Day: September 9, 2015

၁၂.၉ လက်မ screen ပါဝင်သော iPad Pro ကို Apple မိတ်ဆက်

Apple သည် ဆန်ဖရန်စစ္စကိုမြို့တွင် ပြုလုပ်ခဲ့သော ပွဲ၌ iPhone သစ်များနှင့်အတူ screen အရွယ်အစား ကြီးမားသော ၁၂.၉ လက်မ iPad Pro သစ်ကို မိတ်ဆက်ပေးခဲ့သည်။ iPad Pro သည် Apple ၏ MacBook Pro နှင့် Mac Pro ကွန်ပျူတာနှင့် ဆင်တူပြီး လုပ်ငန်းသုံး သို့မဟုတ် ပရော်ဖက်ရှင်နယ်သုံး tablet အဖြစ် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်သည်။ ၎င်းတွင် screen ပေါ်၌ application နှစ်ခုကို ဘေးချင်းယှဉ်ကာ အသုံးပြုနိုင်သည်။ ၁၂.၉ လက်မ iPad Pro screen သည် လက်ရှိ ၉.၇ လက်မ ထက် screen ဧရိယာ ၇၆ […]

Read More

အခြေခံဝေါဟာရသင်ခန်းစာ – The Bedroom (အိပ်ခန်း)

ခုတင်နံဘေး၌ထားသော စားပွဲငယ်ကို bedside table၊ night table နှင့် nightstand ဆိုပြီး အမျိုးမျိုး ခေါ်ဆိုပါတယ်။ ဒီစားပွဲလေးပေါ်မှာ ပုံမှန်အားဖြင့် lamp (မီးအိမ်) တစ်ခုနှင့် alarm clock (နှိုးစက်နာရီ) တစ်လုံးတို့ ရှိတတ်ပါတယ်။ နှိုးစက်နာရီလို့ခေါ်ရခြင်းမှာ နံနက်တွင် သင့်ကိုနိုးရန် အတွက် ကျယ်လောင်သောအသံမြည်လို့ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဒီနာရီကို clock radio လို့ခေါ်ပါတယ်။ အကြောင်းကတော့ ကျယ်လောင်တဲ့ အသံအစား ဂီတသံ ပေါ်ထွက်လာလို့ ဖြစ်ပါတယ်။ ခုတင်ဘေးကစားပွဲငယ်မှာတော့ tissue (တစ်ရှူး) ဘူးတစ်ဘူးလည်းရှိတတ်ပါတယ်။ ၎င်းကိုထားခြင်းဖြင့် မအိပ်မီနှပ်ညှစ်နိုင်သလို တခြားအရေးပေါ်ကိစ္စများအတွက်လည်း အသုံးပြုနိုင်ပါတယ်။ တစ်ခါတစ်ရံကျတော့ လူတွေက သူတို့ရဲ့အိပ်ခန်းတွေကို တခြားအရာများအတွက်လည်းအသုံးပြုပါတယ်။  တစ်နေ့တာရဲ့  အချိန်ကိုလိုက်ပြီး ပရိဘောဂများကိုပြောင်းပါ တယ်။ Daybed ဆိုတာကတော့ […]

Read More

အမျိုးသားစီမံခန့်ခွဲမှုပညာ ကောလိပ်မှ ပထမနှစ်သင်တန်း ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူ

အမျိုးသားစီမံခန့်ခွဲမှုပညာ ကောလိပ်မှ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် BBM, BA (EPP), BA (Tourism), နှင့် BA (Journalism) ပထမနှစ်သင်တန်း ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူနေကြောင်း သိရသည်။ သင်တန်းများကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာပထမပတ်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး BBM နှင့် BA (EPP) ဘာသာရပ်များကို လျှောက်ထားလိုသူများသည် စုစုပေါင်း အမှတ် ၄၄၀ နှင့် အထက် ရရှိသူများဖြစ်ရမည် ဖြစ်သည်။ BA (Tourism) အတွက် အောက်မြန်မာပြည် စာစစ်ဌာနများမှ ဖြေဆို အောင်မြင်သူများသာ လျှောက်ထားနိုင်ပြီး အင်္ဂလိပ် ဘာသာရပ်၌ အနည်းဆုံး အမှတ် ၆၀ ရရှိကာ  စုစုပေါင်းအမှတ် ၄၀၀ နှင့်အထက်ရရှိသူများ ဖြစ်ရမည်ဖြစ်သည်။ BA (Jour-nalism) အတွက် […]

Read More

ဆဋ္ဌမမြောက် ကိုးပရိုဆက်ဆာ Skylake

ကမ္ဘာပေါ်မှာ အကြီးမားဆုံးနဲ့ ပရိုဆက်ဆာ ထုတ်လုပ်မှု အမြင့်မားဆုံး ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Intel ကုမ္ပဏီကြီးက ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၅ ရက်က Core Processor ပလက်ဖောင်းအတွက် ဆဋ္ဌမမြောက် မျိုးဆက်သစ် Skylake ကို ဈေးကွက်ဖြန့်ချိမှု စတင်ပြုလုပ် လိုက်ပါတယ်။ Core Processor Road Map အရ Tick-tock အညွှန်းအတိုင်း ဆက်လက်ထုတ်လုပ် လိုက်တာဖြစ်တယ်။ 14nm ထုတ်လုပ်မှုပုံစံတွင် ပဉ္စမမျိုးဆက် Broadwell ကို tick လို့ ပြဆိုခဲ့သလို Skylake လိုလည်း 14nm ထုတ်လုပ်မှုပုံစံဝင် tock အနေနဲ့ ညွှန်းဆိုတယ်။ Intel ရဲ့ လုပ်ရိုးလုပ်စဉ် release cycle အရ ကြည့်မယ်ဆိုရင်တော့ […]

Read More

Cloud အခြေခံ စမတ်ဖုန်းသစ် တစ်မျိုးကို Kickstarter တွင် Nextbit မိတ်ဆက်

Nextbit startup ကုမ္ပဏီတစ်ခုသည် ကန်ဒေါ်လာ ၂၉၉ တန်ဖိုးရှိ “Robin” ဟုအမည်ရသည့် စမတ်ဖုန်း တစ်မျိုးကိုမိတ်ဆက်၍ Kickstarter ဝက်ဘ်ဆိုက်တွင် ရန်ပုံငွေ စုဆောင်းလျက်ရှိသည်။ အဆိုပါကုမ္ပဏီကို Google နှင့် HTC အမှုဆောင်ဟောင်းများက ဦးစီးလုပ်ကိုင်ကြသည်။ Nextbit အနေဖြင့် ထုတ်ကုန်များ ရောင်းချခြင်းမှ အနည်းဆုံး ကန်ဒေါ်လာ ၅၀၀,၀၀၀ ရရှိစေရန် ရည်မှန်းထားသည့် ရက် ၃၀ ကြာအစီအစဉ်ကို Kickstarter ဝက်ဘ်ဆိုက်၌ ပြုလုပ်သွားမည် ဖြစ်သည်။ Kickstarter တွင် အစောပိုင်းအချိန်အတွင်း ဝယ်ယူမည့်သူများသည် ကန်ဒေါ်လာ ၂၉၉ ဖြင့် Robin ဖုန်းကို ဝယ်ယူနိုင်မည်ဖြစ်သော်လည်း အခြားသူများကမူ ကန်ဒေါ်လာ ၃၄၉ ဖြင့် ၎င်းစမတ်ဖုန်းအား ဝယ်ယူရမည်ဖြစ်သည်။ Robin စမတ်ဖုန်းကို ဇန်နဝါရီလတွင် […]

Read More

Volume Limit ကို iDevice များတွင် သတ်မှတ်ထားခြင်း

iPhone, iPad, iPod Touch အစရှိတဲ့ device တွေပေါ်မှ သီချင်းနားထောင်တတ်တဲ့ ကလေးငယ်တွေရဲ့ အကြားအာရုံကို ဒုက္ခမဖြစ်စေရန်အတွက် အဆိုပါ iDevice တွေပေါ်မှာ volume limit ပြုလုပ်ပေးထားနိုင်ပါတယ်။ Volume limit ပြုလုပ်ထားတဲ့အတွက် Headphone ကို အသုံးပြုပြီး သီချင်းနားထောင်တဲ့ အခါမှာနားကိုအန္တရာယ် မဖြစ်စေနိုင်လောက်တဲ့ အသံမျိုးကို ထားပေးထားနိုင်မှာ ဖြစ်ပါတယ်။ iOS ပေါ်မှာ Volume Limit ပြုလုပ်ဖို့အတွက် ပထမဆုံး Settings ကိုဖွင့်လိုက်ပါ။ Settings အောက်ကို ရောက်သွားပြီဆိုရင် Music ဆိုတာကို ရှာဖွေလိုက်ပါ။ Music ကိုတွေ့ပြီဆိုရင် Music ကို နှိပ်လိုက်ပါ။ ညာဘက်အခြမ်းမှာရှိတဲ့ Music Menu အောက်ခြေအထိ ဆင်းလိုက်ပါ။ ဒါဆိုရင် Volume […]

Read More

အစိုးရဝန်ကြီးဌာန ဝက်ဘ်ဆိုက် ၂၁ ခု၌ ၂ ခုသာ Mobile Vision ကို အထောက်အပံ့ ပေးနိုင်

လေ့လာမှုအရ အစိုးရဝန်ကြီး ဌာန၏ ဝက်ဘ်ဆိုက်၂၁ ခု၌ Mobile Vision ကို အထောက်အပံ့ ပေးနိုင်သည့် ဝက်ဘ်ဆိုက်မှာ ၂ ခု သာရှိကြောင်း တွေ့ရှိရသည်။ အဆိုပါလေ့လာမှုကို Open Myanmar Initiative မှ Chief Technology Officer ဖြစ်သူ ကိုစိုးသီဟနောင်က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး အချိန်တစ်လခန့်ယူ၍ အစိုးရ ဝန်ကြီးဌာန ဝက်ဘ်ဆိုက်များကို လေ့လာခဲ့သည်ဟု သိရသည်။ မိုဘိုင်းဖုန်းအသုံးပြုသူအရေအတွက် တိုးတက်များပြားလာသည့်နောက် နည်းပညာလမ်းကြောင်းသည် Mobile Application များဆီသို့ ဦးတည် ပြောင်းလဲလာသော်လည်း အစိုးရအဖွဲ့၏ နည်းပညာပိုင်းဆိုင် အပြောင်းအလဲသည် Mobile နှင့်ပတ်သက်၍ မရှိသလောက် နည်းပါးခဲ့ခြင်းဖြစ်သည်။ “အစိုးရဝ က်ဘ်ဆိုက်တွေထဲမှာ Mobile App အနေနဲ့ နှစ်ခုရှိတယ်။ တစ်ခုကတော့ […]

Read More

CommuniCast 2015 နှင့် Myanmar International ICT Exhibition တို့ ပူးပေါင်းကျင်းပမည်

CommuniCast 2015 နှင့် Myanmar International ICT Exhibition တို့ ပူးပေါင်း ကျင်းပမည်ဖြစ် ကြောင်း သိရသည်။ နိုဝင်ဘာ (၁၇) ရက်မှ (၁၉) ရက်နေ့အထိ Myanmar Event Park တွင် ကျင်းပမည်ဖြစ်ကြောင်း၊ အိုင် စီတီနယ်ပယ်အတွင်းမှ စီးပွားရေးလုပ်ငန်းများကို တစ်နေရာတည်းတွင် ပြသမည်ဖြစ်ကြောင်း သိရ သည်။ “ဒီပွဲကနေပြီး အိုင်စီတီနယ်ပယ်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုတွေ ဆထက်မကဖြစ်လာမယ်လို့ ယုံကြည် ပါတယ်၊ အိုင်စီတီလုပ်ငန်းက နိုင်ငံရဲ့အနာဂတ်စီးပွားရေးအတွက် အရေးပါပြီး နယ်ပယ်အနှံ့မှာ အခွင့်အလမ်းတွေ ရှိနေတယ်” ဟုမြန်မာနိုင်ငံကွန်ပျုတာအသင်းချူပ်၏ ဥက္ကဌ ဦးခွန်ဦးကပြောသည်။ အဆိုပါ အခမ်းအနားကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနနှင့် ပြန်ကြားရေး ဝန်ကြီးဌာနတို့၏ ပံ့ပိုး ကူညီမှုဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ CommuniCast […]

Read More

ASEAN – Japan Cyber SEA Game သို့ ဝင်ရောက်ယှဉ် ပြိုင်ရန် မြန်မာကို ဖိတ်ခေါ်

ပထမဦးဆုံးအကြိမ်အဖြစ် အင်ဒိုနီးရှားနိုင်ငံ၌ လက်ခံကျင်းပမည့် ASEAN – Japan Cyber SEA Game သို့ ဝင်ရောက် ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံကို ဖိတ်ခေါ်လိုက်သည် ဟု သိရသည်။ အသက် ၃၀ နှစ်အောက် Cyber Defence ကျွမ်းကျင်သူ လူငယ်များကို နိုင်ငံကိုယ်စားပြုအဖြစ် ရွေးချယ်စေလွှတ်မည်ဖြစ်ပြီး ပြိုင်ပွဲ အတွက် ဝင်ရောက် ယှဉ်ပြိုင်လိုပါက မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် ဆက်သွယ်နိုင်သည်ဟု သိရသည်။ အောက်တိုဘာလ ပထမအပတ်အတွင်း Cyber Defence ကျွမ်းကျင်သူ လူငယ် ၃ ဦးကို ရန်ကုန်မြို့ MICT Park ၌ JPCERT /cc မှ လာရောက် ရွေးချယ်မည်ဖြစ်ပြီး ဝင်ရောက် ရွေးချယ်ခံလိုပါက စက်တင်ဘာလ ၂၈ ရက်နေ့ […]

Read More

တိုကျို ဂိမ်းပြပွဲသို့ မြန်မာဂိမ်းများ သွားရောက်ပြသမည်

ဂျပန်နိုင်ငံတွင်ကျင်းပမည့် တိုကျို ဂိမ်းပြပွဲသို့ မြန်မာဂိမ်းများ သွားရောက် ပြသမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ Tokyo Game Show 2015 ပြပွဲသို့ မြန်မာနိုင်ငံ ကွန်ပျုတာလုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူများနှင့် ပြည်တွင်း Game Developers များ သွားရောက် လေ့ လာမည် ဖြစ်ကြောင်းနှင့် ပြည်တွင်း Game Developer များ ဖန်တီး ထုတ်လုပ်ထားသော ဂိမ်းများ ပါဝင်ပြသမည် ဖြစ်ကြောင်း သိရသည်။ ပြည်တွင်း ဂိမ်းကုမ္ပဏီ သုံးခု၏ ဂိမ်းစုစုပေါင်း ၁၂ မျိုးဝန်းကျင်ခန့် ပြသမည်ဖြစ်သည်ဟု သိရသည်။ ဂျပန်နိုင်ငံရှိ အာဆီယံ-ဂျပန်စင်တာ (ASEAN-Japan Center-AJC) မှကြီးမှူး၍ ASEAN Creative Network အစီအစဉ်အရ Tokyo Game Show […]

Read More