Day: August 25, 2015

Windows 10 ဆိုတာ

Windows 10 သည် Microsoft မှ Windows NT operating system များစွာအနက် စီမံကိန်းတစ်ခု အဖြစ် တိုးတက်လာစေရန် ဖန်တီးခဲ့ခြင်းဖြစ်သည်။ Windows 10 ကို  ၂၀၁၄ ခုနှစ် developer ကွန်ဖရင့်ဖြစ်သည့် Build 2014 တွင် တရားဝင် စတင် ထုတ်ဖော် မိတ်ဆက်ခဲ့သည်။ ထို့နောက် ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် အများပြည်သူများ စမ်းသပ်အသုံးပြုနိုင်သည့် beta ဗားရှင်းအဖြစ် ဖြန့်ချိခဲ့သည်။ ထိုအချိန်မှစ၍ Windows 10 ထွက်ရှိရန် ကြိုးပမ်းခဲ့ပြီး ဇူလိုင်လ ၂၉ ရက် ၂၀၁၅ခုနှစ်တွင် ဖြန့်ချိသုံးစွဲသူများစွာအတွက် Windows 10 operating system ကို ဖြန့်ချိခဲ့သည်။ ၂၀၁၅ခုနှစ် သြဂုတ်လ  […]

Read More

တစ်ကိုယ်ရေ လုံခြုံရေး ဦးစားပေး Blackphone 2 ကို စက်တင်ဘာလတွင် ဖြန့်ချိမည်

Silent Circle ကုမ္ပဏီသည် သုံးစွဲသူ၏ တစ်ကိုယ်ရေ လုံခြုံရေး ဦးစားပေး မျိုးဆက်သစ် Blackphone 2 ကို စက်တင်ဘာလတွင် ဖြန့်ချိသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ယခုအခါ Silent Circle ဝက်ဘ်ဆိုက်တွင် Blackphone 2 ကိုကြိုတင် မှာယူနိုင်ပြီဖြစ်ကြောင်း သိရသည်။ ယခင် Blackphone သည် စနိုးဒင်၏ အစီရင်ခံစာများပေါ်ထွက်ချိန်အတွင်း ထွက်ပေါ်လာခဲ့ပြီး တစ်ကိုယ်ရေဆိုင်ရာ အချက်အလက်များ ပေါက်ကြားခြင်း မရှိစေရန် ဖန်တီးထားသည့် ထုတ်ကုန်တစ်မျိုးဖြစ်သည်။ Black phone 2 သည် ယခင်ထုတ်ကုန်ကို အဆင့်မြှင့်တင်ထားခြင်းဖြစ်ပြီး မျက်နှာပြင် အရွယ်အစား ၅.၅ လက်မ 1080p ရုပ်ထွက်အရည်အသွေး ပါဝင်လာကာ RAM 3GB နှင့် 1.7 GHz Octa-core ပရိုဆက်ဆာတို့ […]

Read More

Ashley Madison ဝက်ဘ်ဆိုက် အချက်အလက်များကို အွန်လိုင်းတွင် ဟက်ကာများ ထုတ်ပြန်

ဟက်ကာများသည် အမျိုးသားနှင့် အမျိုးသမီးတို့ကို အချိန်းအချက် ပြုလုပ်ပေးသည့် Ashley Madison ဝက်ဘ်ဆိုက်ကို တိုက်ခိုက်ရာမှ ရရှိသည့် သုံးစွဲသူ အချက်အလက်များကို အွန်လိုင်းတွင်  ဖြန့်ချိခဲ့ကြောင်း နည်းပညာ သတင်းဝက်ဘ်ဆိုက် အများအပြားက ဖော်ပြခဲ့သည်။ အဆိုပါ အချက်အလက်များသည် အထူးပြုလုပ်ထားသည့် browser အသုံးပြုမှသာ ကြည့်ရှုနိုင်သည့် dark web (ကွန်ရက်) တွင် ဖော်ပြထားသည်။ သို့ရာတွင် အဆိုပါသတင်း ထွက်ရှိပြီးနောက် အခြားဆိုက်များတွင် ကော်ပိုရေးရှင်း ကုမ္ပဏီနှင့် တက္ကသိုလ်များနှင့် ဆက်စပ်လျက်ရှိသည့် အီးမေးလ်လိပ်စာ ရာပေါင်းများစွာလည်း ထွက်ရှိလာသည်။ ၎င်းအချက်အလက်များကို The Impact Team ဟု အမည်ရသော ဟက်ကာများက ဇူလိုင်လ၌ ပေါက်ကြားခဲ့သည့် အချက်အလက်များကို ရရှိခဲ့ပြီး တိုရွန်တိုမြို့အခြေစိုက် Avid Life Media […]

Read More

မြန်မာနိုင်ငံ၏ ရေကြီးမှုဖြစ်စဉ်တွင် မိုဘိုင်းဖုန်း ဆက်သွယ်မှုကြောင့် အင်တာနက် လူမှုကွန်ရက်မá

မြန်မာနိုင်ငံတွင် လတ်တလော ဖြစ်ပေါ်ခဲ့သော ရေလွှမ်းမိုးခြင်း သဘာဝဘေး အန္တရာယ်ဖြစ်စဉ်တွင် မိုဘိုင်းဖုန်း ဆက်သွယ်မှုများကြောင့်  အင်တာနက် လူမှုကွန်ရက်ပေါ်မှ ကူညီမှုများ အများအပြား ပေါ်ထွက်လာခဲ့ကြောင်း ရန်ကုန် အခြေစိုက်သည့် ပရဟိတ အဖွဲ့အစည်းများမှ စုံစမ်းသိရသည်။ ၂၀၁၅ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်ခန့်မှ စတင်၍ မြန်မာနိုင်ငံ ဒေသအချို့တွင် ရေကြီးသည့်ဖြစ်စဉ် များဖြစ်ပေါ်ခဲ့ပြီးနောက် အချိန် အနည်းငယ်အတွင်းမှာပင် အင်တာနက်ပေါ်ရှိ လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် သတင်းနှင့်ဓာတ်  ပုံများပျံ့နှံ့လာခဲ့ခြင်း ဖြစ်သည်။ သတင်း အချက်အလက်များသည် အချိန်နှင့် တပြေးညီ  အင်တာနက်ပေါ်ရှိ လူမှုကွန်ရက် စာမျက်နှာများသို့ ရောက်ရှိခဲ့ခြင်းကြောင့် ပုဂ္ဂလိကအဖွဲ့များ၏ ကူညီကယ်ဆယ်မှုများ ဆက်တိုက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ဒေသ ရေစကြီးပြီး သိပ်မကြာဘူး။ သတင်းတွေ၊ ဓာတ်ပုံတွေ အင်တာနက်ပေါ် ရောက် ကုန်တယ်လို့ […]

Read More

မြောက်ဥက္ကလာပအိတ်ချိန်းရှိ အော်တိုတယ်လီဖုန်း နံပါတ်များပြောင်းလဲ

မြောက်ဥက္ကလာပအိတ်ချိန်းရှိ အော်တိုတယ်လီဖုန်းနံပါတ်များ ပြောင်းလဲလျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပအိတ်ချိန်း နယ်မြေရှိ အော်တိုတယ်လီဖုန်း နံပါတ်များ ပြောင်းလဲမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန်ခဲ့သည်။ မြောက် ဥက္ကလာပအိတ်ချိန်း နယ်မြေရှိ အော်တိုတယ်လီဖုန်း အမှတ် ဝ၁-( ၆၉၁ ××× ) နှင့် ဝ၁-( ၆၉၂ ××× ) နံပါတ်များအား လက်ရှိ အိတ်ချိန်းအမျိုးအစားမှ ပိုမို ခေတ်မီကောင်း မွန်ပြီး ဝန်ဆောင်မှု အသစ်များ ပေးနိုင်သည့် IP စနစ်သုံး NGN (Next Generation Network) Soft Switch အိတ်ချိန်း၏ MSAN ( Multi Service Access Node) များဖြင့် […]

Read More

Cupertino effect

Cupertino effect ဆိုသည်မှာ စာလုံးပေါင်းစစ်ဆေခြင်းနှင့် အလိုအလျောက် စာလုံးပေါင်းပြင်ဆင်သည့် ပရိုဂရမ် သို့မဟုတ် စမတ်ဖုန်း predictive text feature ၏ မမှန်ကန်သော ခန့်မှန်းမှုနှင့် အစားထိုးခြင်းကို ခေါ်ဆိုသည်။ Cupertino effect ဟူသော အမည်သည် Word ‘97 တွင် တုံးတိုသင်္ကေတ မပါဝင်ဘဲ co-operation ကို စာလုံးပေါင်းသည့်အခါ Cupertino ဟု ခန့်မှန်းဖော်ပြရာမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ Cupertino သည် Apple အခြေစိုက်ရာမြို့အဖြစ် လူသိများသော ကယ်လီဖိုးနီးယားရှိ မြို့ငယ်တစ်ခု ဖြစ်သည်။ Cupertino effect သည် စာရေးသူ၏ ဉာဏ်ရည်ဉာဏ်သွေးကို လျော့နည်းစေသည်။ ဥပမာအနေဖြင့် Microsoft Word တွင် definitely ကို definatly […]

Read More

Lina The Slayer

TI5 တစ်လျှောက်လုံးရွေးချယ်မှုအများဆုံး ၉၁ ခေါက်ဖြင့် ထိပ်ဆုံးမှာ ရပ်တည်ခဲ့ပြီး Mid Lane, Support, Carry Role အမျိုးမျိုးနဲ့ ပြောင်းလဲ ကစားလို့ရတဲ့ Lina ဟာ Intelligence Range Hero တစ်ကောင်ဖြစ်ပါတယ်။ Magic Immune Unit တွေကို ထိုးဖောက် တိုက်ခိုက်နိုင်တဲ့ Ultimate Nuke Ability ပါဝင်နေရုံမကဘဲ AoE, Disable, Passive စသဖြင့် အချိုးကျနစွာ ပေါင်းစပ်ထားတဲ့ Lina ဟာ ယခုနှစ် TI မှာ Professional အကြိုက်ဆုံး Hero တစ်ကောင်ဖြစ်ခဲ့ရပါတယ်။ Dota 2 Hero တွေထဲမှာ ဒုတိယမြောက် Normal Attack […]

Read More

LG G Pad II 10.1 တွင် Snapdragon 800 နှင့် WUXGA screen ပါဝင်မည်

LG သည် စက်တင်ဘာလ အစောပိုင်းတွင် ဘာလင်မြို့၌ ကျင်းပပြုလုပ်မည့် IFA ပြပွဲတွင် LG G Pad II 10.1 ကို တရားဝင် မိတ်ဆက်ပြသမည်ဟု ကြေညာခဲ့သည်။ အဆိုပါ Android အခြေခံ tablet တွင် ၁၀.၁ လက်မ screen နှင့် 2.26GHz quad-core Qualcomm Snapdragon 800 ပရိုဆက်ဆာအပြင် 5-megapixel ကျောဘက်ကင်မရာနှင့် 2-megapixel အရှေ့ကင်မရာတို့ ပါဝင်သည်။ Android 5.1.1 (Lollipop) ကို အသုံးပြုထားပြီး 2GB RAM, 16GB internal storage နှင့် microSD တို့ဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ ကျန်အသေးစိတ် အချက်အလက်ကို စက်တင်ဘာလ […]

Read More

Lazesoft Recovery Suite Home

http://goo.gl/5I48em  ဆော့ဖ်ဝဲအမျိုးအစား  – Backup Software ဗားရှင်း  – 4.1     ဖိုင်အရွယ်အစား  – 29.9 MB အသုံးပြုနိုင်သည့် OS  – Windows XP/Vista/7/8/10 Windows Opreating System အတွက် အသုံးပြုနိုင်မယ့်  Recovery software အမျိုးအစားတစ်ခု ဖြစ်သလို၊ Windows Password မေ့သွားရင်လည်း အသစ်ပြန်လည် ဖန်တီးပေးနိုင်မယ့် ဆော့ဖ်ဝဲအမျိုးအစား တစ်ခုဖြစ်ပါတယ်။ အဆိုပါ ဆော့ဖ်ဝဲကို CD, USB အစရှိတာတွေမှာ ထည့်သွင်းပြီး အသုံးပြုရ မှာ ဖြစ်ပါတယ်။ အခမဲ့ download လုပ်ယူနိုင်မှာဖြစ်ပြီး စွမ်းဆောင်ရည် ကောင်းမွန်အောင် စီစဉ်ပေးထားတဲ့ ဆောဖ့်ဝဲအမျိုးအစား တစ်ခုဖြစ်ပါတယ်။

Read More

GSM Watch

ဖုန်းတစ်လုံးကဲ့သို့ အသုံးပြုနိုင်မည့် AK- A39 မော်ဒယ် GSM watch Camera ဖြစ်သည်။ GSM ဆင်းမ်ကတ် (850 MHz, 900 MHz, 1800 MHZ, 1900 MHz) ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်သည်။ Storage Memory အတွက် Micro SD card ဖြင့် 32 GB အထိ ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်သည်။ စမတ်ဖုန်းဖြင့် ချိတ်ဆက်ပြီး Smart watch တစ်လုံးကဲ့သို့လည်း အသုံးပြုနိုင်မည် ဖြစ်သည်။  SMS, FacebooK, Skype, Twitter စသည့် Notification များကိုလည်း watch တွင် တွေ့ မြင်နိုင်မည်ဖြစ်သည်။ Alarm, Calendar, Pedometer, Remote, […]

Read More