Day: July 14, 2015

လူငယ်များ အတွက် ICT Career

ဒီနေ့ခေတ်မှာ ဆိုရင် IT နဲ့ပတ်သက်ပြီးတော့ Career တွေက စတင်ပြီးတော့ ဖွံ့ဖြိုးလာပြီဖြစ်တဲ့ အတွက်ကြောင့် ဒါတွေကို လူငယ်တွေရော၊ လူငယ်တွေကမှ တစ်ဆင့် မိဘတွေ သိစေချင်ပါတယ်။ အဲဒီတော့ ဒီ ICT ကို တော်တော်များများက မိဘတွေဘယ်လို ထင်သလဲဆိုတဲ့အခါ  အခုဘဏ်တွေမှာ ရုံးစာရေးပဲဖြစ်ဖြစ်၊ ဘဏ်စာရေးပဲဖြစ်ဖြစ် ကွန်ပျူတာတွေကိုင်ပြီး စာရင်းတွေသွင်းတာ ဒါမျိုးတွေတွေ့ဖူးကြတယ်။  အဲလိုတွေ့ဖူးကြတဲ့ အခါကျတော့  မိဘတွေစိတ်ထဲမှာ ဘယ်လို ထင်လဲဆိုတဲ့ အခါကျ တော့ IT သင်တန်းကိုတက်ပြီးတော့ ကွန်ပျူတာသုံးတတ်သွားပြီဟေ့ ဆိုရင် အလွန်ဆုံးကတော့ ဒီလောက်ပဲ ထင်တယ်ဆိုတဲ့စိတ်က မိဘတွေရဲ့ရင်ထဲမှာ တော်တော်လေးရှိနေတယ်။ တကယ်တော့ အဲဒါ Operator အဆင့်ပဲဖြစ်ပါတယ်။ Operator ဆိုတာက ကွန်ပျူတာကို သုံးပြီးတော့ စာရင်းဇယားတွေ ရိုက်ထည့်မယ်။ Data […]

Read More

iOS 8.4 အသုံးပြုမှု ၄၀ ရာခိုင်နှုန်း ရှိလာ

Apple ၏ iOS 8.4 သည် ထွက်ရှိပြီး ရက်သတ္တ တစ်ပတ်ခန့်အကြာတွင် iOS ထုတ်ကုန်အားလုံး၏ ၄၁ ရာခိုင်နှုန်းတွင် အသုံးပြု နေကြလျက်ရှိကြောင်း သုတေသနကုမ္ပဏီ Mixpanel မှဖော်ပြခဲ့သည်။ Apple ၏မိုဘိုင်း OS အသုံးပြုသည့် သုံးစွဲသူ အချက်အလက်များကို အခြေပြု၍ ဇွန် ၃၀ ရက်တွင် ထွက်ရှိသော iOS 8.4 အသုံးပြုမှု မြင့်တက်လာခြင်းကို Mixpanel က ခြေရာခံနိုင်ခဲ့သည်။ iOS 8.4 စတင်ထွက်ရှိချိန်တွင် Apple ထုတ်ကုန်များအားလုံး၏ ၃.၅ ရာခိုင်နှုန်းသာ အသုံးပြုခဲ့ပြီး နောက်တစ်ရက်တွင် အသုံးပြုမှု ၁၂.၂ ရာခိုင်နှုန်း ဖြစ်လာသည်။ ထို့နောက် ဇူလိုင် ၅ ရက်တွင် iOS 8.4 အသုံးပြုမှု […]

Read More

ကိုစွမ်းထက်အောင်၏ Student Life

ဒီအပတ်မှာတော့ CCNA ဘာသာရပ်မှာ အမှတ် ၁,၀၀၀ နဲ့အောင်မြင်ခဲ့တဲ့ ကိုစွမ်းထက်အောင်ရဲ့ Student  Life  ကိုဖော်ပြပေးမှာဖြစ်ပါတယ်။ အမည်လေးသိချင်ပါတယ်။ ကျွန်တော့်နာမည် ကိုစွမ်းထက်အောင်ဖြစ်ပါတယ်။ CCNA ဘာသာရပ်မှာ အမှတ် ၁,၀၀၀ နဲ့အောင်မြင်ခဲ့တယ်လို့သိရပါတယ်။ ဒီလိုရအောင် ဘယ်လိုကြိုးစားခဲ့ရသလဲ။ CCNA စာမေးပွဲကို အမှတ် ၁,၀၀၀ နဲ့အောင်မြင်ခဲ့တာကတော့ Lecture ပိုင်းရော၊ Lab ပိုင်းနှင့် လက်တွေ့ပိုင်းကိုပါ သေချာအောင် လေ့ကျင့်ခဲ့ပါတယ်။ သင်ကြားပေးခဲ့တဲ့ဆရာ့စကားကိုလည်း အာရုံစိုက် နားထောင်ပြီး Lab ခန်းမှာ လည်း Packet Tracer ကိုအသုံးချပြီး Real Router တွေ Switch တွေနဲ့ပါ Lab ကိုသေချာလုပ်ခဲ့ပါတယ်။ အတန်းကို ပုံမှန်တက်ပြီး Lecture ရော၊ Lab ပိုင်းကိုပါ ကောင်းကောင်းပြုလုပ်ခဲ့ပါတယ်။ […]

Read More

မြန်မာဘာသာ အခြေခံ ရေးဆွဲထားသည့် MySquar ၏ ရှယ်ယာ ရောင်းချမှု လန်ဒန် စတော့အိတ်ချိန်းတွင် ရင်းနှီးá€

မြန်မာဘာသာဖြင့် ရေးသားထားသော Social Media  Platform တစ်ခုဖြစ်သည့် MySquar Mobile  App ၏ ရှယ်ယာ ၂ ဒဿမ ၆၁ သန်းသည် ပြီးခဲ့သည့် ရက်သတ္တပတ်က လန်ဒန် စတော့ အိတ်ချိန်းတွင် ရောင်းချခဲ့ရကြောင်း သတင်းရရှိသည်။ လန်ဒန်စတော့ အိတ်ချိန်းရှိ ဖွံ့ဖြိုးဆဲကုမ္ပဏီများအတွက် နိုင်ငံတကာ ဈေးကွက်တစ်ခုဖြစ်သည့် Alternative Investment Market (AIM) တွင် MySquar က ၎င်း၏ ရှယ်ယာများကို ရင်းနှီးမြှုပ်နှံသူ များထံ ရောင်းချခဲ့ခြင်းဖြစ်သည်။ Desktop ကွန်ပျူတာများနှင့် မိုဘိုင်းဖုန်းများတွင် Download ရယူသုံးစွဲနိုင်သည့် MySquar ၏ MyChat App သည် သုံးစွဲသူ အချင်းချင်း အပြန်အလှန် စာများပေးပို့နိုင်ခြင်း၊ ဓာတ်ပုံများ တင်နိုင်ခြင်း၊ […]

Read More

Google Fiber

Google Fiber ဆိုသည်မှာ fiber optic ဆက်သွယ်ရေး အခြေခံအဆောက်အဦ တည်ဆောက်ရန် ရည်မှန်းထားသော စီမံကိန်းတစ်ခု ဖြစ်သည်။ Google Fiber သည် aggregator များမှတစ်ဆင့် မြို့တော်ဧရိယာ နယ်နမိတ်အတွင်း ချိတ်ဆက်ပေးသည်။ အဆိုပါ ဆုံမှတ်များမှတဆင့် fiber optic cable များက ရပ်ကွက်နှင့် အိမ်များထံ ဖြန့်ကျက်ပြီး FTTH (fiber to the home) ဝန်ဆောင်မှုကို ထောက်ပံ့ပေးမည် ဖြစ်သည်။ ၎င်း cable များအနက် အချို့ကို ရှိပြီးသား ဓာတ်တိုင်များမှ သွယ်တန်းသလို အချို့ကို မြေမြှုပ်၍ သွယ်တန်းသည်။ အဆိုပါစနစ်သည် အင်တာနက်ဆက်သွယ်မှု အမြန်နှုန်းကို 1Gbps ထောက်ပံ့ပေးနိုင်ရန် မျှော်မှန်းထားသည်။ ၂၀၁၁ ခုနှစ် နွေရာသီတွင် […]

Adobe Flash ကို Disable ပြုလုပ်ခြင်း

Web browser များပေါ်မှာ အသုံးပြုတဲ့ Adoble Flash ကို disable ပြုလုပ်ရန်အတွက် အောက်ဖော်ပြပါအတိုင်း ပြုလုပ်နိုင်ပါတယ်။ Hacker များသည် Adobe Flash ရဲ့ လုံခြုံရေးအားနည်းချက်ကနေပြီး အသုံးပြုသူများရဲ့ ကွန်ပျူတာကို ဝင်ရောက်တိုက်ခိုက်မှုတွေ ပြုလုပ်နိုင်တာကြောင့် အဆိုပါ Flash တွေကို Web browser တွေ မှာ အသုံးမပြုရန်အတွက် disable ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ယနေ့ခေတ်မှာတော့ Web browser တွေမှာ streaming နည်းပညာများအတွက် flash ရဲ့အထောက်အပံ့လည်း လိုအပ်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဟက်ကာများက flash ရဲ့ လုံခြုံရေးယိုပေါက်တွေကို အသုံးပြုပြီး တိုက်ခိုက်မှုများကို ကာကွယ်နိုင်ရန်အတွက် Chrome, Mozilla Firefox, Internet […]

Firefox အတွက် Adobe Flash ဗားရှင်း အားလုံးကို Mozilla တားမြစ်

မကြာသေးမီက ဖြန့်ချိထားသော ဗားရှင်းအပါအဝင် Adobe Flash ဗားရှင်းအားလုံးကို Firefox ၏ တားမြစ်စာရင်းတွင် Mozilla က ထည့်သွင်းခဲ့သည်။ လုံခြုံရေး ပညာရှင်များသည် မကြာသေးမီက ထွက်ရှိထားသော Adobe Flash တွင် Adobe မှ ပြင်ဆင်ထားခြင်း မရှိသော အားနည်းချက်များကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် Firefox သုံးစွဲသူများကို ကာကွယ်သည့် အနေဖြင့် Mozilla က အထက်ပါအတိုင်း Adobe Flash လက်ရှိဗားရှင်းနှင့် ယခင် ဗားရှင်းအားလုံးကို တားမြစ်ခဲ့ခြင်း ဖြစ်သည်။ Flash အားနည်းချက်သည် Windows, Linux နှင့် Macintosh ပေါ်ရှိ Flash ဗားရှင်းအားလုံးတွင် သက်ရောက်မှုရှိသည်။ Firefox သည် ၎င်း၏ plugin management စာမျက်နှာတွင် […]