Day: July 29, 2015

Ubuntu OS 14.04 တွင် One Drive Account ကို Sync ပြုလုပ်ခြင်း

Mircosoft ရဲ့ One Drive  Account ပေါ်သို့ Ubuntu OS 14.04 က ဖိုင်တွေကို Sync ပြုလုပ်ပြီး သိမ်းဆည်းချင် သူများအတွက် နည်းလမ်းဖြစ်ပါတယ်။ OneDrive ဟာ Free ဆော့ဖ်ဝဲတစ်ခု ဖြစ်ပေမယ့် Ubuntu OS ရဲ့ Software centre မှာတော့ ထည့်သွင်းပေးထားခြင်း မရှိပါဘူး။ ဒါကြောင့် Ubuntu OS 14.04 မှာ One Drive ကို အရင်ဆုံး ထည့်သွင်းဖို့ လိုအပ်ပါလိမ့်မယ်။ OneDrive ကို Ubuntu OS မှာ ထည့်သွင်းဖို့အတွက် Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ […]

Read More

လုပ်ငန်းခွင်အကြို ဆရာ အတတ်ပညာ ဒီပလိုမာ နေ့သင်တန်းသားများခေါ်ယူ

၂၀၁၅ – ၂၀၁၆ ပညာသင်နှစ်အတွက် လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာဒီပလိုမာသင်တန်း အမှတ်စဉ် (၂၀/၁၅) နေ့သင်တန်းသားများ ခေါ်ယူနေကြောင်း သိရသည်။ အဆိုပါသင်တန်းကို ဒီဇင်ဘာလ ၁၀ ရက်မှ စတင်ကာ ပညာရေးကောလိပ်များတွင် ဖွင့်လှစ်မည် ဖြစ်ပြီး သင်တန်းကာလမှာ ၂ နှစ်ဖြစ်သည်။ သင်တန်းသို့ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင် အသက် ၂၄ နှစ်ထက်မကြီးသူများ၊ မည်သည့်ပညာရေးကောလိပ်တွင် မဆို တက်ရောက်နိုင်သူများလျှောက် ထားနိုင်မည်ဖြစ်သည်။ လျှောက် လွှာနှင့်အတူ တက္ကသိုလ်ဝင်စာ မေးပွဲရမှတ်စာရင်းမိတ္တူ၊ နိုင်ငံသား စိစစ်ရေး ကတ်ပြား မိတ္တူနှင့် ၆ လအတွင်းရိုက်ကူးထားသည့် ပတ်စ်ပို့အရွယ် ဓာတ်ပုံ ၂ ပုံ ပူးတွဲတင်ပြရမည်ဖြစ်သည်။ လျှောက်လွှာများကို မြို့နယ် ပညာရေးမှူးရုံးများတွင် ရယူနိုင်ပြီး […]

Read More

iOS ထုတ်ကုန်များအတွက် Send app ကို Microsoft ဖြန့်ချိ

Microsoft ၏ app များ စမ်းသပ်ဖန်တီးရာ Garage incubator မှ အီးမေးလ်အတွင်း အသုံးပြုရသော “Send” ဟု အမည်ရသော app တစ်မျိုးကို iPhone သုံးစွဲသူများအတွက် ဖြန့်ချိပေးခဲ့သည်။ အဆိုပါ app ၏ ယခင်လျို့ဝှက်အမည်မှာ Flow ဖြစ်ကြောင်း ယခုအခါတွင် “Send” အဖြစ် ပြောင်းလဲလိုက်သည်။ Send app သည် iTunes store မှအမေရိကန်နှင့် ကနေဒါရှိ iPhone သုံးစွဲသူများသာ အသုံးပြုနိုင်သေးပြီး Windows Phone နှင့် Android ဖုန်းများအတွက် မကြာမီဖြန့်ချိ သွားမည် ဖြစ်ကြောင်း Microsoft က ထုတ်ပြန်ခဲ့သည်။ လက်ရှိတွင် အဆိုပါ app သည် Outlook နှင့် […]

Read More

၃၆၀ ဒီဂရီလှည့်၍ ကြည့်ရှုနိုင်သော ဗီဒီယိုကြော်ငြာများကို YouTube ပြသပေးမည်

Google သည် ကြော်ငြာများကို လူအများ စိတ်ဝင်စားလာစေရန် iOS, Android နှင့် Chrome တွင် ၃၆၀ ဒီဂရီ လှည့်လည်၍ ကြည့်ရှုမည့် ဗီဒီယိုကို ထောက်ပံ့ပေးထားသည်။ ဘီယာအမှတ်တံဆိပ် Bud Light သည် Google ၏ TrueView ကြော်ငြာ paltform အသုံးပြုထားသော feature ပါဝင်သည့် ပထမဆုံး ကြော်ငြာဖြစ်လာသည်။ PC သုံးစွဲသူများသည် ၃၆၀ ဒီဂရီလှည့်လည် ကြည့်ရှုနိုင်သည့် ဗီဒီယိုများကို mouse အသုံးပြု၍ ကြည့်ရှုနိုင်မည် ဖြစ်သည်။ မိုဘိုင်းဖုန်း သုံးစွဲသူများအနေဖြင့် ဖုန်းအားအနည်းငယ် စောင်းငဲ့၍ ၃၆၀ ဒီဂရီမြင်ကွင်းကို ကြည့်ရှုနိုင်မည် ဖြစ်သည်။ မတ်လက Google သည် ၃၆၀ ဒီဂရီဗီဒီယို ထောက်ပံ့မှု feature […]

Read More

Windows 10 တွင်ပါဝင်လာမည့် အကောင်းဆုံး feature သစ်များ

ဇူလိုင်လ ၂၉ ရက်တွင် ထွက်ရှိလာမည့် Windows 10 တွင် Microsoft သည် ပြောင်းလဲမှုများစွာ ပြုလုပ်ထားသည်။ Windows သည် Microsoft အတွက် အရေးပါသောအပြောင်းအလဲတစ်ရပ် ဖြစ်ပြီး ယခင် desktop နှင့်မိုဘိုင်း အတွေ့အကြုံများ ပေါင်းစည်းထားသော Windows 8.1 ကို အတိတ်တွင် ထားခဲ့နိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်သည်။ အောက်ဖော်ပြပါ အချက်များမှာ Windows 10 တွင် အကြီးအကျယ်ပြောင်းလဲမှု ပြုလုပ်ထားသည့် အချက်များ ဖြစ်သည်။ Cortana Microsoft ၏ တစ်ကိုယ်ရေ digital assistant ဖြစ်သော Cortana သည် Windows ဖုန်းများတွင်စတင် ပါဝင်လာသည်။ Windows 10 တွင် တိုးချဲ့ထားသော feature […]

Read More

Samsung Galaxy Note 5 တွင် Exynos CPU နှင့် 4GB RAM ပါဝင်လာဖွယ်ရှိ

အသစ်ထွက်မည့် Samsung Galaxy Note 5 တွင် Samsung Exynos 7422 processor ပါဝင်လာဖွယ်ရှိကြောင်း GSM Arena မှ ဖော်ပြချက်အရ သိရသည်။ ၎င်းသည် Galaxy S6 နှင့် Galaxy S6 Edge တွင် အသုံးပြုထားသော Exynos CPU ထက် ပိုမိုကောင်းမွန်ဖွယ်ရှိပြီး integrated GPU နှင့် modem တစ်ခု ပါဝင်ဖွယ်ရှိကြောင်း ဆိုသည်။ အခြား အချက်အလက်များ အနေဖြင့် internal storage 32GB နှင့် 4GB RAM ပါဝင်လာဖွယ်ရှိကြောင်း သိရသည်။ သို့ရာတွင် microSD card ပါဝင်ခြင်း ရှိ၊ မရှိကိုမူ မသိရသေးပေ။ ကောလာဟလ […]

Read More

Google Map တွင် တည်နေရာအမည်များကို ပြန်လည်ပြင်ဆင်ခြင်း

Android Device ပေါ်ကနေတစ်ဆင့် Google Map ပေါ်မှ မိမိ ပတ်ဝန်းကျင်ရှိ တည်နေရာတွေမှာ ပေးထားတဲ့ အမည်တွေကို ပြန်လည်ပြင်ဆင် လိုတယ်ဆိုရင် ပြင်ဆင်နိုင်ဖို့အတွက် အောက်ဖော်ပြပါအတိုင်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Google Map ပေါ်မှာရှိတဲ့ နေရာတွေဟာ Update အခြေအနေ မဖြစ်တော့တဲ့ အခါမျိုးမှာပဲဖြစ်ဖြစ်၊ မှတ်သား ထားတဲ့ နေရာမျိုး မရှိသေးတာပဲဖြစ်ဖြစ် အဆိုပါ တည်နေရာတွေကို ပြင်ဆင်ချင်တယ်ဆိုရင် Google Map app ပေါ်ကနေ ပြင်ဆင်နိုင်ပါတယ်။ တည်နေရာ အမှတ်အသားကို ပြင်ဆင်ချင်တယ်ဆိုရင် ပြင်ဆင်မယ့်နေရာကို Pin ပြုလုပ်ပြီး နှိပ်လိုက်ပါ။ အဆိုပါ pin နေရာကို နှိပ်လိုက်ရင် လက်ရှိ ပြင်ဆင်ချင်တဲ့နေရာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ကျလာတာကို တွေ့မြင်ရပါမယ်။ အဆိုပါ အချက်အလက်တွေ […]

Read More

၅.၇ လက်မ Moto X Sytle စမတ်ဖုန်းကို Motorola မိတ်ဆက်

Motorola သည် ကုမ္ပဏီ၏ နောက်ဆုံးပေး Android ဖုန်းဖြစ်သော တတိယမျိုးဆက် Moto X Style ကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ စမတ်ဖုန်းသစ်သည် ယခင် Moto X ဗားရှင်းများကဲ့သို့ပင် ဖုန်းကို အရောင်နှင့် အစိတ်အပိုင်းများကာ စိတ်ကြိုက်ရွေးချယ်တပ်ဆင်ပြီး ဝယ်ယူနိုင်မည် ဖြစ်သည်။ ၎င်းတွင် ၅.၇ လက်မ Quad HD display ကို အသုံးပြုထားပြီး ကျောဘက်တွင် 21MP ကင်မရာနှင့် အရှေ့ဘက်တွင် 5MP ကင်မရာတို့ကို ထောက်ပံ့ထားသည်။ ယခင်နှစ် အမျိုးအစားနှင့် မတူသည်မှာ မှန်ဘီလူးအောက်တွင် စက်ဝိုင်းပုံစံ flash ကို အသုံးပြုထားခြင်း ဖြစ်သည်။ Moto X Style ကို 1.8GHz hexa-core Snapdragon […]

Read More

disk cloning

Disk cloning ဆိုသည်မှာ ကွန်ပျူတာ၏ hard drive တစ်ခုမှ content များကို ကူးယူခြင်း ဖြစ်သည်။ ၎င်း content များကို ပုံမှန်အားဖြင့် disk image ဖိုင်တစ်ခုအနေဖြင့် သိမ်းဆည်းကာ ကွန်ပျူတာ၏ hard drive သို့မဟုတ် DVD နှင့် USB drive ကဲ့သို့သော removable media တွင် သိမ်းဆည်းကြသည်။ Disk cloning ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များတွင် – – ကွန်ပျူတာတွင် ချို့ယွင်းမှုများ ဖြစ်ပေါ်သည့်အခါ မူလအခြေအနေကို ပြန်လည်ရရှိစေရန် system recovery ပြုလုပ်ခြင်း – ကွန်ပျူတာသစ်တစ်ခုတွင် system configuration ကို ပြန်လည်ဖန်တီးခြင်း – ကွန်ပျူတာကို အခြားသူထံ […]

Read More

MPT ဖြင့် Line Application ကို နှစ်လ အခမဲ့အသုံးပြုနိုင်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ၏ မိုဘိုင်းဖုန်း အသုံးပြုသူများသည် ယနေ့မှစတင်၍ စက်တင်ဘာ ၃၀ ရက်အထိ Line Application ကို အခမဲ့အသုံးပြုနိုင်ကြောင်း သိရသည်။ Line Application ကို အခမဲ့အသုံးပြုရာတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းဖုန်းအားလုံး အသုံးပြုနိုင်မည်မဟုတ်ဘဲ SWE ဝန်ဆောင်မှုကို ရယူထားသူများသာ အသုံးပြုနိုင်မည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြောကြားထားသည်။ ပရိုမိုရှင်းအနေဖြင့် MPT နှင့် Line Application တို့ ပူးပေါင်းဆောင်ရွက်သော အဆိုပါ အခမဲ့ဝန်ဆောင်မှုကို အသုံးပြုရာတွင် ကန့်သတ်ချက်အနေဖြင့် တစ်လလျှင် 50MB ရရှိမည်ဖြစ်ပြီး အဆိုပါပမာဏထက် ကျော်လွန်အသုံးပြုမည်ဆိုပါက ပုံမှန်အင်တာနက် အသုံးပြုခအတိုင်း ပေးဆောင်ရမည်ဟု သိရသည်။ “တစ်လ 50MB ဆိုတာ လုံလောက်တဲ့ပမာဏလို့ မြင်မိပါတယ်။ နောက်လတွေမှာဆိုရင် Line ကနေပြီးတော့ […]

Read More