Day: August 20, 2015

စမ်းသပ်ခဲ့သမျှ စမတ်ဖုန်း display များအနက် Galaxy Note 5 က အကောင်းဆုံးဖြစ်ကြောင်း DisplayMate ပြောကြား

Samsung ၏ Galaxy Note 5 စမတ်ဖုန်းသစ်တွင် စွမ်းဆောင်ရည် အကောင်းဆုံး screen ကို ပိုင်ဆိုင်ထားကြောင်း DisplayMate ၏ အစီရင်ခံစာသစ်အရ သိရသည်။ Galaxy Note 5 နှင့် Galaxy S6 Edge+ တို့၏ screen များကို လေ့လာဆန်းစစ်ကာ စမ်းသပ်မှု ပြုလုပ်ခဲ့ပြီးနောက် ၎င်း ဖုန်းနှစ်မျိုးစလုံး၏ display စွမ်းဆောင်ရည်သည် အလွန်မြင့်မားကြောင်း၊ S6 Edge+ ၏ screen အရွယ်အစားသည် Note 5 နှင့် တူညီသော်လည်း Note 5 ၏ display စွမ်းဆောင်ရည်က အမှတ်ပိုသာကြောင်း DisplayMate အကြီးအကဲ ရေမွန်ဆိုနေရာက ပြောကြားခဲ့သည်။ Samsung သည် စမတ်ဖုန်းဈေးကွက်တွင် […]

Read More

location-based service (LBS)

တည်နေရာအခြေခံ ဝန်ဆောင်မှု (LBS) ဆိုသည်မှာ IP ဖြင့်သုံးနိုင်သော မိုဘိုင်းထုတ်ကုန်တစ်ခု တည်ရှိသည့် နေရာကို သိရှိနိုင်သော software application တစ်ခုဖြစ်သည်။ တည်နေရာအခြေခံ ဝန်ဆောင်မှုများသည် မေးခွန်းကို အခြေခံပြီး end user ထံ အသုံးတည့်စေမည့် အချက်အလက် ထောက်ပံ့ခြင်းမျိုး ဖြစ်နိုင်သလို အနီးအနားရှိ ဖောက်သည်များ၏ အချက်အလက်ရယူပြီး ကူပွန်ပေးအပ်ခြင်း သို့မဟုတ် အခြား ဈေးကွက်ရှာဖွေမှု ပြုလုပ်ခြင်းမျိုးလည်း ဖြစ်နိုင်သည်။ LBS တစ်ခုတွင် အခြေခံ အစိတ်အပိုင်း ၅ ခုရှိရန် လိုအပ်သည်။ ၎င်းတို့မှာ – – service provider ၏ software application – ဝန်ဆောင်မှုအတွက် အချက်အလက်ထုတ်လွှင့်ရန်နှင့် တောင်းဆိုရန် မိုဘိုင်းကွန်ရက်တစ်ခု – end […]

Read More

Android နှင့်သုံးနိုင်မည့် BlackBerry Venice ဖုန်းကို နိုဝင်ဘာလတွင် ရောင်းချမည်

BlackBery Venice ဟုခေါ်သော Android slider ဖုန်းသစ်ကို နိုဝင်ဘာလတွင် အမေရိကန်ရှိ မိုဘိုင်းဝန်ဆောင်မှု ကုမ္ပဏီ လေးခုထံမှ ဖြန့်ချိသွားမည်ဟု လျှို့ဝှက်သတင်းအချက်အလက်များကို ဖော်ထုတ်ရာတွင် လူသိများသော အီဗန်ဘလပ်စ်က Twitter မှတစ်ဆင့် ရေးသားဖော်ပြခဲ့သည်။ ဘလပ်စ်၏ tweet တွင် Venice ဖုန်း ဓာတ်ပုံများကိုလည်း ထည့်သွင်းဖော်ပြခဲ့ပြီး ၎င်းအနက် ဓာတ်ပုံတစ်ခုတွင် Google Play လိုဂိုနှင့် screen တစ်ခုကို ဖော်ပြခဲ့သည်။ အခြားဓာတ်ပုံများတွင် အီးမေးလ်များ၊ text message များနှင့် လူမှုရေးကွန်ရက် update များကို ကြည့်ရှုနိုင်မည့် BlackBerry Hub portal ကို ပြသခဲ့သလို Content Transfer ဟုခေါ်သည့် feature တစ်မျိုးကိုလည်း ဖော်ပြခဲ့သည်။ မတ်လက […]

Read More

Prototype Biohazard Bundle

Prototype Biohazard Bundle ဟာ Activision ရဲ့ 7th Generation Console ခေတ်မှာ ထွက်ရှိခဲ့တဲ့ Prototype 1 နဲ့ Prototype  2 ဂိမ်းတွေကို resolution ပိုင်းနှင့် graphics ပိုင်း အနည်းငယ်ပြန်လည် ပြင်ဆင်ထားပြီး PS4 နှင့် Xbox One ဂိမ်းစက်တွေအတွက် ပြန်ထုတ်ထားတဲ့ ဂိမ်းဖြစ်ပါတယ်။ Prototype  ဂိမ်းနှစ်ခုလုံးဟာ Open World ဂိမ်းပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့အတွက် console အသစ်တွေ ဝယ်ပြီးနောက်ပိုင်း မကစားခဲ့ရသူတွေနဲ့ graphics အမြင့်ပိုင်းနှင့် ပြန်ကစားလိုသူတွေအတွက် အဆင်ပြေမှာပါ။ Open World ဂိမ်းနှစ်ခုဖြစ်တဲ့ Prototype နှင့် PlayStation exclusive ဂိမ်း Series တစ်ခုဖြစ်တဲ့ Infamous […]

Read More

Socket Tester ( RCD)

စက်ရုံ၊ အလုပ်ရုံ၊ နေအိမ်၊ ရုံးခန်းများတွင် အသုံးပြုနေသော ပလပ်ပေါက်များ၏ အလုပ်လုပ်မှု မှန်မမှန်၊ ကောင်းမကောင်း၊ ပြဿ     နာများကို အချိန်တိုတွင်း အလွယ်တကူ ရှာဖွေနိုင်မည့် Socket Tester ဖြစ်သည်။ 230 V အတွက် သီးသန့် ထုတ်လုပ်ထားသည်။ Neutral, grounding, Pole Phase လိုင်းများမှတစ်ဆင့်  Power socket  များ၏ ချို့ယွင်းချက်များကို LED မီးများဖြင့် တုန့်ပြန်အသိပေးမည်ဖြစ်သည်။ တန်ဖိုးကြီး လျှပ်စစ်ပစ္စည်းများကို စနစ်တကျ အသုံးပြုရန်အတွက် နှင့် အသုံးပြုနေသော Socket ၏ အခြေနေကို အလွယ်တကူ သိရှိ နိုင်မည့် ပစ္စည်းဖြစ်သည်။ တန်ဖိုးမှာ ၁၃,၈၀၀ ကျပ်ဖြစ်ပြီး [email protected] Computer ဖုန်း ၀၁- ၂၅၂၆၂၇ […]

Read More

SAMSUNG 48" FULL HD LED TV (DVB-T2)

Samsung အမှတ်တံဆိပ် ၄၈ လက်မအရွယ် Full HD (1920X1080) အမျိုးအစား LED TV ဖြစ်သည်။ Hyper Real Engine နှင့် Wide Color Enhancer Plus နည်းပညာ အသုံးပြုထားသည့်အတွက် ရုပ်ထွက်ကောင်းမွန်မည် ဖြစ်သည်။ 100 Hz Clear Motion Rate နည်းပညာကြောင့် ရွေ့လျား ရုပ်ရှင်များတွင် အထစ်အငေါ့မရှိဘဲ ကြည်လင်ပြတ်သားစွာဖြင့် တွေ့မြင်နိုင်မည်ဖြစ်သည်။ Digital Tuner Function (DVB-T2), USB Movie Playback စနစ်များ ပါဝင်သည်။  Picture In Picture(PIP) စနစ် ပါရှိသောကြောင့် ရုပ်သံလိုင်းအား နှစ်ခြမ်းခွဲကာ ကြည့်ရှုနိုင်မည် ဖြစ်သည်။ တန်ဖိုးမှာ ၇၀၀,၀၀၀ […]

Read More

ထိုင်းနိုင်ငံ Webster University မှ မြန်မာကျောင်းသား၊ ကျောင်းသူများ မိတ်ဆုံညစာစားပွဲ အခမ်းအနား

Myanmar Search International (MSI) နိုင်ငံခြားပညာရေးဝန်ဆောင်မှုမှ ဦးစီးကျင်းပသည့် ထိုင်းနိုင်ငံ Webster University မှ ပညာသင်ဆု ရ ကျောင်းသား၊ ကျောင်းသူဟောင်းများနှင့် မကြာမီ ပညာသင်ဆုဖြင့် တက်ရောက်ပညာသင်ကြားကြတော့မည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဂုဏ်ပြုမိတ်ဆုံ ညစာစားပွဲကို သြဂုတ်လ ၇ ရက်က ကန်တော်ကြီးပန်းခြံရှိ Utopia Tower မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Read More

Battle Riders

ကားမောင်းပြိုင်ရင်း တစ်စီးနှင့်တစ်စီး ယှဉ်ပြိုင်တိုက်ခိုက်ရမည့် ဂိမ်းအမျိုးအစား ဖြစ်သည်။ အဆိုပါ Battle Riders game တွင် ကစားသူသည် မိမိအရှေ့ရှိကားကို တိုက်ခိုက်ဖောက်ခွဲပစ်ရမည် ဖြစ်သည်။ ဂိမ်းတွင် မတူညီသည့် လက်နက်ငါးမျိုး တပ်ဆင်ထားပြီး မိမိစိတ်ကြိုက် ရွေးချယ်နိုင်မည် ဖြစ်သည်။ အဆိုပါ ဂိမ်းကို iTunes တွင် ယခင်က ကန်ဒေါ်လာ ၁.၉၉ ပေးသွင်းမှ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့် ပေးထားသည်။ iOS version 4.3 နှင့်အထက်တွင် ထည့်သွင်းကစားနိုင်မည့် ဂိမ်းဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More

AirDroid

AirDroid ဆော့ဖ်ဝဲသည် Android Device များကို ကွန်ပျူ တာနှင့် ချိတ်ဆက်၍ Manage ပြုလုပ်နိုင်မည့် ဆော့ဖ်ဝဲတစ်ခု ဖြစ်သည်။ ထို့ပြင် SMS, Phone Call အစရှိသည်တို့ကိုပါ အဆိုပါ ဆောဖ့်ဝဲပေါ်မှ လက်ခံနိုင်ပြီး backup ပြုလုပ်ခြင်းများကိုလည်း အဆင်ပြေစွာ လုပ်ကိုင်နိုင်ရန် စီစဉ်ပေးထားသည်။ Download ပြုလုပ်လိုသူများအနေဖြင့် အခမဲ့ download ပြုလုပ်နိုင်မည်ဖြစ်ပြီး download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 11.82 MB ခန့် ရှိမည်ဖြစ်သည်။ Windows XP မှ Windows 10 အထိ ထည့်သွင်း အသုံးပြုနိုင်မည့် ဆော့ဖ်ဝဲတစ်ခုလည်း ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More

Telenor က ဖုန်းခေါ်ဆိုခနှုန်းထားများ လျှော့ချပေးသည့် အစီအစဉ်တစ်ရပ် ပြုလုပ်

Telenor က ဖုန်းခေါ်ဆိုခ နှုန်းထားများ လျှော့ချပေးသည့် အစီအစဉ်တစ်ရပ် ပြုလုပ်လိုက်ပြီး သြဂုတ်လ ၂၀ ရက်မှစတင်ကာ လျှော့ချ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ လျှော့ချသတ်မှတ်လိုက်သော ဈေးနှုန်းအသစ်မှာ Telenor ဖုန်းအချင်းချင်း ခေါ်ဆိုပါက တစ်မိနစ်လျှင် ၁၈ ကျပ်၊ Telenor မှ အခြားဖုန်းများသို့ ခေါ်ဆိုမည်ဆိုပါက တစ်မိနစ်လျှင် ယခင် ၂၅ ကျပ်မှ ယခု ၂၃ ကျပ်သို့ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း Telenor မြန်မာမှ သတင်းထုတ်ပြန်သည်။ ယင်းအစီအစဉ်ကို စူပါပွားဟု အမည်ပေးထားပြီး ဝန်ဆောင်မှု အသုံးပြုလိုသူများအနေဖြင့် SUP ON ဟုရိုက်ကာ 365 သို့ SMS ပေးပို့ရမည်ဖြစ်သည်။ သြဂုတ်လ ၂၀ ရက်၊ နံနက် ၉ နာရီမှစတင်ကာ ယင်းဝန်ဆောင်မှုကို […]

Read More