Day: August 18, 2015

သဘာဝ ဘေးအန္တရာယ်များကို စမတ်ဖုန်း နည်းပညာဖြင့် ရင်ဆိုင်ကျော်လွှားကြမယ်

၁။ အရေးကြီးသော ဖုန်းနံပါတ်များကို အလွတ်မှတ်ထားပါ။ (သို့) စာရွက်ပေါ်တွင် မှတ်ထားပါ။ မိမိ မိသားစုဝင်များ၏ ဖုန်းနံပါတ်များ၊ အဝေးရောက် မိတ်ဆွေများ၏ ဖုန်းနံပါတ်များစသော အရေးကြီးချိန်တွင် ဆက်သွယ်အကူအညီ တောင်းနိုင်မည့် ဖုန်းနံပါတ်များကို အလွတ်မှတ်သားထားပါ။ သို့မဟုတ် စာရွက်တစ်ခုပေါ်တွင် ချရေးကာ မှတ်သားထားပြီး ပိုက်ဆံအိတ်ကဲ့သို့သော အလွယ်တကူ ရယူနိုင်သည့် နေရာတွင် သေသေချာချာ သိမ်းဆည်းထားပါ။ သဘာဝအန္တရာယ်များ ကျရောက်ပြီးချိန်တွင် ထိုသို့သော အခြေအနေမျိုးတွင်ပင်  မိတ်ဆွေများကို အလွယ်တကူ  ဆက်သွယ်နိုင်ပေမည်။ ၂။ အရေးပေါ် ဆက်သွယ်နိုင် မည့်သူများ၏ ဖုန်းနံပါတ်များကို သီးသန့်စာရင်း ပြုစုထားပါ။ အရေးပေါ် အခြေအနေမျိုးတွင် ဆက်သွယ်အကူအညီ တောင်းခံနိုင်မည့် မိတ်ဆွေများ၏ ဖုန်းနံပါတ်များကို မိမိဖုန်း၏ contact ထဲတွင် သီးသန့် group တစ်ခုဖွဲ့ထားပါ။ အနီးအနားမှ […]

Read More

မိမိ၏ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ မေးမြန်း ဆွေးနွေးနိုင်မည့် Social Opinion ကွန်ရက်အား အသုံးပြ

ပြည်တွင်း၊ ပြည်ပ မြန်မာ အသိုင်းအဝိုင်းမှ မိုလ်ဘိုင်း ဖုန်းသုံးစွဲသူများအနေဖြင့် တစ်ဦးချင်း ထင်မြင်ယူဆချက်များ၊ သိလိုသော မေးခွန်းများကို မေးမြန်း ဆွေးနွေး နိုင်မည့်  Mell Application အား ပိုမိုပြည့်စုံစေမည့် Social Opinion Network တစ်ခုကို တည်ဆောက်နေကြောင်း အဆိုပါ App ကို ထုတ်လုပ်သည့် Xavey Myanmar ကုမ္ပဏီမှ သတင်းရရှိသည်။ Social Poll App တစ်ခု ဖြစ်သည့် Mell App ၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မိမိ သိလိုသောအကြောင်းအရာများကို အလွယ်တကူ  မေးမြန်းနိုင်မည်ဖြစ်ပြီး အခြားသူများ မေးမြန်းထားသည့် အကြောင်းအရာများကိုလည်း လွတ်လပ်စွာ ဖြေဆိုပေးနိုင် မည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် Mell App ကိုသုံးစွဲသူ အချင်းချင်းသည် […]

Read More

Black box မှတစ်ဆင့် Corvette ကား၏ ဘရိတ်များကို သုတေသီများ ထိန်းချုပ်ပြသခဲ့

သုတေသီများသည် text message များအသုံးပြု၍ ကားတစ်စီးကို ထိန်းချုပ်ရန် အင်တာနက်ဖြင့် ချိတ်ဆက်ထားသော အာမခံ စောင့်ကြည့်ရေး black box အား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ လတ်တလောတွင် ကားများကို စောင့်ကြည့်လေ့လာမှုများ ပြုလုပ်ပေးသည့် OBD-II ပလတ်စတစ် box များသည် အင်တာနက်ဖြင့် ချိတ်ဆက်ထားသလို အဆိုပါ ကိရိယာသည် ယာဉ်မောင်းများ၏ လောင်စာသုံးစွဲမှုကို တိုးမြှင့်ပေးပြီး အာမခံကြေး အနည်းငယ်ဖြင့် ယာဉ်သွားလာမှု လမ်းကြောင်းများကို အာမခံကုမ္ပဏီသို့ အစီရင်ခံ တင်ပြပေးမည် ဖြစ်သည်။ သို့သော်လည်း အဆိုပါ box များသည် ကားများကို တိုက်ခိုက်ရန်အတွက် အဓိကအားနည်းချက် ဖြစ်လာကြောင်း ဆန်ဒီယေဂိုမြို့ ကယ်လီဖိုးနီးယား တက္ကသိုလ်ရှိ ဒီဂျစ်တယ် လုံခြုံရေး သုတေသနအဖွဲ့က သတိပေးထားသည်။ ၎င်းအားနည်းချက်ကို စမ်းသပ်ရန် […]

Read More

Android device ပေါ်တွင် Subloader ဖြင့် Movie Subtitle များရယူခြင်း

Android device ကို အသုံးပြု၍ ရုပ်ရှင်ကြည့်ရှု သူများအတွက် subtitle များကို ရှာဖွေပေးနိုင်မယ့် app ရှိပါတယ်။ အဆိုပါ app ကနေ subtitle များကို download ပြုလုပ်ပြီး မိမိကြည့်ရှုမယ့် ဇာတ်ကားကို VLC Media player နဲ့တွဲဖက်ပြီး ကြည့်ရှု နိုင်ပါတယ်။ ပထမဆုံး Android device တွေဖြစ်တဲ့ Tablet, Phone တွေပေါ်ကနေ ရုပ်ရှင်ကြည့်ရှုသူများ VLC Player ကို ထည့်သွင်းထားသင့်ပါတယ်။ VLC for android app ကို ဒီနေရာ (https://goo.gl/3ZoWYa) ကနေရယူနိုင်ပါတယ်။ နောက်တစ်ဆင့်ကတော့ ကိုယ်ကြည့်မယ့် ရုပ်ရှင်ဇာတ်ကားရဲ့ subtitle ကို ရှာဖွေဖို့အတွက် subloader ဆိုတဲ့ app […]

Read More

Deal of the day

Flash sales နှင့် one deal a day ဟူ၍လည်း ခေါ်ဆိုကြသော deal of the day ဆိုသည်မျာ ၂၄ နာရီမှ ၃၆ နာရီ ကာလအပိုင်းအခြားအတွက် ထုတ်ကုန်တစ်ခုကို ရောင်းချသော ဝက်ဘ်ဆိုက်တစ်ခု၏ ecommerce လုပ်ငန်းပုံစံတစ်ခု ဖြစ်သည်။ ဖောက်သည်များအနေဖြင့် deal-a-day ဝက်ဘ်ဆိုက်များတွင် အဖွဲ့ဝင်အဖြစ် မှတ်ပုံတင်ပြီးနောက် အွန်လိုင်းကမ်းလှမ်းမှုများနှင့် ဖိတ်ကြားမှုများကို email သို့မဟုတ် လူမှုရေးကွန်ရက်များမှ လက်ခံရရှိမည် ဖြစ်သည်။

Read More

ဖုန်းခေါ်ဆိုခ နှင့် အင်တာနက် အသုံးပြုခ ပိုမိုသက်သာမည့် ရွှေမေတ္တာအစီအစဉ် MEC ဖုန်းများတွင် ဆောငá

ဖုန်းခေါ်ဆိုခ နှင့် အင်တာနက်အသုံးပြုခ ပိုမိုသက်သာမည့် အစီအစဉ်ကို MEC ဖုန်းများတွင် ရရှိနိုင်ပြီဟု မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူကပြောသည်။ အဆိုပါအစီအစဉ်မှာ “ရွှေမေတ္တာ” ဟုခေါ်ပြီး MEC ဖုန်းအသုံးပြုသူများသာ အသုံးပြုနိုင်မည်ဖြစ်သည်။ အစီအစဉ်ကို သြဂုတ်လ (၁၈) ရက်နေ့မှ စတင်ကာ ဆောင်ရွက် လိုက်ခြင်းဖြစ်ပြီး ယင်းဝန်ဆောင်မှုအားအသုံးပြုလိုသူများအနေဖြင့် ၂၃၃ သို့ “ SMT” ဟု SMS ပေးပို့ကာအသုံးပြုနိုင်မည်ဖြစ်ကြောင်းနှင့် SMS ပေးပို့ခြင်းမှာ အခမဲ့ဖြစ်ကြောင်း သိရသည်။ ဝန်ဆောင်မှုများကို Silver, Gold နှင့် Diamond ဟူ၍ Package သုံးခု ပါရှိသည်။ Silver ဆိုပါက တစ်လ လျှင်ခြောက်ထောင်ကျပ်နှုန်း ကျသင့်မည်ဖြစ်ကာ ဖုန်းပြောဆိုမှုမိနစ်ပေါင်း ၂၇၀၊ အင်တာနက်အသုံးပြုမှု 100MB နှင့် ၏ […]

Read More

သြဂုတ်လအတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင် လေးခုခွင့်ပြုပြီးဖြစ်

သြဂုတ်လလယ်အထိ ထုတ်ပေးပြီးသော ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ပေါင်း (၅၀) ၀န်းကျင်ရှိလာကြောင်း တွေ့ရသည်။ ယခုလအတွင်း လက်ရှိအချိန်အထိ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လိုင်စင်လေးခု ထုတ်ပေးပြီး ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့်သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ သိရသည်။ ထုတ်ပေးပြီးသော ကုမ္ပဏီများမှာ Myanmar Telecommunication Network Public Co.,Ltd, G N E Co.,Ltd, KBZ Gateway Co.,Ltd နှင့် Thanlyin Estate Development Limited တို့ဖြစ်ကြောင်း ထုတ် ပြန်ထားသော စာရင်းအရသိရသည်။ လိုင်စင်အမျိုးအစားများမှာ Network Facilities Services (Individual) လိုင်စင်, Application Service လိုင်စင် တို့ဖြစ်သည်။ အဆိုပါစာရင်းမှာ ၁၁.၈.၂၀၁၅. ရက်နေ့အထိ ထုတ်ပေးပြီးဖြစ်သော စာရင်းဖြစ်သည်။ […]

Read More

MEC ဖုန်းလိုင်းပိတ်ခြင်းများ Customer Care Center တွင် စတင် ဆောင်ရွက်ပေးနေ

MEC ဖုန်းလိုင်းပိတ်ခြင်းများ Customer Care Center တွင်စတင်ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူကပြောသည်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့ရှိ MEC Customer Care Center များတွင် စတင်ဆောင်ရွက်ပေး နေခြင်းဖြစ်ပြီး ယခင်ကMEC ဖုန်းလိုင်းပိတ်ခြင်းများကို တိုင်းမန်နေဂျာ ရုံးတွင်သာ ဆောင်ရွက်နိုင်သော်လည်း ယခုအခါ နေရာတို့ချဲ့ဆောင်ရွက်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ရန်ကုန်အနေဖြင့် ယခင်က စာတိုက်ကြီး အနီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တိုင်းမန်နေဂျာရုံးတွင် ဆောင်ရွက်နိုင်ကြောင်း၊ ဖုန်းလိုင်းပိတ်ခြင်းကို အခမဲ့ ဆောင်ရွက်နိုင်ကြောင်း သိရသည်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့ရှိ MEC Customer Care Center များတွင် MEC ဖုန်းများ၏ ၀န်ဆောင်မှုများ၊ ကတ်ပျောက်၊ ကတ်ပျက်လျှောက်ထားခြင်းများ ကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ နေရာများ […]

Read More

အသစ်ထွက်မည့် Android update ကို Marshmallow ဟုခေါ်ဆိုမည်

ယခင်က Android M ဟု ခေါ်ဆိုခဲ့သော စမတ်ဖုန်းနှင့် tablet များအတွက် Google ၏ Android operating system update ကို Marshmallow ဟုခေါ်ဆိုမည် ဖြစ်ကြောင်း သိရသည်။ Google သည် Android update များ၏ အမည်ကို အက္ခရာအစဉ်အတိုင်း ပေးခဲ့ပြီး လက်ရှိ Android ဗားရှင်း Lollipop ပြီးနောက် ထွက်ပေါ်လာမည့် Marshmallow ကို ယခုနှစ်ကုန်ပိုင်းတွင် ဖြန့်ချိဖွယ်ရှိသည်။ Android ကို Samsung, HTC နှင့် Motorola အပါအဝင် ကမ္ဘာပေါ်ရှိ စမတ်ဖုန်း ၈၀ ရာခိုင်နှုန်းကျော်တွင် သုံးစွဲလျက်ရှိသည်။ ထို့အပြင် ၎င်း software သည် ကုမ္ပဏီ၏ ဝန်ဆောင်မှုများဖြစ်သော […]

Read More

TI5 Records

၂ဝ၁၅ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ The International TI5 Dota 2 ပြိုင်ပွဲကြီးကတော့ သြဂုတ်လ ၈ ရက်နေ့တုန်းက အမေရိကန်နိုင်ငံ Washington.DC မှာရှိတဲ့ Seattle Tower, Key Arena မှာ ကျင်းပပြီးစီးခဲ့ပြီး ဖြစ်ပါတယ်။ ဒီကမ္ဘာ့အဆင့် Dota 2 Tournament ကြီးဟာ ကမ္ဘာအဝှမ်းမှာရှိတဲ့ Professional Dota 2 အသင်းပေါင်းများစွာ ဝင်ပြိုင်လျက်ရှိပြီး ဆုကြေးအဖြစ် နှစ်စဉ် အမေရိကန်ဒေါ်လာသန်းချီပြီး ပေးလျက်ရှိလို့ တစ်ကမ္ဘာလုံးက မျက်စိဒေါက်ထောက် ကြည့် ရတဲ့ ခေတ်သစ်အားကစား E-Sports တွေထဲက အအောင်မြင်ဆုံး ပြိုင်ပွဲတစ်ခုဆိုလည်း မမှားပါဘူး။ ယခုနှစ်မှာတော့ နောက်ဆုံးအဆင့်ထိ ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရခဲ့တဲ့ အသင်း ၁၆ သင်းကို ချီးမြှင့်တဲ့ […]

Read More