Day: September 4, 2015

Microsoft Outlook နှင့် Google Calendar ချိတ်ဆက်ခြင်း

Google Calendar အသုံးပြုပြီး မိတ်ဆွေသူငယ်ချင်း မွေးနေ့များ၊ အမှတ်တရနေ့များနှင့် အလုပ်နှင့် ပတ်သက်သည်များကို မှတ်သားထားသူများအတွက် Outlook Express email client နှင့် ချိတ်ဆက်နိုင်မယ့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ရုံးလုပ်ငန်းတွေမှာ အသုံးများတဲ့ Outlook Express email client မှာ Google Calendar ကို မချိတ်ဆက်ပေးထားတဲ့ အတွက် Google calendar ကိုအမြဲ အသုံးပြုနေကျတဲ့ သူတွေအနေနဲ့ သီးသန့် Google calendar ကိုသွားရောက် အသုံးပြုနေ ရပါလိမ့်မယ်။ ဒါကြောင့် အဆိုပါ ပြဿနာကနေ ဖြေရှင်းနိုင်ဖို့အတွက် Google calendar ကို outlook မှာချိတ်ဆက်ပြီး အသုံးပြုနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ Microsoft Outlook နှင့် Google […]

Read More

နောက်ဆုံးအပြီးသတ် မဲဆန္ဒရှင်စာရင်းကို သွားရောက်ကြည့်ရှုရန် အွန်လိုင်း၌ ကမ့်ပိန်းပြုလုပ်

မြန်မာတစ်နိုင်ငံလုံး၏ မဲဆန္ဒရှင်စာရင်းကို စက်တင်ဘာလ ၁၄ ရက်မှ ၂၇ ရက်အထိ ကြေညာမည်ဖြစ်ပြီး အဆိုပါ မဲဆန္ဒရှင်စာရင်းကို သွားရောက်ကြည့်ရှုကြရန်အတွက် အွန်လိုင်း hashtag ကမ့်ပိန်းတစ်ခုပြုလုပ်ရန် စီစဉ်နေသည်ဟု သိရသည်။ မည်သည့် ဘာသာစကားဖြင့်မဆို ရေးသားထားသည့် “မဲစာရင်းသွားကြည့်စို့” ဟု အဓိပ္ပာယ်ရသည့် စာတန်းကို ကိုင်ဆောင်ထားသည့် မိမိဓာတ်ပုံ (သို့မဟုတ်) မဲစာရင်း သွားရောက် စစ်ဆေးနေသည့် မိမိဓာတ်ပုံကို Facebook တွင် Public အနေဖြင့် တင်ပေးသည့် အစီအစဉ်တစ်ခုဖြစ်ပြီး အဆိုပါအစီအစဉ်အတွက် Facebook စာမျက်နှာ၌ စည်းရုံးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။ ဓာတ်ပုံနှင့်အတူ စာသားများရေးသားရာတွင် မဲစာရင်းကို စစ်ဆေးသင့်သည့် အကြောင်းအရာများ ၊ မဲစာရင်းစစ်ဆေးခြင်း၏ အရေးပါမှု အခြေအနေများကို ပူးတွဲ တင်ဆက်နိုင်ကြောင်းနှင့် မိမိ ကိုယ်တိုင်သည်လည်း မဲပေးရမှု […]

Read More

ငွေကျပ် သိန်း ၃ ထောင်နီးပါး SMS မှတစ်ဆင့် အလှူငွေ ရရှိခဲ့သည်ဟု MPT ပြော

၂၀၁၅ ခုနှစ် သြဂုတ်လ ၆ ရက်မှ စတင်၍ ရေဘေးအတွက် SMS မှတစ်ဆင့် အလှူခံခဲ့သော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) သည် သြဂုတ် ၃၁ ရက်နေ့၌ ငွေကျပ် သိန်းပေါင်း ၃ ထောင်နီးပါး (၂၉၆,၅၃၀,၅၀၀) ကို လက်ခံရရှိခဲ့သည်ဟု သိရသည်။ မိုဘိုင်းဖုန်း အသုံးပြုသူ ၁၀ သန်းကျော် ပိုင်ဆိုင်ထားသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ရေဘေးအတွက် SMS ဖြင့် အလှူခံနေခြင်းဖြစ်ပြီး အဆိုပါ အလှူငွေ လက်ခံခြင်းကို အချိန်ကာလတစ်ခုအထိ ဆက်လက်လုပ်ဆောင်သွားမည်ကြောင်း သိရသည်။ ၎င်းတို့သည် SMS မှတစ်ဆင့် ရရှိလာသည့် အလှူငွေများကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီသို့ ပြန်လည်လှူဒါန်းခြင်းဖြစ်ပြီး အဆိုပါကော်မတီမှ တစ်ဆင့် ရေဘေးသင့်ဒေသများ အတွက် […]

Read More

Facebook ၏ WhatsApp ကို လစဉ် အသုံးပြုသူ သန်း ၉၀၀ ကျော်ရှိလာ

Messaging app ဖြစ်သော WhatsApp သည် ပိုမိုနာမည်ကျော်ကြားလာပြီး လစဉ်သုံးစွဲသူဦးရေမှာလည်း မြင့်တက်လာခဲ့သည်။ Facebook ပိုင်ဆိုင်သော WhatsApp ကို လစဉ်သုံးစွဲသူ ဦးရေသည် သန်း ၉၀၀ ကျော်ရှိလာခဲ့ကြောင်း WhatsApp အမှုဆောင်အရာရှိချုပ် ဂျန်ကိုရန်က Facebook ပို့စ် တစ်ခုဖြင့် ရေးသား ပြောကြားခဲ့သည်။ WhatsApp ကို သုံးစွဲသူသည် ဧပြီလက သန်း ၈၀၀ ရှိရာမှ သန်း ၁၀၀ ခန့် မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ တိုးတက်မှုနှုန်းမှာ တစ်နှစ် အတွင်း ၅၀ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။ ပြီးခဲ့သည့်နှစ်က Facebook မှ အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံဖြင့် ဝယ်ယူခဲ့ပြီးနောက် WhatsApp ၏ တိုးတက်မှုနှုန်းမှာ တစ်သမတ်တည်း ရှိခဲ့သည်။ […]

Read More

4K iMac ကို အောက်တိုဘာလတွင် ဖြန့်ချိရန် Apple စီစဉ်နေ

Apple သည် 4K display ပါဝင်သော ၂၁.၅ လက်မ iMac ဗားရှင်းသစ်ကို ယခုနှစ်ကုန်ပိုင်းတွင် ဖြန့်ချိရန် စီစဉ်နေကြောင်း 9to5Mac ၏ ယုံကြည်အားထားရသော ရင်းမြစ်များ၏ အဆိုအရ သိရသည်။ အဆိုပါ iMac ကို OS X El Capitan နှင့်အတူ အောက်တိုဘာလကုန်တွင် မိတ်ဆက်ရန်နှင့် နိုဝင်ဘာလအစတွင် တင်ပို့ရောင်းချရန် Apple မှ စီစဉ်ထားသည်။ OS X ဗားရှင်းသစ် El Capitan တွင် ပါဝင်သော code အချို့အရ ၂၁.၅ လက်မ iMac ၏ 4K display သစ်ကို 4096 x 2304 resolution ဖြင့် အသုံးပြုနိုင်မည်ဟု […]

Read More

Easi Mobile Agent ပေါင်း ၁၁၀ ကျော် ဖွင့်လှစ်ပြီးဖြစ်ကြောင်း သိရ

Easi Mobile Agent ပေါင်း ၁၁၀ ကျော် ဖွင့်လှစ်ပြီး ဝန်ဆောင်မှုပေးလျက် ရှိသည်ဟု သမဝါယမဘဏ် မှ တာဝန်ရှိသူက ပြောသည်။ အဆိုပါဝန်ဆောင်မှုမှာ ငွေလွှဲခြင်း၊ ငွေထုတ်ယူခြင်း Deposite Account ထဲသို့ ငွေသွင်းခြင်းများကို ဆောင်ရွက်ပေးခြင်း ဖြစ်သည်။ “Easi Mobile Agent ပေါင်း ၁၁၀ ကျော်သွားပါပြီ။ အဲ့ဒီအတွက်ကြောင့် CB Bank အနေနဲ့ ငွေလွှဲလို့ရတဲ့နေရာ၊ ငွေသွင်းလို့ရတဲ့ နေရာပေါင်း စုစုပေါင်း ၂၄၀ ကျော် ရှိသွားပြီ။ အဲ့ဒါတွေက နောက်ဆိုရင် ပိုပိုပြီး များလာတာနဲ့အမျှ ငွေထုတ်ချင်ရင် လမ်းထိပ်ထွက်တာနဲ့ ထုတ်လို့ရမယ်ဆိုတဲ့ အခြေအနေ ဖြစ်လာအောင် ဆောင်ရွက်နေ ပါတယ်။ ရွာတွေလို နေရာမျိုးတွေမှာတောင် ငွေထုတ်ယူ သုံးစွဲနိုင်အောင် ဝန်ဆောင်မှုပေးနေပါတယ်”ဟု […]

Read More

နေစွမ်းအင်သုံး မောင်သူမဲ့လေယာဉ်ကို မြန်မာကတီထွင်

ကောင်းကင်၌ ၁၀ နာရီအကြာ ပျံသန်းနိုင်မည့် နေစွမ်းအင်သုံး မောင်းသူမဲ့ လေယာဉ်ကို တီထွင် ဖန်တီးနေသည်ဟု မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသ ပညာ တက္ကသိုလ်၊ မောင်းသူမဲ့ လေယာဉ် သုတေသနဌာနမှ အဖွဲ့ခေါင်းဆောင် ဒေါက်တာသဲမောင်မောင်က ပြောသည်။ နေစွမ်းအင်သုံး မောင်းသူမဲ့ လေယာဉ်ကို ပထမဦးဆုံးအနေဖြင့် လွန်ခဲ့သော ၃ လခန့်မှ စတင်၍ သုတေသန ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လာမည့် ဒီဇင်ဘာလ အတွင်း သုတေသန လုပ်ငန်း ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း ဒေါက်တာသဲမောင်မောင်က ဆိုသည်။ “ဆိုလာတွေရောက်နေပြီ။ ဒီဇင်ဘာလောက်တော့ ပြီးမယ်လို့ ခန့်မှန်းထားတယ်။ ဒီဇိုင်းပိုင်းတွေနဲ့ အခြားနည်းပညာပိုင်းတွေက ကျွန်တော်တို့ဆီမှာ ရှိပြီးသား ဆိုတော့ ပါဝါလိုင်း အတွက်ပဲ ကျွန်တော်တို့ သုတေသနလုပ်ရတယ်” ဟု ၎င်းက ပြောသည်။ […]

Read More

Retro VHS Camcorder & Camera

Retro VHS Camcorder & Camera app သည် ဓာတ်ပုံရိုက်ကူးနိုင်သလို VHS Video များကိုလည်း ရိုက်ကူးနိုင်ရန်အတွက် စီစဉ်ပေးထားသည့် app တစ်ခု ဖြစ်သည်။ ထို့အပြင် အဖြူ အမည်း ဓာတ်ပုံများကိုလည်း ရိုက်ကူးနိုင်ရန်အတွက် စီစဉ်ပေးထားသည့် app တစ်ခုလည်း ဖြစ်သည်။ Download ပြုလုပ်လိုသူများအနေဖြင့် iTunes တွင် download ပြုလုပ်နိုင်မည်ဖြစ်ပြီး download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 67.7MB ခန့် ရှိမည်ဖြစ်သည်။ iOS version 7.1 နှင့်အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More

MiniTool Photo Recovery for Mac

Mac OS ပေါ်တွင် ပျောက်ဆုံးသွားသည့် ဓာတ်ပုံများကို ပြန်လည်ရှာဖွေ ပေးနိုင်မည့် ဆော့ဖ်ဝဲတစ်ခု ဖြစ်သည်။ အဆိုပါ ဆော့ဖ်ဝဲသည် Digital Camera, SD Card အစရှိသည်တို့တွင် ထည့်သွင်းထားသည့် ဓာတ်ပုံများ ပျက်စီးပျောက်ဆုံးလျှင်လည်း ပြန်လည်ရှာဖွေနိုင်စေရန်အတွက် စီစဉ်ပေးထားသည်။ Download ပြုလုပ်လိုသူများအနေဖြင့် အခမဲ့ရယူနိုင်မည်ဖြစ်ပြီး download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 16.61MB ခန့် ရှိမည်ဖြစ်သည်။ Mac OS 10.5 မှ 10.9 အထိ ထည့်သွင်းအသုံးပြုနိုင်မည့် ဆော့ဖ်ဝဲတစ်ခု ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More

ပြည်တွင်း မိုဘိုင်းကွန်ရက် အော်ပရေတာများအား ဂြိုဟ်တု ဝန်ဆောင်မှုပေးရန် စီစဉ်

ပြည်တွင်း မိုဘိုင်းကွန်ရက် အော်ပရေတာများအား ဂြိုဟ်တုဝန်ဆောင်မှု ပေးရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သြဂုတ်လ ၃ ရက်က ပြုလုပ်ခဲ့သော O3b Networks workshop အခမ်းအနားတွင် 03b Network ၏ တာဝန်ရှိသူက ပြောသည်။ Mobile Network Operators (MNOs) များအား ဖိုက်ဘာစနစ် အသုံးပြုစရာမလိုဘဲ ဝန်ဆောင်မှုပေး သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဂြိုဟ်တုစနစ်ဖြင့် နိုင်ငံတကာ ဆက်သွယ်မှု (International Connectivity) ပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။ “မနှစ်ကစာရင်းအရ မြန်မာနိုင်ငံမှာ ဖေ့ဘုတ်အသုံးပြုတဲ့သူ ငါးသန်းကျော်ရှိတယ်လို့ သိရပါတယ်။ အများဆုံးက မိုဘိုင်းဖုန်းကနေ အသုံးပြုတာလို့လည်း သိရပါတယ်။ O3b Networks အနေနဲ့ မိုဘိုင်းကွန်ရက် အော်ပရေတာတွေအတွက် ဆောင်ရွက်ပေးနိုင်ပါတယ်” ဟု ပြောကြားသည်။ အဆိုပါ ကုမ္ပဏီအနေဖြင့် […]

Read More