Day: August 3, 2015

၅ နှစ်အတွင်း ဖြစ်ထွန်းလာမယ့် နည်းပညာ လမ်းကြောင်း ၅ ခု

၂၀၁၅ ခုနှစ် အတွက် ကမ္ဘာပေါ်မှာ အကြီးမားဆုံး နည်းပညာ ပြပွဲကြီးများ ပြီးဆုံးသွားခဲ့ပါပြီ။ နောက်ဆုံးကျင်းပခဲ့တဲ့ ဒုတိယအကြီးမားဆုံး နည်းပညာပြပွဲကြီး တစ်ခုဖြစ်တဲ့ Computex 2015 အပြီးမှာ နောင်လာမယ့် ၅ နှစ်အတွင်း ဖွံ့ဖြိုးတိုးတက်လာမယ့် နည်းပညာ လမ်းကြောင်းအကြောင်း တစေ့တစောင်း သိခွင့်ရခဲ့ကြတယ်။ လောလောဆယ် အိုင်တီအဖွဲ့အစည်းကြီးတွေ အနေနဲ့ အလွန်ထုထည် ပမာဏကြီးမားတဲ့ Data တွေရဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေကြရတယ်။ Cisco Global Cloud Index  အရ ၂၀၁၃ ခုနှစ် အတွင်းက IP Traffics အတိုင်းအတာက တစ်လကို 255 Exabytes ရှိခဲ့ပေမယ့် ၂၀၁၈ ခုနှစ် ရောက်တဲ့အခါ ၃ ဆ တက်သွားလိမ့်မယ်လို့ ဆိုတယ်။ ပထမဆုံး […]

Read More

OPPO A11W Joy3

အားသာချက် တန်ဖိုးနည်းဖုန်း အမျိုးအစားတစ်ခု ဖြစ်သော်လည်း ဖုန်းတွင်ထည့်သွင်း အသုံးပြုထားသော CPU, GPU စနစ်ပိုင်းများတွင် မြင့်မားကောင်းမွန်သော ဖုန်းဖြစ်သည်။ Sensor ပိုင်းများ ကောင်းမွန်သောကြောင့် ဖုန်းကိုအလွယ်တကူ ဖွင့်ပိတ်အသုံးပြုနိုင်သော စနစ်များပါဝင်ပြီး ဖုန်း၏ဖွဲ့စည်း တည်ဆောက်မှုအပိုင်းနှင့် Screen ပိုင်းများတွင်လည်း ကောင်းမွန်သော ဖုန်းဖြစ်သည်။ အားနည်းချက် ဖုန်းတွင်ပါဝင်သော မှတ်ဉာဏ်မှာ နည်းသောကြောင့် မှတ်ဉာဏ်များများ အသုံးပြုလို သူများအနေနှင့် Micro SD Card ကိုထည့်သွင်း အသုံးပြုရမည် ဖြစ်သည်။ နည်းပညာ နည်းပညာပိုင်းတွင်တော့ OPPO ဖုန်းများတွင် ပါဝင်နေကျ နည်းပညာဖြစ်သော Gesture & Motion စနစ်များတွင် ပြည့်ပြည့်စုံစုံ အသုံးပြုနိုင်စေရန်အတွက် ထည့်သွင်းပေးထားသည်။ ဖုန်း Screen ဖွင့်ပိတ်ပြုလုပ်ခြင်းအတွက် Double Tap စနစ်၊ […]

Read More

သတ္တုကိုယ်ထည် မိုဘိုင်းထုတ်ကုန်များ ကြိုးမဲ့အားသွင်းနိုင်သည့် နည်းလမ်းကို Qualcomm တီထွင်

သတ္တုကိုယ်ထည် သို့မဟုတ် case များပါဝင်သော ဖုန်းများသည် Qualcomm မှဖန်တီးသော နည်းပညာသစ်ဖြင့် ထုတ်ကုန်အချင်းချင်း ကြိုးမဲ့အားသွင်း နိုင်တော့မည် ဖြစ်သည်။ Qualcomm ၏ ကုမ္ပဏီခွဲ Qualcomm Technologies ကော်ပိုရေးရှင်းသည် သတ္တုကိုယ်ထည် မိုဘိုင်ထုတ်ကုန်များကို ကြိုးမဲ့ အားသွင်းမှု ပြုလုပ်နိုင်ရန် ဖန်တီးပေးသည့် ပထမဆုံး ကုမ္ပဏီတစ်ခု ဖြစ်လာသည်။ ကုမ္ပဏီ၏ ကြိုးမဲ့အားသွင်းစနစ်သည် မိုဘိုင်းဖုန်းနှင့် tablet ကဲ့သို့ သတ္တုကိုယ်ထည် ပါဝင်သော ပိုမိုကြီးမားသော အရာဝတ္ထုများကို အားသွင်းနိုင်သည်။ Qualcomm သည် Rezence ဟုခေါ်ဆိုသော စနစ်နှင့်ဆင်တူသော WiPower ဟုအမည်ရသော နည်းပညာတစ်ခုကို ဖန်တီးခဲ့သည်။ WiPower ၏ magnetic resonance သည် ကြိမ်နှုန်းတစ်ခုတွင် အားသွင်းသည့် လုပ်ငန်းစဉ်ကို မထိခိုက်စေဘဲ […]

Read More

ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို ရှီချီဒါနည်းစနစ်ဖြင့် သင်ကြားပေးမည်

ကလေးငယ်တွေအတွက် Right Brain ဖွံ့ဖြိုးမှုအား ရှီချီဒါနည်းစနစ်ဖြင့်လေ့ကျင့်သင်ကြားပေးမည့် သင်တန်းကို Shichida Myanmar မှ ဖွင့်လှစ် သင်ကြားပေးသွား မည် ဖြစ်ကြောင်းသိရသည်။ Shichida Myanmar သည် အသက် ၆ လမှ ၆ နှစ်ခွဲအထိ ကလေးငယ်များ၏ဦးနှောက်ဖွံ့ဖြိုးမှုကို အထူးပြုသင်ကြားပေးနေသော ကျောင်းတစ်ခုဖြစ်သည်။ Shichida Education Institute (Japan) မှ ကျွမ်းကျင်ဆရာမလက်မှတ်ရရှိထားသော  ဆရာ၊ ဆရာမများမှသင်ကြားပေးမည် ဖြစ်ပြီး ImagePlay (ပုံပြဇာတ်ဖြင့် သင်ကြားခြင်း)၊ Memory Game &  Techniques  (မှတ်ဉာဏ်ကောင်း ကစားနည်းနှင့် နည်းပညာဖြင့် သင်ကြားခြင်း)၊ Flash Cards (ရုပ်ပုံကတ်များနှင့်သင်ကြားခြင်း)၊ Hands on Tasks (ကလေးငယ်များကိုယ်တိုင်လုပ်ဆောင်ရခြင်း)၊ Working with Letters (စကားလုံးများ […]

Read More

Windows 10 Start Menu တွင် Bing အား Disable ပြုလုပ်ခြင်း

Windows 10 သုံးစွဲသူများ Start menu ကို နှိပ်ပြီး မိမိ ရှာဖွေချင်တဲ့အရာကို ရှာဖွေရာမှာ Bing Search Engine ကို အသုံးပြုပြီး ရှာဖွေနိုင်စေဖို့အတွက်ပါ Microsoft က ထည့်သွင်းပေးထားပါတယ်။ ဒီလိုမျိုး ထည့်သွင်းပေးထားတဲ့အတွက် တစ်ခါတစ်လေမှာ ကိုယ်ရှာဖွေချင်တဲ့အရာကို ရှင်းရှင်းလင်းလင်း မမြင်ရဘဲ Bing ပေါ်မှာ ရှာဖွေနိုင်ဖို့အတွက် Keyword တွေကိုသာ တွဲမြင်ရပါလိမ့်မယ်။ အဆိုပါကဲ့သို့ Bing Search Engine မှည ရှာဖွေနိုင်မယ့် Keyword များကို မပေါ်စေချင်တဲ့အခါမှာ အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။ ဒီလိုပြုလုပ်တဲ့နည်းလမ်းမှာ Cortana ကို အသုံးမပြု သူတွေအတွက်သာ အသုံးဝင်မှာဖြစ်ပြီး Cortana ကို အသုံးပြုသူများအတွက်ကတော့ အဆင်ပြေနိုင်လိမ့်မှာ မဟုတ်ပါဘူး။ Cortana […]

Read More

Open World ဂိမ်းသစ် Way of the Samurai 4 ထွက်ရှိ

GTA ဂိမ်းများကဲ့သို့ Open World ကမ္ဘာအတွင်း စိတ်ကြိုက် missions  များ ကစားနိုင်မည်ဖြစ်ပြီး စစ်ကြိုခေတ် ဂျပန်နိုင်ငံအတွင်း နေရာယူထားသော Open World Action ဂိမ်းသစ် Way of the Samurai 4 (English Version) ကို PC နှင့် PS4 တို့တွင် ကစားနိုင်ပြီဖြစ်ကြောင်း သိရသည်။ Way of the Samurai 4 ဂိမ်းသစ်တွင် ကစားသူအနေဖြင့် Ronin တစ်ယောက်နေရာမှနေပြီး စိတ်ကြိုက်ရွေးချယ်မှုမျိုးစုံကို ပြုလုပ်ကာ ဂျပန်အာဏာပိုင်များ သို့မဟုတ် နိုင်ငံခြားသံတမန်များနှင့် ပူးပေါင်း၍ missions များ ဆောင် ရွက်နိုင်မည် ဖြစ်သည်။ ကွဲပြားသော endings မျိုးစုံလည်း […]

Read More

HP Workplace of the Future Blogger Event

HP Workplace of the Future Blogger Event ကိုတော့ ဇူလိုင်လ ၂၈ ရက်က ဆာကူရာတာဝါ အထပ် ၂၀ ရှိ Thiripyitsaya Sky Bistro (Executive Lounge) မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Read More

Acer Iconia Talk S Tablet

Acer Iconia Talk S  သည် 4G LTE အမျိုးအစားဖြစ်ပြီး Dual Sim ထည့်သွင်း အသုံးပြုနိုင်သည်။ Quad Core 1.2GHz CPU နှင့် Ram 1GB ထည့်သွင်း အသုံးပြုထားသည်။ Tablet အတွင်း အချက်အလက်များ သိုလှောင်သိမ်းဆည်းရန်အတွက် Internal Storage 16GB flash memory ပါဝင်ပြီး လိုအပ်ပါက 128 GB အထိ ထပ်မံ တိုးချဲ့အသုံး ပြုနိုင်မည် ဖြစ်သည်။ Android v4.4.4 Kitkat OS ကို ထည့်သွင်း အသုံးပြုထားသည်။ မျက်နှာပြင်မှာ ၇ လက်မ အကျယ်ရှိမည် ဖြစ်သည်။ IPS Display အမျိ […]

Read More