Day: August 5, 2015

PDF Password ကို ဖယ်ရှားရှင်းလင်းနိုင်မည့် pdfcrack ကို Ubuntu OS တွင် ထည့်သွင်းခြင်း

Ubuntu OS သုံးစွဲသူများ အနေဖြင့် Password ဖြင့် တားဆီးထားတဲ့ PDF  ဖိုင်တွေမှာ password ကို ဖယ်ရှားချင်တယ်ဆိုရင် pdfcrack ဆိုတာကို ထည့်သွင်းအသုံးပြု နိုင်မှာဖြစ်ပါတယ်။ pdfcrack ကို ထည့်သွင်း၍ PDF ဖိုင်တွေမှာ တားဆီးထားတဲ့ password တွေကို အလွယ်တကူနဲ့ ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။ Pdfcrack ကိုထည့်သွင်းဖို့အတွက် Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး […]

Read More

Google Calendar ကို Windows 10 Calendar app တွင် ထည့်သွင်းခြင်း

Google calendar မှာ ထည့်သွင်းထားတဲ့ နေ့စွဲတွေနဲ့ Event တွေကို သုံးစွဲနေသူများအတွက် Windows 10 Calendar app မှာ ထည့်သွင်းပြီး အသုံးပြုနိုင်ပါတယ်။ Windows 10 Calendar app ပေါ်မှာ Google Calendar ထည့်သွင်း အသုံးပြုလိုတယ်ဆိုရင် အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။ ပထမဦးဆုံး Start Menu button ကို နှိပ်လိုက်ပါ။ ပြီးသွားရင် Calendar app ကို ရွေးချယ်ပြီး ဖွင့်ရပါမယ်။ Calendar app ကို ဖွင့်ပြီးသွားရင် စက်သွားပုံလေးနဲ့ Settings icon ကို နှိပ်ရပါမယ်။ နောက်တစ်ဆင့်ကတော့ Settings ထဲက Accounts ဆိုတာကို ထပ်မံရွေးချယ်ပေးရပါမယ်။ Account […]

Read More

အင်တာနက်ကုမ္ပဏီကြီးများနှင့် ဝက်ဘ်ဆိုက်များတွင် လုံခြုံရေးအဖွဲ့များ ထည့်သွင်းရန် တရုတ် စီá

တရုတ်နိုင်ငံသည် အွန်လိုင်းပေါ်တွင် တရားမဝင်သော ပြုမူလုပ်ဆောင်ချက်များကို အလျင်အမြန် ဖြေရှင်းနိုင်ရန်အတွက် အင်တာနက်ကုမ္ပဏီကြီးများနှင့် ဝက်ဘ်ဆိုက်များတွက် ကွန်ရက်လုံခြုံရေးအဖွဲ့များ ထည့်သွင်းရန် စီစဉ်နေကြောင်း အများပြည်သူလုံခြုံရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။ အွန်လိုင်းလုံခြုံရေးအတွက် ရဲများက အဓိကတာဝန်ယူသင့်ကြောင်းနှင့် အင်တာနက် ထိန်းချုပ်ရေးအဖွဲ့များနှင့် နီးစပ်စွာ လုပ်ဆောင်သင့်ကြောင်း ဒုဝန်ကြီး ချန်ဇီမင်က ဘေကျင်းတွင် ပြုလုပ်ခဲ့သော ကွန်ဖရင့်စ်တစ်ခု၌ ပြောကြားခဲ့သည်။ “ကျွန်တော်တို့ အနေနဲ့ ကွန်ရက်လုံခြုံရေးအဖွဲ့များကို အရေးကြီးတဲ့ ဝက်ဘ်ဆိုက်များနဲ့ အင်တာနက် ကုမ္ပဏီတွေမှာ ထည့်သွင်းသွားပါမယ်။ ဒီလိုထည့်သွင်းတဲ့အတွက် အွန်လိုင်းပေါ်က ဒုစရိုက် အပြုအမူတွေကို အစောဆုံး သိရှိနိုင်မှာ ဖြစ်ပါတယ်” ဟု ချန်က ဆိုခဲ့သည်။ အာဏာပိုင်များသည် ဒေသတွင်း အင်တာနက်သုံးစွဲမှုနှင့် ပတ်သက်ပြီး လွန်ခဲ့သည့်နှစ်များကတည်းက တင်းကျပ်စွာ ထိန်းချုပ်ခဲ့သလို ညစ်ညမ်းများ၊ scam များ၊ ကောလာဟလများ၊ […]

Read More

ရေဘေးအတွက် သတင်းအချက်အလက်များ ဖော်ပြပေးသည့် ဝက်ဘ်ဆိုက်မှ အွန်လိုင်း အလှူများလည်း ပြုလုပ်န

ရေဘေးအတွက် သတင်းအချက်အလက်များ ဖော်ပြပေးသည့် ၀က်ဘ်ဆိုက်မှ အွန်လိုင်းအလှူများလည်း ပြုလုပ်နိုင်ကြောင်း သိရသည်။ ရေးဘေးသင့်နေရာများ၊ လက်ရှိဖြစ်ပေါ်နေသည့် သတင်းအချက်အလက်များကို www.myanmar flood.info ဝက်ဘ်ဆိုက်တွင် ဖော်ပြထားပြီး အဆိုပါဝက်ဘ်ဆိုက်တွင် အွန်လိုင်းအလှူ (Online Donations) ပြုလုပ်ရန်နေရာလည်း တွေ့ရသည်။ ယင်းဝက်ဘ်ဆိုက်တွင် လက်ရှိဖြစ်ပေါ်နေသော ရေဘေးဖြစ်စဉ်များနှင့် ရာသီဥတုအခြေအနေများ၊ ပရဟိတအဖွဲ့များ၏ စာရင်းများကိုလည်း ဖော်ပြထားသကဲ့သို့ ရေဘေးသင့်နေရာများ၏ တည်နေရာကိုလည်း ဖော်ပြထားသည်။ အဆိုပါဝက်ဘ်ဆိုက်ကို မိုဘိုင်းဖုန်းဖြင့်လည်း ကြည့်ရှုနိုင်ရန် ဆောင်ရွက်ထားပြီး Google Play Store တွင် ဒေါင်းလုပ်ရယူနိုင်ရန် စီစဉ် ထားသည်ကို တွေ့ရသည်။ ဝက်ဘ်ဆိုက်အတွင်းသို့ ဝင်ရောက်ပြီး Online Donations နေရာမှတစ်ဆင့် လှူဒါန်းနိုင်မည်ဖြစ်သည်။ အဆိုပါနေရာတွင် အွန်လိုင်းမှ လှူဒါန်းနိုင်ရန် ဆောင်ရွက်ထားသော အဖွဲ့များကို တွေ့ရမည်ဖြစ်ပြီး မိမိ […]

Read More

Toshiba Encore Mini Tablet

တန်ဖိုး – ကန်ဒေါ်လာ ၉၃.၄၆ အားသာချက် – Windows Opearting System ကို အသုံးပြုထားပြီး MicroSD Card ကို ထပ်မံထည့်သွင်းမယ် ဆိုပါက 120GB အထိ အထောက်အပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ အားနည်းချက် – ဈေးနှုန်းမျှတတဲ့ Tablet အမျိုးအစားတစ်ခု ဖြစ်တဲ့အတွက် Camera ပိုင်းမှာ Megapixels နည်းပါးတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Screen အရွယ်အစား ၇ လက်မသာ ရှိတဲ့အတွက် Screen ကြီးမားတာကို ကြိုက်နှစ်သက်တဲ့ သူတွေအတွက်တော့ အဆင်ပြေစေနိုင်မှာ မဟုတ်ပါဘူး။ သုံးသပ်ချက် – Microsoft Windows 8.1 ကို အသုံးပြုထားပြီး CPU ပိုင်းမှာလည်း ကောင်းမွန်တဲ့အတွက် ဈေးနှုန်းမျှတသလို လုပ်ငန်းပိုင်း […]

Read More

ကျပ်တစ်သောင်းခွဲ Ooredoo G7 ဟန်းဆက်ကို ဝယ်ယူပါက ကျပ်တစ်သောင်းခွဲဖိုး အခမဲ့အသုံးပြုနိုင်

3G စနစ်ပါသည့် Ooredoo G7 ဟန်းဆက်ကို ငွေကျပ် ၁၅,၀၀၀ ဖြင့် ဝယ်ယူနိုင်ပြီး ငွေကျပ် ၁၅,၀၀၀ တန်ဖိုးရှိသည့် Tigger Offer ဝန်ဆောင်မှုကို ရယူနိုင်မည်ဟု Ooredoo Myanmar က ကြေညာထားသည်။ Ooredoo G7 ဟန်းဆက်သည် Ooredoo ကွန်ရက်တစ်ခုတည်းကိုသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ဟန်းဆက်ဝယ်ယူသည်နှင့် တစ်ပြိုင်နက် SIM ကတ်ကိုပါ ပူးတွဲ ထည့်သွင်းပေးထားခြင်းဖြစ်သည်ဟု သိရသည်။ Tigger Offer ဝန်ဆောင်မှုတွင် Facebook သုံးစွဲရန် 100MB ၊ Ooredoo ဖုန်းလိုင်းအချင်းချင်း ခေါ်ဆိုရန်မိနစ် ၁၀၀ အပြင် အသုံးပြုခြင်းကို ကြိုဆိုသည့်အနေဖြင့် တစ်လ ၅၀၀ ကျပ်နှုန်းဖြင့် ၃ လတိတိ ရမည်ဖြစ်ပြီး အင်တာနက် 10MB […]

Read More

ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ၄၅ ခုအထိ စိစစ်ထုတ်ပေးပြီးဖြစ်

ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ၄၅ ခုအထိ စိစစ်ထုတ်ပေးပြီးဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ သိရသည်။ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင် လာရောက် လျှောက်ထားသူများအား ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်ပြီး၍ ၂၃.၃.၂၀၁၅ ရက်နေ့အထိ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ထုတ်ပေးခဲ့သော ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ ၄၅ ခုအထိ ရှိလာကြောင်း၊ ဆက်လက်လျှောက်ထားသော ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများအား စိစစ်၍ လိုင်စင်များထုတ်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။ ဇူလိုင်လအတွင်း ထုတ်ပေးခဲ့သောကုမ္ပဏီ ၈ ခုရှိကြောင်း တွေ့ရသည်။ အဆိုပါ ကုမ္ပဏီများမှာ FPT Myanmar Co.,Ltd, Chiyoda & Public Works Co.,Ltd, Trust Net Solutions Co.,Ltd, […]

Read More

Apple AirPlay

Apple AirPlay ဆိုသည်မှာ Mac OS, iOS နှင့် Apple TV အပြင် အခြား Apple ထုတ်ကုန်များတွင် ပါဝင်သော content streaming နှင့် interactive display control feature တစ်ခု ဖြစ်သည်။ AirPlay သည် သုံးစွဲသူများက အသံနှင့် ဗီဒီယို content ကို Apple TV ထံ stream ပြုလုပ်နိုင်သလို ကြိုးမဲ့စနစ် ချိတ်ဆက်မှုမှတစ်ဆင့် ဖျော်ဖြေရေးစနစ်များဖြင့် ချိတ်ဆက်နိုင်သည်။ AirPlay သည် mirroring mode မှတစ်ဆင့် iOS အခြေခံ ထုတ်ကုန်များကို presentation tool များအဖြစ် အသုံးပြုနိုင်သည်။ AirPlay အထောက်အပံ့ကို ဒုတိယမျိုးဆက် Apple […]

Read More

Chromebook များနှင့် ယှဉ်ပြိုင်မည့် Windows 10 Cloudbook များကို Acer မိတ်ဆက်

Acer သည် သိုလှောင်မှုပမာဏများစွာ မလိုအပ်ဘဲ အလယ်အလတ်တန်းစား hardware များကို အသုံးပြုထားသော Aspire One Cloudbook 11 နှင့် Aspire One Cloudbook 14 laptop များကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ Cloudbook များတွင် Microsoft ၏ OneDrive တွင် သိုလှောင်မှုပြုလုပ်ပြီး ဖိုင်များကို sync ပြုလုပ်နိုင်မည့် Microsoft Office 365 တစ်နှစ်စာ ရရှိမည် ဖြစ်ပြီး Acer ပိုင် cloud ဖြင့် သုံးနိုင်သော app များကိုလည်း အသုံးပြုနိုင်မည် ဖြစ်သည်။ Acer ၏ laptop သစ်များသည် Google Chromebook များနှင့် ယှဉ်ပြိုင်ရန် ရည်ရွယ်ထားခြင်း […]

Read More

MicroSD slot မပါဝင်သလို ဘက်ထရီ မဖယ်ရှားနိုင်သော Galaxy Note 5 ဓာတ်ပုံများ ထွက်ပေါ်လာ

Samsung သည် သိုလှောင်မှုပမာဏ တိုးမြှင့်အသုံးပြုခြင်းနှင့် ဘက်ထရီ ဖယ်ရှားခြင်းတို့ကို Galaxy S6 တွင် စတင်ဖယ်ရှားခဲ့ပြီးနောက် အသစ်ထွက်မည့် Galaxy Note အမျိုးအစားတွင်လည်း ၎င်းနည်းလမ်းအတိုင်း ဆက်လက် ကျင့်သုံးသွားဖွယ်ရှိသည်။ Droid Life မှ ထွက်ပေါ်လာသော ဓာတ်ပုံသစ်များအရ အသစ်ထွက်မည့် Galaxy Note 5 သည် အကြီးစား Galaxy S6 နှင့် ဆင်တူပြီး သတ္တုကိုယ်ထည်ဒီဇိုင်းဖြင့် ပြုလုပ်ထားသည်။ Note ၏ သင်္ကေတဖြစ်သော S Pen stylus ကိုလည်း ယခင်အတိုင်း အောက်ခြေညာဘက်တွင် ထည့်သွင်းပေးထားသည်။ ကွဲပြားသည့်အချက်မှာ ကျောဘက်ခြမ်းတွင် Galaxy S6 Edge ကဲ့သို့ ကွေးညွှတ်ထားသည့် ဒီဇိုင်းဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ဖုန်း၏ […]

Read More