Day: September 12, 2017

Mobile Mother မှ A9 Pro စမတ်ဖုန်း ဝယ်ယူသူများအတွက် ပရိုမိုးရှင်းပြုလုပ်

Samsung Galaxy A series ထဲက A9 Pro စမတ်ဖုန်း ဝယ်သူတွေကို ၃၀,၀၀၀ ကျပ်တန်ဖိုးရှိတဲ့ Hoco Accessories ပစ္စည်းတွေထဲမှ ကြိုက်တာယူ လက်ဆောင်ပေးအပ်မယ့် အစီအစဉ် ပြုလုပ်ထားတယ်လို့ Mobile Mother ကနေ သိရပါတယ်။ A9 pro ကို အဖြူ ၊ အမည်း ၊ရွှေရောင်တွေနဲ့ ရရှိနိုင်မှာဖြစ်ပြီး တန်ဖိုးကတော့ ၅၉၄,၀၀၀ ကျပ်ဖြစ်ပါတယ်။ ပရိုမိုးရှင်းကာလက ရက်အကန့်အသတ် မရှိဖြစ်ပါတယ်။ အသေးစိတ်ကို Mobile Mother ဖုန်း ၀၁ ၅၀၁၀၄၆ မှာ ဆက်သွယ်စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။ -ကောင်းမြတ်ထွန်း

Read More

ပြင်ဦးလွင်တွင် MPT LTE+ ကွန်ရက်ချဲ့

ပြင်ဦးလွင်မှာ MPT LTE+ ကွန်ရက်ချဲ့ထွင်လိုက်တယ်လို့ သိရပါတယ်။

Read More

မြန်မာနိုင်ငံကိုရောက်ရှိလာတဲ့ Samsung Galaxy J7+

Samsung ရဲ့ Galaxy J7+ စမတ်ဖုန်းမြန်မာနိုင်ငံကို ရောက်ရှိလာပြီဖြစ်တယ်လို့ Samsung Myanmar က ထုတ်ပြန်ပါတယ်။

Read More

Flash drive အရွယ်ရှိပြီး နှစ်ဆမြန်ဆန်တဲ့ hard drive သစ်ကို Samsung မိတ်ဆက်

Samsung ဟာ T5 လို့ခေါ်တဲ့ portable SSD အသစ်တစ်မျိုးကို မိတ်ဆက်ခဲ့ပါတယ်။ T5 ဟာ USB-C port တစ်ခုတည်းနဲ့ စွမ်းအင်ရယူပြီး

Read More

ခေါက်နိုင်တဲ့စမတ်ဖုန်းကို လာမည့်နှစ်တွင် ဖြန့်ချိရန် Samsung ရည်မှန်းထား

Samsung Electronics အနေနဲ့ ခေါက်နိုင်တဲ့ စမတ်ဖုန်းတစ်မျိုးကို လာမယ့်နှစ်မှာ ဖြန့်ချိဖို့ ရည်မှန်းထားတယ်လို့ ကုမ္ပဏီရဲ့ မိုဘိုင်းဌာနအကြီးအကဲ Koh Dong-jin က

Read More

Gnadamar Business Solutions နှင့် Hirokei Myanmar System Co.,Ltd. တို့ Partnership Agreement လက်မှတ်ရေးထိုး

Gnadamar Business Solutions နှင့် Hirokei Myanmar System Co.,Ltd. တို့ Partnership Agreement လက်မှတ်ရေးထိုးပွဲကို ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်က မဟာဗန္ဓုလပန်းခြံလမ်း ၊ ကျောက်တံတားမြို့နယ်ရှိ City Star Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပထမခြေလှမ်းအနေဖြင့် Gandamar မှ မြန်မာပြည်ကိုယ်စားလှယ်အဖြစ် ဖြန့်ဖြူးရောင်းချနေသော CASIO V-R200 POS နဲ့ Hirokei Myanmar မှ ဖန်တီးထားသော Regi-Repo Cloud Reporting System တို့ပေါင်းစပ်ကာ အောက်တိုဘာလမှ စတင်ပြီး ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။ -အောင်သူ

Read More

လူသားထိန်းချုပ်မှုမပါဝင်ဘဲ အလိုအလျောက်မောင်းနှင်နိုင်တဲ့ ကားတွေကို General Motors စတင်တည်ဆောက်နေ

General Motors ဟာ ကုမ္ပဏီကပိုင်ဆိုင်တဲ့ အလိုအလျောက်ကားဌာနခွဲ Cruise နဲ့ပူးပေါင်းပြီး အလိုအလျောက်မောင်းနိုင်တဲ့ Chevy Bolt လျှပ်စစ်ကား hardware ကို

Read More

ဖော်မြူလာဝမ်းကားပုံစံအတိုင်း ထုတ်လုပ်မယ့် Mercedes-AMG Project ONE Showcar

Mercedes-Benz အနေနဲ့ ဖရန့်ဖတ်မြို့မှာပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကားပြပွဲမှာ Mercedes-AMG Project ONE Showcar မော်ဒယ်ကို ပြသခဲ့ပါတယ်။ အခုကားသစ်ကို

Read More

Vivo ရဲ့ ထုတ်ကုန်သစ်မှာ Shanghai MWC မှာပြသခဲ့တဲ့ feature တွေ ပါလာမှာလား

Vivo Smartphone ကုမ္ပဏီဟာ မကြာခင်မှာ ထုတ်ကုန်သစ်တစ်ခုကို မိတ်ဆက်ဖြန့်ချိတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါပြီ။ မော်ဒယ်မြင့် ဖုန်းသစ်တစ်မျိုး ထပ်ပြီးထွက်ပေါ်လာတာဟာ မထူးဆန်းပေမယ့် ဒီတစ်ခါမှာတော့ Shanghai MWC ပြပွဲကြောင့် Vivo ကို စိတ်ဝင်စား စောင့်ကြည့်နေကြတဲ့သူတွေ များပါတယ်။ Vivo ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့တုန်းက စတင်ကျင်းပခဲ့တဲ့ Shanghai MWC ပွဲကြီးမှာ Under Display fingerprint Scanning Solution အပြင် Digital Signal Processing (DSP) Photography Solution, Hi-Fi solution စတာတွေကိုလည်း ပြသခဲ့ပါတယ်။ Vivo အနေနဲ့ Qualcomm ရဲ့ လက်ဗွေဖတ်ခြင်းဆင်ဆာပေါ် အခြေခံပြီး လုပ်ဆောင်ထားတဲ့ မျက်နှာပြင်အောက် […]

Read More

ဘာသာစကားနဲ့ အလုပ်အကိုင် အခွင့်အလမ်း

မြန်မာနိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ နိုင်ငံတကာ ကုမ္ပဏီတွေဟာလည်း အလုံးအရင်းနဲ့ ပြည်တွင်းကို ဝင်ရောက်လာကြပါတယ်။ ဒီလိုမျိုးဝင်ရောက် လာသည်နဲ့တစ်ပြိုင်နက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများလာခဲ့ပြီး အလုပ်အကိုင်နဲ့ ဆက်စပ်ကာ ဘာသာစကား တတ်ကျွမ်းမှုတွေဟာလည်း လုပ်ငန်းလိုအပ်ချက် တစ်ခုဖြစ်လာခဲ့ပါတယ်။ “ပြည်ပကုမ္ပဏီမှာ အလုပ်လုပ်မယ်ဆိုရင် ဘာသာစကား ကျွမ်းကျင်မှုက အဓိကအရေးပါပါတယ်။ ဘာသာစကား ကျွမ်းကျင်မှသာ ပထမအဆင့် အလုပ်အင်တာဗျူး အောင်မှာဖြစ်ပါတယ်။ နေ့စဉ်လုပ်ငန်းခွင်အတွင်းမှာ နိုင်ငံခြားသား လုပ်ဖော်ကိုင်ဖက်များနဲ့ဖြစ်စေ၊ client များနဲ့ဖြစ်စေ နားလည်သဘောပေါက်အောင် ပြောဆိုရှင်းပြနိုင်ရန်နဲ့ meeting တွေမှာ presentation ကောင်းကောင်းလုပ်နိုင်ဖို့ ဘာသာစကား ကျွမ်းကျင်မှုက မရှိမဖြစ်အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်” လို့ ကုမ္ပဏီဝန်ထမ်း မမေမီလင်းထွန်းက ပြောပါတယ်။ ဘာသာစကားကြောင့် အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေကို ရရှိခဲ့ကြပြီး ဘာသာစကား တတ်ကျွမ်းမှုကလဲ […]

Read More