Day: September 10, 2015

အစိုးရဝန်ကြီးဌာန ဝက်ဘ်ဆိုက်များ အဆင့်သတ်မှတ်ချက် ၁ ၌သာရှိ

အစိုးရဝန်ကြီးဌာန ဝက်ဘ်ဆိုက် ၂၁ ခုကို မကြာသေးခင်က လေ့လာမှုတစ်ခုပြုလုပ်ခဲ့ပြီး အဆိုပါလေ့လာမှုအရ ဝန်ကြီးဌာနများ၏ ၀က်ဘ်ဆိုက်များသည် အဆင့် သတ်မှတ်ချက် ၁ ၌သာ တည်ရှိနေသေးပြီး အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက များစွာနောက်ကျနေသေးသည်ဟု သိရသည်။ Open Data Standard အရ ဝန်ကြီးဌာနများ၏ ဝက်ဘ်ဆိုက်များကို အဆင့်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး အနိမ့်ဆုံးအဆင့်ဖြစ်သည့် နံပါတ် ၁ အဆင့်၌ ဝက်ဘ်ဆိုက်အားလုံးက ရပ်တည်နေကြသည်ဟု လေ့လာမှု ပြုလုပ်ခဲ့သူ ကိုစိုးသီဟနောင်က ပြောသည်။ ဝန်ကြီးဌာနဝက်ဘ်ဆိုက်များကို လေ့လာရာတွင် တူညီသော စံသတ်မှတ်ပေါ်တွင် တည်ဆောက်ထားခြင်း မရှိသည့်အတွက် အပြန်အလှန် ချိတ်ဆက်နိုင်ရန်ခက်ခဲပြီး ဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် ဥပဒေများ၊ လျှောက်လွှာများ ရယူရာတွင်လည်း ပြည်သူများရရှိနိုင်သည့် ဝက်ဘ်ဆိုက်အရေအတွက်သည် ၆ ခုသာရှိ ကြောင်း သိရသည်။ ဝက်ဘ်ဆိုက်များကို […]

Read More

blogroll

Blogroll ဆိုသည်မှာ blog တစ်ခု၏ sidebar တွင် ပုံမှန်တွေ့မြင်ရလေ့ရှိသော blog စာရင်းတစ်ခု ဖြစ်သည်။ ၎င်းစာရင်းတွင် blogger က အကြံပြုထားသော အခြား blog များကို တွေ့မြင်ရမည် ဖြစ်သည်။ အဆိုပါ blog စာရင်းတွင် သတင်းစာများ၊ ဂျာနယ်များ၊ စာအုပ်များ သို့မဟုတ် ကုမ္ပဏီများအပါအဝင် အခြား မီဒီယာအမျိုးအစားများကိုလည်း တွေ့မြင်ရမည် ဖြစ်သည်။

Read More

WatchOS 2.0 ကို စက်တင်ဘာ ၁၆ ရက်တွင် ဖြန့်ချိမည်

WatchOS 2.0 ကို စက်တင်ဘာ ၁၆ ရက်တွင် ဖြန့်ချိမည်ဟု ကြေညာခဲ့သည်။ လက်ရှိတွင် Apple Watch အတွက် app ၁၀,၀၀၀ ကျော်ကို အသုံးပြုနိုင်နေပြီ ဖြစ်ကြောင်း Apple မှ ထုတ်ဖော်ပြောကြားခဲ့သည်။ WatchOS 2.0 ကို ဖြန့်ချိချိန်တွင် Facebook Messenger, Gopro နှင့် ကျန်းမာရေးကို ခြေရာခံပေးမည့် AirStrip အပါအဝင် app အသစ်များကို အသုံးပြုနိုင်မည်ဟု ကုမ္ပဏီမှ ဆိုခဲ့သည်။ WatchOS 2.0 ဗားရှင်းသည် နာရီအပေးတွင် native app များကို အသုံးပြုနိုင်စေမည် ဖြစ်သည်။ Apple သည် WatchOS 2.0 တွင် စွမ်းဆောင်ရည်နှင့် app ဖွင့်သည့်အချိန်ကို ပိုမိုကောင်းမွန်အောင် […]

Read More

iOS 9 ကို စက်တင်ဘာ ၁၆ တွင် ဖြန့်ချိမည်

Apple ၏ မိုဘိုင်း operating system ဗားရှင်းသစ်ဖြစ်သော iOS 9 ကို iPhone 6S နှင့် 6S Plus ရောင်းချမည့်ရက် မတိုင်မီ ကိုးရက်အလို စက်တင်ဘာ ၁၆ ရက်တွင် ဖြန့်ချိမည်ဟု ကုမ္ပဏီမှ ပြောကြားခဲ့သည်။ အဆိုပါ Apple မိုဘိုင်းဆော့ဖ်ဝဲသစ်ကို လွန်ခဲ့သည့် သုံးလက Worldwide Developers Conference တွင် ကုမ္ပဏီက မိတ်ဆက်ပေးခဲ့ပြီးနောက် သုံးစွဲသူများက download ပြုလုပ်ပြီး စမ်းသပ်သုံးစွဲနိုင်ရန် public beta ကို ဖြန့်ချိခဲ့သည်။ iOS 9 ကို iPhone 4S နှင့်အထက် iPhone အားလုံး၊ ပဉ္စမမျိုးဆက်မော်ဒယ်နှင့်အထက် iPod Touch အားလုံးနှင့် iPad […]

Read More

Apple ၏ El Capitan dekstop software ကို စက်တင်ဘာ ၃၀ တွင် ဖြန့်ချိမည်

Apple ၏ Mac OS X desktop software ဖြစ်သော El Capitan ကို ဖြန့်ချိမည့် ရက်စွဲသည် ဆန်ဖရန်စစ္စကိုမြို့တွင် ပြုလုပ်ခဲ့သော ပွဲ၌ ပေါက်ကြားထွက်ပေါ်လာခဲ့သည်။ Apple ၏ software engineering မှ စီနီယာ ဒုဥက္ကဋ္ဌ ခရိတ်ဖက်ဒါရစ်ဂီသည် iPhone 6S စမတ်ဖုန်း၏ feature သစ်များကို မိတ်ဆက်ပြသစဉ်တွင် ၎င်းက Apple ၏ ဈေးကွက်ရှာဖွေရေးဌာန စီနီယာ ဒုဥက္ကဋ္ဌ ဖီးလ်ရှစ်လာ၏ El Capitan အကြောင်းအရာ ပါဝင်သော email တစ်စောင်ကို ဖွင့်ဖတ်ပြသခဲ့သည်။ အဆိုပါ email တွင် ရှစ်လာက “El Capitan ရဲ့ အခြေအနေက အတော်ကို ကောင်းနေပါပြီ။ […]

Read More

Siri ဖြင့် သုံးနိုင်မည့် Apple TV ကို Apple ပွဲထုတ်မိတ်ဆက်

Apple သည် Siri ဖြင့် သုံးနိုင်မည့် remote နှင့် လျင်မြန်သော operating system သစ်တို့ ပါဝင်သော Apple TV သစ်ကို မိတ်ဆက်ပေးခဲ့သည်။ အဆင့်မြှင့်တင်ထားသော Apple TV တွင် Apple ၏ အသံဖြင့် ထိန်းချုပ်နိုင်သော digital assistant ပါဝင်လာပြီး သုံးစွဲသူများအား Netflix, Hulu နှင့် အခြား ချိတ်ဆက်ထားသော ဝန်ဆောင်မှုများမှတစ်ဆင့် ရှာဖွေမှုများ ပြုလုပ်စေမည် ဖြစ်သည်။ ၎င်းကို trackpad တစ်ခုပါဝင်သော remote control သစ်တစ်ခုဖြင့်လည်း အသုံးပြုနိုင်သည်။ ထို့အပြင် app များစွာကို အထောက်အပံ့ပေးနိုင်သော operating system သစ်ကိုလည်း Apple က မိတ်ဆက်ပေးခဲ့သည်။ tvOS […]

Read More

iPad Air 2 နှင့် အတွင်းအစိတ်အပိုင်း တူညီသော iPad mini 4 သစ်ကို Apple ကြေညာ

Apple သည် ပါးလွှာပေါ့ပါးပြီး စွမ်းဆောင်ရည်မြင့် အတွင်းအစိတ်အပိုင်းများ ပါဝင်သော iPad mini သစ်ကို မိတ်ဆက်ကြေညာခဲ့သည်။ iPad mini 4 သည် အလေးချိန် ၀.၆၅ ပေါင်သာ ရှိပြီး အတွင်းအစိတ်အပိုင်းမှာ iPad Air 2 နှင့် တူညီသည်။ ထို့ကြောင့် Apple ၏ A8X processor, M8 motion coprocessor နှင့် Touch ID sensor ဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ iPad နှင့် ဓာတ်ပုံရိုက်ကူးသူများ အတွက် အဆင့်မြှင့်ထားသော 8-megapixel ကျောဘက်ကင်မရာကို ထောက်ပံ့ပေးထားသည်။ iPad mini 4 သည် iPad Mini 3 နေရာတွင် […]

Read More

ပြည်တွင်းရှိဂိမ်းထုတ်လုပ်မှုနှင့် ပတ်သက်သူများ ကွန်ပျူတာလုပ်ငန်းရှင် အသင်းသို့ ဆက်သွယ်နိá€

မြန်မာနိုင်ငံ ပြည်တွင်း၊ ပြည်ပတွင်ရှိသော ထုတ်ကုန်များ၊ ဂိမ်းများ Outsource လုပ်ကိုင်သူများ ရှိပါက ပူးပေါင်း ဆောင်ရွက်နိုင်ရန် အတွက် ပါဝင် ကူညီ ဆက်သွယ်နိုင်ကြောင်း မြန်မာနိုင်ငံ ကွန်ပျုတာလုပ်ငန်းရှင်အသင်းမှ သိရသည်။ အဆိုပါအသင်း အနေဖြင့် ဂိမ်းနှင့်ပတ်သက်သူများ အချက်အလက်စုဆောင်းမှုများ ပြုလုပ်ရာတွင် ပါဝင်ကူညီ လာရောက်ဖြည့်သွင်းပေးနိုင်ရန် နှိုးဆော်ထားခြင်း ဖြစ်သည်။ “ဂိမ်း Developer အခန်းကဏ္ဍက ကျွန်တော်တို့ဆီမှာ ရှားတယ်၊ Game Developer လူငယ်တွေ ပေါ်ထွန်းလာစေချင်တယ်။ Game Industry ရေရှည်အတွက် ဖိတ်ခေါ် တာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ကွန်ပျုတာလုပ်ငန်းရှင်အသင်း၏ တွဲဖက်အတွင်းရေးမှူး (၁) ဦးခိုင်ဝင်းက ပြောသည်။ ဂိမ်းနှင့်ဆက်နွှယ်ပတ်သက်သူများအား အနာဂတ်တွင် ပြပွဲများ၊ နိုင်ငံတကာရင်းနှီးသူများ လက်တွဲဆောင်ရွက်လိုသူများနှင့် ကူညီချိတ်ဆက်ပေးနိုင်စေရန် အသင်းသို့ ဆက်သွယ်နိုင်ကြောင်း […]

Read More

One Piece: Pirate Warriors 3

ဒီတစ်ပတ် Game Review အတွက် ရွေးချယ်ထားတဲ့ ဂိမ်းသစ်ကတော့ သြဂုတ်လ ၂၅ ရက်က PS3, PS4, PSVita  နှင့်အတူ PC အတွက် ထွက်ရှိထားပြီး လူ ကြိုက်အများဆုံး Anime နှင့် Manga စီးရီးတစ်ခုဖြစ်သော One Piece ဇာတ်လမ်းတွဲကို မှီငြမ်းထားတဲ့ One Piece Pirate Warriors 3 အမည်ရ Action ဂိမ်းသစ်ဖြစ်ပါတယ်။ One Piece Pirate Warriors 3 ဂိမ်းသစ်ကို Dynasty Warriors ဂိမ်းတွေကို ဖန်တီးတဲ့ Developer Omega Force ကနေ ရေးဆွဲပေး ထားတာဖြစ်ပြီး  Bandai Namco Games က ဖြန့်ချိပေးထားပါတယ်။ […]

Read More

AEK Professional Karaoke Amplifier

AEK အမှတ်တံဆိပ် AM-999 မော်ဒယ်အမျိုးအစား  Professional Karaoke Amplifier ဖြစ်သည်။ ၈ လက်မမှ  ၁ဝ လက်မအရွယ်အစား စပီကာများဖြင့် တွဲဖက်အသုံးပြုနိုင်မည် ဖြစ်ပြီး LeftRight Channel အတွက် အသံချိန်ညှိစနစ်များ သီးခြားထည့်သွင်းထားသည်။ Mic မိုက်ပေါက်နှစ် ပေါက်ပါဝင်သည်။ USB ပေါက်နှင့် SD ကတ်ပေါက်များလည်း ထောက်ပံ့ပါဝင်သည့်အတွက် USB စနစ်သုံး Memory Stick များနှင့် SD ကတ်များမှ သီချင်းများကို စက်မှပင် ဖွင့်၍ သီဆိုနိုင်မည်ဖြစ်သည်။ အဆိုပါ Professional Karaoke Amplifier ကို တန်ဖိုး၃၅,ဝဝဝ ကျပ်ဝန်းကျင်ဖြင့် စူပါမားကတ်များ၊ အမြို့မြို့အနယ်အနယ်ရှိ အီလက်ထရွန်းနစ်ပစ္စည်းအရောင်းဆိုင်များတွင် ဝယ်ယူ နိုင်မည်ဖြစ်သည်။

Read More