Day: August 12, 2015

MyanPay အွန်လိုင်းငွေချေ စနစ်တွင် MPU ကတ် ငွေဖြည့်သွင်းခြင်း စတင် အသုံးပြုနိုင်

MyanPay အွန်လိုင်းငွေချေစနစ်တွင် MPU ကတ် ငွေဖြည့်သွင်းခြင်း စတင်အသုံးပြုနိုင်ကြောင်း တာဝန်ရှိသူက ပြောသည်။ သြဂုတ်လ ၁၀ ရက်မှစတင်ကာ အသုံးပြုနိုင်ခြင်းဖြစ်ကြောင်း၊ ကမ္ဘောဇဘဏ်၊ သမဝါယမဘဏ်၊ ဧရာဝတီဘဏ်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ယူနိုက်တက်အမရာ ဘဏ်၊ မြ၀တီဘဏ်တို့၏ MPU ကတ်ပိုင်ရှင်များအနေဖြင့် အဆိုပါစနစ်ကို အသုံးပြုနိုင်မည်ဖြစ်သည်။ ယင်းဘဏ်များတွင် MPU အား အွန်လိုင်းတွင် အသုံးပြုနိုင်ရန်အတွက် သွားရောက် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ အသုံးပြုခွင့်ရရှိပါက အွန်လိုင်းမှ MPU အသုံးပြုကာ တိုက်ရိုက် ငွေဖြည့်သွင်းနိုင်မည်ဖြစ်ကြောင်း၊ တိုက်ရိုက် ငွေဖြည့်သွင်းပြီး MyanPay နှင့် ချိတ်ဆက်ထားသော ဝက်ဘ်ဆိုက်များတွင် ငွေပေးချေမှု ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ MyanPay နှင့်ချိတ်ဆက်ထားသည့် Online Merchant Website စာရင်းကို http://merchant.myanpay.com.mm/ […]

Read More

ပထမဆုံးအကြိမ် Product Show ဦးဆောင်သူ ကျောင်းသားများနှင့် တွေ့ဆုံခြင်း

ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားကျောင်းသူများ ဖန်တီးထားသည့် နည်းပညာ ထုတ်ကုန်များအား ပြသသည့် UCSY Product Show အားပထမဆုံးအကြိမ်အဖြစ် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ထို့ကြောင့် ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်ကျောင်းသားများ ဖန်တီးထားသည့် အဆိုပါ  Product Show အား ၂၀၁၅၊ သြဂုတ်လ၊ ၁၀ နေ့လည် ၁၁ နာရီခွဲမှ စတင်ကာ အဆိုပါ တက္ကသိုလ်တွင် ကျင်းပသွားမည် ဖြစ်သည်။ ထို့ကြောင့် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ကျောင်းသားများ ဖန်တီးထားသည့် နည်းပညာ ထုတ်ကုန်များ၊ ပညာသင်ကြားနေစဉ် ရင်ဆိုင်ရသည့် အခက်အခဲများနှင့် ပတ်သက်၍ UCSY Product Show ကို ဦးဆောင်သူ ကျောင်းသား ကိုရဲလင်းဝေနှင့် အဖွဲ့အား တွေ့ဆုံမေးမြန်း ထားသည်များကို ကောက်နှုတ်ဖော်ပြ လိုက်ပါသည်။ […]

Read More

အဝေးထိန်း လေယာဉ်နှင့် စွမ်းဆောင်ရည်မြင့် ကွန်ပျူတာများ တင်ပို့ရောင်းချမှု တရုတ်ကန့်သတ်ခဲ့

တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးဝန်ကြီး (MOC) သည်သြဂုတ်လ ၁၅ ရက်မှ စတင်၍ စွမ်းဆောင်ရည်မြင့် အဝေးထိန်း လေယာဉ်များ နိုင်ငံရပ်ခြားသို့ တင်ပို့ရောင်းချမှုကို ပိတ်ပင်ခဲ့သည့် အမိန့်စာကို ထုတ်ပြန်ခဲ့သည်။ ယခုကန့်သတ်မှုသည် အဆင့်မြင့် အဝေးထိန်း လေယာဉ်များနှင့် အခြားနည်းပညာများ အနေဖြင့် နိုင်ငံတော် လုံခြုံရေးကို ထိခိုက်နိုင်သောကြောင့် ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း အစိုးရပိုင်သတင်းစား China Daily ကဖော်ပြခဲ့သည်။ တရုတ်နိုင်ငံ၏ စည်းမျဉ်းသစ်များအရ အဆင့်မြင့် အဝေးထိန်းလေယာဉ်များနှင့် စွမ်းဆောင်ရည်မြင့် ကွန်ပျူတာများကို နိုင်ငံရပ်ခြားသို့ တင်ပို့မည့် ကုမ္ပဏီများအတွက် နိုင်ငံတွင်းရှိ ကုန်သွယ်ရေး အာဏာပိုင်များထံမှ ခွင့်ပြုချက်ရယူရန် ပထမဦးစွာ စာရင်းသွင်းရမည် ဖြစ်သည်။ တရုတ်အာဏာပိုင်များက လေပေါ်တွင် တစ်နာရီနှင့်အထက် ပျံသန်းနိုင်သော အဝေးထိန်း လေယာဉ်များကို အဆင့်မြင့် အဝေးထိန်းလေယာဉ်အဖြစ် သတ်မှတ်ထားသည်။ ယခုတားမြစ်မှုတွင် […]

Read More

ဖုန်းတွေအတွက် အဆင်ပြေဆုံး ဖြစ်လာနိုင်မယ့် Solar Paper

အခုချိန်အနေနဲ့က ပြောရမယ်ဆိုရင် Smartphone ခေတ်လို့တောင်မှ တင်စားပြီးပြောနိုင်တဲ့ အနေအထားပါ။ ဒါကလည်းတခြားကြောင့်တော့ မဟုတ်ဘူး။ ကျွန်တော်တို့ ပြည်တွင်းလို အနေအထားကနေ နောက်ဆုံး ကမ္ဘာ့နိုင်ငံတိုင်းမှာ Smartphone တွေ ခေတ်စားနေတာ မဟုတ်လား။ ဥပမာ ပြောရရင် အခုသတင်းပတ်ထဲမှာကိုပဲ Huawei ရဲ့ မော်ဒယ်သစ် Honor က ဈေးကွက် မတင်ခင် ကြိုတင်အမှာစာတောင်မှ ၇ သန်းလောက်ထိ အောင်ရလိုက်တယ် ဆိုတာက ဖုန်းကုမ္ပဏီ တစ်ခုရဲ့ မော်ဒယ်သစ် တစ်ခုကိုတောင်မှ ဈေးကွက်မှာ ဘယ်လောက်ထိအောင် စိတ်ဝင်စား၊ လူကြိုက်များကြတယ် ဆိုတာကို သက်သေပြနေသလိုပါ။ ဟုတ်ပါပြီ၊ ဒီတော့ ခေတ်က Smartphone ခေတ်ဖြစ်နေပြီဆိုတော့ တစ်ဖက်က ဒီလိုဖုန်းတွေ အချိန်တိုင်း နေရာတိုင်းမှာ အမြဲသုံးနိုင်ဖို့ လိုအပ်တဲ့ အချက်တစ်ချက်တော့ ရှိလာပါပြီ၊ […]

Read More

Ubuntu OS တွင် Web Browser နှင့် Email Client များကို Default သတ်မှတ်ခြင်း

Ubuntu OS အသုံးပြုသူတွေ အနေနဲ့ Web Browser တွေကို သုံးစွဲတဲ့အခါမှာ Browser တစ်ခုထက်ပိုပြီး ထည့်သွင်းထားမိရင် ကိုယ်အသုံးပြုချင်တဲ့ browser ကို default အဖြစ် ရွေးချယ်ထားနိုင်ပါတယ်။ ဒါ့အပြင် email ချိတ်ဆက်အသုံးပြုရန်အတွက် email client app တွေကိုလည်း default အဖြစ် ရွေးချယ်နိုင်ရန် စီစဉ်ပေးထားပါတယ်။ တစ်ခါတလေ Link တွေကို နှိပ်တဲ့အခါမှာ ဘယ် Web  browser ကို အသုံးပြုပြီး ဖွင့်မလဲဆိုတာမျိုးကို ကြုံရနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အသုံးပြုနေကျ Web browser ကို default အဖြစ် သတ်မှတ်ပေးထားမယ်ဆိုရင် အထက်မှာ ဖော်ပြတဲ့ ပြဿနာတွေကို ဖယ်ရှားရှင်းလင်း နိုင်ပါလိမ့်မယ်။ Web browser နဲ့ […]

Read More

cold backup (offline backup)

Offline backup ဟူ၍လည်း ခေါ်ဆိုနိုင်သော cold backup ဆိုသည်မှာ database က offline ဖြစ်နေပြီး update အတွက် လုပ်ဆောင်နိုင်ခြင်း မရှိချိန်တွင် ပြုလုပ်သည့် database backup တစ်ခုဖြစ်သည်။ ၎င်းသည် back up ပြုလုပ်ခြင်းအတွက် အလုံခြုံဆုံး နည်းလမ်းဖြစ်သည်။ သို့သော်လည်း cold backup တွင် back up ပြုလုပ်စဉ် database ကို အသုံးမပြုနိုင်ခြင်း မရှိပေ။

Read More

Acer Iconia Tab 8

တန်ဖိုး – ကန်ဒေါ်လာ ၁၇၁.၈၀ အားသာချက် – Acer Iconia Tab 8 ဟာ ပါးလွှာတဲ့ ဒီဇိုင်းပုံနဲ့ နောက်ခံကို အလူမီနီယံနဲ့ ဖွဲ့စည်းတည်ဆောက် ပေးထားပါတယ်။ MicroSD slot, micro-HDMI port တွေ ပါဝင်မှာဖြစ်ပြီး app တွေကို သုံးစွဲတဲ့အခါမှာ သွက်သွက်လက်လက်နဲ့ အလုပ်လုပ်ဆောင်နိုင်အောင် စီစဉ်ပေးထားပါတယ်။ အားနည်းချက် – ဂိမ်းအကြီးစားတွေကို ထည့်သွင်းကစားတဲ့အခါမှာတော့ အနည်းငယ် လေးလံမှာဖြစ်ပြီး တစ်ခါတည်း ပါဝင်လာတဲ့ app အတော်များများကို uninstall ပြုလုပ်ခွင့် မပေးထားပါဘူး။ သုံးသပ်ချက် – ဒီ Tablet ရဲ့ ဒီဇိုင်းသွင်ပြင်ဟာ သုံးစွဲသူတွေအတွက် စိတ်တိုင်းကျစေမယ့် ဒီဇိုင်းအမျိုးအစားဖြစ် ပြီး ဘက်ထရီပိုင်းကလည်း စွဲမက်ဖွယ်ကောင်းမယ့် capacity […]

Read More

ရှမ်းပြည်နယ်နှင့် ကယား ပြည်နယ်တို့တွင် ဖိုက်ဘာ ဆက်ကြောင်း ချို့ယွင်းမှုကြောင့် Telenor မိုဘိုင်á

ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်များတွင် Telenor Myanmar ၏ ဆက်သွယ်ရေးကွန်ရက်များ ပြတ်တောက်နေခြင်းကြောင့် မိုဘိုင်းဖုန်း ခေါ်ဆိုမှုများနှင့် အင်တာနက် ဆက်သွယ်မှုများကို ခေတ္တ ပြုလုပ်နိုင်မည်မဟုတ်ကြောင်း အဆိုပါကုမ္ပဏီမှ သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါ ပြည်နယ်နှစ်ခုတွင် ချိတ်ဆက်သွယ်တန်းထားသော ဖိုက်ဘာဆက်ကြောင်းများ၌ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲအချို့ ဖြစ်ပေါ်နေသဖြင့် ယခုကဲ့သို့ ဆက်သွယ်မှုကွန်ရက်များ ပြတ်တောက်နေရခြင်းဖြစ်ကြောင်း သိရသည်။ Telenor ၏ မိုဘိုင်းဆက်သွယ်မှုကွန်ရက်များ ယင်းပြည်နယ်နှစ်ခုတွင် ပြတ်တောက်နေမှုအား သက်ဆိုင်ရာ ကုမ္ပဏီမှ ပြန်လည်ပြုပြင်နေပြီး ဆက်သွယ်မှုများ ကောင်းမွန်မည့်အချိန်ကို သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Read More

အွန်လိုင်းလက္ကားရောင်းဝယ်ရေးဈေးကွက်အား Kaymu စတင်

မြန်မာနိုင်ငံရှိ အွန်လိုင်း ရှော့ပင်း ပြုလုပ်နေသူ၊ အွန်လိုင်း ရှော့ပင်းအား စတင်မည့်သူများနှင့် စွန့်ဦး လုပ်ငန်းရှင်များအတွက် ဈေးကွက်အတွင်း မြန်ဆန်စွာ ထိုးဖောက် ဝင်ရောက်နိုင်ကာ ငွေလည်ပတ်မှု ပိုမို လျင်မြန်ပြီး အခြားသော အကျိုးများ ရည်ရွယ်၍ အွန်လိုင်းလက်ကားရောင်းဝယ်ရေး ဈေးကွက်အား Kaymu မှ စတင် လိုက်ကြောင်း သိရသည်။ “အွန်လိုင်းလက်ကား ရောင်းဝယ်တဲ့ လုပ်ငန်းဟာ ကြီးမားတဲ့ ဈေးကွက်တစ်ခုပေါ်မှာ ကုန်ပစ္စည်း မြောက်မြားစွာကို လက် ကားရောင်းချနိုင်အောင် စီစဉ်ပေးထားပါတယ်။ အခုဆို Kaymu Myanmar မှာ လက်ကားကုန်ပစ္စည်းပေါင်း တစ်ထောင်ကျော်ကို တွေ့မြင်ဝယ်ယူနိုင်ပါပြီ။ အခုလို ဈေးကွက်စနစ်ကို ဖွင့်လှစ်ပေးလိုက်တဲ့အတွက် ကုန် ပစ္စည်းတွေ သွားယူရတဲ့ အချိန်တွေ ကုန်ကျသက်သာစေနိုင်မှာပါ။ အဲ့ဒါအပြင် ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကိုလည်း နှိုင်းယှဉ်နိုင်ဦးမှာပါ” […]

Read More

Twitter ကဲ့သို့ ကြားဖြတ်သတင်းများ ဖော်ပြပေးမည့် app တစ်မျိုးကို Facebook ဖန်တီးနေ

Facebook သည် ကြားဖြတ်သတင်းများကို notification ဖြင့် ဖော်ပြပေးမည့် သီးခြား မိုဘိုင်း news app သစ်တစ်မျိုးကို ဖန်တီးလျက်ရှိကြောင်း သိရသည်။ ၎င်း app သစ်သည် Twitter နှင့် ဆင်တူပြီး သုံးစွဲသူ၏ မိုဘိုင်းထုတ်ကုန်ထံ ကြားဖြတ်သတင်း notification များ နှင့် link များကို ပေးပို့ပေးမည်ဖြစ်သည်။ ထိုကဲ့သို့ အသုံးပြုရန် သုံးစွဲသူများက Facebook နှင့် ပူးပေါင်းထားသော သတင်းဌာနများထံမှ news feed များကို ရွေးချယ်ကာ follow ပြုလုပ်ပြီး ကြားဖြတ်သတင်းများကို ရယူနိုင်မည် ဖြစ်သည်။ ကြားဖြတ်သတင်းများနှင့် ပတ်သက်၍ Facebook နှင့် ပူးပေါင်းထားသော သတင်းဌာနများက mobile notification များ ဖန်တီးကာ follower […]

Read More