Day: July 15, 2015

စင်ကာပူ-မြန်မာ သက်မွေးပညာ သင်တန်းကျောင်းမှ သက်မွေး ပညာသင်တန်းများ အခမဲ့တက်ရောက်နိုင်

စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်းတွင်  စင်ကာပူနိုင်ငံမှ အသိအမှတ်ပြုလက်မှတ်ရမည့် သင်တန်းများကို အခမဲ့ တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါသင်တန်းကျောင်းအား အသက်  ၁၆  နှစ်ပြည့်ပြီး  တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများ တက်ရောက်နိုင်မည်ဖြစ်ပြီး ကျောင်းသားသစ်များအား ဇွန်လကုန်ပိုင်းတွင် စတင်လက်ခံလျက်ရှိသည်။ “လောလောဆယ်မှာတော့ တက်ရောက်ဖို့လျှောက်လွှာယူသွားတဲ့သူ ၁ဝဝဝ ကျော်လောက်ရှိနေပါပြီ။   ဖောင်ပြန်လာတင်တဲ့သူတွေလည်း တော်တော်များပါတယ်” ဟု ကျောင်းသားရေးရာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ စင်ကာပူ- မြန်မာ သက်မွေးပညာသင်တန်းကျောင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာဘာသာရပ်လေးမျိုးနှင့် ဆောက်လုပ်ရေး အင်ဂျင်နီယာ လုပ်ငန်းဆိုင်ရာ ဘာသာရပ်ခြောက်မျိုး စုစုပေါင်းဘာသာရပ် ၁ဝ မျိုးကို စင်ကာပူနိုင်ငံ ITE ကောလိပ်အသိအမှတ်ပြုသင်ရိုးများအတိုင်း လက် တွေ့ကျွမ်းကျင်ရေးကို ဦးစားပေး၍ သင်ကြားမည်ဖြစ်သည်။ သင်တန်းပြီးဆုံးပါက စင်ကာပူနိုင်ငံ ITE ကောလိပ်နှင့် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန နည်းပညာနှင့် သက်မွေးပညာ ဦးစီးဌာနတို့မှ […]

Read More

ကျေးဇူးတင်စကားများ – ကတ်ပြားထဲမှာ ရေးရမည့် အကြောင်းအရာများ

တစ်စုံတစ်ယောက်က သင့်အတွက်ကောင်းတဲ့ ကိစ္စတစ်ခုခု ဆောင်ရွက်ပေးတဲ့အခါ ကျေးဇူးတင်ခြင်းက လွယ်ကူတဲ့အပိုင်းပါ။ ဒါပေမဲ့ ကျေးဇူးတရားကို ဖော်ပြ ရတာ အမြဲတမ်း ရိုးရှင်းသည်တော့ မဟုတ်ပါ။ ခက်ခဲသော်လည်း အချိန်ပေး အလေးထားပြီး ကျေးဇူးတင်ကြောင်း စာတိုလေးရေးခြင်းသည် နှစ်ဦးနှစ်ဖက်စလုံး အတွက် ကောင်းမွန်တဲ့ ကျေနပ်ဖွယ် ရလဒ်ကို ဖြစ်ပေါ်စေပါတယ်။ ထို့အပြင် စာကိုလက်ခံတဲ့သူကလည်း သူတို့ရဲ့စေတနာအပေါ် သင်အားရကျေနပ်သလောက် သူတို့ကိုယ်တိုင်လည်း အားရပီတိဖြစ်လိမ့်မယ် လို့မျှော်လင့်ရပါတယ်။ ဒီကမှ တစ်ဆင့် နောက်ထပ်စေတနာကောင်းမှုကို စဉ်ဆက် ဖြစ်ပေါ်စေမှာပါ။ ကျေးဇူးတင်ကြောင်း စာတိုလေးကို အတွေးနှင့်ခံစားချက်များကို ကောင်းမွန်ကျနစွာရေးသားဖော်ပြထားပြီး ကိုယ်တိုင်ရေးသားခြင်းက ပိုကောင်းပါတယ်။ ကိုယ်တိုင်ရေးဖို့ အကြံဉာဏ်ထုတ်လို့မရပါက ဒီဆောင်းပါးပါ နမူနာများကို သင့်ကျေးဇူးကိုဖော်ပြရာ၌အသုံးပြုနိုင်ပါတယ်။ ၁။ Only someone with great taste could get […]

Read More

Memory နှင့် CPU သုံးစွဲမှုကို စောင့်ကြည့်ရန် Sysmonitor ကို ထည့်သွင်းခြင်း

Ubuntu OS သုံးစွဲသူများအနေဖြင့် မိမိကွန်ပျူတာမှာ Memory နှင့် CPU သုံးစွဲမှုကို စောင့်ကြည့်ရန်အတွက် Sysmonitor ကိုထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ ဆော့ဖ်ဝဲဟာ System အတွင်းရှိ သုံးစွဲမှုများကို နောက်ကွယ်ကနေ စောင့်ကြည့်ပေးပြီး သုံးစွဲမှုများကို အမြဲဖော်ပြပေးနေမယ့် ဆော့ဖ်ဝဲတစ်ခုလည်း ဖြစ်ပါတယ်။ Sysmonitorကို Ubuntu OS မှာ ထည့်သွင်းဖို့အတွက်Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေပြုလုပ် ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ […]

Read More

Facebook တွင် အမျိုးသမီးများ၏ အခွင့်အရေးကို ဖော်ကျူးသည့် သင်္ကေတကို ပြောင်းလဲအသုံးပြု

Facebook သည်၎င်း၏ software update တွင် လူမှုရေးမီဒီယာရှိ friend နှင့် group များအား ကိုယ်စားပြုရန် သင်္ကေတများကို အနည်းငယ် ပြောင်းလဲမှု ပြုလုပ်ထားကြောင်း သိရသည်။ လက်ရှိအချိန်တွင် Facebook ၏  friend နှင့် group သင်္ကေတများတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိပြီး friend သင်္ကေတတွင် အမျိုးသား၏ ညာဘက်သို့ အမျိုးသမီးတည်ရှိကာ groups သင်္ကေတ၌ အမျိုးသမီးရုပ်ပုံမှာ အမျိုးသားနှစ်ဦး၏ရှေ့ ရောက်ရှိနေသည်။ ထိုသို့ ပြောင်းလဲလိုက်သော သင်္ကေတအတွင်း အမျိုးသမီး၏ ဆံပင်ပုံစံကို ခေတ်မီမီ ပြောင်းလဲထားသည်။ Facebook ၏ ဒီဇိုင်းမန်နေဂျာဖြစ်သူ ကတ်တလင်းဝင်းနားက သူမရေးဆွဲထားသော သင်္ကေတ ပြောင်းလဲမှုကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။ “အမျိုးသမီးကောလိပ်မှာ ကျောင်းတက်လာတဲ့ အမျိုးသမီးတစ်ယာက်အနေနဲ့ အခုသင်္ကေတကို နားလည်ဖို့ […]

Read More

စင်ကာပူ-မြန်မာ သက်မွေးပညာ သင်တန်းကျောင်းမှ သက်မွေး ပညာသင်တန်းများ အခမဲ့တက်ရောက်နိုင်

စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်းတွင်  စင်ကာပူနိုင်ငံမှ အသိအမှတ်ပြုလက်မှတ်ရမည့် သင်တန်းများကို အခမဲ့ တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါသင်တန်းကျောင်းအား အသက်  ၁၆  နှစ်ပြည့်ပြီး  တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများ တက်ရောက်နိုင်မည်ဖြစ်ပြီး ကျောင်းသားသစ်များအား ဇွန်လကုန်ပိုင်းတွင် စတင်လက်ခံလျက်ရှိသည်။ “လောလောဆယ်မှာတော့ တက်ရောက်ဖို့လျှောက်လွှာယူသွားတဲ့သူ ၁ဝဝဝ ကျော်လောက်ရှိနေပါပြီ။   ဖောင်ပြန်လာတင်တဲ့သူတွေလည်း တော်တော်များပါတယ်” ဟု ကျောင်းသားရေးရာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ စင်ကာပူ- မြန်မာ သက်မွေးပညာသင်တန်းကျောင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာဘာသာရပ်လေးမျိုးနှင့် ဆောက်လုပ်ရေး အင်ဂျင်နီယာ လုပ်ငန်းဆိုင်ရာ ဘာသာရပ်ခြောက်မျိုး စုစုပေါင်းဘာသာရပ် ၁ဝ မျိုးကို စင်ကာပူနိုင်ငံ ITE ကောလိပ်အသိအမှတ်ပြုသင်ရိုးများအတိုင်း လက် တွေ့ကျွမ်းကျင်ရေးကို ဦးစားပေး၍ သင်ကြားမည်ဖြစ်သည်။ သင်တန်းပြီးဆုံးပါက စင်ကာပူနိုင်ငံ ITE ကောလိပ်နှင့် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန နည်းပညာနှင့် သက်မွေးပညာ ဦးစီးဌာနတို့မှ […]

Read More

ရန်ကုန်အဝေးပြေး ကားဂိတ်များ၏ လိပ်စာများကို သိရှိနိုင်မည့် WayPyay Application ထွက်ရှိ

ရန်ကုန် အောင်မင်္ဂလာအဝေးပြေးနှင့် ဒဂုံဧရာအဝေးပြေးတို့ရှိ ကားဂိတ်ပေါင်း ၂၀၀ ကျော်၏ လိပ်စာနှင့် တယ်လီဖုန်းနံပါတ်များ ပါရှိသည့် WayPyay (ဝေးပြေး) Application ကို Zwenexsys Int’l Ltd က စတင်ဖြန့်ချိလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ အဝေးပြေးကားဂိတ်များနှင့် ပတ်သက်သည့် Application အား လတ်တလောတွင် Android OS အတွက်သာ ထုတ်လုပ်ထားခြင်းဖြစ်ပြီး လာမည့်နှစ်လအတွင်း iOS Platform အတွက် ဆက်လက် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း Zwenexsys Int’l Ltd ၏ မန်နေဂျင်းဒါရိုက်တာ ကိုသာထက်က ပြောသည်။ “ခရီးသွားလာရင်း ကားဂိတ်ဖုန်းနံပါတ် သိချင်တဲ့အခါ ရှာမရတဲ့အခက်အခဲကို အဓိက ဖြေရှင်းပေးဖို့ပါ။ ကားလိုင်းပေါင်း နှစ်ရာကျော်ရဲ့ရန်ကုန်နဲ့ နယ်ဂိတ် လိပ်စာတွေ၊ ဖုန်းနံပါတ်တွေ၊ လိပ်စာကတ်တွေကို အင်တာနက်မလိုဘဲ […]

Read More

ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် American BSc in Business Administration ဘွဲ့ ဖွင့်လှစ်မည်

ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် ဒိန်းမတ်နိုင်ငံရှိ Niels Brock Copenhagen Business College တို့ပူးပေါင်းကာ American BSc in Business Administration Degree Program အား ရန်ကုန်စီးပွားရေးတက္ကသိုလ် လှိုင်နယ်မြေတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားပါသည်။ ဤသင်တန်းရည်ရွယ်ချက်မှာ အရည်အသွေးမြင့်မားသော လူတော်လူကောင်းများ မွေးထုတ် ပေးရန် ပေါ်ပေါက်လာစေရန် ဖြစ်ပါသည်။ BSc (Business Administration) သင်တန်းကို နိုင်ငံတကာအဆင့်မီ စနစ်တကျ သင်ကြားပေးမည်ဖြစ်သည်။ နိုင်ငံတော်၏ပညာရေးဆိုင်ရာ ဆောင်ရွက်ချက်များ တိုးတက်မှု ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမည်ဖြစ်ပြီး စီးပွားရေး လုပ်ငန်းစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာများ ပိုမိုကျယ်ပြန့် ဆင့်ပွားနိုင်စေရန် ရည်ရွယ်ကြောင်း သိရှိရပါသည်။ အဆိုပါ Program သည် ကာလအားဖြင့် ၄ […]

Lenovo Ideatab A5000E

တန်ဖိုး – ကျပ် ၁၄၆,၀၀၀ အားသာချက် CDMA အသုံးပြုသူများရော GSM အသုံးပြုသူများပါ သုံးစွဲနိုင်မယ့် Tablet အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ဈေးနှုန်းမျှတတဲ့ Tablet အမျိုးအစားတစ်ခုဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်းလည်း ကောင်းမွန်တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ကင်မရာပိုင်းကလည်း ကောင်းမွန်တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အားနည်းချက် ဒီ Tablet ရဲ့ ဒီဇိုင်းကတော့ ဆန်းသစ်တဲ့ ဒီဇိုင်းမျိုးရှိမှာမဟုတ်ဘဲ သာမန်မြင်တွေ့နေရတဲ့ Tablet ဒီဇိုင်းမျိုးပဲရှိတာကို တွေ့ရပါလိမ့်မယ်။ သုံးသပ်ချက် ဈေးနှုန်းချိုသာတဲ့ Tablet အမျိုးအစားတစ်ခုဖြစ်သလို CDMA သုံးစွဲသူများလည်း ထည့်သွင်း အသုံးပြုနိုင်မယ့် Tablet တစ်ခုဖြစ်ပါတယ်။ ခရီးသွားလာနေကျ လူများအဖို့ အလွယ်တကူ သယ်ယူသွားနိုင် မယ့် Tablet အမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။ အသေးစိတ်ဖော်ပြချက် Snapdragon 8625Q […]

Read More

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက အော်တိုလိုင်းဖုန်း တပ်ဆင်ခကို ထက်ဝက်လျှော့ချ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က အော်တိုလိုင်းဖုန်း (PSTN) တပ်ဆင်ခများအား ယနေ့မှစတင်၍ ထက်ဝက်လျှော့ချ ပေးလိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါ လုပ်ငန်းအနေဖြင့် အော်တိုလိုင်းဖုန်းများအား စီးပွားရေးလုပ်ငန်းများအတွက် ဈေးနှုန်းပိုမိုသက်သာပြီး ကျယ်ပြန့်စွာ သုံးစွဲလာနိုင်စေရန်အတွက် ယခုကဲ့သို့ နှုန်းထားများကို လျှော့ချလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။ စီးပွားရေးလုပ်ငန်းများအတွက် အဓိကလိုအပ်သော လိုင်းခွဲဖုန်းများ အသုံးပြုခြင်းနှင့် ADSL အင်တာနက်လိုင်းများ အသုံးပြုခြင်းတို့ကို ပိုမိုလွယ်ကူစွာ အသုံးပြုလာနိုင်စေရန်အတွက်လည်း ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ MPTက အော်တိုလိုင်းဖုန်းများ၏ တပ်ဆင်ခနှုန်းထားကို ယခင် ကျပ် ၆၅၀,၀၀၀ မှ ယခု ၃၂၅,၀၀၀ ကျပ်သို့ လျှော့ချလိုက်ခြင်း ဖြစ်သည်။ MPT အနေဖြင့် လာမည့်နှစ် အနည်းငယ်အတွင်း လိုင်းဖုန်းများ၏ လက်ရှိစွမ်းဆောင်ရည်ကို နှစ်ဆမြှင့်တင်သွားရန် ဆောင်ရွက်သွားမည်ဟု သိရသည်။

Read More