Day: August 11, 2015

Samsung က ရေဘေးသင့်ပြည်သူများ၏ ပြန်လည် ထူထောင်ရေး အတွက် လေ့လာနေသည်ဟုဆို

Samsung သည် ရေဘေးသင့်ဒေသများ၏ ပြန်လည်ထူထောင်ရေး အတွက် ကူညီထောက်ပံ့မှုများ ပိုမိုဆောင်ရွက်သွားရန် လေ့လာမှုများ ပြုလုပ်နေသည်ဟု Samsung Myanmar ၏ Managing Director Mr. Nam Sik Ahn က ပြောသည်။ လက်ရှိအချိန်၌ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့၏ ထုတ်ပြန်ချက် အရ သြဂုတ်လ ၂ ရက်အထိ အိမ်ခြေပေါင်း ၁၆,၃၈၆ အိမ်မှ ပြည်သူပေါင်း ၈၉,၁၀၇ ဦး ရေကြီးမှုနှင့် မြေပြိုမှုများကို ကြုံတွေ့ခံစားနေရသည်ဟု သိရသော်လည်း သတင်းအချက်အလက် ရရှိမှုသည် အနည်းငယ်သာ ရှိသေးကြောင်း ၎င်းက ပြောသည်။ “Samsung အနေနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်ရာတွင်လည်း မြန်မာနိုင်ငံသားများကို အကူအညီ အထောက်အပံ့များ ပံ့ပိုးပေးနိုင်ရန် ရှာဖွေလျက်ရှိပါတယ်။ ရေပြန်ကျသွားရင်လည်း […]

Read More

မျက်မမြင်စာများ ဖော်ပြပေးမည့် Dot စမတ်နာရီသစ်

အမြင်အာရုံ အားနည်းသည့် စမတ်ဖုန်း သုံးစွဲသူများအနေဖြင့် message များ ဝင်လာသည့်အခါ အခြားသူများအား အသံထွက်ဖတ်ပြစေရန် မလိုအပ်ဘဲ မျက်မမြင်စာ ဖော်ပြပေးမည့် စမတ်နာရီသစ် တစ်မျိုးကို ထွက်ရှိလာပြီ ဖြစ်သည်။ အဆိုပါ Dot စမတ်နာရီတွင် မျက်မမြင်စာများ ပုံစံအဖြစ် ဖော်ပြပေးရန် pin နှင့်သံလိုက်များ ပါဝင်သည့် အပေါက်များ ပါဝင်သောကြောင့် အမြင်အာရုံချို့တဲ့သူများ မျက်မမြင်စာများကို လွယ်ကူစွာ ဖတ်ရှုနိုင်သည်။ ထို့ကြောင့် သုံးစွဲသူများသည် text message ရရှိသည့်အခါ မျက်မမြင်စာအဖြစ် dot စမတ်နာရီတွင် ပေါ်လာမည် ဖြစ်ကာ စာသားများကို လက်ချောင်းဖြင့် စမ်းသပ်ဖတ်ရှုနိုင်မည် ဖြစ်သည်။ အဆိုပါထုတ်ကုန်ကို နည်းပညာသစ်များကို လူများပိုမို အသုံးပြုခွင်ရအောင် လုပ်ဆောင်နေသော ကိုရီးယား startup ကုမ္ပဏီက ထုတ်လုပ်ခဲ့သည်။ အမြင်အာရုံ […]

Read More

Camera360 ထုတ်လုပ်သည့် ကုမ္ပဏီမှ selfie app သစ် Bestie ကိုဖြန့်ချိ

Camera360 ထုတ်လုပ်သည့် ကုမ္ပဏီမှ selfie ရိုက်ကူးရ ဝါသနာ ပါသူများအတွက် Bestie app သစ်ကို iOS နှင့် Android အတွက် အခမဲ့ဖြန့်ချိလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ အမျိုးသမီးများအတွက် ရည်ရွယ်ထားသော ၎င်း app ၏အဓိက feature မှာ အမျိုးသမီးနာမည် အမျိုးမျိုး ပေးထားသော ပင်ကိုစရိုက် သို့မဟုတ် အမျိုးမျိုးသော စိတ်ခံစားမှု ၂၆ မျိုးနှင့်အတူ one-tap filter တစ်ခု ပါဝင်လာသည်။ သုံးစွဲသူများသည် အလင်းအားနည်းသော ပတ်ဝန်းကျင်များတွင် selfie များရိုက်ကူးနိုင်မည့် night mode အတွက် ဆူညံသံ အလိုအလျောက် လျှော့ချပေးသည့် လုပ်ဆောင်ချက် ပါဝင်လာသည်။ ထို့အပြင်ဓာတ်ပုံ၏ focus အသားပေးဖော်ပြသော vignette နှင့် […]

Read More

သိန်းပေါင်း နှစ်ထောင်နီးပါးကို ရက်ပိုင်းအတွင်း SMS မှ တစ်ဆင့်ရရှိ

ယခုလ ၇ ရက်မှစတင်၍ SMS မှတစ်ဆင့် အလှူငွေများ ကောက်ခံခဲ့သည့် မြန်မာဆက်သွယ်ရေးလုပ်ငန်းသည် ရက်ပိုင်းအတွင်း သိန်းပေါင်း နှစ်ထောင်နီးပါးကို SMS မှတစ်ဆင့် လက်ခံရရှိခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ SMS ဖြင့် တစ်ကြိမ်ငွေလှူဒါန်းလျှင် ၅၀၀ ကျပ်ဖြစ်ပြီး စတင်အလှူခံခဲ့သည့် နေ့မှစ၍ လေးရက်မြောက်နေ့ သြဂုတ်လ ၁၀ ရက် စာရင်းဇယားအရ အလှူငွေ ကျပ်သိန်းပေါင်း ၁၈၅,၅၇၄,၅၀၀ ရရှိခဲ့သည်ဟု မြန်မာဆက်သွယ်ရေး လုပ်ငန်းက ကြေညာခဲ့ခြင်း ဖြစ်သည်။ အသုံးပြုသူအရေအတွက် ၁၃ သန်းဝန်းကျင်ကို ပိုင်ဆိုင်ထားသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၎င်းတို့၏ SMS စနစ်ကို ရေဘေးအလှူအတွက် အခမဲ့ SMS ပေးပို့၍ လက်ကျန်ဘီလ်မှ ၅၀၀ ကျပ် လှူဒါန်းခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ အလားတူ […]

Read More

ဆွေးနွေးပွဲများ ထည့်သွင်းထားသည့် Money Expo 2015 ကျင်းပမည်

ဘဏ်လုပ်ငန်းဆိုင်ရာများ ပါဝင်သည့် Money Expo 2015 ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါအခမ်းအနားကို သြဂုတ်လ ၂၀ ရက်မှ ၂၃ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ တပ်မတော်ခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြပွဲကျင်းပခြင်းအပြင် Seminar အစီအစဉ်များ၊ Panel Discussion အစီအစဉ်များကိုလည်း သက်ဆိုင်ရာ ပညာရှင်အသီးသီးနှင့် နိုင်ငံတော်မှ တာဝန်ရှိသူများမှ ဟောပြောဆွေးနွေး မည် ဖြစ်ကြောင်း သတင်းရရှိသည်။ MAB Bank, MOB Bank, Construction and Housing Bank, MPU, Gandamar, MNZ, Lantrovision, Canon အစရှိသော ကုမ္ပဏီများမှ ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်းပြည်ပ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ […]

Read More

Firefox ပေါ်တွင် PDF ဖိုင်များကို အလွယ်တကူပြုလုပ်ခြင်း

အင်တာနက် အသုံးပြုရင်း pdf ဖိုင်တွေကို အလွယ်တကူနဲ့ ပြုလုပ်ချင်တယ်ဆိုရင် Soda PDF ဆိုတဲ့ add-on ကို ထည့်သွင်းသုံးစွဲနိုင်ပါတယ်။ soda pdf ဟာ document file တွေကို convert ပြုလုပ်ဖို့အတွက် စီစဉ်ပေး ထားတဲ့ add-on တစ်ခုလည်းဖြစ်ပါတယ်။ အဆိုပါ add-on ကို ထည့်သွင်းဖို့အတွက် ဒီနေရာ ကနေ ရယူနိုင်ပါတယ်။ အဆိုပါ add-on page ကိုရောက်ပြီဆိုရင် Add to Firefox ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။ ပြီးသွားရင် Install now ဆိုတဲ့ button ကို နှိပ်ပြီး အဆိုပါ add-on ကို install ပြုလုပ်ရပါမယ်။ Install ပြုလုပ်ပြီးရင် […]

Read More

အိန္ဒိယတွင် စမတ်ဖုန်းများ ထုတ်လုပ်ရန် Xiaomi နှင့် Foxconn ပူးပေါင်း

တရုတ်နိုင်ငံ၏ ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီ Xiaomi သည် တိုးတက်လာသော အဓိက စမတ်ဖုန်းဈေးကွက် ဖြစ်သည့် အိန္ဒိယနိုင်ငံတွင် ယှဉ်ပြိုင်ရာ၌ အသာစီး ရရှိစေရန် ဒေသအတွင်း စမတ်ဖုန်းများ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း တနင်္လာနေ့က ထုတ်ပြန်ခဲ့သည်။ Xiaomi ၏ စမတ်ဖုန်းများကို ဘီလျံနာ တယ်ရီဂေါင်းပိုင်ဆိုင်သည့် ထိုင်ဝမ်ထုတ်လုပ်ရေးကုမ္ပဏီ Foxconn Technology Group မှ ထုတ်လုပ်ပေးသွားမည် ဖြစ်သည်။ Xiaomi ကုမ္ပဏီ၏ ထုတ်ပြန်ချက်သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလက အိန္ဒိယဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ စတင်ခဲ့သည့် ‘Make in India’ အစီအစဉ်ကို ကြိုဆိုလိုက်ခြင်း ဖြစ်သည်။ Apple အတွက် အရေးအကြီးဆုံး supplier ဖြစ်သော Foxconn သည် လာမည့် ၅ နှစ်အတွင်း အိန္ဒိယတွင် […]

Read More

UIT ကျောင်းသားများ ပြုလုပ်ထားသော နည်းပညာများကို စုစည်းပြသ

သတင်းအချက်အလက် နည်းပညာတက္ကသိုလ် (University of Information Technology) ၏ ကျောင်းသား၊ ကျောင်းသူများ ပြုလုပ်သည့် ပရောဂျက်များကို သြဂုတ်လ ၁၀ ရက်က အဆိုပါကျောင်းတွင် စုစည်းပြသခဲ့သည်။ အဆိုပါနည်းပညာများတွင် မိမိစားသုံးလိုက်သော အစားအစာများ တည့်၊ မတည့် သိရှိစေရန်၊ ရောဂါနှင့် မစားသင့်သော အစားအစာများ အလွယ်တကူ ရှာဖွေသိရှိစေရန်၊ အစားအစာများ၏ ကောင်းကျိုး၊ ဆိုး ကျိုးများကို သိရှိစေရန် ဆောင်ရွက်ထားသည့် Food Check Prolog & Java Project၊ အဆောင်နေ လိုသူများအတွက် အဆောင်၏ အချက်အလက်များ၊ ဝန်ဆောင်မှုများ၊ အဆောင်မှချမှတ်ထားသည့် စည်းကမ်းများကို အနယ်နယ်အရပ်ရပ်မှ အဆောင်ရှာဖွေသူများ ဝင်ရောက်ကြည့်ရှုနိုင်မည့် MyanHost.com.mm , Bluetooth ဖြင့် ထိန်းချူပ်မောင်းနှင်နိုင်သည့် လှေ၊ […]

Read More

Allmyapps

http://goo.gl/TgRven  ဆော့ဖ်ဝဲအမျိုးအစား – System Utilities ဗားရှင်း – 2.0.0.30 ဖိုင်အရွယ်အစား – 524.44KB အသုံးပြုနိုင်သည့် OS – Windows XP/Vista/7 Windows Operating System မှာ အသုံးပြုတဲ့ ဆော့ဖ်ဝဲတွေရဲ့ Update တွေကို စောင့်ကြပ် ကြည့်ရှုပေးနိုင်မယ့် ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါဆော့ဖ်ဝဲအနေဖြင့် ထည့်သွင်းထားတဲ့ ဆော့ဖ်ဝဲတွေကိုလည်း Backup ပြုလုပ်ပေးနိုင်မှာဖြစ်ပြီး System နောက်ကွယ် မှာ စောင့်ကြည့်ပေးနေမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ဆော့ဖ်ဝဲတွေကိုလည်း အဆိုပါ app ပေါ်မှရှာဖွေပြီး download ပြုလုပ်နိုင်ဖို့အတွက်ကိုလည်း စီစဉ်ဖန်တီးပေးထားပါတယ်။

Read More

Techies in TI5

Public Match Making တွေ မှာ ကစားသမားအားလုံးနီးပါး မုန်းတီးရုံမကဘဲ ကြောက်ရွံတဲ့ Hero တစ်ကောင်ကို ပြပါဆိုရင်တော့ Techies သာလျှင် ထိပ်ဆုံးမှာ ရပ်တည်နေမှာ ဖြစ်ပါတယ်။ ကစားသမားတွေအနေနဲ့ မိမိအသင်းမှာ Techies ပါဝင်လာရင် Hero တစ်ကောင်ပုတ်သလို ခံစားကြပြီး တစ်ဖက်အသင်းမှာ ပါလာပြန်လျှင်လည်း စိတ်ပျက်ကြလေ့ရှိခြင်းက Techies ရဲ့ ထူးခြားချက် ဖြစ်ပါတယ်။ Techies ဟာDota 2 ရဲ့ ရှိသမျှ Hero ၁၁ဝ ကောင်စလုံးမှာ သူများနဲ့မတူ တစ်မူထူးခြားတဲ့ ကစားပုံရှိသော Hero တစ်ကောင်ဖြစ်တာနဲ့အညီ အမျိုးမျိုးသော Role တွေနဲ့ ဆော့ကစားနိုင်တဲ့ Hero လည်း ဖြစ်ပါတယ်။ TI5 Allstar Match […]

Read More