Day: August 13, 2015

Aakash tablet computer

Aakash သည် ယူကေအခြေစိုက် ကုမ္ပဏီ DataWind နှင့် အိန္ဒိယနည်းပညာတက္ကသိုလ်တို့ ပူးပေါင်းကာ ဖန်တီးထားသော Android tablet computer တစ်ခု ဖြစ်သည်။ စီးပွားဖြစ် ထုတ်လုပ်ရောင်းချသော Aakash tablet အမျိုးအစားကို UbiSlate ဟုခေါ်ဆိုသည်။ Aakash tablet များကို အိန္ဒိယအစိုးရက ကျောင်းသားများထံ ရူပီး ၁,၇၅၀ (အမေရိကန်ဒေါ်လာ ၃၁.၆၃ နီးပါး) ဖြင့် ရောင်းချခဲ့သည်။ ၎င်းသည် ကျောင်းသားများထံ အင်တာနက်သုံးနိုင်သော တန်ဖိုးနည်း ထုတ်ကုန်များကို ထောက်ပံ့ရန်နှင့် အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ၏ ကောလိပ်နှင့် တက္ကသိုလ်များအကြား အင်တာနက်ဆက်သွယ်မှု ပိုမိုကောင်းမွန်စေမည့် ရည်မှန်းချက်၏ ကနဦး ခြေလှမ်းဖြစ်သည်။ Aakash ကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၅ ရက်တွင် […]

Read More

Android နှင့် iOS အတွက် EA Sports FIFA ကို စက်တင်ဘာ ၂၂ တွင် ဖြန့်ချိမည်

EA Sports FIFA ကို PC နှင့် ဂိမ်းစက်များအတွက် အမေရိကန်တွင် ဖြန့်ချိမည့် စက်တင်ဘာ ၂၂ ရက်တွင် Android နှင့် iOS ထုတ်ကုန်များအတွက်ပါ ဖြန့်ချိသွားမည်ဟု သိရသည်။ စမတ်ဖုန်းနှင့် tablet များတွင် EA Sports FIFA ကို အခမဲ့ download ပြုလုပ်ကာ ကစားနိုင်မည် ဖြစ်ပြီး ဂိမ်းစက်တွင် ကစားသကဲ့သို့ ဂရပ်ဖစ်၊ အဆင့်မြှင့်ထားသော AI နှင့် လုပ်ဆောင်ချက်သစ်များ ထောက်ပံ့ပေးထားသည်။ ထို့အပြင် မိုဘိုင်းဗားရှင်းဂိမ်းတွင် ကစားသမားက ဂိုးသွင်းပြီး အောင်ပွဲခံမှုများနှင့် ဂိမ်းကစားရာတွင် ချောမွေ့စွာ ကစားနိုင်မည့် control option သစ်များ ပါဝင်လာမည် ဖြစ်သည်။ Feature သစ်အနေဖြင့် လိုချင်သည့် ကစားသမားများကို […]

Read More

Sword Art Online : Hollow Fragment

Bandai Namco Games က ရေးဆွဲဖြန့်ချိထားတဲ့ Sword Art Online: Hollow Fragment ဂိမ်းသစ်ဟာ ရောင်းအား အကောင်းဆုံး Light Novel Series နှင့် Animation ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ Sword Art Online (SAO) ကို မှီငြမ်းထားတဲ့ ဂိမ်းဖြစ်ပြီး ယခင် ဂျပန်ဘာသာဖြင့် ထွက်ထားတဲ့ SAO ဂိမ်းတွေရှိပေမယ့် Hollow Fragment ကတော့ English ဘာသာစကားနဲ့ ပထမဆုံးထွက်ရှိလာတဲ့ SAO ဂိမ်းဖြစ်ပါတယ်။ PSVita Version ရဲ့ enhanced version အဖြစ် PS4 မှာ ထွက်ရှိလာတဲ့ Sword Art Online: Hollow Fragment ဂိမ်းသစ်ဟာ […]

Read More

BarCamp Sagaing TU

နည်းပညာတက္ကသိုလ် (စစ်ကိုင်း) ၏ ဒုတိယအကြိမ်မြောက် BarCamp ကို သြဂုတ်လ ၁ ရက်က နည်းပညာတက္ကသိုလ် စစ်ကိုင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Read More

FastStone Image Viewer

ဓာတ်ပုံတွေကို ပြင်ဆင်နိုင်သလို ဓာတ်ပုံများကိုလည်း ကြည့်ရှုနိုင်မည့် ဆော့ဖ်ဝဲတစ်ခု ဖြစ်သည်။ အဆိုပါ ဆော့ဖ်ဝဲသည် ဓာတ်ပုံများကို ပြင်ဆင်နိုင်မည့် Tool များစွာကို ထည့်သွင်းပေးထားပြီး ဓာတ်ပုံနှင့် ပတ်သက်သည့် ဖိုင် format အများအပြားကိုလည်း အထောက်အပံ့ ပေးထားသည်။ Download ပြုလုပ်လိုသူများအနေဖြင့် အခမဲ့ download လုပ်ယူနိုင်မည်ဖြစ်ပြီး download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 5.59MB ခန့်ရှိမည် ဖြစ်သည်။ Windows 98 မှ Windows 8 အထိ ထည့်သွင်း သုံးစွဲနိုင်မည့် ဆော့ဖ်ဝဲတစ်ခု ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More

Digital-Tire 5 in 1

ခရီးသွားနေသောအချိန်နှင့် အရေးပေါ်လိုအပ်သည့်အချိန်များတွင် အသုံးဝင်သည့် Digital-Tire 5 in 1 ကားလေပေါင်ချိန်စက် ဖြစ်သည်။ ကားလေပေါင်ကို ဆိုင်တွင် သွားချိန်ရန်မလိုဘဲ မိမိကိုယ်တိုင် သိရှိနိုင်မည် ဖြစ်သည်။ ခရီးဝေးသွားနေသည့် အချိန်မျိုးတွင် သက်ကယ်ကိရိယာအနေဖြင့်လည်း အသုံးပြုနိုင်သည်။ လေပေါင်အားကို LED Digital Display ဖြင့် ပြသပေးမည်ဖြစ်ပြီး အရေးပေါ်အခြေအနေတွင် ကားမှန်ကိုလည်း ရိုက်ခွဲနိုင်မည်ဖြစ်သည်။ ဓာတ်မီးနှင့် ထိုင်ခုံခါးပတ် ကြိုး ဖြုတ်မရသည့်အခါမျိုးတွင် လည်း ဖြတ်တောက်နိုင်မည် ဖြစ်သည်။ တန်ဖိုးမှာ  ၁၇,၀၀၀ ကျပ်ဖြစ်ပြီး 8 Ray Mobile ဖုန်း-၀၉-၅၁၁၄၁၇၀ ၌ ဆက်သွယ် ဝယ်ယူ နိုင်မည်ဖြစ်သည်။

Read More

Wopow P-10 Mobile power Bank

Wopow အမှတ်တံဆိပ် P-10 မော်ဒယ် Power Bank ဖြစ်သည်။ Mobile phone အပြင် tablet များကိုပါ အားသွင်းအသုံးပြုနိုင်မည့် Power bank ဖြစ်သည်။ Storage capacity အနေဖြင့် 10,000 mAh ကို အထောက်အပံ့ ပေးထားပြီး Mobile phone များကို ငါးကြိမ်ခန့်အထိ အားသွင်း ပေးနိုင်မည် ဖြစ်သည်။ ဘက်ထရီ အားကျန်ရှိနေမူအပိုင်းကိုလည်း LED  မီးဖြင့် ရာခိုင်နှုန်းအတိအကျဖြင့် ပြသပေးမည် ဖြစ်သည်။ USB  port နှစ်ခု ပါဝင်သောကြောင့် ထုတ်ကုန်နှစ်ခုကို တစ်ပြိုင်နက် အားသွင်းနိုင်မည်ဖြစ်သည်။ Muti Short Circuit Protection system ကို အသုံးပြုတည်ဆောက်ထားသည်။ တန်ဖိုးမှာ ၂၈,၈၀၀ ကျပ်ဖြစ်ပြီး […]

Read More

မန္တလေး၌ MCPA Quiz 2015 ကျင်းပမည်

မန္တလေးတိုင်းဒေသကြီး ကွန်ပျူ တာပညာရှင်အသင်းမှဦးစီး၍ MCPA Quiz ၂၀၁၅ ကို အသင်းရုံးတည်ရှိရာ ရွှေဖြူ ပလာဇာ၊ ဒုတိယထပ်တွင် ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။ အဖွဲ့တစ်ဖွဲ့တွင် ခေါင်းဆောင်အပါအဝင် ဘွဲ့ကြို ကျောင်းသား ၃ ဦး ပါဝင်ခွင့်ရှိပြီး သက်ဆိုင်ရာကျောင်းများ၏ ခွင့်ပြုချက်ပါ ရှိရမည်ဟု သိရသည်။ ဖြေဆိုမည့်သူများအနေဖြင့် Fundamental Information Technology Engineer Examination Text Book and Exam Preparation Book ကို လေ့လာထားရမည်ဖြစ်ပြီး မေးခွန်းပုံစံမှာ Multiple Choice ဖြေဆိုမှုပုံစံဖြစ်ကြောင်း သိရသည်။ လျှောက်လွာများကို ၁၅-၈-၂၀၁၅ နောက်ဆုံးထားကာ အသင်းရုံးတည်ရှိရာ ရွှေဖြူ ပလာဇာ၊ ဒုတိယထပ် ဖုန်း ၀၂- ၆၉၃၁ သို့ […]

Read More

English Dictionary

English to English ဘာသာပြန်ဆိုပေးနိုင်မည့် app တစ်ခု ဖြစ်သည်။ အဆိုပါ app သည် စကားလုံးအဓိပ္ပာယ်ပေါင်း ၁၈၂,၀၀၀ ခန့်ကို ထည့်သွင်းဖော်ပြပေးထားပြီး offline အနေဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် အဆိုပါ app သည် စကားလုံးများကို bookmark ဖြင့် သိမ်းဆည်းပေးထားနိုင်မည်လည်း ဖြစ်သည်။ Download ပြုလုပ်လိုသူများအနေဖြင့် Play Store တွင် အခမဲ့ download လုပ်ယူနိုင်မည်ဖြစ်ပြီး download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 17MB ခန့်သာရှိမည် ဖြစ်သည်။ Android version 2.3.3 နှင့်အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More