Day: July 6, 2015

Mobile Data Usage ကို လျှော့ချနိုင်မည့် နည်းလမ်းကောင်းများ

မြန်မာနိုင်ငံသို့ ပြည်ပ အော်ပရေတာများ ဝင်ရောက် လာခြင်းနှင့်အတူ မိုဘိုင်းအင်တာနက် စနစ်များ သိသိသာသာ ပြောင်းလဲလာသည်။ အင်တာနက် အမြန်နှုန်းများ ယခင်ကထက် ကောင်းလာသည်။ ထို့အတူ အင်တာနက် အသုံးပြုခ ကောက်ခံပုံလည်း ပြောင်းလဲလာသည်။ ယခင်က အချိန်အလိုက် ကောက်ခံခဲ့ရာမှ ယခုအခါ သုံးစွဲသည့် ဒေတာပမာဏအလိုက် ပြောင်းလဲကောက်ခံ လာသည်။ အချိန်အလိုက် ကောက်ခံစဉ်က ဒေတာပမာဏကို ဂရုမစိုက်ဘဲ သုံးချင်သလောက်သုံး၍ ရခဲ့သော်လည်း ယခုအချိန်တွင်မူ ထိုသို့မဟုတ်တော့ပေ။ ဒေတာသုံးစွဲမှုကို မချွေတာပါက ဖုန်းဘေလ် ဘယ်လောက် ထည့်ထည့် ထည့်သမျှကုန်မည့် အနေအထားမျိုး ဖြစ်သည်။ ထို့ကြောင့် မိုဘိုင်းအင်တာနက် ဒေတာသုံးစွဲမှု ပမာဏကို တတ်နိုင်သမျှ လျှော့ချပေးနိုင်မည့် နည်းလမ်းကောင်းများကို ဖော်ပြပေးလိုက်ပါသည်။ (၁) Data Limit ပြုလုပ်ထားပါ။ Android […]

Read More

Huawei P8

Device Support – Huawei Price – 529,000 Ks အားသာချက် ဖုန်းမှာဖွဲ့စည်း တည်ဆောက်ထားတဲ့ CPU, GPU အစရှိတဲ့ Hardware စနစ်တွေ ကောင်းမွန်ပါတယ်။ ကင်မရာပိုင်းမှာ ကောင်းမွန်ပြီး DSLR ဓာတ်ပုံကင်မရာ တွေမှာအသုံးပြုတဲ့ Timelapse, Light Painting အစရှိတဲ့ ကင်မရာ အသုံးပြုစနစ်တွေကို ဒီဖုန်းမှာမြင်တွေ့ နိုင်မှာဖြစ်ပါတယ်။ Screen ပိုင်းမှာလည်း နည်းပညာသစ်တစ်ခုကို ပေါင်းစပ်အသုံးပြု လာခဲ့တာကို မြင်တွေ့ကြရမှာဖြစ်ပြီး ကြည်လင်တောက်ပတဲ့ မြင်ကွင်းကို ခံစားနိုင်မှာပါ။ အားနည်းချက် ဖုန်းဟာ Sim Card နှစ်ခု အသုံးပြုနိုင်တဲ့ Dual Sim ဖုန်းအမျိုးအစား ဖြစ်ပေမယ့် Sim Card Slot တစ်ပေါက်ဟာ SD Card […]

Read More

CDMA ဖုန်းလိုင်းများကို တစ်ချိန်၌ GSM သို့မဟုတ် WCDMA ဖုန်းလိုင်းများနှင့် ချိန်းပေးမည်ဟုဆို

တစ်ချိန်က ကွန်ရက် ကျယ်ပြန့် စွာ အသုံးပြုနိုင်သည်ဟု နာမည်ကြီးခဲ့သည့် CDMA 450  မိုဘိုင်းဖုန်း လိုင်းများနှင့်CDMA 800 မိုဘိုင်းဖုန်းလိုင်းများကို ခေတ်မီခြင်း မရှိတော့ဟု ယူဆသည့် အချိန်၌ အခြားသော မိုဘိုင်းဖုန်းလိုင်းများနှင့် ပြောင်းလဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်၌ GSM သို့မဟုတ် WCDMA မိုဘိုင်းဖုန်းလိုင်းများနှင့် အစားထိုးပြောင်းလဲ ပေးရန် စဉ်းစားထားသော်လည်း မိုဘိုင်းဖုန်းကွန်ရက်တစ်ခုမှ  အခြားသော မိုဘိုင်းဖုန်း ကွန်ရက်တစ်ခုသို့ ပြောင်းလဲ အသုံးပြုစေရာတွင် အသုံးပြုနေသည့် ဂဏန်း နံပါတ်များ အတိုင်း ပြန်လည်ရရှိစေရေးမှာ အဓိကဆွေးနွေးရမည့် အချက်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ မည်သည့်အချိန်၌ ကွန်ရက် အပြောင်းအလဲ ပြုလုပ်ပေးမည် ကို မသိရသော်လည်း ခေတ်မမီတော့ဟု ယူဆသည့်အချိန်၌ ပြောင်းလဲမှုများ […]

Read More

BarCamp Mandalay 2015 ဖွင့်ပွဲအခမ်းအနား

ပဉ္စမအကြိမ်မြောက် BarCamp Mandalay 2015 ဖွင့်ပွဲ အခမ်းအနားကို  ဇွန်လ ၂၇ ရက်နေ့က ၃၃ လမ်း x ၇၇ လမ်းထောင့်ရှိ ရွှေဖြူ ပလာဇာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Read More

PS4 ဂိမ်းစက်များကို Bundle စနစ်ဖြင့်ရောင်းချမည်

Sony ၏ ဂိမ်းစက်သစ်ဖြစ်သော PS4 console များကို bundle စနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ The Order 1886 ၊ FIFA 15 နှင့် Final Fantasy Type-0 အစရှိသော မူရင်းဂိမ်းခွေများထဲမှ တစ်ခွေရွေးချယ်နိုင်မည့် bundle များကို Promotion ဈေးဖြင့် ဝယ်ယူရရှိနိုင်မည်ဟု သိရသည်။ နောက်ဆုံးပေါ် PlayStation 4 ဂိမ်းခွေများဖြစ်သော Batman Arkham Knight၊ The Witcher 3၊ Bloodborne နှင့်အစရှိသော ဂိမ်းခွေများကိုလည်း ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ မူရင်းဂိမ်းခွေတစ်ခွေ တွဲဖက် ဝယ်ယူနိုင်မည့် PS4 ဂိမ်းစက် Bundle များကို ယခုအပတ်အတွင်း ပရိုမိုးရှင်းဈေးနှုန်း ၆၀၀,ဝဝဝ ကျပ်ဖြင့် […]

Read More

LINN IT & Mobile Shop ဆိုင်သစ်ဖွင့်ပွဲ အထိမ်းအမှတ် ကံစမ်းမဲဖွင့်ပွဲကျင်းပ

LINN IT & Mobile Shop ဆိုင်သစ်ဖွင့်ပွဲ အထိမ်းအမှတ် အထူးဈေးရောင်းပွဲတော်တွင် ဝယ်ယူအားပေးသော Customer များ ထဲမှ HONDA Insight 2009 ကံထူးရှင်ရွေးချယ်ပွဲနှင့် အခြားတန်ဖိုး ကြီးဆုလက်ဆောင်များအတွက် ကံထူးရှင်ရွေးချယ်ပွဲအခမ်းအနားကို ဇွန်လ ၂၈ ရက် နံနက်ပိုင်းက နေပြည်တော် ဟိုတယ်ဇုံ (၁) သင်္ဂဟဟိုတယ် Grand Ballroom တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ကံထူးရှင်ရွေးချယ်ပွဲတွင် HONDA INSIGHT 2009 (လိုင်စင်ပါ) ကားတစ်စီး၊ ထိုင်းနိုင်ငံလုပ် ဟွန်ဒါ 110CC ဆိုင်ကယ်သုံးစီး၊ iPhone 6 ဟန်းဆက် ၅ လုံး၊ Samsung Note 4 ၃ လုံး၊ Samsung S6 Edge […]

Read More

HiFi Stereo Head Phone

ဒီဇိုင်းဆန်းသစ်ပြီး သီချင်းများကို အသံအရည်အသွေးကောင်းကောင်းဖြင့် နားဆင်နိုင်မည့်  EM-603 မော်ဒယ် HiFi Stereo Head Phone ဖြစ်သည်။ Cable ကို Flat type ပုံစံဖြင့် အသေးငယ်ဆုံးဖြစ်အောင်ပြုလုပ်ပေးထားသည်။ 3.5 jack ဖြင့် mobile phone, laptop, tablet  များကို အဆင်ပြေစွာဖြင့် ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည်။ အချိန်ကြာမြင့်စွာ အသုံးပြုသည့်အခါတွင်လည်း နာကျင်စေခြင်းမရှိအောင် အထူးပြုလုပ်ပေးထားသည်။ Built  in  MIC ပါဝင်ပြီး ဖုန်းအဝင်လက်ခံခြင်း၊ သီချင်းအပုဒ်ရေကျော်ခြင်းများကိုလည်း ပြုလုပ်နိုင်မည်ဖြစ်သည်။ သိမ်းဆည်းရ လွယ်ကူပြီး အသုံးပြုသူများအနေဖြင့် အကြိုက်တွေ့စေမည်ဖြစ်သည်။ တန်ဖိုးမှာ ၇,၃၀၀ ကျပ်ဖြစ်ပြီး [email protected] ဖုန်း ၀၁- ၂၅၂၆၂၇ ၌ ဆက်သွယ် ဝယ်ယူနိုင်သည်။

Read More