Day: July 20, 2015

မိုဘိုင်းဖုန်း Screen နည်းပညာများအကြောင်း

မိုဘိုင်းဖုန်းများတွင် ရုပ်ထွက်အရည်အသွေးပိုင်း ပိုမိုကောင်းမွန် လာစေရန်အတွက် Display နည်းပညာမျိုးစုံကို အသုံးပြုထုတ်လုပ်လျက်ရှိပြီး တစ်မျိုးထက် တစ်မျိုးဆန်းသစ်ပြီး မြင့်မားသည့် နည်းပညာများ အသုံးပြုလာကြသည်။ တစ်နှစ်ထက်တစ်နှစ် ပိုမိုပေါ့ပါးသည့် ဖုန်းအမျိုးအစားများ၊ မြင်ကွင်းအရွယ်အစား ကြီးမားသည့် ဖုန်းအမျိုးအစားများ၊ မြင်ကွင်းပုံစံ ဆန်းပြားသည့် ဖုန်းအမျိုးအစားများ များစွာထွက်ပေါ်လာသည်။ ဖုန်းမြင်ကွင်း အကြီးအသေး ဆိုဒ်မျိုးစုံအလိုက် မြင်ကွင်းများ၏ ထောက်ပံ့လုပ်ဆောင်နိုင်စွမ်း ရုပ်ထွက်အရည်အသွေး (resolution) မျိုးစုံရှိမည်ဖြစ်သည်။ မြင်ကွင်းကြီးမားတိုင်းလည်း ရုပ်ထွက်ပိုင်း ကောင်းမွန်သည် မဟုတ်ပေ။ အချို့မြင်ကွင်း ကြီးမားပြီး ရုပ်ထွက်ပိုင်း မကောင်းမွန်ကြသလို မြင်ကွင်းသေးသေးနှင့် ရုပ်ထွက်ပိုင်း မြင့်မားကောင်းမွန် လှသည်များလည်း ရှိလေသည်။ မြင်ကွင်း၏ ရုပ်ထွက်ပိုင်းကို pixel နှင့်ဖော်ပြလေ့ရှိပြီး အလျားနှင့် အနံပေါင်းခြင်းတွင်ရှိသည့် pixel ပမာဏပေါ်မူတည်၍ အဆိုပါ မြင်ကွင်း၏ ရုပ်ထွက်ပိုင်းကောင်း မကောင်းကို […]

Read More

ဈေးနှုန်းသက်သာသော Desire စမတ်ဖုန်း ၄ မျိုးကို HTC မိတ်ဆက်

HTC သည် အမေရိကန် ဈေးကွက်အတွက် ဈေးနှုန်းသက်သာသော Desire LTE စမတ်ဖုန်းသစ်များကို မိတ်ဆက်ခဲ့သည်။ ၎င်းတို့မှာ Desire 626, 626s, 526 နှင့် 520 တို့ ဖြစ်သည်။ ကုမ္ပဏီအနေဖြင့် ယခုမိတ်ဆက်လိုက်သော ဟန်းဆက်များကို လူတိုင်းဝယ်ယူနိုင်သည့် ထုတ်ကုန်များဖြစ်ကြောင်း ဖော်ပြခဲ့သည်။ HTC Desire 626 နှင့် 626s  ၏ မျက်နှာပြင်မှာ ၅ လက်မဖြစ်ပြီး ပန်းနုရောင်အဖျော့၊ ချော်ခဲမီးခိုးရောင်၊ ထုံးရောင်၊ ရေပြာရောင် အပါအဝင် အရောင်အမျိုးမျိုးဖြင့် ထုတ်လုပ်ပေးထားသည်။ အဆိုပါ ထုတ်ကုန်များအားလုံးသည် LTE ချိတ်ဆက်မှု အသုံးပြုနိုင်ပြီး 2000mAh ဘက်ထရီလည်း ပါဝင်သည့်အပြင် memory လည်းတိုးချဲ့ အသုံးပြုနိုင်သည်။ ဖုန်းများ၏ ကျောဘက် ကင်မရာမှာ 8 […]

Read More

တစ်ခုထက်ပိုသော Skype account များကို အသုံးပြုခြင်း

Windows Opearting System သုံးစွဲသူများသာမက Linux, Mac စတာတွေကို သုံးစွဲသူများအနေနဲ့ Skype Account ကို တစ်ခုထပ်ပိုပြီး သုံးစွဲချင်တယ်ဆိုရင် အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။ Windows မှာ မတူညီတဲ့ Skype account နှစ်ခုကို တစ်ချိန်ထဲမှာ သုံးစွဲလိုတယ်ဆိုရင် ပထမဦးဆုံး Win + R ကို နှိပ်ပါ။ Run box ကျလာရင် C:\Program Files (x86)\Skype\Phone\Skype.exe” /secondary ဆိုတဲ့ လမ်းကြောင်းကို ရိုက်ထည့်လိုက်ပါ။ ဒါက 64bit သုံးစွဲတဲ့သူများအတွက်ပါ။ 32bit သုံးစွဲသူများကတော့ Run box မှာ C:\Program Files\Skype\Phone\Skype.exe” /secondary ဆိုတာကို ရိုက်ထည့်ရပါမယ်။ အကယ်၍ ဒီလိုမျိုးမပြုလုပ်ချင်ဘူးဆိုရင် […]

Read More

၂၀၀၃ ခုနှစ်နောက်ပိုင်း email spam ပေးပို့မှု ပထမဦးဆုံးအကြိမ် ၅၀ ရာခိုင်နှုန်းအောက် ကျဆင်း

Symantec ၏ ၂၀၁၅ ခုနှစ် ဇွန်လ အစီရင်ခံစာအရ email spam ပေးပို့မှုနှုန်းသည် ဆယ်စုနှစ်တစ်ခုကျော်တွင် ပထမဦးဆုံးအကြိမ်အဖြစ် ၅၀ ရာခိုင်နှုန်းအောက်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ ဇွန်လတွင် email message ပေးပို့မှုနှုန်းသည် ၇၀၄ ဘီလီယံရှိခဲ့ပြီး ၎င်းအနက် spam အရေအတွက်မှာ ၃၅၃ ဘီလီယံ ဖြစ်ကြောင်း၊ ၂၀၀၉ ခုနှစ် ဇွန်လက ပေးပို့ခဲ့သော message အရေအတွက် ၆.၃ ထရီလီယံအနက် spam အရေအတွက် ၅.၇ ထရီလီယံ ရှိခဲ့ကြောင်း Symantec မှ ဖော်ပြခဲ့သည်။ Symantec သည် ဖောက်သည်များ၏ သုံးစွဲမှုကို အခြေခံကာ တွက်ချက်ခဲ့ခြင်းဖြစ်ပြီး ဇွန်လ၏ spam ပမာဏသည် ဧပြီလ၏ ၅၂.၂ ရာခိုင်နှုန်းနှင့် […]

Read More

ဂီတချစ်သူများအတွက် ကုမ္ပဏီ၏ ပထမဦးဆုံးဖုန်းကို Marshall မိတ်ဆက်

အမ်ပလီဖိုင်ယာများနှင့် နားကြပ်များအတွက် နာမည်ကျော်လူသိများသော Marshall ကုမ္ပဏီသည် အသံအရည်အသွေး မြင့်မားသော London ဟုခေါ်သည့် ကုမ္ပဏီ၏ ပထမဦးဆုံး စမတ်ဖုန်းကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ Android စမတ်ဖုန်းသည် ကမ္ဘာပေါ်တွင် အသံအကျယ်ဆုံး မိုဘိုင်းဖုန်း ဖြစ်ကြောင်း ကုမ္ပဏီက ညွှန်းဆိုထားသည်။ ၎င်းတွင် front-facing စပီကာ နှစ်ခုနှင့် hi-fi sound card တစ်ခုတို့ ပါဝင်သောကြောင့် သုံးစွဲသူများက နားကြပ်မလိုဘဲ သီချင်းကို အရည်အသွေးမြင့်မြင့်ဖြင့် နားဆင်နိုင်မည် ဖြစ်သည်။ ထို့အပြင် နားကြပ်ပေါက် နှစ်ခုပါဝင်သောကြောင့် သုံးစွဲသူများက နားကြပ်နှစ်ခုတပ်ဆင်ကာ သူငယ်ချင်းတစ်ဦးနှင့်အတူ သီချင်းနားထောင်ခြင်းနှင့် ဗီဒီယိုကြည့်ရှုခြင်းတို့ကို အတူတကွ ပြုလုပ်နိုင်မည် ဖြစ်သည်။ London စမတ်ဖုန်း၏ ထိပ်ဘက်တွင် M-Button ဟုခေါ်သော ခလုတ်တစ်ခု ပါဝင်ပြီး […]

Read More

Sony မှ MDR Headphone Ambassadors ခန့်အပ်ခြင်း အခမ်းအနားကျင်းပ

Sony မှ MDR Headphone Ambassadors ခန့်အပ်ခြင်း အခမ်းအနားကို ဇူလိုင်လ ၁၇ ရက်၊ ညနေ ၅ နာရီမှ ၈ နာရီအထိ Junction Square (Aqua Hall) ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားတွင် Mr. Shinichi Miura (Head of Myanmar Branch) Sony International (Singapore) Ltd. မှ MDR Headphone Ambassadors အဖြစ် ပြည်တွင်းမှ နာမည်ကျော်အဆိုတော် Bunny Phyoe နှင့် မိစန္ဒီ တို့ကို တရားဝင်ခန့်အပ်ခဲ့သည်။ Ambassadors အဖြစ် ခန့်အပ်လိုက်သည့် အချိန်မှစ၍ တစ်နှစ်ပတ်လုံး Sony MDR Headphone […]

Read More

Cherry Mobile One

Cherry Mobile One Device Support – Cherry Mobile Price   – 109,000 Ks အားသာချက် တန်ဖိုးနည်း ဖုန်းအမျိုးအစား တစ်ခုဖြစ်ပေမယ့် Cherry Mobile ရဲ့ ပထမဆုံး Google နဲ့ စာချုပ်ချုပ်ဆိုခဲ့တဲ့ ဖုန်းအမျိုးအစား ဖြစ်တဲ့အတွက် အွန်လိုင်းအသုံးပြု Google Service တွေကို ပြည့်ပြည့်စုံစုံ မြင်တွေ့အသုံးပြု နိုင်ပါတယ်။ OS Version မြင့်မားတဲ့ တန်ဖိုးနည်း ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး CPU ပိုင်းမှာလည်း ကောင်းမွန်တာကို တွေ့ရပါတယ်။ အားနည်းချက် ဇော်ဂျီဖောင့်စနစ် မပါဝင်တဲ့အတွက် Facebook နဲ့ ဖုန်း Message တွေကို အသုံးပြုဖို့ ဇော်ဂျီဖောင့်နဲ့ ကီးဘုတ်ကို သီးသန့်ပြန်လည် ထည့်သွင်းရပါ […]

Read More

Toshiba Kirabook (2015)

USD-$ 1,249 အားသာချက် Toshiba ၏ Kirabook တွင် အရည်အသွေးမြင့် မျက်နှာပြင်၊ စွမ်းဆောင်ရည်မြင့် အစိတ်အပိုင်းများနှင့် ဆွဲဆောင်မှုရှိသော ဒီဇိုင်းအပြင် ဓာတ်ပုံနှင့် ဗွီဒီယိုကျွမ်းကျင် ပညာရှင်များအတွက် ရုပ်ထွက်ပိုင်း ပြုပြင်နိုင်သော software လည်းပါဝင်သည်။ အားနည်းချက် ၎င်း laptop ၏အခြေခံဒီဇိုင်းမှာ နှစ်အနည်းငယ်အတွင်း ပြောင်းလဲခြင်း မရှိသေးသော်လည်း ဈေးကွက်တွင်း ပိုမိုကောင်းမွန်သည့် ဒီဇိုင်းဖြင့် ဖန်တီးထားသော laptop များ ထွက်ပေါ်လျက်ရှိသည်။ Kirabook တွင် ပါဝင်သော touchpad သည်အနည်းငယ် ဆိုင်းလျက်ရှိသည်။ အသေးစိတ်ဖော်ပြချက် Toshiba ၏ Kirabook မျက်နှာပြင် အရွယ်အစားမှာ ၁၃.၃ လက်မ touchscreen ဖြစ်ပြီး ရုပ်ထွက်အရည်အသွေး 2,560×1,440 pixels ရှိကာ  ပဉ္စမမြောက်မျိုးဆက် […]

Read More

Flash အားနည်းချက်များကို Adobe ပြင်ဆင်

Adobe သည် လုံခြုံရေးကုမ္ပဏီ Hacking Team မှ ဟက်ကာများက ခိုးယူခဲ့သည့် စာရွက်စာတမ်းတွင် ပါဝင်သော zero day အားနည်းချက်များကို ပြင်ဆင်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် အင်္ဂါနေ့ အစောပိုင်းက Google သည် Chrome browser တွင် Flash ဗားရှင်းသစ်ကို ပြင်ဆင်ခဲ့သည်။ သို့သော်လည်း Microsoft သည် Explorer 11 (IE11) သို့မဟုတ် Windows 10 Edge browser ရှိ Flash ၏လုံခြုံရေး အားနည်းချက်ကို ပြင်ဆင်ခဲ့ခြင်း မရှိပေ။ Flash 18.0.0209 ၏ zero-days လုံခြုံရေး အားနည်းချက်ကို Adobe က ပြင်ဆင်နိုင်ခဲ့သည်။ အီတလီကုမ္ပဏီ Hacking Team […]

Read More

မောင်ကောင်းဆွေသန့်၏ Student Life

ဒီအပတ်မှာတော့ Webster University of Thailand Campus မှာ Human Resource (HR) နဲ့ Psychology ဘာသာရပ်ကိုတက်ရောက် သင်ကြားနေတဲ့ မောင်ကောင်းဆွေသန့်ရဲ့ Student Life ကို ဖော်ပြပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာနောက်ဆုံးသင်ယူခဲ့တဲ့ အတန်းပညာလေးကို ပြောပြပေးပါ။ ILBC secondary 4, IGCSE နဲ့ Webster တက္ကသိုလ် TOEFL Test ကို Myanmar Search International (MSI) မှာ ဖြေခဲ့ပါတယ်။ ဒီဘာသာရပ်ကို ဘာလို့ရွေးချယ်ခဲ့တာလဲ။ ကျွန်တော်ငယ်ငယ်ကတည်းက စီးပွားရေးကိုစိတ်ဝင်စားခဲ့ပေမယ့် စီးပွားရေး Major တွေ အများကြီးထဲက ဘယ် Major ကို ယူရင်ကောင်းမလဲ ဆိုတာမသိခဲ့ဘူး။ MSI နဲ့ ဆွေးနွေးတိုင်ပင်ကြည့်တဲ့အခါ အခုလတ်တလော […]

Read More