Day: September 3, 2015

အခြေခံဝေါဟာရသင်ခန်းစာ – The Living Room (ဧည့်ခန်း)

အင်္ဂလိပ်စာဝေါဟာရများ လေ့လာမှုအနေနဲ့ အင်္ဂလိပ်လူမျိုးတွေရဲ့ the living room (ဧည့်ခန်း) အတွင်းမှာရှိတတ်တဲ့ ပစ္စည်းများရဲ့အခေါ်အဝေါ်ကို လေ့လာကြပါမယ်။ The living room (ဧည့်ခန်း) ကို တစ်ခါတစ်ရံလည်း a lounge (လောင့်ဂ်ျ) လို့ခေါ်ဝေါ်လေ့ ရှိပြီး ပုံမှန်ဧည့်ခန်း တစ်ခုအတွင်းမှာ ပစ္စည်းပေါင်းများစွာ ရှိတတ်ပါတယ်။ Bookcase (ဘွတ်ခ်ကေ့စ်) လို့ ခေါ်တဲ့ စာအုပ်စင်ကတော့ စာအုပ်ထားရန်နေရာသပ်သပ် မဟုတ်ပါဘူး။ အဲ့ဒီမှာပါတဲ့အဆင့်များကို သင့်အတွက်အရေးကြီးတဲ့ အခြားအရာများကို ပြသရန်လည်း အသုံးပြုနိုင်ပါတယ်။ လူတွေကတော့ မကြာခဏ photos (ဓာတ်ပုံ) သို့မဟုတ် pictures (ပန်းချီကား) တို့ကိုထားတတ် ကြပါတယ်။ Photo (ဓာတ်ပုံ) တို့ picture (ပန်းချီကား) တို့ဆိုတဲ့ စကားလုံးတို့ဟာ အပြန်အလှန် လဲလှယ် […]

Read More

iOS app အတွက် pop-out video viewer ကို Facebook စမ်းသပ်နေ

Facebook သည် အွန်လိုင်းဗီဒီယို ကြည့်ရှုနိုင်မည့် နည်းလမ်းသစ်တစ်ရပ်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ သုံးစွဲသူအချို့သည် Facebook iOS app တွင် carousel ဟူခေါ်သော မြင်ကွင်းပုံစံသစ်ကို တွေ့ရှိခဲ့ကြကြောင်း Twitter မှတစ်ဆင့် ဝေမျှခဲ့ကြသည်။ ထို့အပြင် pop-out, picture-in-picture ပုံစံ လုပ်ဆောင်ချက်များကိုလည်း တွေ့မြင်ခဲ့ရသည်ဟု ဆိုခဲ့ကြသည်။ Pop-out video viewer သည် ဗီဒီယိုကို News Feed နှင့်ယှဉ်လျက် သုံးနိုင်သောကြောင့် Facebook သုံးစွဲသူက ဗီဒီယိုကို ကြည့်ရှုရင်း News Feed ကို အပေါ်နှင့် အောက်သို့ scroll လုပ်နိုင်မည် ဖြစ်သည်။ Ref: TNW

Read More

ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေး Kyeet (ကြည့်) Application ကို မကြာခင် မိတ်ဆက်မည်

ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို လွယ်ကူစွာ လေ့လာနိုင်ပြီး ရွေးကောက်ပွဲ ကာလအတွင်း ကြုံတွေ့ရသည့် အခက်အခဲများကို မျှဝေနိုင်သော Kyeet (ကြည့်) Mobile Application ကို စက်တင်ဘာလကုန်ပိုင်း၌ မိတ်ဆက် ပေးသွားမည်ဟု MIDO မှ မရတနာထွန်းက ပြောသည်။ Kyeet (ကြည့်) ဟု အမည်ပေးထားသည့် Mobile Application ကို Website အနေဖြင့် www.kyeet.org ဟူ၍ လွှင့်တင်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲကို စိတ်ပါ ဝင်စားသည့် မည်သူမဆို သတင်းအချက်အလက် ရယူခြင်းနှင့် သတင်းအချက်အလက် ပေးပို့ခြင်းတို့ကို ပြုလုပ်ဆောင်ရွက်နိုင်မည်ဟု သိရသည်။ “ရွေးကောက်ပွဲ ကာလအတွင်းမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို သတင်းတင်ပေးနေတာမျိုးပါ။ ဒီနေရာမှာ နှစ်မျိုးရှိပါတယ်။ ကျွန်မတို့ရဲ့ မိတ်ဖက် အဖွဲ့အစည်းတွေဆီက လာတဲ့ […]

Read More

MotoExpo Mobile Application အား အခမဲ့ ရယူနိုင်မည်

YangonHeartz Bussiness Solution မှ ထုတ်ဝေလျက်ရှိသည့် မော်တော်ကားမဂ္ဂဇင်း တစ်စောင်ဖြစ်သော MotoExpo ကို Google Play Store ၌ အခမဲ့ Download ရယူကာ ဖတ်ရှုနိုင်ပြီဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ အခု Application ကို Android ဖုန်းများ အတွက်ပဲ ထုတ်လုပ်သေးတာ ဖြစ်ပါတယ်။ အခု ဗားရှင်းကိုလည်း သုံးစွဲသူများ ကျေနပ်မှုရှိအောင် နေ့စဉ် ကံစမ်းမဲ အစီအစဉ်တွေလည်း ပါဝင်ပြီး အခြားထူးခြားတဲ့ အစီအစဉ်ပေါင်းများစွာနဲ့ ဖြန့်ချိသွားမှာပါ။ ကျွန်တော်တို့ရဲ့ဒီ MotoExpo မော်တော်ကားမဂ္ဂဇင်းကို အင်တာနက် Website ဖြစ်တဲ့ www.motoexpomm.com နဲ့ Social Media ဖြစ်တဲ့ Facebook မှာလည်း www.facebook.com/motoexpomm ကို ဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါပြီ” […]

Read More

ပညာရေးနှင့် ပတ်သက်သည့် Application များ ဝင်ရောက်ယှဉ်ပြိုင်ကြရန် Telenor က ဖိတ်ခေါ်

နော်ဝေနိုင်ငံ အော်စလိုမြို့၌ ကျင်းပမည့် Digital Winners 2015 အတွက် ပညာရေးနှင့် ပတ်သက်သော Application များ ဝင်ရောက်ယှဉ်ပြိုင်ကြရန် Telenor Myanmar က ဖိတ်ခေါ်ထားသည်။ Digital Winners Award ဆိုသည်မှာ ICT Innovators များနှင့် Entrepreneurs များကို အသိအမှတ်ပြုသည့် ပွဲတစ်ခုဖြစ်ပြီး နော်ဝေနိုင်ငံ အော်စလိုမြို့၌ နှစ်စဉ် အောက်တို ဘာလတွင် ကျင်းပလေ့ရှိကြောင်းသိရသည်။ Telenor ကွန်ရက်တည်ရှိရာ ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှိ၊ မြန်မာ၊ ထိုင်းနှင့် မလေးရှား နိုင်ငံတို့မှ ကိုယ်စားပြု App Developer အဖွဲ့ကို Telenor ရုံးချုပ်တည် ရှိရာ အော်စလိုမြို့သို့ စေလွှတ်၍ ပြိုင်ဆိုင်စေခြင်းဖြစ်ပြီး ပထမဆုအဖြစ် နော်ဝေငွေ ခရိုနာ […]

Read More

စက်တင်ဘာ ၉ ရက်တွင် iPad Pro ကို Apple မိတ်ဆက်မည်ဟုဆို

Apple သည် လာမည့် ရက်သတ္တပတ်တွင် ကျင်းပမည့် ပွဲ၌ iPhone သစ်များအပြင် အရွယ်ကြီးမားသည့် iPad Pro ကို ပွဲထုတ်မိတ်ဆက်ဖွယ်ရှိကြောင်း 9to5Mac မှ ဖော်ပြခဲ့သည်။ နည်းပညာကုမ္ပဏီကြီးသည် စက်တင်ဘာ ၉ ရက် ပွဲတွင် iPad Pro နှင့် iPad Mini 4 သစ်တို့ကို မိတ်ဆက်ဖွယ်ရှိကြောင်း 9to5Mac က ယုံကြည်ရသော ရင်းမြစ်များကို ကိုးကားကာ ဖော်ပြခဲ့သည်။ ယခုအခါတွင် Apple ၏ ဝင်ငွေ သုံးပုံနှစ်ပုံကျော်သည် iPhone မှ ရရှိခြင်း ဖြစ်ပြီး သုံးလပတ် iPad ရောင်းချမှုနှုန်းကလည်း တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာလျက်ရှိသည်။ ထို့အတွက်ကြောင့် tablet များအပေါ် သုံးစွဲသူများ၏ စိတ်ဝင်စားမှု ပြန်လည်ရရှိလာစေရန်အတွက် […]

Read More

Samsung ၏ အကူအညီဖြင့် လက်တော့ပ်ဈေးကွက်သို့ Xiaomi ဝင်ရောက်ဖွယ်ရှိ

Mi စမတ်ဖုန်းများဖြင့် တရုတ်နိုင်ငံရှိ Apple ဈေးကွက်ရှယ်ယာများကို ရယူနိုင်ခဲ့သော Xiaomi သည် လက်တော့ပ်ဈေးကွက်တွင် Apple နှင့် ယှဉ်ပြိုင်ရန် စီစဉ်နေကြောင်း သိရသည်။ Xiaomi သည် ထုတ်ကုန်သစ်အတွက် screen များနှင့် memory အစိတ်အပိုင်းများ ထောက်ပံ့ပေးဖွယ်ရှိသော အီလက်ထရွန်နစ် ကုမ္ပဏီကြီးဖြစ်သည့် Samsung နှင့် ဆွေးနွေးနေကြောင်း Bloomberg မှ ဖော်ပြခဲ့သည်။ အမည်မဖော်ပြထားသော ရင်းမြစ်များ၏ ပြောကြားချက်ကို ကိုးကားသော Bloomberg ၏ ဖော်ပြချက်အရ ၎င်းလက်တော့ပ်ကို ၂၀၁၆ ခုနှစ် အစောပိုင်းတွင် ဖြန့်ချိဖွယ်ရှိကြောင်းနှင့် ဘေဂျင်းအခြေစိုက် ကုမ္ပဏီအနေဖြင့် Apple ၏ MacBok Air နှင့် ယှဉ်ပြိုင်နိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။ ကမ္ဘာ့စတုတ္ထအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီဖြစ်သည့် Xiaomi […]

Read More

Final Fantasy Type 0 HD

Final Fantasy Type-0 HD ဂိမ်းသစ်ကို developer နှင့် publisher Square Enix က developer Hexa Drive နဲ့ ပူးပေါင်းဖန်တီးထားတဲ့ ဂိမ်းဖြစ်ပြီး ၂၀၁၅ ခုနှစ် အစောပိုင်းကတော့ PS4 နှင့် Xbox One ဂိမ်းစက်တွေမှာ ထွက်ရှိထားခဲ့ပြီး ဖြစ်ပါတယ်။ PS4 နှင့် Xbox One version တွေမှာတော့ ၂၀၁၆ မှာ ထွက်ရှိမယ်လို့ ကြော်ငြာထားတဲ့ Final Fantasy XV ဂိမ်းသစ်ကို စမ်းသပ်ကစားနိုင်မယ့် Demo ပါဝင်ထားပေမယ့် PC version မှာတော့ Final Fantasy XV ရဲ့ Demo မပါဝင်ထားပါဘူး။ Official HD […]

Read More

Micro Powerbank

iPhone, iPad ကဲ့သို့ Apple အမှတ်တံဆိပ် ပစ္စည်းများအပြင် DC 5V ဖြင့် အသုံးပြုရသော လျှပ်စစ်ပစ္စည်းငယ်များအတွက် အဆင်ပြေစေမည့် Micro အမှတ်တံဆိပ် Powerbank ဖြစ်သည်။ 12000 mAh ပါဝင်သည့်အတွက် အချိန်ကြာကြာ အသုံးပြုနိုင်မည်ဖြစ်သည်။ DC Output ကို သုံးခုအထိ ထည့်သွင်း တည်ဆောက်ပေးထား သည့်အတွက် ထုတ်ကုန်သုံးခုအထိ တစ်ပြိုင်နက် အားပြန်သွင်းပေးနိုင်မည်ဖြစ်သည်။ DC 5V 1 A နှင့် ဖြစ်သည်။ အမြန်အားသွင်းစနစ်မပါဝင်ဘဲ Bank ထဲမှ အားလက်ကျန်ကို LED မီးဖြင့် အချက်ပြပေးမည်ဖြစ်သည်။ အိတ်ဆောင်အရွယ်အစားဖြစ်ပြီး အရေးပေါ်သုံး LED ဓာတ်မီးငယ်လည်း ပါဝင်သည်။ အားပြန်သွင်း ရန်အတွက်  USB ဖြင့် အသုံးပြုရပြီး AC […]

Read More

Bluetooth Keyboard

Smart Phone, tablet များဖြင့် တွဲဖက်၍ အသုံးပြုနိုင်သည့် Bluetooth keyboard ဖြစ်သည်။ Key များကို ရာဘာသားဖြင့် ပြုလုပ်ပေးထားပြီး အသာထိတွေ့ရုံဖြင့် သက်သောင့်သက်သာစွာ key တစ်လုံးချင်းစီကို အသုံးပြုနိုင်မည်ဖြစ်သည်။ Fn key ပါဝင်သောကြောင့် Mutimedia function key များကို အသုံးပြုသည့်အခါ အဆင်ပြေစေနိုင်မည် ဖြစ်သည်။ Bluetooth Version 3.0 ဖြစ်ပြီး Bluetooth စနစ်ပါဝင်သော မည်သည့်ထုတ်ကုန်ဖြင့်မဆို အလွယ်တကူ ချိတ်ဆက် အသုံးပြုနိုင်မည် ဖြစ်သည်။ folding Design ဖြစ်သောကြောင့် သွားလေရာသို့ အလွယ်တကူ သယ်ဆောင်သွားနိုင်မည်ဖြစ်သည်။ တန်ဖိုးမှာ ၂၇,၈၀၀ ကျပ်ဖြစ်ပြီး [email protected] ဖုန်း ၀၁-၂၅၂၆၂၇ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။

Read More