Day: September 7, 2015

Samsung Galaxy Note 5

Device Support – Samsung Price – 880,000 Ks အားသာချက် နည်းပညာပိုင်းနှင့် ဖုန်း၏လုပ်ဆောင်ချက် ပိုင်းများတွင် မြင့်မားသော ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး ဖုန်းတွင်ထည့်သွင်း အသုံးပြုထားသော Hardware ပိုင်းများတွင်လည်း ကောင်းမွန်သည်။ ကင်မရာပိုင်းတွင် အဆင့်မြှင့်တင်မှုများ ရှိနေသည့်အပြင် အသံစနစ်ပိုင်း၊ ကွန်ပျူတာနှင့် ချိတ်ဆက် အသုံးပြုခြင်းအပိုင်း၊ Note စနစ်ပိုင်းများတွင် ကောင်းမွန်သော နည်းပညာများကို အသုံးပြုထားသော ဖုန်းဖြစ်သည်။ အားနည်းချက် ဖုန်းတွင်ပါဝင်သော Pen မှာ ပြောင်းပြန်ထည့်မိပါက ပျက်နိုင်ကြောင်း သိရသည်။ Note Pen ၏အပေါက်မှာ ပြောင်းပြန်မှားယွင်း ထည့်သွင်းမိ နိုင်စေရန်အတွက် Pen ၏နောက်ဘက်ပိုင်းနှင့် လည်းအံဝင်ခွင်ကျ ဖြစ်နေမည်ဖြစ်သည်။ မြင်ကွင်း ရှေ့ဘက် Screen မျက်နှာပြင်မှာ Super […]

Read More

ဖုန်းအားသွင်းရာတွင် မြန်ဆန်စေသည့် ဘက်ထရီ software ကို Qnovo ဖန်တီးလျက်ရှိ

Qnovo သည် မိုဘိုင်းထုတ်ကုန်များကို အားသွင်းရာတွင် ပိုမိုမြန်ဆန်စေရန် နည်းလမ်းတစ်ရပ်ကို ဖော်ဆောင်လျက်ရှိပြီး လာမည့်နှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ဆဲလ်ဖုန်းများတွင် ၎င်းနည်းပညာ ပါဝင်လာနိုင်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။ သက်တမ်း ၅ နှစ်ရှိပြီဖြစ်သော Qnovo ကုမ္ပဏီသည် U.S Venture Partners နှင့် BlueRun Ventures အပြင် RockPort  Capital နှင့် Intel ၏ အရင်းအနှီး ထုတ်ပေးသည့် အဖွဲ့အစည်းမှ အပါအဝင် ငွေကြေးထပ်တိုး ကန်ဒေါ်လာ ၈.၆ သန်း ရရှိထားသည်။ လက်ရှိအချိန်ထိ Qnovo  သည် ကန်ဒေါ်လာ ၂၃ သန်း ရရှိထားကြောင်း သိရသည်။ Qnovo အနေဖြင့် ၂၀၁၅ ခုနှစ်တွင် ၎င်းတို့၏ ပထမဆုံးစီးပွားဖြစ် ဆဲလ်ဖုန်းများအတွင်း […]

Read More

ဗီယက်နမ် ဆက်သွယ်ရေး ကုမ္ပဏီက အင်တာနက် ဆက်သွယ်ရေးနှင့် ဆက်စပ် ဝန်ဆောင်မှုများ ပေးမည်

ပြည်တွင်းဆက်သွယ်ရေး ကဏ္ဍတွင် ဗီယက်နမ်နိုင်ငံအခြေစိုက် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် FPT က အင်တာနက်ဆက်သွယ်ရေး ဝန်ဆောင်မှုနှင့် ဆက်စပ် လုပ်ငန်းများအား ဝန်ဆောင်မှုပေးသွားရန် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်၊ နည်းပညာ ဝန်ကြီး ဌာနနှင့် သဘောတူညီထားပြီး ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ ဗီယက်နမ် ဆက်သွယ်ရေးကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍတွင် ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အစိုးရတာဝန်ရှိသူများနှင့် သဘော တူညီလိုက်ခြင်းဖြစ်ပြီး အင်တာနက် ဝန်ဆောင်မှု အပါအဝင်၊ အခြား ဆက်သွယ်ရေး ကဏ္ဍများဖြစ်သော ကွန်ရက် တည်ဆောက်သည့် ဝန်ဆောင်မှု၊ Online Game  ဝန်ဆောင်မှု၊  ကုန်သွယ်ရေးနှင့် ပတ်သက်သည့် သတင်း အချက်အလက်ပေးသည့် ဝန်ဆောင်မှုများကို ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလည် နည်းပညာ ဝန်ကြီးဌာနနှင့် FPT […]

Read More

ထိုင်းနိုင်ငံ ချင်းမိုင် တက္ကသိုလ်တွင် မြန်မာဘာသာ သင်ကြားနိုင်ရန် အတွက် မြန်မာစင်တာ စတင်ဖွá€

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ချင်းမိုင် တက္ကသိုလ်တွင် မြန်မာစာဘာသာရပ်၊ ယဉ်ကျေးမှုနှင့်ဓလေ့ရိုးရာများကို ဘာသာရပ်တစ်ခု အနေဖြင့် ထည့်သွင်းသင်ကြားနိုင်ရန် အတွက် မြန်မာစင်တာ  (Myanmar Center) ကို ယခုလပထမပတ်က စတင် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း အဆိုပါတက္ကသိုလ်တွင် မြန်မာစာ သင်ကြားပေးနေသည့် ဆရာများထံမှ သတင်းရရှိသည်။ ချင်းမိုင်တက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် မြန်မာကောင်စစ်ဝန်တို့က မြန်မာစင်တာကို ယခုလ ၂ ရက်က တက်ရောက် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။ “ကျွန်မတို့ မြန်မာစင်တာကို ဖွင့်လှစ်လိုက်ရတဲ့ရည်ရွယ်ချက် က ထိုင်းလူမျိုးပဲဖြစ်ဖြစ်၊ တခြား ဘယ်နိုင်ငံခြားသားပဲဖြစ်ဖြစ်၊ မြန်မာစာပေနဲ့ယဉ်ကျေးမှုတွေကို  လေ့လာလို့ ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ” ဟု ချင်းမိုင်တက္ကသိုလ်တွင် မြန်မာစာသင်ကြားနေသည့် ဆရာမတစ်ဦးဖြစ်သူ ဒေါ်ယမင်းရွှေစင်ထိုက်က အင်တာနက် ဂျာနယ်သို့ ပြောကြားသည်။ ယခုလက်ရှိဖွင့်လှစ်လိုက်ပြီ ဖြစ်သည့်မြန်မာစင်တာတွင် လာမည့်နှစ်၌ မြန်မာစာဘာသာကို […]

Read More

WeChat နှင့် Ooredoo Myanmar တို့ ပူးပေါင်း၍ အခမဲ့သုံးစွဲခွင့်ရမည့် ဝန်ဆောင်မှုအချို့ကို ယနေ့ စတင်

လူမှုဆက်သွယ်ရေး app တစ်ခုဖြစ်သည့် WeChat နှင့် Ooredoo Myanmar ဆက်သွယ်ရေး ကုမ္ပဏီတို့ ပူးပေါင်းထားသည့် ဝန်ဆောင်မှုတစ်ရပ်ကို ယနေ့မှ စတင်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ Ooredoo ဆက်သွယ်ရေးဝန်ဆောင်မှုကို ရယူ အသုံးပြုနေသူများအနေဖြင့် WeChat app အား တစ်လလျှင် 100 MB နှုန်းဖြင့် ၂၀၁၅၊ အောက်တိုဘာ ၃၁ အထိ 200 MB ကို အခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်။ အထက်ပါ ဆက်သွယ်ရေး ဝန်ဆောင်မှု နှစ်ခုပူးပေါင်းထားသော ယခုအစီအစဉ်တွင် WeChat ၏ လုပ်ဆောင်ချက်များဖြစ်သည့် အသံ (voice) နှင့် video call ပြောဆိုခြင်း၊ စာတိုပေးပို့ခြင်း၊ အဖွဲ့လိုက် စကားပြောခြင်း ၊ Hold to […]

Read More

catfish

Catfish ဆိုသည်မှာ အစစ်အမှန်မဟုတ်သော အွန်လိုင်းအထောက်အထားတစ်ခု ဖန်တီးသူကို ခေါ်ဆိုသည်။ Catfishing သည် လူမှုကွန်ရက်နှင့် အွန်လိုင်းတွင် ကိုယ်ရေးကိုယ်တာ အချိန်းအချက် ဝက်ဘ်ဆိုက်များတွင် တွေ့မြင်နေကျ အရာဖြစ်သည်။ တစ်ခါတစ်ရံတွင် catfish ကို စိတ်ကူးသက်သက် အနေဖြင့် ရည်ရွယ် အသုံးပြုကြသော်လည်း တစ်ခါတစ်ရံတွင် လက်စားချေရန် ကြိုးပမ်းခြင်းနှင့် အထောက်အထား ခိုးယူခြင်း ကဲ့သို့သော လိမ်လည်မှုအတွက် ရည်ရွယ်ကြသည်။

Read More

ပြည်တွင်း Facebook Account အသစ်ဖွင့်သည့် အရေအတွက် ငါးပတ်အတွင်း ၈ သိန်းရှိပြီး စုစုပေါင်းသုံးစွဲသူ ခြေ

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်ရက်သတ္တပတ် ငါးပတ်အတွင်း၌ Facebook လူမှုကွန်ရက် account အသစ်ပြုလုပ်သူ အရေအတွက် ၈ သိန်းအထိရှိခဲ့ပြီး လက်ရှိအချိန်တွင် အသုံးပြုသူဦးရေ ၆ သန်းအထိ ရှိလာပြီဖြစ်ကြောင်း Amara Digital Marketing Agency မှ သတင်းရရှိသည်။ ပြည်တွင်း Facebook သုံးစွဲမှု အခြေအနေသည် ၂၀၁၅ ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်တွင် ၅.၂ သန်းရှိခဲ့သည်။ မြန်မာနိုင်ငံ၏ Facebook သုံးစွဲသူ အရေအတွက်သည် ၆ သန်းအထိ ရှိလာသော်လည်း account အတု အရေအတွက်သည် သန်းနှင့်ချီ၍ ရှိနိုင်ကြောင်း ကွန်ပျူတာပညာရှင်အချို့က သုံးသပ်ပြောဆိုသည်။

Read More

ကမ္ဘာ့ပထမဆုံး ultra-high definition Blu-ray player ကို Samsung မိတ်ဆက်

Samsung သည် ကမ္ဘာ့ပထမဆုံး UHD Blu-ray player ဖြစ်သော UBD-K8500 ကို IFA ပြပွဲတွင် မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ player သည် သာမန် Blu-ray ထက် ၄ ဆ ပိုမိုသော resolution ကို ထောက်ပံ့ပေးနိုင်ပြီး မြင့်မားသည့် အရောင်ဖော်ပြမှုတွင်လည်း ၆၄ ဆ ပိုမိုကြောင်း သိရသည်။ ထို့အပြင် မည်သည့် disc အတွက်မဆို content ကို UHD resolution ဖြင့်လည်း ဖော်ပြပေးနိုင်သည်။ UHD streaming ဝန်ဆောင်မှုများကိုလည်း အသုံးပြုနိုင်မည် ဖြစ်သည်။ ၎င်းကို လာမည့်နှစ် အစောပိုင်းတွင် အမေရိကန်နှင့် ဥရောပ၌ ဖြန့်ချိသွားမည် ဖြစ်ပြီး တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၀၀ […]

Read More

Sony Xperia C5 Ultra Dual စတင်မိတ်ဆက်ခြင်း အထူးပရိုမိုးရှင်း ပြုလုပ်မည်

Sony မှ အသစ်ထပ်မံ ထုတ်လုပ်လိုက်သည့် Sony Xperia C5 Ultra Dual အား မိတ်ဆက်ပြသပွဲနှင့် Promotion ဈေးရောင်းပွဲတော်ကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်တွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရှိ လှည်းတန်းစင်တာ၌ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။ “ကျွန်တော်တို့  ဒီပွဲကို ပြုလုပ်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ Sony Xperia C5  Ultra Dual ကို မိတ်ဆက်တဲ့ အနေနဲ့ရော၊ Sony  အသုံးပြုသူတွေအတွက်  ဈေးနှုန်းသက်သက်သာသာနဲ့ ဝယ်ယူနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။ မိတ်ဆက်ပွဲ ပြုလုပ်တဲ့နေ့မှာပဲ   ဒီဖုန်းကို အထူးလျှော့ဈေးဖြစ်တဲ့ ၄၁၉,၀၀၀ ကျပ်နဲ့ ရောင်းချပေးမှာပါ။ ဒီဖုန်းကို ဝယ်ယူတဲ့သူများအတွက်လည်း လက်ဆောင်ပစ္စည်း များစွာထည့်သွင်း ပေးထားပါတယ်” ဟု Alpha Technology […]

Read More

ရေဘေးသင့်ပြည်သူများအတွက် Hitachi Co.,Ltd ၏ အလှူ ပစ္စည်းပေးအပ်ပွဲ

ရေဘေးသင့်ပြည်သူများအတွက် Hitachi Co.,Ltd ၏ အလှူ ပစ္စည်းပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာလ ၄ ရက်က မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့ချုပ် ရုံးခန်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Read More