Day: August 4, 2015

Pinterest ကို အမျိုးသားများ ပိုမိုအသုံးပြုလာဟု စစ်တမ်းတစ်ရပ်ဆို

ပြီးခဲ့သည့် ရက်သတ္တပတ်ခန့်က Pinterest ကို အမျိုးသားများ အသုံးပြုမှု ၁၈ ရာခိုင်နှုန်းအထိ တိုးတက်လာပြီး ယမန်နှစ်ကထက် ၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း Pinterest ဈေးကွက်ရှာဖွေရေး စီးပွားဖက် Ahalogy မှကောက်ယူသော စစ်တမ်းအရ သိရသည်။ ပြီးခဲ့သည့်နှစ်အတွင်း ဆိုက်အတွင်းရှိ အမျိုးသား သုံးပုံနှစ်ပုံခန့်သည် ဝန်ဆောင်မှုကို စတင်အသုံးပြုကြကြောင်း စစ်တမ်းက ဖော်ပြခဲ့သည်။ Pinterest ၏သုံးစွဲသူအများစုမှာ အမျိုးသမီးများ ဖြစ်သော်လည်း ၎င်းဝန်ဆောင်မှုကို အသုံးပြုနေကျ ပုံစံဖြစ်သော အမေရိကန်နိုင်ငံ အလယ်ပိုင်းတွင် နေထိုင်သည့်  သက်လတ်ပိုင်းသားသည် အမေများ အသုံးပြုမှုမှာ လျော့ကျခဲ့သည်။ ထို့အပြင် Pinterest ကို လူငယ်များ သုံးစွဲမှုပိုမို မြင့်တက်လာပြီး အသက် ၄၀ အရွယ်အောက် ပုံမှန်သုံးစွဲသူ ၆၇ ရာခိုင်နှုန်းအထိ ရှိလာပြီး […]

Read More

ပြည်တွင်းအခြေစိုက် ဆက်သွယ်ရေးအော်ပရေလေးခု ပါဝင်မည့် Myanmar Connect 2015 ကျင်းပမည်

ပြည်တွင်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးမှုနှင့် အနာဂတ် လုပ်ငန်းများအကြောင်းကို အဓိကဆွေးနွေးမည့် Myanmar Connect 2015 ကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနက နေပြည်တော်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြည်တွင်း၌ တတိယအကြိမ်မြောက် ကျင်းပသည့် အဆိုပါ ဆက်သွယ်ရေး ဆိုင်ရာ ဆွေးနွေးပွဲတွင် ပြည်တွင်း၊ ပြည်ပ ဆက်သွယ်ရေး အော်ပရေများ ဖြစ်သည့် Telenor Myanmar ၊ Ooredoo Myanmar ၊ ရတနာပုံ တယ်လီပို့နှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့က အဓိက ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ဥရောပ ငွေကြေးရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်း (Euromoney Institutional Investor) ၏ အဖွဲ့ဝင်ဖြစ်သော Capacity Media နှင့် အထက်ပါဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် Myanmar […]

Read More

Nokia ၏ ဒီဂျစ်တယ်မြေပုံလုပ်ငန်းကို ဂျာမန်ကားကုမ္ပဏီများ ဝယ်ယူ

Audi, BMW နှင့် Daimler တို့ပါဝင်သော ဂျာမန် ကားကုမ္ပဏီအဖွဲ့တစ်ဖွဲ့သည် Nokia ၏ Here ဒီဂျစ်တယ်မြေပုံလုပ်ငန်းကို ယူရို ၂.၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃.၁ ဘီလီယံ) ဖြင့် ဝယ်ယူခဲ့သည်။ Nokia သည် ၎င်းနည်းပညာကို ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်နေပြီး မောင်းသူမဲ့ကားများကို ဖန်တီးရာတွင် အကူအညီဖြစ်စေရန် မျှော်လင့်လျက်ရှိသည်။ Here သည် ဒီဂျစ်မြေပုံကို တည်ဆောက်ရန် cloud နည်းပညာကို အသုံးပြုထားသည်။ “အလွန်တိကျတဲ့ ဒီဂျစ်တယ်မြေပုံတွေက အနာဂတ် ကားနည်းပညာရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်” ဟု Daimler ဘုတ်အဖွဲ့ဝင် ဥက္ကဋ္ဌ ဒီယက်တာဇက်ချီက ပြောကြားခဲ့သည်။ ကားကုမ္ပဏီများသည် Here ၏ နည်းပညာကို ရှင်းလင်းတိကျသော ဒီဂျစ်တယ်မြေပုံနှင့် ပေါင်းစပ် […]

Read More

Firefox Browser အား Stylish ဖြင့် Themes ပြောင်းလဲခြင်း

Firefox Browser ကို အသုံးပြုသူများ Browser ရဲ့ Themes ကို ပြောင်းလဲ အသုံးပြုချင်တယ်ဆိုရင် အလွယ်တကူနဲ့ ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ Firefox ရဲ့ Themes ကို ပြောင်းလဲဖို့အတွက် Stylish ဆိုတဲ့ Add-on ကိုတော့ ထည့်သွင်းရပါမယ်။ Stylish Add-on ကို ထည့်သွင်းဖို့အတွက် ဒီနေရာကနေ ရယူနိုင်ပါတယ်။  Stylish Add-on ကို ထည့်သွင်းပြီးသွားရင် အောက်ဖော်ပြပါ နည်းလမ်းအတိုင်း Themes တွေကို ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ Themes ပြောင်းလဲနိုင်တဲ့ အရာများကတော့ Facebook, Tumblr, Google, YouTube အစရှိတာတွေရဲ့ Themes ကို ပြောင်းလဲနိုင်ပါတယ်။ အဆိုပါ Add-on ကို ထည့်သွင်းပြီးသွားရင် user stylish […]

Read More

Car hacking

Car hacking ဆိုသည်မှာ အားနည်းချက်တစ်ခုကို အသုံးချခြင်းနှင့် ပစ်မှတ်ထားသော စက်ကိရိယာတစ်ခုကို ထိန်းချုပ်ခြင်းအတွက် ကားတစ်စီး၏ အီလက်ထရွန်နစ်ထိန်းချုပ်မှုစနစ် (ECU) ရှိ code ကို ကိုင်တွယ်ခြယ်လှယ်ခြင်း ဖြစ်သည်။ ၎င်းသည် ကားကို အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်စေနိုင်သည်။ ကားတစ်စီးတွင် ECU ငါးဆယ်ခန့် ပါဝင်ပြီး ၎င်း ECU တစ်ခုချင်းစီက သက်ဆိုင်ရာ လုပ်ဆောင်ချက်တစ်ခုကို ထိန်းချုပ်လုပ်ဆောင်သည်။ ခေတ်မီကားများတွင် ပါဝင်သော စနစ်အားလုံးနီးပါးသည် ECU များနှင့် ချိတ်ဆက်ထားသည်။ ထိုသို့ချိတ်ဆက်ရာတွင် ကြိုးနှင့်ရော ကြိုးမဲ့စနစ်ဖြင့်ပါ ချိတ်ဆက်သည်။ ECU အားလုံးနီးပါးသည် ဟက်ကာများက တစ်နည်းမဟုတ် တစ်နည်းဖြင့် ချိုးဖောက် ဝင်ရောက်နိုင်သော အားနည်းချက်ရှိသည်။ ရေဒီယိုသည် ဟက်ကာများ၏ ချိုးဖောက်ဝင်ရောက်မှုခံရချိန်တွင် ပြဿနာ မရှိနိုင်ဟု ထင်မြင်ကြသော်လည်း ၎င်းသည် […]

Read More

Selfie အတွက် 13-megapixel ကင်မရာ ပါဝင်သည့် စမတ်ဖုန်းများကို Sony မိတ်ဆက်

Sony သည် အရှေ့ဘက်တွင် 13-megapixel ကင်မရာများ ပါဝင်သော Xperia C5 Ultra နှင့် Xperia M5 စမတ်ဖုန်းများကို မိတ်ဆက်ပေးခဲ့သည်။ Xperia C5 Ultra ကို Sony က PROselfie စမတ်ဖုန်းသစ်ဟု ခေါ်ဆိုခဲ့ပြီး ၎င်းတွင် 13-megapixel ကင်မရာနှစ်ခုနှင့် 1920 x 1080 pixel resolution ဖြင့် ဖော်ပြပေးနိုင်သော full-HD ၆ လက်မ display တို့ကို အသုံးပြုထားသည်။ 1.7GHz octa-core processor, 2GB RAM အပြင် 4G ကွန်ရက်ချိတ်ဆက်မှုဖြင့် အသုံးပြုနိုင်သည်။ ဘက်ထရီမှာ တစ်ကြိမ်အားသွင်းရုံဖြင့် နှစ်ရက်ခန့် သုံးနိုင်ကြောင်း Sony မှ ပြောကြားခဲ့သည်။ […]

Read More

Telenor ဖြင့် ထိုင်းနိုင်ငံရှိ မည်သည့်ဖုန်းကိုမဆို တစ်မိနစ် ၅၀ ကျပ်ဖြင့် သြဂုတ်လ ၁၀ ရက်နေ့အထိ ခေá

Telenor ဖြင့် ထိုင်းနိုင်ငံရှိ မည်သည့်ဖုန်းကိုမဆို တစ်မိနစ် ၅၀ ကျပ်ဖြင့် သြဂုတ်လ ၁၀ ရက်အထိ ခေါ်ဆိုနိုင်ကြောင်း Telenor Myanmar မှထုတ်ပြန်သည်။ မြန်မာနိုင်ငံရှိ နေရာဒေသအချို့တွင် ရေးဘေးနှင့်ကြုံတွေ့နေစဉ်အတွင်း ထိုင်းနိုင်ငံရှိ မိသားစုများနှင့် အဆက်အသွယ် မပြတ်စေရန် ဆောင်ရွက်လိုက်ခြင်းဖြစ်ကြောင်း၊ သြဂုတ် လ ၁၀ ရက်၊ ည ၁၂ နာရီအထိ တစ်မိနစ်လျှင် ငါးဆယ်ကျပ်ဖြင့် ခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်မှ စတင်ခေါ်ဆိုနိုင်ပြီဖြစ်ကြောင်းသိရသည်။

Read More

အဝေးထိန်းလေယာဉ်များနှင့် စူပါကွန်ပျူတာများ တင်ပို့ခြင်းကို တရုတ်ကန့်သတ်

စစ်သွေးကြွအဖွဲ့များ၏ လက်ထဲသို့ ရောက်ရှိပြီး နိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်မှုအား ကာကွယ်နိုင်ရန်အတွက် အဝေးထိန်းလေယာဉ်များ (drones) နှင့် စူပါကွန်ပျူတာများ တင်ပို့ရောင်းချခြင်းကို သြဂုတ်လ ၁၅ ရက်မှ စတင်ကာ စိစစ်ကန့်သတ်မည်ဟု ဆင်ဟွာသတင်းအေဂျင်စီမှ ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံ၏ နည်းပညာများသည် မောင်းသူမဲ့လေယာဉ် (UAV) များကို အကြီးအကျယ် ထုတ်လုပ်သော အမေရိကန်နှင့် အစ္စရေးတို့၏နောက်တွင် ကျန်ရစ်နေသော်လည်း နိုင်ဂျီးရီးယား၊ ပါကစ္စတန်နှင့် အီဂျစ် အပါအဝင် နိုင်ငံခြားအဝယ်တော်များကို တရုတ်နိုင်ငံက ဆွဲဆောင်နိုင်ခဲ့သည်။ တရုတ်နိုင်ငံသည် ယခင်က လူလိုက်ပါနိုင်သော စစ်ဘက်သုံးလေယာဉ်များ တင်ပို့ရောင်းချခြင်းကို အောင်မြင်စွာ ကန့်သတ်နိုင်ခဲ့သောကြောင့် ဈေးသက်သာပြီး အလွယ်တကူ ထုတ်လုပ်နိုင်သော မောင်းသူမဲ့ လေယာဉ်များ တင်ပို့ခွင့် ကန့်သတ်မှုကိုလည်း အောင်မြင်စွာ လုပ်ဆောင်နိုင်ရန် မျှော်လင့်ထားသည်။ အဆိုပါ တားမြစ်ချက်သစ်များသည် […]

Read More

တရုတ်စမတ်ဖုန်းဈေးကွက် ထိပ်ဆုံးနေရာကို Xiaomi ထံ လွှဲပေးခဲ့ရသည့် Apple

Apple သည် တရုတ်စမတ်ဖုန်းဈေးကွက်၏ ထိပ်ဆုံးနေရာကို Xiaomi ထံ လွှဲပြောင်းပေးခဲ့ရကြောင်း Canalys သုတေသနအဖွဲ့မှ ဖော်ပြခဲ့သည်။ ယခုနှစ် ဒုတိယသုံးလပတ်တွင် တရုတ်မိုဘိုင်းဖုန်းကုမ္ပဏီ Xiaomi သည် ဈေးကွက်ရှယ်ယာ ၁၅.၉ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးနေရာမှ Apple ကို နောက်ကောက်ချခဲ့သည်။ တရုတ်ကုမ္ပဏီ Huawei သည်လည်း ဈေးကွက်၏ ၁၅.၇ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာသို့ တက်လှမ်းနိုင်ခဲ့သည်။ အဆိုပါ ကုမ္ပဏီနှစ်ခု၏ ဖုန်းဝယ်လိုအားကြောင့် Apple က ဈေးကွက်၏ တတိယနေရာသို့ ရောက်ရှိသွားခဲ့သည်။ Apple ၏ ဈေးကွက်ရှယ်ယာကိုမူ Canalys မှ ဖော်ပြခဲ့ခြင်း မရှိပေ။ ၂၀၁၄ ခုနှစ် နောက်ဆုံး သုံးလပတ်တွင် iPhone 6 နှင့် iPhone 6 Plus […]

Read More

The International Dota 2 Tournament (TI5)

The International TI5 Dota 2 Tournament ကြီးကတော့ စတင်ခဲ့ပါပြီ။ ကမ္ဘာ့အနှံ့အပြားမှ Dota 2 Esports ပရိသတ်တွေအတွက်တော့ TI ပြိုင်ပွဲများဟာ ကမ္ဘာ့ဖလားပွဲများနဲ့ မခြားဖြစ်တဲ့အတွက် အရွယ်အစုံသော ကစားသမားအားလုံးအတွက် ဇူလိုင်နဲ့ သြဂုတ်လတွေဟာ စိတ်လှုပ်ရှားမှုများနဲ့ ပြည့်နှက်နေမှာ အသေအချာပါပဲ။ ထောင်နဲ့ချီသော Professional အသင်းများဟာ TI မှာ ကစားခွင့်ရဖို့အတွက် Qualifier အဆင့်ဆင့်ကို ဖြတ်သန်းခဲ့ရပြီး ယခုအချိန်မှာတော့ နောက်ဆုံးဆန်ခါတင် Group Stage ၁၆ သင်းအဆင့်ကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ ယခုနှစ် TI5 အတွက် Dota 2 International Tournament မှ အသင်းကြီး (၁ဝ) သင်းကို ဖိတ်ခေါ်ထားပါတယ်။ မနှစ်က ချန်ပီယံဖြစ်ခဲ့တဲ့ […]

Read More