Day: July 23, 2015

HTC Sense 7 အားလေ့လာကြည့်ခြင်း

HTC ရဲ့အသစ်ထွက် Sense အမျိုးအစားဖြစ်ပါတယ်။ ဒီ Sense အမျိုးအစားဟာ ရှေ့ကထွက်ခဲ့တဲ့ HTC Sense တွေနဲ့မတူအောင် လုံးဝကွဲပြားခြားနားနေတာ တွေ့ရပါလိမ့်မယ်။ HTC အသုံးပြုသူတွေ အတွက်လည်း  ထူးခြားတဲ့ မြင်ကွင်းနဲ့ နည်းစနစ်တွေကို ဒီဗားရှင်းမှာ အသုံးပြုနိုင်ပါလိမ့်မယ်။ ပထမဆုံးပြောင်းလဲခြင်းတစ်ခု အနေနဲ့ Sense 7 မှာ ကီးဘုတ်နဲ့ မြန်မာစာဖောင့် စနစ်ပိုင်းမှာ ပြောင်းလဲအသုံးပြု ထားတာကို မြင်တွေ့ရပါလိမ့်မယ်။ အရင်က စံမြန်မာ ဇော်ဂျီဖောင့်နဲ့ ကီးဘုတ်စနစ်ကို အသုံးပြုခဲ့ပေမယ့် Sense 7 မှာတော့ ဇော်ဂျီမြန်မာစာဖောင့်၊ ကီးဘုတ်နဲ့ ယူနီကုဒ် မြန်မာစာဖောင့် ကီးဘုတ်စနစ် နှစ်မျိုးအသုံးပြုနိုင်တဲ့ Zangam ဖောင့်နဲ့ ကီးဘုတ်ကိုပြောင်းလဲ အသုံးပြုခဲ့ပါတယ်။ ဒါကတော့ မြန်မာစာစနစ်ပိုင်း မှာပြောင်းလဲလာခြင်းပါ။ နောက်တစ်ချက်အနေနဲ့က တော့ […]

Read More

လူငယ်များအတွက် ICT Career

ယခင်အပတ်မှအဆက် IT သာမရှိရင် နိုင်ငံကြီးကမတိုးတက်တော့ဘူး။ IT သာမရှိရင် နိုင်ငံကြီးက ရပ်သွားမယ်လို့ပြောကြတယ်။ IT သမားက သူ့ဟာသူ ကြီးကြီးကျယ် ကျယ် လျှောက်ပြောတာလို့ ထင်ကြတယ်။ တကယ်တမ်းကျတော့ အဲ့လိုမဟုတ်ဘူး။ ဆိုလိုချင်တဲ့အဓိပ္ပာယ်က ကျွန်တော်တို့ တယ်လီဖုန်း လေးဖွင့်လိုက်တာနဲ့ အင်တာနက်လေးကြည့်လိုက်တာကလည်း ဒါ ICT ပဲ။ အခုဆိုရင် လယ်သမားတွေ သားသမီးကအစ ကျွန်တော်တို့ Mobile Phone တွေ ကိုင်လာနိုင်တယ်။ လူတိုင်းလူတိုင်း Mobile Phone တွေ ကိုင်လာနိုင်တဲ့အချိန်မှာ ကျွန်တော်တို့က Electronic Commerce ဆိုတဲ့ အဆင့်ကနေမှ Mobile Commerce အဆင့်ကို ပြောင်းလာတယ်။ ကျွန်တော်တို့ဒီနေ့ခေတ်ဟာ E-Commerce လို့ ပြောကြတယ်။ ဒီနေ့ခေတ်က E-Commerce မဟုတ်တော့ဘူး။ M-Commerce […]

Read More

နေအိမ်များသို့ အခမဲ့မြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင်မှုကို Google ချိတ်ဆက်ပေးမည်

ပြီးခဲ့သည့်ရက် အနည်းငယ်ခန့်က Google သည်၎င်း၏ လက်ရှိနှင့် အနာဂတ် ဈေးကွက်များအတွင်းရှိ အခြေချနေထိုင် သူများထံသို့ မြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင်မှု အခမဲ့ပေးအပ် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ အပြောင်းအလဲသည် အိမ်ဖြူတော်နှင့် မြို့ပြနှင့်နေအိမ် ဖွံ့ဖြိုးတိုးတက်ရေး ဌာနတို့က ထုတ်ပြန်ခဲ့သော Connect Home အစီအစဉ်နှင့် Google တို့ ပူးပေါင်းခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာခဲ့သည်။ Connct Home အစီအစဉ်သည် အင်တာနက် ဝန်ဆောင်မှုကို ၂၇ မြို့သို့ အခမဲ့ သို့မဟုတ် ကုန်ကျစရိတ် အနည်းငယ်ဖြင့် ချိတ်ဆက်ပေးသွားမည့် အစီအစဉ်ဖြစ်သည်။ သို့သော်လည်း Google အနေဖြင့် ၎င်း၏ Google Fiber ဝန်ဆောင်မှု တစ်စိတ်တစ်ပိုင်းအဖြစ် အင်တာနက်ကို အခမဲ့အသုံးပြုခွင့် ပေးခဲ့ပြီးသော်လည်း ယခုအခါတွင် အင်တာနက် […]

Read More

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် လုပ်ကိုင်နိုင်ရန် ဗီယက်နမ် ကုမ္ပဏီတစ်ခု တရားဝင်လိုင်စင် ရရ

ဗီယက်နမ်နိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် FPT အား ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ ကြိုးဖုန်းဝန်ဆောင်မှု (fixed- line service) ကို လုပ်ကိုင်ရန်အတွက် လိုင်စင်ချထားပေး လိုက်ပြီဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ စုံစမ်းသိရသည်။ ထို့ကြောင့် အဆိုပါ ဗီယက်နမ် ဆက်သွယ်ရေးကုမ္ပဏီသည် မကြာမီအချိန်အတွင်း မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် စတင်၍ ရင်းနှီးမြှုပ်နှံသွားတော့ မည်ဖြစ်ကြောင်းသိရသည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန အနေဖြင့် FPT ဆက်သွယ်ရေး ကုမ္ပဏီအား ပြည်တွင်း၌ ၁၅ နှစ်သက်တမ်းရှိ လုပ်ကိုင်ခွင့်လိုင်စင်ကို ချထားပေးလိုက်ခြင်းဖြစ်ပြီး အဆိုပါ ဗီယက်နမ်ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ အင်တာနက်ဆက်သွယ်မှုလိုင်းများ ပိုမိုကောင်းမွန်လာစေရေးကို အဓိရည်မှန်းလုပ်ကိုင်သွားမည်ဖြစ်ကြောင်း အထက်ပါ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ အထက်ပါ ဝန်ကြီးဌာန၏ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို ရရှိခဲ့သော ဗီယက်နမ် ဆက်သွယ်ရေးကုမ္ပဏီအနေဖြင့် […]

Read More

Mac OS တွင် ထည့်သွင်းထားသည့် app history များကို ကြည့်ရှုခြင်း

အကယ်၍ Mac OS အသုံးပြုထားတဲ့ ကွန်ပျူတာ အသစ်တစ်လုံးထပ်မံ ဝယ်ယူမယ်ဆိုရင် စက်အဟောင်းမှာ အသုံးပြုထားတဲ့ အသုံးဝင်တဲ့ App များကို ပြန်လည်ထည့်သွင်းဖို့အတွက် အဆိုပါ App တွေကို ဘယ်ကနေ ရယူခဲ့တယ်ဆိုတာမျိုးကို ပြန်လည်ရှာဖွေဖို့လိုအပ်ပါလိမ့်မယ်။ ထည့်သွင်းထားခဲ့တဲ့ app တွေရဲ့ History ကို Mac OS ပေါ်မှာ ပြန်လည်ကြည့်ရှုနိုင်ဖို့အတွက် အောက်ဖော်ပြပါအတိုင်း ရှာဖွေကြည့်ရှုနိုင်ပါတယ်။ Keyboard ပေါ်ကနေ Option key ကို နှိပ်ထားပါ။ ပြီးသွားရင် ဘယ်ဘက်ထောင့်အပေါ်ဘက်မှာ Apple Logo လေးမှာ ကလစ်တစ်ချက် နှိပ်ရပါမယ်။ Click ကို နှိပ်ပြီးရင် System Information ဆိုတာကိုရွေးချယ်လိုက်ပါ။ System Information ကို ရွေးချယ်မပြီးမချင်း Option key […]

Read More

Small Cell Tower များ တပ်ဆင်မည်

လူနေထူထပ်ရာ ဒေသများ၌ စိန်ခေါ်မှုတစ်ခုဖြစ်နေသည့် မိုဘိုင်းဖုန်းကွန်ရက် ချဲ့ထွင်မှုပြဿနာကို ဖြေရှင်းနိုင်ရန် Small Cell Tower များ တပ်ဆင်သွားမည်ဟု Telenor က သတင်းထုတ်ပြန်ခဲ့သည်။ လာမည့် ၆ လအတွင်း Small Cell Tower များကို လူနေထူထပ်ရာ ဒေသများ၌ တပ်ဆင်သွားမည်ဖြစ်ပြီး အဆိုပါ Small Cell Tower များက မိုဘိုင်းဖုန်းကွန်ရက် ကျပ်တည်းမှုပြဿနာကို ဖြေရှင်းပေးနိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။ ဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် ကွန်ရက်ကျပ်တည်းမှု ပြဿနာကို ဖြေရှင်းနိုင်ရန် ရွေ့လျားတာဝါတိုင်များ ထားရှိသည့်အပြင် ကြီးမားခိုင်ခန့်သော လမ်းဘေးကြော်ငြာ Billboard များ၌လည်း တာဝါငယ်များကို ပူးတွဲ တည်ဆောက်လာခဲ့ကြသည်။ Telenor သည် အလားတူ Small Cell Tower ငယ်များ […]

Read More

Apple Touch ID

Apple Touch ID ဆိုသည်မှာ iPhone 5S တွင် စတင်ပါဝင်လာပြီး passcode တစ်ခုကို လက်ဗွေတစ်ခုအနေဖြင့် သိမှတ်နိုင်သော ဇီဝနည်းပညာ ဖြစ်သည်။ ၎င်းသည် လက်ဗွေဖတ်နိုင်သော အာရုံခံကိရိယာတစ်ခု ဖြစ်ပြီး ဖုန်း၏ home ခလုတ် ဘေးပတ်ပတ်လည်တွင် စတီးလ်ကွင်းတစ်ခုအနေဖြင့် ထည့်သွင်းထားသည်။ သုံးစွဲသူများသည် Touch ID အထောက်အပံ့ပါဝင်သော ထုတ်ကုန်တစ်ခုတွင် လက်ဗွေ ငါးခုအထိ သိုလှောင်သိမ်းဆည်းထားနိုင်သည်။ အတည်ပြုခံထားရသော သုံးစွဲသူများသည် ထုတ်ကုန်ကို unlock လုပ်နိုင်သလို Apple ၏ iTunes Sotre, App Store, iBooks Store တို့ မှ ဝယ်ယူမှုများကိုလည်း home ခလုတ်ကို ဖိထားရုံဖြင့် ပြုလုပ်နိုင်သည်။ လက်ဗွေအချက်အလက်များကို ထုတ်ကုန်၏ ပရိုဆက်ဆာတွင် […]

Read More

Toukiden: Kiwami

Sony အနေနဲ့ PlayStation Portable (PSP) ဂိမ်းစက်ကို ဂျပန်နိုင်ငံအတွင်း အရမ်းရောင်းကောင်းအောင် ပံ့ပိုးပေးခဲ့တဲ့ Monster Hunter ဂိမ်းရဲ့ main series title တွေကို PlayStation ဂိမ်းစက်အတွက် ထွက်ရှိလာခြင်း မရှိသေးပေမယ့် Action RPG Monster Hunter Game Series ပရိသတ်တွေ အကြိုက် တွေ့မယ့် Hunting Game ဂိမ်းစီးရီးတွေအများကြီးကို Play Station ဂိမ်းစက်မှာ ထွက်လာအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ Soul Sacrifice, Ragnarok Odyssey, God Eater 2 နှင့် Toukiden လို ဂိမ်းတွေကို ဆက်တိုက်ထုတ်လုပ်ရာမှာ အခုဆိုရင် Toukiden ရဲ့ ဂိမ်းသစ်ဖြစ်တဲ့ Toukiden: Kiwami […]

Read More

ယခုနှစ်ဝက်အတွင်း Huawei စမတ်ဖုန်းရောင်းအား ၃၉ ရာခိုင်နှုန်း မြင့်တက်

ကုမ္ပဏီ၏ ကမ္ဘာတစ်ဝန်း စမတ်ဖုန်းတင်ပို့ရောင်းချမှုသည် ယခုနှစ်ဝက်အတွင်း ၃၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း တရုတ်နည်းပညာကုမ္ပဏီကြီးဖြစ်သည့် Huawei မှ ပြောကြားလိုက်သည်။ အဆိုပါ ပြောကြားချက်သည် ကမ္ဘာ့စတုတ္ထအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီ၏ စုစုပေါင်း ဝင်ငွေ ၃၀ ရာခိုင်နှုန်း တိုးတက်လာကြောင်း ကြေညာအပြီးတွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ကုမ္ပဏီအနေဖြင့် ၂၀၁၅ ခုနှစ် ပထမနှစ်ဝက်အတွင်း ကမ္ဘာတစ်ဝန်းသို့ စမတ်ဖုန်း ၄၈.၂ သန်း တင်ပို့ရောင်းချခဲ့ကြောင်း Huawei မှ ဆိုခဲ့သည်။ Huawei သည် ကမ္ဘာ့အကြီးဆုံး ဟန်းဆက်ဈေးကွက်ဖြစ်သော တရုတ်နိုင်ငံ၏ ထိပ်ဆုံးနေရာအတွက် Apple, Xiaomi တို့နှင့် ယှဉ်ပြိုင်နေရသည်။ ကုမ္ပဏီ၏ ယခုနှစ်ဝက် ဝင်ငွေသည် ၃၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ယွမ် ၁၇၅.၉ ဘီလီယံ (အမေရိကန်ဒေါ်လာ […]

Read More

ယခုနှစ်ဝက်အတွင်း Huawei စမတ်ဖုန်းရောင်းအား ၃၉ ရာခိုင်နှုန်း မြင့်တက်

ကုမ္ပဏီ၏ ကမ္ဘာတစ်ဝန်း စမတ်ဖုန်းတင်ပို့ရောင်းချမှုသည် ယခုနှစ်ဝက်အတွင်း ၃၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း တရုတ်နည်းပညာကုမ္ပဏီကြီးဖြစ်သည့် Huawei မှ ပြောကြားလိုက်သည်။ အဆိုပါ ပြောကြားချက်သည် ကမ္ဘာ့စတုတ္ထအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီ၏ စုစုပေါင်း ဝင်ငွေ ၃၀ ရာခိုင်နှုန်း တိုးတက်လာကြောင်း ကြေညာအပြီးတွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ကုမ္ပဏီအနေဖြင့် ၂၀၁၅ ခုနှစ် ပထမနှစ်ဝက်အတွင်း ကမ္ဘာတစ်ဝန်းသို့ စမတ်ဖုန်း ၄၈.၂ သန်း တင်ပို့ရောင်းချခဲ့ကြောင်း Huawei မှ ဆိုခဲ့သည်။ Huawei သည် ကမ္ဘာ့အကြီးဆုံး ဟန်းဆက်ဈေးကွက်ဖြစ်သော တရုတ်နိုင်ငံ၏ ထိပ်ဆုံးနေရာအတွက် Apple, Xiaomi တို့နှင့် ယှဉ်ပြိုင်နေရသည်။ ကုမ္ပဏီ၏ ယခုနှစ်ဝက် ဝင်ငွေသည် ၃၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ယွမ် ၁၇၅.၉ ဘီလီယံ (အမေရိကန်ဒေါ်လာ […]

Read More