Day: September 22, 2017

မနက်ဖြန်မှာ Vivo က ဘယ်လိုရင်ခုန်စရာကောင်းတဲ့ Launching Event ကို ကျင်းပမှာလဲ

ဒီရက်ပိုင်းအတွင်းမှာ Vivo ရဲ့ V7+ က လူပြောသူပြော များနေပါတယ်။ အထူးသဖြင့် FullViewTM Display ကို စိတ်ဝင်စားနေကြတာပါ။ V5 နဲ့ အရွယ်အစားချင်း တူပေမယ့် မျက်နှာပြင်က ပိုပြီးကျယ်ပြန့်လာတဲ့အတွက် စိတ်ဝင်စားနေကြတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင်မှာ V5 ရဲ့ 20MP Softlight ကို အကြိုက်တွေခဲ့ကြသူတွေအနေနဲ့ V7+ ရဲ့ ကင်မရာက ဘယ်လောက်ထိ ပိုကောင်းလာမှာလဲဆိုတဲ့ မေးခွန်းအတွက်အဖြေက Launching Event မှာမှ သိရမှာဖြစ်ပါတယ်။ နောက်တစ်ချက်က Function တွေ ဘယ်လိုတိုးတက်လာမှာလဲ။ Finger print ကို ကျောဘက်ပို့ပြီး မျက်နှာပြင်ချဲ့ထားတဲ့ V7+ရဲ့ Navigation bar မှာရော ဘယ်လိုဆန်းသစ်မှုတွေ ဖြစ်လာမှာလဲ၊ Hi-Fi audio စွမ်းရည်ကရော […]

Read More

Android ဖုန်းနဲ့ Reverse ဗီဒီယိုတွေကို ဘယ်လိုဖန်တီးမလဲ

Android ဖုန်းနဲ့ Reverse ဗီဒီယိုတွေကို ဘယ်လိုဖန်တီးမလဲဆိုတာကို ဖော်ပြပေးမှာဖြစ်ပါတယ်။ Reverse ဗီဒီယို ဆိုတာကတော့ ပုံမှန်လှုပ်ရှားမှု ပုံရိပ်တွေကို ဗီဒီယို ရိုက်လိုက်ပြီးတဲ့အချိန်မှာ ပုံရိပ်တွေကို ပြောင်းပြန်လှုပ်ရှားမှု ပုံရိပ်တွေအဖြစ် ပြန်ပြီး ပုံဖော်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ပြောင်းပြန်လှုပ်ရှားတဲ့ နေရာမှာ ဥပမာအနေနဲ့ ဆိုရင်တော့ လူတစ်ယောက်က ရှေ့တည့်တည့်ကို လမ်းလျှောက်လာတာကို Reverse ဗီဒီယိုစနစ်နဲ့ ရိုက်မယ်ဆိုရင် လူကနောက်ပြန် လမ်းလျှောက်သွားတဲ့ ပုံစံမျိုး မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ပစ္စည်းတစ်ခုကို ကိုယ့်ရဲ့လက်ကနေ လွှင့်ပြစ်လိုက်တဲ့ပုံစံမျိုးကို Reverse နဲ့ရိုက်မယ်ဆိုရင်လည်း လွှင့်ပစ်လိုက်တဲ့ အဝေးကပစ္စည်းက လေထဲကနေ ကိုယ့်ရဲ့လက်ထဲကို ရောက်လာတဲ့ပုံစံမျိုး မြင်တွေ့ရမှာပါ။ Android ဖုန်းတွေရဲ့ ကင်မရာမှာ Reverse ဗီဒီယိုစနစ်က တစ်ခါတည်းပါလာတာ ရှားပါတယ်။ GIF စနစ်မှာတော့ Reverse […]

Read More

Dishonored: Death of the Outsider

Developer : Arkane Studio Publisher: Bethesda Softworks Genre: First Person Stealth/Action Platform(s): PC, PS4, Xbox One Release Date: September 15, 2017 Gameplay – 9 Story – 7.5 Graphics – 8.5 Presentation – 8.5 Final Score – 8 out of 10 Video game developer တွေဟာ မတူညီတဲ့ဂိမ်းအမျိုးအ စားနှစ်ခုကို လိုက်ဖက်ညီအောင် ပူးပေါင်းဖို့ အမြဲကြိုးပမ်းလေ့ ရှိပေမယ့် ငွေကြေးအရရော ပရိသတ်အားပေးမှုအရပါ ပူးတွဲအောင်မြင်လေ့ သိပ်မရှိခဲ့ကြပါဘူး။ ဒါပေမဲ့ […]

Read More

Galaxy S8 ဖုန်းရဲ့ လုပ်ဆောင်ချက်ကို မြန်ဆန်စေမယ့် နည်းလမ်း ( ၅ ) ခု

Samsung Galaxy S8 ဖုန်းမှာ ဖုန်းရဲ့လုပ်ဆောင်ချက် နှေးကွေး လာတယ်လို့ ခံစားရရင် ဖော်ပြပါနည်းလမ်းတွေကိုသုံးပြီး လုပ်ဆောင်ချက် မြန်ဆန်ကောင်းမွန်အောင် လုပ်နိုင်ပါတယ်။ နည်းလမ်း (၁) Performance mode ကို ပြောင်းပေးပါ။ ဖုန်းရဲ့ Setting>Device Maintenance>Performance Mode ထဲမှာ မိမိအနေနဲ့ ရွေးချယ်ပေးနိုင်ပါတယ်။ ဘက်ထရီကြာကြာ သုံးချင်လား၊ ဂိမ်းစွမ်းဆောင်ရည် မြှင့်ချင်လားဆိုတဲ့ပေါ်မှာ မူတည်ပြီး ပြောင်းလဲအသုံးပြုပါ။ နည်းလမ်း (၂) resolution ကို အနိမ့်ဆုံးထိ ပြောင်းပါ။ Setting>Display>Screen Resolution ကို ရွေးပေးနိုင်ပါတယ်။ S8 Display က 2960x 1440 Pixels ထိ ထောက်ပံ့ပေးတဲ့အတွက် ရုပ်ထွက်ကောင်းပေမယ့် resloution အနိမ့်ဆုံးထိ လျော့သုံးမယ်ဆိုရင်တော့ ဖုန်းလုပ်ဆောင်ချက်ပိုင်း ပိုမိုချောမွေ့စေမှာ […]

Read More

Xiaomi ရဲ့ flagship သစ်တွင် ကြိုးမဲ့အားသွင်းစနစ် ပါဝင်လာဖွယ်ရှိ

Xiaomi ဟာ Qi စံသတ်မှတ်ချက်အတွက် လူသိများတဲ့ Wireless Power Consortium နဲ့ ပူးပေါင်းလိုက်တာကြောင့် အသစ်ထွက်မယ့် flagship ဟာ ကြိုးမဲ့စနစ်ပါဝင်တဲ့

Read More

CCleaner malware က နည်းပညာကုမ္ပဏီကြီးများကို ပစ်မှတ်ထားခဲ့ဟုဆို

နာမည်ကျော် CCleaner software အတွင်းမှာ အန္တရာယ်ရှိ malware ထည့်သွင်းတိုက်ခိုက်တဲ့ လုပ်ရပ်ဟာ ကမ္ဘာတစ်ဝန်းက နည်းပညာကုမ္ပဏီကြီးတွေကို

Read More

iOS 11 တွင် Control Center ကနေ Wi-Fi နဲ့ Bluetooth တို့ကို အပြီးတိုင် ပိတ်နိုင်ခြင်းမရှိကြောင်း Apple အတည်ပြု

iOS 11 မှာ Wi-Fi နဲ့ Bluetooth စတဲ့ setting အမျိုးမျိုuးdk အလွယ်တကူ ပိတ်နိုင် ဖွင့်နိုင်တဲ့ ဒီဇိုင်းသစ်နဲ့ Control Center ပါဝင်လာပါတယ်။ အဲဒီ Control Center ကနေ

Read More

18:9 Full View screen နဲ့ Snapdragon 660 ပါဝင်တဲ့ X20 နဲ့ X20 Plus ကို Vivo ပွဲထုတ်မိတ်ဆက်

Vivo က နောက်ဆုံးပေါ် ဖန်တီးမှုများဖြစ်တဲ့ X20 နဲ့ X20 Plus တို့ကို ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။ ဒီစမတ်ဖုန်းသစ်တွေမှာ 18:9 aspect ratio Full View screen တွေနဲ့ dual camera စနစ်တွေ ပါဝင်လာပါတယ်။ X20 နဲ့ X20 Plus တို့ရဲ့ အဓိက ကွာခြားချက်က display နဲ့ ဘက်ထရီအရွယ်အစား ဖြစ်ပါတယ်။ Vivo X20 မှာ ၆.၀၁ လက်မ 1080 x 2160 Super AMOLED touchscreen ပါရှိကာ ကျောဘက်မှာ 12MP f/1.8 နဲ့ 5MP ကင်မရာတွေ ပါဝင်ပါတယ်။ Selfie ကင်မရာက 12MP […]

Read More

Huawei Mate 10 Lite တွင် ကင်မရာလေးလုံး ပါဝင်မည်ဟုဆို

Huawei အနေနဲ့ အောက်တိုဘာ ၁၆ ရက်မှာ Mate 10, Mate 10 Pro နဲ့ Mate 10 Lite တို့ကို ပွဲထုတ်မိတ်ဆက်မှာ ဖြစ်ပြီး ၄၅၅ ဒေါ်လာနဲ့ ရောင်းချမယ့် Mate 10 Lite မှာ

Read More

အရင်ကထက် မြင်တွေ့ခံစားနိုင်ဖို့ စွန့်စားလိုက်ကြမလား

လူအများစုဟာ လုပ်ရိုးလုပ်စဉ်တွေကြားမှာပဲ နေသားကျနေလေ့ရှိပါတယ်။ သွားနေကျလမ်းက သွားတယ်။ စားနေကျ အစားအစာကို စားတယ်။ လုပ်နေကျ အလုပ်ကိုပဲ လုပ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သာမန်အတိုင်း ရှင်သန်နေထိုင်တာက သက်သောင့်သက်သာ ရှိတယ်လို့ ခံစားကြရလို့ပါပဲ။ တစ်ဘက်က ပြန်တွေးကြည့်ရင်တော့ လမ်းသစ်တစ်ခုကနေ သွားတယ်ဆိုတာက အခက်အခဲတွေ တွေ့လာနိုင်တာ အမှန်ပါပဲ။ ပုံမှန်အတိုင်း သက်သောင့်သက်သာ ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ လမ်းသစ်တစ်ခုကနေ သွားဖို့အတွက် အားအင်တွေပိုပြီး စိုက်ထုတ်ရပါမယ်။ လုံ့လတွေ ပိုကြီးမားရပါမယ်။ စိတ်ရှည်မှုနဲ့ ဉာဏ်ပညာတွေကလည်း မရှိမဖြစ် လိုအပ်တဲ့အရာတွေပါပဲ။ စွန့်စားမှုတစ်ခုကို အစပြုဖို့အတွက် အရင်ဦးဆုံး လိုအပ်တာကတော့ အဟောင်းကို စွန့်ခွာဖို့ သတ္တိပါ။ စွန့်စားရဲတာကမှ သတ္တိမဟုတ်ပါဘူး။ အဟောင်းကို စွန့်ခွာရဲတာကလည်း သတ္တိပါပဲ။ သေချာတာကတော့ နေရာဟောင်းကို စွန့်ခွာလိုက်တာနဲ့ မြင်နေကျအဟောင်းတွေ၊ ကြုံနေကျအရာတွေကနေ ကွဲပြားတဲ့ […]

Read More