Day: September 17, 2015

ကော်ဖီနှင့် ဆက်စပ်နေသော ဝေါဟာရ အခေါ်အဝေါ်များ

ကော်ဖီသည် ကမ္ဘာပေါ်ရှိလူကြိုက် အများဆုံးသော သောက်ဖွယ်ရာ အရည်တစ်မျိုးဖြစ်ပါသည်။ ဤ vocabulary သင်ခန်းစာတွင် ကော်ဖီနှင့် ဆက်စပ်နေသော ဝေါဟာရများကို ဖော်ပြသွားမည်ဖြစ်ပါသည်။ Caffeine (ကဖိန်းဓာတ်) ကော်ဖီစေ့၌ပါရှိသော ဗဟိုအာရုံကြောစနစ်နှင့် ကိုယ်ခန္ဓာ၏ ဇီဝတွင်း ဖြစ်ပျက်မှုများကိုနိုးကြွစေသော ဓာတုဓာတ်ပေါင်း။ caffe’ Americano (ကော်ဖီ အမေရိကာနို) ကော်ဖီကြမ်း ပျစ်ပျစ်ခါးခါးတွင် ရေနွေးထည့်၍ဖျော်သော ကော်ဖီအမျိုးအစား။ caffe’ macchiato caffe’ macchiato ကို တစ်ခါတစ်ရံ espresso macchiato ဟုလည်းခေါ်ပါသည်။ ၎င်းသည် ကော်ဖီကြမ်း ပျစ်ပျစ်ခါးခါးကို နို့အနည်းငယ် ရောထားခြင်း ဖြစ် သည်။  အီတလီ ဘာသာစကား အရ macchiato ၏ တိုက်ရိုက် အဓိပ္ပာယ်မှာ အရောင်တင်ထားသော ကော်ဖီ (သို့) နို့အနည်းငယ်ပါသော […]

Read More

Fire Phone ထုတ်လုပ်မှု Amazon ရပ်ဆိုင်း

Amazon သည်၂၀၁၄ ခုနှစ်က မိတ်ဆက်ခဲ့သော Fire Phone စမတ်ဖုန်းကို ဆက်လက်ထုတ်လုပ် သွားတော့မည် မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။ Fire Phone ၏ 32GB နှင့် 64GB ဗားရှင်းများသည် Amazon ဝက်ဘ်ဆိုင်တွင် ပစ္စည်းပြတ်လတ်နေသည်မှာ သြဂုတ်လကတည်းက ဖြစ်ကြောင်း GeekWire မှ ဖော်ပြခဲ့သည်။ “ကျွန်တော်တို့ အမေရိကန်နိုင်ငံမှာ Fire Phone အားလုံးကို ရောင်းချခဲ့ပါတယ်။ ပစ္စည်းတွေကို ထပ်ဖြည့်ဖို့ မရှိပါဘူး။ Fire Phone သုံးစွဲသူတွေကိုတော့ ဆက်လက်ထောက်ပံ့သွားမှာပါ”Amazon ၏ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ Amazon အနေဖြင့် Kindle tablet နှင့် Echo အပြင် Fire Phone ထုတ်လုပ်ရာတွင် တာဝန်ရှိသည့် Lab126 မှ […]

Read More

ကားများတွင် Cortana ကို အသုံးပြုရန် Microsoft ဆန္ဒရှိနေ

Microsoft သည် ကုမ္ပဏီ၏ voice assistant Cortana ကို ကားတွင်း နည်းပညာအဖြစ် အသုံးပြုနိုင်ရန်အတွက် စမ်းသပ်လုပ်ဆောင်နေကြောင်း Taipei Times မှ ဖော်ပြခဲ့သည်။ ထိုင်ဝမ်တွင် ပြုလုပ်ခဲ့သော ကုမ္ပဏီ၏ TechDays ပွဲတွင် Microsoft အာရှ-ပစိဖိတ်သုတေသနမှ စီအိုအိုဖြစ်သူ ဆမ်မြူရယ်ရှန်က ကားလေကာမှန်တွင် display တစ်ခုဖြင့် ဖော်ပြပြီး လမ်းညွှန်မှုများနှင့် စားသောက်ဆိုင်တွင် ကြိုတင်နေရာယူခြင်းကဲ့သို့သော လုပ်ဆောင်ချက်များအတွက် အသံဖြင့်စေခိုင်းမှု ပြုလုပ်နိုင်မည့် Cortana ပါဝင်သော ကားရှေ့ပြေးပုံစံတစ်ခုကို ဖန်တီးခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းက “မြင့်မားတဲ့ ကုန်ကျစရိတ်ကြောင့် ဒီလို ထုတ်ကုန်တွေကို ကျွန်တော်တို့ ဖြန့်ချိမှု မလုပ်နိုင်ပါဘူး။ ဒါပေမဲ့ ဖြစနိုင်ခြေရှိတဲ့ အရာတွေကို ပူးပေါင်းလုပ်ဆောင်ဖို့အတွက် ထိုင်ဝမ်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆွေးနွေးသွားမှာပါ” ဟု […]

Read More

Cyber Crime နှင့် ပတ်သက်သော ဥပဒေတစ်ခုကို ဆောင်ရွက်နေ

Cyber Crime နှင့် ပတ်သက်သော ဥပဒေတစ်ခုကို အကောင်အထည် ဖော်နေကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန (PTD) မှ ဒါရိုက်တာ ဦးသန်းထွန်းအောင်က ပြောသည်။ “အဲဒါကတော့ European Council (EC) လို့ ခေါ်ပါတယ်။ EC ကနေ ပြုစုထားတဲ့ ဥရောပ Cyber Crime Convention ဆိုတာ ရှိပါတယ်။ နိုင်ငံတော်တော် များများလည်း လုပ်နေတယ်။ အဲ့ဒီ Frame Work နဲ့အညီ ကျွန်တော်တို့ လုပ်နေပါတယ်” ဟု ပြောကြားသည်။ မေလ ၁ ရက်မှ စတင်ကာ ဝန်ကြီးရုံး (အမြဲတမ်း အတွင်းဝန်ရုံး) နှင့် ဆက်သွယ်ရေး ညွှန်ကြားမှု ဦစီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာ […]

Read More

အာဆီယံ ရာဇဝင် ရာမဇာတ်တော်ကို အခြေခံထားသည့် Rage of Rama ဂိမ်းအား နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ရá€

အာဆီယံဒေသတွင်း နိုင်ငံအချို့၏ ရာဇဝင်ဇာတ်လမ်းတစ်ခုဖြစ်သော ရာမဇာတ်ကို အခြေခံထားသည့် Rage Of Rama ဂိမ်းကို ယခုလကုန်တွင် ပြည်တွင်း၌ စတင် ဖြန့်ချိတော့မည်ဖြစ်ကြောင်း Total Game Play Studio မှ သတင်းရရှိသည်။ မြန်မာ developer များဖြင့် ဖွဲ့စည်း တည်ထောင်ထားသည့် Total Game Play Studio မှ ဖြန့်ချိမည့် အဆိုပါ Rage Of Rama ဂိမ်းတွင် အာဆီယံဒေသတွင်း၌ လူသိများသည့် ရာမနှင့် ဒဿဂီရိ ဇာတ်ကောင်များအပြင် စုစုပေါင်း ဇာတ်ကောင်အရေအတွက် ၅၀ ခန့် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ “ရည်ရွယ်ချက်ကတော့ အာဆီယံဒီဇိုင်း တစ်ခုခုကို ဂိမ်းအဖြစ်ဖန်တီးချင်တဲ့ အတွက်ပါ။ ကျွန်တော်တို့ ဒါကို အခမဲ့ကစားနိုင် အောင် […]

Read More

cybrarian

Cybrarian ဆိုသည်မှာ cyber နှင့် librarian ကို ပေါင်းစပ်ထားခြင်း ဖြစ်ပြီး အင်တာနက်ကို ရင်းမြစ် tool တစ်ခုအဖြစ် အသုံးပြုကာ စာကြည့်တိုက်နှင့် အချက်အလက်သိပ္ပံ အတတ်ပညာဆိုင်ရာကို အထူးပြုဆောင်ရွက်မှုတစ်ရပ် ဖြစ်သည်။ အဆိုပါ အသုံးအနှုန်းသည် အင်တာနက်ကို အသုံးပြုသော စာကြည့်တိုက်မှူးများအကြားတွင် ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲကြသည်။

Read More

Trexex the drow ranger

Dota ကစားသမားတိုင်း ကင်းကွာလို့မရတဲ့ Carry Hero တစ်ကောင်ကတော့ Long Range Attack ရှိတဲ့ Trexex The Drow Ranger ပဲ ဖြစ်ပါတယ်။ အသုံးပြုစရာ Ability နည်းပါးတဲ့ Agility Hero တစ်ကောင်ဖြစ်လို့ အစောပိုင်းလေ့လာဆဲ ကစားသမားတွေအတွက် အသင့်တော်ဆုံး Hero တစ်ကောင်ဖြစ်နေရခြင်းပါပဲ။ အရမ်းများပြားလွန်းတဲ့ Physical Damage Output ရှိပြီး ရိုးရှင်းပြီး နှိပ်သုံးစရာမလိုအပ်တဲ့ Item အများစုရွေးချယ်နိုင်လို့ ရိုးရိုးရှင်းရှင်းနဲ့ ထိရောက်တဲ့ Carry တစ်ကောင်ဖြစ်ပေမယ့် ပျော့လွန်းပြီး Escape Ability မပါဝင်ခြင်းကTrexex ရဲ့ အဓိကအားနည်းချက် ဖြစ်နေပါတယ်။ သူမရဲ့ Agility ပေါ်မူတည်ပြီး Ally Team တစ်ခုလုံးက Range Hero, […]

Read More

Mi 4c ကို စက်တင်ဘာ ၂၂ ရက်တွင် Xiaomi ပွဲထုတ်မိတ်ဆက်မည်

ကုမ္ပဏီ၏ လူသိများထင်ရှားသော ထုတ်ကုန်သစ်တစ်ခုကို စက်တင်ဘာ ၂၂ ရက်တွင် ဖြန့်ချိမည် ဖြစ်ကြောင်း Xiaomi က တရားဝင်ဖိုရမ်ပေါ်တွင် ကြေညာခဲ့သည်။ အဆိုပါ စမတ်ဖုန်းသစ်နှင့် ပတ်သက်၍ ကုမ္ပဏီက အသေးစိတ် ပြောကြားခဲ့ခြင်း မရှိဘဲ ၎င်း၏အမည်က Mi 4c ဖြစ်ကြောင်းသာ ဖော်ပြခဲ့သည်။ အဆိုပါ သတင်းသည် Xiaomi က ဈေးသက်သာသော phablet ဖြစ်သည့် RedMi Note 2 ကို ဖြန့်ချိပြီး ရက်သတ္တပတ် အတန်ကြာတွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ လက်ရှိ Mi 4 တွင် quad-core 2.5GHz Snapdragon 801 processor နှင့် ၅ လက်မ display အပြင် 13MP […]

Read More

Safe Coms ကုမ္ပဏီ၏ ဆွေးနွေးပွဲ

Safe Coms ကုမ္ပဏီ၏  ဆော့ဖ်ဝဲလ်နှင့် Networking ဆိုင်ရာ ဆွေးနွေးပွဲကိုတော့ စက်တင်ဘာလ ၁၀ ရက်က MICT Park မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

Read More

ကိုယ်တိုင်တီထွင်ထားသော နာရီကြောင့် ဖမ်းဆီးခံရသည့် လူငယ်ဘက်မှ နည်းပညာကုမ္ပဏီများ ရပ်တည်

ကိုယ်တိုင်တီထွင်ထားသော နာရီကို တက္ကဆက်ပြည်နယ် အာဗင်းမြို့ရှိ မက်အာသာ အထက်တန်းကျာင်းသို့ ယူဆောင်လာပြီးနောက် ဖမ်းဆီးခံရသည့် အသက် ၁၄ နှစ်အရွယ် အာမက်မိုဟာမက် အတွက် လူထောင်ပေါင်းများစွာက ထောက်ခံခဲ့ကြပြီးနောက် နည်းပညာကုမ္ပဏီများကလည်း အဆိုပါ ဆယ်ကျော်သက်လူငယ်၏ နည်းပညာအပေါ် စိတ်ဝင်စားမှုကို ကူညီရန်အတွက် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ကြသည်။ အမေရိကန်သမ္မတ အိုဘားမားက မိုဟာမက်ကို အိမ်ဖြူတော်သို့ လာရောက်ရန် ဖိတ်ကြားခဲ့သည်။ Facebook အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်ကလည်း မိုဟာမက်၏ အကြောင်းကို လူသိရှင်ကြား ပြောကြားခဲ့ပြီး ကုမ္ပဏီ ရုံးချုပ်သို့ လာရောက်ရန် ဖိတ်ခေါ်ခဲ့သည်။ Box အမှုဆောင်အရာရှိချုပ် အာရွန်လီဗိုင်းကလည်း မိုဟာမက်ကို ဖိတ်ကြားခဲ့သလို NASA မှ ခရစ္စဟတ်ဖီးလ်ကလည်း တိုရွန်တိုမြို့တွင် ကျင်းပမည့် Generator ပြပွဲအတွက် ဖိတ်ကြားမှု ပြုလုပ်ခဲ့သည်။ ထို့အပြင် […]

Read More