

Read More

အင်တာနက် ထောက်ပံ့ပေးမည့် မောင်းသူမဲ့လေယာဉ် စမ်းသပ်ရန် Facebook အသင့်ရှိနေ

Facebook သည် ဝေဟင်မှ အင်တာနက်ထောက်ပံ့ပေးရန်အတွက် လေဆာနည်းပညာ အသုံးပြုထားသော ကုမ္ပဏီ၏ Aquila အင်တာနက်ဒရုန်းကို စတင်စမ်းသပ်ရန် အသင့်ရှိနေကြောင်း သိရသည်။ Aquila ဒရုန်းသည် ဝေးလံခေါင်ဖျားသော ဒေသများတွင် မြေပြင်အထက် အမြင့်ပေ ၆၀,၀၀၀ မှ ၉၀,၀၀၀ အတွင်း ပျံသန်းနိုင်ပြီး ရက် ၉၀ တိုင် အင်တာနက် ထောက်ပံ့ပေးမည့် လေယာဉ်ဖြစ်သည်။ ၎င်းသည် ဘိုးအင်း ၇၃၇ ထက် ကြီးမားသော်လည်း အလေးချိန်မှာ အဆပေါင်းများစွာ လျော့နည်းကြောင်းဆိုသည်။ ယခင်က အရွယ်သေးငယ်သော ဗားရှင်းကို စမ်းသပ်ပျံသန်းခဲ့ပြီး ဖြစ်သော်လည်း အရွယ်ကြီးမားသည့် အမျိုးအစားကို ပထမဦးဆုံး စမ်းသပ်ပျံသန်းနိုင်ရန် အသင့်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။ Aquila ဒရုန်းကို အပြီးသတ် လုပ်ဆောင်ပြီးသည့်အခါ ၎င်းသည် လေဆာများမှတစ်ဆင့် […]

Read More

Windows 10 အသုံးပြုသည့် ကွန်ပျူတာ ၁၄ သန်းကျော်ရှိကြောင်း Microsoft ပြောကြား

လက်ရှိတွင် Windows 10 operating system သစ်ကို အသုံးပြုသည့် ကွန်ပျူတာ ၁၄ သန်းကျော်ရှိကြောင်း Microsoft က ဆော့ဖ်ဝဲကို အခမဲ့ download အနေဖြင့် ဖြန့်ချိပြီး နှစ်ရက်အကြာတွင် ပြောကြားလိုက်သည်။ ၎င်းအရေအတွက်သည် သုံးနှစ်အတွင်း Windows 10 ထုတ်ကုန် ၁ ဘီလီယံရှိရန် မျှော်မှန်းထားသော Microsoft ၏ ရည်မှန်းချက်နှင့် အလှမ်းဝေးနေဆဲဖြစ်သည်။ Microsoft သည် Windows ဗားရှင်းအဟောင်းများ အသုံးပြုထားသော ကွန်ပျူတာများတွင် Windows 10 ကို အခမဲ့ upgrade ပြုလုပ်ရန် တောင်းဆိုသူ တိုင်းအား ထောက် ပံ့ပေးခြင်း မရှိသေးကြောင်း ကုမ္ပဏီက ဆိုခဲ့သည်။။ လက်ရှိ ထုတ်ပြန်ခဲ့သော Windows 10 အသုံးပြုသည့် […]

Read More

ပြည်တွင်းဈေးကွက်မှာ ဒီလောက်ကြီး လူသိမများသေးတဲ့ Kia Forte

ရုတ်တရက်ကြည့်လိုက်မိရင် Forte ကို Optima လို့ပဲ လူတိုင်းက ပြောကြမှာ အသေအချာပါပဲနော်။ ဒါပေမဲ့ သေချာတာတစ်ခုက Forte ဆိုတာ Optima မဟုတ်သလို၊ အလွယ်တမ်း ပြောရရင် လူချင်းဆင်တူပေမယ့် စိတ်ချင်းကွဲသလို အခုလည်း ဒီဇိုင်းချင်း ဆင်တူပေမယ့် စွမ်းဆောင်ရည်ချင်းကွဲပြားတဲ့ မော်ဒယ် တစ်မျိုးပါ။ ဟုတ်ပါတယ်၊ Forte က Optima နဲ့ ဆင်တူတာ မှန်ပေမယ့် စွမ်းဆောင်ရည်ချင်းတော့ ကွဲပြားပါတယ်။ နောက်ပြီး အဓိကရုပ်ထွက်ကို ကြည့်မိရင်သာ Forte က Optima နဲ့ ဆင်တူတယ်လို့ ဆိုနိုင်မှာ ဖြစ်ပေမယ့် တကယ်တမ်းကျတော့ Forte မှာ သူ့ရဲ့ပင်ကိုယ် ရုပ်ထွက်လည်း ရှိပါသေးတယ်။ နောက်ပြီးတော့ Optima ထက် သာလွန်ကောင်းမွန်တဲ့ တစ်ချက်က […]

Read More

Myanmar Telecommunications Master Plan ရေးဆွဲရေး အကြံပြုနိုင်

Myanmar Telecommunications Master Plan ရေးဆွဲရေး အကြံပြုနိုင်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ သိရသည်။ Myanmar Telecommunications Master Plan မူကြမ်းကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်ဖြစ်သည့် http://www.mcit.gov.mm/law-and-regulation/telecoms တွင် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၄ ရက်မှ စတင်ဖော်ပြ၍ အကြံပြုချက်များ တောင်းခံလျက်ရှိကြောင်း၊ အကြံပြုချက်များကို [email protected] သို့ ၂၀၁၅ ခုနှစ် သြဂုတ်လ ၇ ရက်၊ ညနေ ၅ နာရီ နောက်ဆုံးထား၍ ပေးပို့နိုင်ကြောင်း သိရသည်။ ယင်းအပြင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ရုံးအမှတ် (၂)၊ နေပြည်တော်တွင် Master Plan နှင့်ပတ်သက်ပြီး ဆွေးနွေးပွဲတစ်ရပ်ကို ၂၀၁၅ […]

Read More

Pearson Education South Asia Pte Limited & See Zar Soe San Co.,Ltd တို့၏ MOU ရေးထိုးပွဲ အခမ်းအနား

Pearson Education South Asia Pte Limited & See Zar Soe San Co.,Ltd တို့၏ MOU ရေးထိုးပွဲ အခမ်းအနားကိုတော့ ဇူလိုင်လ ၂၂ ရက်က Chatrium Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Read More

Entry Alarm

တံခါးပေါက်၊ ပြတင်းပေါက်များတွင် ကိုယ်တိုင် အလွယ်တကူ တပ်ဆင်နိုင်ပြီး တံခါးဟလိုက်သည်နှင့် အသံဖြင့်အချက်ပေးမည့် ပစ္စည်းဖြစ်သည်။ အိမ်၊ အိပ်ခန်း၊ ဆိုင်ခန်း၊ ခြံဝင်းတံခါး အစရှိသော နေရာများနှင့်  အခြားသော အသုံးပြုလိုသည့်နေရာတိုင်း၌ တပ်ဆင်အသုံးပြုနိုင်မည် ဖြစ်သည်။ သူခိုးရန်မှ ကာကွယ်ရန် အဓိကထား ထုတ်လုပ်ထားသည်။ အဆိုပါ ကိရိယာတွင် အစိတ်အပိုင်းနှစ်ခုပါဝင်ပြီး တံခါးရွက် တစ်ဖက်ဆီတွင် တစ်ခုစီတပ်ထား ရမည်ဖြစ်သည်။ ၆ မီလီမီတာခန့် ဟလိုက်သည်နှင့် အဝေးကပါ ကြားနိုင်သော ၁၀၅ ဒယ်စီဘယ်ရှိသောအသံဖြင့် စူးရှကျယ်လောင်စွာ အချက်ပေးအော်မြည်မည်ဖြစ်သည်။ အချိန်တိုင်းစောင့်မကြည့်နိုင်၊ CCTV တပ်ဆင်ရန် မလွယ်ကူသော အခြေအနေမျိုးအတွက် အထူးအသုံးဝင်မည်ဖြစ်သည်။ LR 44 နာရီ ဓာတ်ခဲသုံးလုံး ထည့်သွင်း အသုံးပြုရမည်ဖြစ်ပြီး မလိုအပ်သော အချိန်တွင် အသံခလုတ်ကို ပိတ်ထားနိုင်မည်ဖြစ်သည်။ […]

Read More

Bluetooth Wireless Portable Speaker Box

Changhone အမှတ်တံဆိပ် Q12 မော်ဒယ် Bluetooth Wireless Portable Speaker Box တစ်မျိုးဖြစ်သည်။ Bluetooth, TF Card များဖြင့်လည်း ချိတ်ဆက် အသုံးပြုရမည်ဖြစ်ပြီး MP3, TF, Micro SD Card စသည်တို့ဖြင့်လည်း ချိတ်ဆက်အသုံးပြု နိုင်သည်။ ဒီဇိုင်းပုံစံအနေဖြင့် ဆန်းသစ်သော ချစ်စဖွယ်ပုံစံအနေအထားရှိမည်ဖြစ်သည်။   အသံထွက်အနေဖြင့် ကြည်လင်ပြတ်သားသော အသံကိုရရှိစေမည် ဖြစ်သည်။ မိုဘိုင်းဖုန်းများဖြင့်လည်း ချိတ်ဆက်၍ ဖုန်းခေါ်ဆိုခြင်းများ၊ သီချင်းနားထောင်ခြင်းများကို ပြု လုပ်နိုင်သလို အလွယ်တကူယူ ဆောင်သွားနိုင်မည် ဖြစ်သည်။ အရောင်အနေဖြင့် အပြာ၊ အနီ၊ အစိမ်း ဟူ၍ရှိမည်ဖြစ်ပြီး တန်ဖိုးမှာ ၁၇,၀၀၀ ကျပ်ဖြစ်သည်။ T-Land ဖုန်း ၀၁- ၃၈၂၈၆၈ ၌ ဆက်သွယ် […]

Read More

နည်းပညာတက္ကသိုလ်(မန္တလေး) ၏ ဘားကမ့်ပွဲကို EDU Camp ဟု အမည်ပြောင်းလဲ

နည်းပညာတက္ကသိုလ်(မန္တလေး)၏ နှစ်စဉ်ပြုလုပ်ကျင်းပမြဲဖြစ်သော ဘားကမ့်ပွဲအား ယခုအကြိမ်တွင် EDU Camp အမည်ဖြင့် ပြောင်းလဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ တက္ကသိုလ်များရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ပွဲတက်ရောက်မည့်သူများအတွက် ယခင်ကထက် အသိပညာ၊ အတတ်ပညာများကို ပိုမိုကောင်းမွန်ပြည့်စုံစွာ ဆွေးနွေး လာနိုင်စေရန် တက္ကသိုလ်ပညာရပ်များသာမက အခြားပညာရပ်များကိုလည်း စုံလင်စွာ ဆွေးနွေးဖလှယ်လာနိုင်စေရန် ရည်ရွယ်ကာ အမည်ပြောင်းလဲ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။ EDU-Camp TU(Mandalay)ကို နည်းပညာတက္ကသိုလ်(မန္တလေး)တွင် ယခု ဇူလိုင်လ ၃၀ ရက်နှင့် သြဂုတ် ၃ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး ဦးကျော်သူ(နာရေးကူညီမှု အသင်း)၊ ဒေါ်ဆွေဇင်ထိုက် ၊ ခင်မောင်ညို(ဘောဂဗေဒ)၊ ဦးချစ်စရာ(မန်း)၊ ဇော်ခိုင်ဦး၊ ညီပုလေး၊ ကောင်းလွန်း၊ ဒေါက်တာ ဆင့်စိုး၊ ဒေါက်တာထက်မင်းလွင်၊ ဒေါက်တာ လှမိုး၊ အောင်ကိုကိုတိုး(ယုံကြည်ရာ)၊ ညီစေမင်း၊ ဦးဘိုဘိုကျော်၊ […]

Read More