Day: July 27, 2015

HTC One E9+

Device Support – HTC Price – 579,000 Ks အားသာချက် ဖုန်းတွင်ဖွဲ့စည်း တည်ဆောက်ထားသော CUP, GPU အစရှိသည့် Hardware စနစ်ပိုင်းများ မြင့်မားကောင်းမွန်သည့်အပြင် ကင်မရာ ပိုင်းတွင်လည်း Mega Pixel မြင့်မားသော ကင်မရာကို အသုံးပြုထားသည်။ အသံစနစ်ပိုင်းတွင်လည်း ပုံမှန်ပါဝင်နေကျ Boom Sound စနစ်အား Dolby Audio Surround နှင့်အတူ တွဲဖက်၍ အဆင့်မြှင့်တင် ပေါင်းစပ်ပေးထားပြီး ကောင်းမွန်သော မြန်မာစာဖောင့်နှင့် ကီးဘုတ်စနစ်များ ပါဝင်လာသည်။ အားနည်းချက် Sim Card Slot များတွင် Sim Card ထည့်သွင်း အသုံးပြုရန်အတွက် ပါဝင်သော Card Connector များမှာ ပါးလွှာသော ပလတ်စတစ် […]

Read More

လူငယ်များအတွက် ICT Career အပိုင်း ၃

ယခင်အပတ်မှအဆက် ကျွန်တော်တို့ ဒီနေရာမှာ ICT Career တစ်ခုအပါအ၀င်ဖြစ်လာပါပြီ။ Promising Area ဖြစ်ပါတယ်။ ခေတ်ကိုက ICT။ ကျွန်တော်တို့ခေတ်ဖြစ်လာတယ်။ ကျွန်တော်တို့လိုနိုင်ငံမျိုးမှာ ICT တွေ အများကြီးလိုအပ်လာပါတယ်။   ဘာဖြစ်လို့လဲဆိုတော့ အင်ဂျင်နီယာတွေ အများကြီးပေါ်ထွက်လာပြီးပြီ။ ဆရာဝန်ကြီးတွေ အများကြီးပေါ်ထွက်လာပြီးပြီ။ သို့သော် ကျွန်တော်တို့ ဘာတွေလိုမလဲဆိုလို့ရှိရင် ICT HR တွေအများကြီး လိုသေးတယ်။ နိုင်ငံမှာ ICT Infrastructure တွေ အများကြီး တည်ဆောက်ဖို့လိုသေးတယ်။ ကားလမ်းမတွေမှာ CCTV တွေမတပ်ရသေးဘူး။ ရထားလမ်းတွေမှာ Central Control System တွေ မဖြစ်သေးဘူး။ အဲ့ဒါမျိုးတွေ ကျွန်တော်တို့နိုင်ငံမှာ ICT Infrastructure  အများကြီး တည်ဆောက်ရဦးမယ်။ အဲလို့မျိုးတွေဖြစ်လာပြီး ဆိုလို့ရှိရင် ကျွန်တော်တို့တွေက အဲ့ဒီနေရာတွေမှာ တာဝန်ထမ်း ဆောင်ရမှာဖြစ်ပါတယ်။ […]

Read More

B.Sc (Business IT) ဘွဲ့ဒုတိယနှစ်သင်တန်းကို ရာနှုန်းပြည့်ပညာသင်ဆုနဲ့ တက်ရောက်နေတဲ့ မမျိုးမျိုးထွန်း

B.Sc (Business IT) ဘွဲ့ဒုတိယနှစ်သင်တန်းကို ရာနှုန်းပြည့်ပညာသင်ဆုဖြင့် တက်ရောက်နေသော မမျိုးမျိုးထွန်း၏ Student Life အမည်နဲ့ ပညာအရည်အချင်း သိပါရစေ။ ကျွန်မအမည်က မမျိုးမျိုးထွန်းဖြစ်ပါတယ်။ ကျွန်မက ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ကနေ တက္ကသိုလ်ဝင်တန်းအောင်ပြီး University of Greenwich (UK) ရဲ့ B.Sc (Business IT) ဘွဲ့ ဒုတိယနှစ်သင်တန်း တက်ရောက်နေပါတယ်။   University of Greenwich (UK) B.Sc (Business IT) ဘွဲ့ရဲ့ဒုတိယနှစ်သင်တန်းကို ရာနှုန်းပြည့်ပညာသင်ဆုနဲ့တက်ရောက်ခွင့် ရရှိခဲ့ပုံကို  ပြောပြပေးပါဦး။ ကျွန်မက ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်ကနေ တက္ကသိုလ်ဝင်တန်းအောင်ပြီး University of Greenwich (UK) ၏ B.Sc (Business IT) ဘွဲ့ရဲ့ ပထမနှစ် သင်တန်း တက်ရောက်ခဲ့ပါတယ်။  […]

Read More

အဝေးထိန်းလေယာဉ် ကုမ္ပဏီတစ်ခုကို တည်ထောင်ရန် Sony နှင့် ZMP ပူးပေါင်း

Sony ၏မိုဘိုင်းဌာနခွဲ Sony Mobile သည် ဂျပန်အခြေစိုက် စက်ရုပ်များ ထုတ်လုပ်သော ZMP ကုမ္ပဏီနှင့် ပူးပေါင်း၍ Aerosense အဝေးထိန်း လေယာဉ်ကုမ္ပဏီကို တည်ထောင်ခဲ့ကြောင်း ကုမ္ပဏီ နှစ်ခုက အသီးသီး ထုတ်ပြန်သွားခဲ့သည်။ Sony အနေဖြင့် လုပ်ငန်းများကို ဝန်ဆောင်မှုပေးရန် အဝေးထိန်း လေယာဉ်ကုမ္ပဏီသစ် Aerosense ကို စတင်သွားမည် ဖြစ်သည်။ Aerosense ကုမ္ပဏီသည် အဝေးထိန်းလေယာဉ် သို့မဟုတ် ဒရုန်းများ အသုံးပြု၍ လေ့လာမှုများ ပြုလုပ်ခြင်း၊ စစ်ဆေးခြင်း၊ တိုင်းတာခြင်းနှင့် စာရင်းကောက်ယူမှုများ ပြုလုပ်ကာ ဖောက်သည်များကို ကူညီပေးပြီး ဝန်ဆောင်မှုများအတွက်  အချက်အလက်နှင့် ဓာတ်ပုံများ မှတ်တမ်းတင်ပေးမည် ဖြစ်သည်။ Aerosense သည် အဝေးထိန်း လေယာဉ်အသုံးပြု၍ ဝန်ဆောင်မှုများကို ရောင်းချသွားမည် ဖြစ်ကြောင်း […]

Read More

လူမှုရေးမီဒီယာ Ashley Madison အချက်အလက် ပေါက်ကြားမှု ဖြစ်ပွား

အရွယ်ရောက်ပြီးသူများ အသုံးပြုသော လူမှုရေး မီဒီယာတစ်ခု ဖြစ်သည့် Ashley Madison သည် တစ်ဦးတည်း သို့မဟုတ် အဖွဲ့တစ်ဖွဲ့၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ Ashley Madison ကို တိုက်ခိုက်ခဲ့သူ သို့မဟုတ် အဖွဲ့တစ်ခုအနေဖြင့် လူမှုရေးမီဒီယာ သုံးစွဲသူများ၏ တစ်ကိုယ်ရေ အချက်အလက်များကို အွန်လိုင်းသို့ တင်လျက်ရှိကြောင်း လုံခြုံရေးဘလော့ Krebs on Security မှထုတ်ပြန်ခဲ့သည်။ အဆိုပါ Ashley Madison တွင်သုံးစွဲသူ ၃၇ သန်းကျော်ရှိပြီး ၎င်းလူမှုရေး မီဒီယာသုံးစွဲသူများ၏ account အသေးစိတ် အချက်အလက်များသည် အွန်လိုင်းတွင် ကျပန်းထွက်ပေါ်လျက်ရှိကာ  ပိတ်ပင်ရန် ကြိုးစားလျက်ရှိကြောင်း Krebs on Security မှ ထုတ်ပြန်ခဲ့သည်။ The Impact Team ဟု အမည်ရသော […]

Read More

ပုဂ္ဂလိကဘဏ်များနှင့်ချိတ်ဆက်၍ Mobile Wallet ဝန်ဆောင်မှုကို ပေးနိုင်ရန် MPU စီစဉ်

မြန်မာငွေပေးချေမှု အဖွဲ့အစည်း  (Myanmar Payment Union- MPU) က ပြည်တွင်း စီးပွားရေး လုပ်ငန်းများကြား အပြန်အလှန် ငွေပေးချေခြင်းဆိုင်ရာ ကိစ္စရပ်များကို Mobile Wallet ဟူသည့် ငွေကြေးအစားထိုး ဝန်ဆောင်မှုတစ်ခုဖြင့် အသုံးပြုနိုင် ရန်အတွက် စီစဉ်နေကြောင်း သတင်းရရှိသည်။ Mobile Banking စနစ် ဝန်ဆောင်မှုဖြစ်သည့် Mobile Wallet ဝန်ဆောင်မှုအား  MPU စနစ်ချိတ်ဆက်ထားသော ဘဏ်လုပ်ငန်း များ၊ အဆိုပါဘဏ်များဖြင့် ချိတ် ဆက်လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းများနှင့် ယင်းဝန်ဆောင် မှုကို အသုံးပြုသူများကြား အပြန် အလှန် သုံးစွဲနိုင်မည်ဖြစ်ကြောင်းသိရသည်။ Mobile Wallet ဝန်ဆောင်မှု ဖြင့် မိုဘိုင်းဖုန်းမှတဆင့် ငွေပေး ချေသည့် ကိစ္စရပ်များကို ဆောင်ရွက်ရာတွင် စာတိုပေးပို့သည့် စနစ် (Message) […]

Read More

Panasonic မှ 2015 Smart TV ဖြစ်သော 4K TV(Model TH-85X940S) မိတ်ဆက်ပွဲကျင်းပ

Panasonic အနေဖြင့် ၂၀၁၅ ခုနှစ်ထုတ် Smart TV ဖြစ်သော 4K TV(Model TH-85X940S) မိတ်ဆက်ပွဲအား ဇူလိုင် ၂၄ ရက်၊ ညနေ ၆ နာရီ မှ ၈ နာရီခွဲအထိ Sule Shangri Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပွဲတွင် အဖွင့်အမှာစကားအား Panasonic မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပြီး ဇူလိုင် ၂၆ ရက်မှ စကာ ဈေးကွက်အတွင်း သို့ စတင်ဖြန့်ချိပေးမည်ဖြစ်ပြီး ဖြန့်ချိမည့်ဈေးနှုန်း ကိုမူ ပြောကြားသွားခြင်း မရှိပေ။ Panasonic 4K TV(Model TH-85X940S) အနေဖြင့် 85 Inch ဖြစ်ပြီး TX-85X940’s 3840×2160 pixel resolution ကို […]

Read More

SEAMEO Chat သင်တန်းအား သြဂုတ်လ ၁ ရက်မှ စတင်ကာ အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်

အရှေ့တောင်အာရှ ပညာရေးဝန်ကြီးများအဖွဲ့ ဒေသဆိုင်ရာ သမိုင်းနှင့် ရိုးရာဓလေ့ဌာနမှ ဖွင့်လှစ်သင်ကြားမည့် CHAT Communication in English Language Course, Basic Level (3/2015) သင်တန်းအတွက် လျှောက်လွှာများကို အွန်လိုင်းမှတစ်ဆင့် လျှောက်ထားတက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ သြဂုတ်လ ၁ ရက်၊ နံနက် ၉ နာရီခွဲမှစတင်ကာ http://goo.gl/SH1x7x တွင် လျှောက်လွှာများကို Download ရယူ၍ လျှောက်ထားနိုင်မည် ဖြစ်သည်။ သင်တန်း တက်ရောက်လိုသူများသည် အနိမ့်ဆုံး အခြေခံပညာ အထက်တန်း အောင်မြင်ပြီး CHAT Communication in English Course ဝင်ခွင့် စာမေးပွဲကို အောင်မြင်သူများ ဖြစ်ရမည်ဖြစ်သည်။ Downloaded File ကို ဖုန်း သို့မဟုတ် ကွန်ပြူတာ၌ရှိသည့် Office […]

Read More

စတုတ္ထမြောက် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရယူနိုင်ရန် အဆိုပြုလွှာများဖိတ်ခေါ်

မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်အား ရယူသုံးစွဲနိုင်မည့် အထူးလုပ်ငန်း ကုမ္ပဏီဖွဲ့စည်းရေး အဆိုပြုလွှာများ တင်သွင်းရန် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ဖိတ်ခေါ်လိုက်သည်။ တစ်နိုင်ငံလုံးအနှံ့ လွှမ်းခြုံမည့် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်သုံးခု ချမှတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုဖိတ်ခေါ်ခြင်းသည် စတုတ္တမြောက် ဆက်သွယ်ရေး ဝန်ဆောင်မှု လိုင်စင်အား ရယူသုံးစွဲနိုင်မည့် အထူးလုပ်ငန်း ကုမ္ပဏီတစ်ခု (Special Purpose Vehicle) ဖွဲ့စည်းရာတွင် ပါဝင်ရန် စိတ်ဝင် စားသော အမျိုးသား အများပိုင်ကုမ္ပဏီများမှ အဆိုပြုလွှာများကို ခေါ်ယူခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ယင်းလိုင်စင် ခွင့်ပြုပေးရန် ပထမအဆင့်အနေဖြင့် အထူးလုပ်ငန်း ကုမ္ပဏီတစ်ခု အောင်မြင်စွာ ဖွဲ့စည်းရန် လိုအပ်ပြီး ယင်းကုမ္ပဏီတွင် ပါဝင်ကြမည့် အစုရှယ်ယာများနှင့် လုပ်ငန်းအဆိုပြုချက် လျှောက်လွှာများကို စည်းကမ်းချက်များနှင့်အညီ စီမံခန့်ခွဲရေး ကော်မတီ အများပိုင်ကုမ္ပဏီ […]

Read More

Nagware (annoyware)

Nagware ဆိုသည်မှာ application တစ်ခုကို ဖွင့်ခြင်း၊ ပိတ်ခြင်းတို့ကို ပြုလုပ်ရာတွင် ဝက်ဘ်ပေါ်၌ သုံးစွဲသူကို မှတ်ပုံတင်ရန်၊ application ဝယ်ယူရန်နှင့် အခြားလုပ်ဆောင်ချက်အချို့ ပြုလုပ်ရန် သတိပေးသော တစ်ခုထက်ပိုမိုသည့် window များဖြင့် ဖော်ပြသည့် programming ဖြစ်သည်။ Nagware ကို စမ်းသပ်သုံးစွဲရန် download ပြုလုပ်နိုင်သော shareware program များနှင့်အတူ အသုံးပြုလေ့ရှိသည်။

Read More