Day: October 12, 2017

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် AGTI ပထမနှစ်ဝင်ခွင့်လျှောက်လွှာများခေါ်ယူ

အစိုးရနည်းပညာကောလိပ်သုံးခုနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ ၂၂ ခုတို့တွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် A.G.T.I ပထမနှစ်သင်တန်းသားများ ခေါ်ယူမယ်လို့သိရပါတယ်။ ခေါ်ယူနေတဲ့ကျောင်းတွေကတော့ အစိုးရနည်းပညာ ကောလိပ် (မိုးညှင်း၊ မြင်းခြံ၊ ရွှေဘို) နဲ့ အစိုးရစက်မှုလက်မှုသိပ္ပံ (ပူတာအို၊ ဟားခါး၊ မော်လမြိုင်၊ သံတွဲ၊ ကျောက်ဖြူ၊ ရွှေပြည်သာ၊ အင်းစိန် မန္တလေး၊ ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ ကန့်ဘလူ၊ ခန္တီး၊ ဂန့်ဂေါ၊ ချောက်၊ ရေနံချောင်း၊ သရက်၊ မကွေး၊ လက်ပံတန်း၊ ၀ါးခယ်မ၊ လပွတ္တာ၊ ကျိုက်လပ်) တွေပဲဖြစ်ပါတယ်။ သင်တန်းကာလမှ (၃)နှစ်ဖြစ်ကာ သင်တန်းပြီးဆုံးပါက ဒီပလိုမာအောင်လက်မှတ် ပေးအပ်မှာဖြစ်ပြီး သတ်မှတ်အရည်အချင်းပြည့်မီပါက နည်းပညာတက္ကသိုလ်များ၏ တတိယနှစ်သင်တန်းများသို့ ပေါင်းကူးတက်ရောက်နိုင်မှာဖြစ်ပါတယ်။ ဝင်ခွင့်လျှောက်လွှာတွေကို သက်ဆိုင်ရာကောလိပ်၊ သိပ္ပံတွေမှာ အောက်တိုဘာလ ၁၉ ရက်က […]

Read More

18:9 screen နဲ့ ကျောဘက်ကင်မရာနှစ်ခုပါဝင်တဲ့ Huawei Honor 7X

Huawei ဟာ ကုမ္ပဏီရဲ့အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Honor 7X ကို မိတ်ဆက်ပြီး 18:9 screen ဈေးကွက်ထဲကို တရားဝင် ဝင်ရောက်လာခဲ့ပါတယ်။ Honor 7X ရဲ့ LCD အရွယ်အစားက ၅.၉၃ လက်မဖြစ်ပြီး Honor 6X ရဲ့ ၅.၅ လက်မ screen အတိုင်း ကျယ်ပေမယ့် ပိုရှည်ပါတယ်။ Resolution က 1,080 x 2,160px (407ppi) ဖြစ်ပါတယ်။ Fingerprint reader ကိုတော့ 5X အတိုင်း အပြောင်းအလဲ မလုပ်ထားပါဘူး။ ကင်မရာကို အဆင်မြှင့်တင်ထားပြီး ပင်မကင်မရာက 16MP ဖြစ်ကာ ဒုတိယကင်မရာက 2MP ဖြစ်ပါတယ်။ အရှေ့ဘက်ကင်မရာက 8MP ဖြစ်ပါတယ်။ Honor 7X […]

Read More

Kirin 659 chipset သုံးထားပြီး ရေစိုခံတဲ့ WaterPlay tablet ကို Honor မိတ်ဆက်

Huawei ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Honor ဟာ 7X ဟန်းဆက်နဲ့အတူ WaterPlay tablet ကို မိတ်ဆက်ခဲ့ပါတယ်။ WaterPlay ဟာ IP67 အဆင့် ရေစိုခံနိုင်ပြီး ရေအောက် ၁ မီတာအနက်မှာ မိနစ် ၃၀ ခန့် အသုံးပြုနိုင်ပါတယ်။ Honor 7X အတိုင်း Kirin 659 chipset ကို အသုံးပြုထားပြီး RAM က 3GB ဖြစ်ပါတယ်။ သိုလှောင်မှုပမာဏက 32GB ဖြစ်ပါတယ်။ ဒါ့အပြင် 4GB/64GB ဗားရှင်းနဲ့လည်း ရရှိနိုင်ပါတယ်။ Tablet မှာ ၁၀.၁ လက်မ 1,920 x 1,200 touchscreen ပါဝင်ပါတယ်။ ကျောဘက်ကင်မရာက 8MP ဖြစ်ပြီး အရှေ့ဘက်ကင်မရာလည်း […]

Read More

Honor ရဲ့ ဘေးဘောင်မဲ့ စမတ်ဖုန်းကို ဒီဇင်ဘာ ၅ ရက်တွင် မိတ်ဆက်မည်

7X ကို မိတ်ဆက်ပေးခဲ့တဲ့ Honor က လန်ဒန်မှာကျင်းပမယ့် အခမ်းအနားအတွက် ဖိတ်စာတွေကို မီဒီယာများထံ ပေးပို့ခဲ့ပါတယ်။ ဒီဇင်ဘာ ၅ ရက်မှာ ကျင်းပမယ့် အဲ့ဒီအခမ်းအနားမှာ Honor က ဘေးဘောင်မပါတဲ့ စမတ်ဖုန်းတစ်မျိုးကို မိတ်ဆက်ကြေညာသွားမယ်လို့ သိရပါတယ်။ အခမ်းအနားဖိတ်စာမှာ “Max your view” ဆိုတဲ့ ဆောင်ပုဒ်ကိုထည့်သွင်းထားတာကြောင့် အနားလုံးဝန်းပြီး 2.5D curved screen ပါဝင်တဲ့ phablet တစ်မျိုးကို မိတ်ဆက်ကြေညာသွားမယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် ပိုစတာမှာ #IOOI tag ကို ထည့်သွင်းထားတာကြောင့် ဘေးဘောင်မဲ့ Honor မှာ AI အသားပေး dual camera စနစ်ကို တွေ့မြင်ရဖို့ရှိပါတယ်။ Huawei ဟာ AI အသားပေး Kirin 970 […]

Read More

ခေါက်ထားနိုင်တဲ့ iPhone ကို LG Display နဲ့ Apple ပူးပေါင်းဖန်တီးနေ

Apple ဟာ ခေါက်နိုင်တဲ့ iPhone ဖန်တီးဖို့ LG Display နဲ့ပူးပေါင်း လုပ်ကိုင်နေတယ်လို့ တောင်ကိုရီးယားမီဒီယာ The Investor ကဖော်ပြခဲ့ပါတယ်။ အဲဒီဟန်းဆက်ကို ၂၀၂၀ ခုနှစ်အရောက်မှာ ရောင်းချဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ မျက်နှာပြင်တွေကို သီးသန့် ထုတ်လုပ်တဲ့ LG ဌာနခွဲအပြင် ဖုန်းတွင်းအစိတ်အပိုင်းတွေကို ထုတ်လုပ်တဲ့ LG Innotek ကလည်း Apple နဲ့ ပူးပေါင်းထားပါတယ်။ ခေါက်ထားနိုင်တဲ့ iPhone အတွက် လိုအပ်တဲ့ဆားကစ်ဘုတ်တွေကို ဖန်တီးဖို့ LG Innotek က အဖွဲ့တစ်ခုနဲ့ ဆောင်ရွက်နေပါတယ်။ LG Display ဟာ ၂၀၂၀ ခုနှစ်မှာထွက်ရှိမယ့် iPhone အတွက် ခေါက်နိုင်တဲ့ OLED panel ကိုဖန်တီးသွားမှာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ […]

Read More

Driver Trip Feedback ဟု အမည်ပေးထားသည့်ဝန်ဆောင်မှုအသစ် Grab မိတ်ဆက်

Grab က ယာဉ်မောင်းတွေအတွက် Driver Trip Feedback လို့နာမည်ပေး ထားတဲ့ ဝန်ဆောင်မှုအသစ်ကိုဆောင်ရွက်လိုက်ပါတယ်။ ယာဉ်မောင်း App အတွင်း ထည့်သွင်းပေးလိုက်တာဖြစ်ပြီး အဲဒီ Driver Trip Feedback နဲ့ လမ်းကြောင်းတစ်ခုပြေးဆွဲပြီးတိုင်း အကြံပြုချက်များပေးပို့နိုင်တော့မယ်လို့သိရပါတယ်။ Grab အနေနဲ့လည်း ယာဉ်မောင်းတွေ စိတ်ကျေနပ်မှုရှိ/ မရှိနဲ့ဘပိုမိုကောင်းမွန်ဖို့ ပြုပြင်သင့်တဲ့နေရာတွေကို အရင်ကထက် သိရှိလာနိုင်မယ်လို့ဆိုပါတယ်။ လုပ်ငန်းထပ်တိုးချဲ့ဖို့စီစဉ်ထားပြီး အဲဒီအထဲမှာမြန်မာနိုင်ငံအနှံရှိ မြို့ကြီးတွေမှာ အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းများချဲ့ထွင်ခြင်းလည်းပါဝင်ပါတယ်။ GrabPay အပါအ၀င် Grab suite မှ အခြား ၀န်ဆောင်မှုစနစ်များ အသုံးပြုနိုင်ရန်စီစဉ်ခြင်း၊ ရှေ့ဆက်လုပ်ကိုင်သွားမည့် လုပ်ငန်းများကို ဦးစီးဆောင်ရွက်ရန် ဒေသတွင်းရှိ အရည်အချင်းပြည့်ဝသည့် ၀န်ထမ်းပေါင်း ၂၀၀ ခန့် ပါဝင်သော အဖွဲ့အစည်းတစ်ခု တည်ဆောက်ခြင်း စတာတွေကိုလည်းပြုလုပ်သွားမယ်လို့ဆိုပါတယ်။ လက်ရှိထည့်သွင်းထားတဲ့ Driver Trip […]

Read More

FullView က သာမန်မျက်နှာပြင်တွေနဲ့ ဘယ်လိုကွာခြားသလဲ

Vivo က ထုတ်ကုန်သစ်အဖြစ် V7+ ကို ထုတ်လုပ်လိုက်တဲ့အခါမှာ အဓိက Highlight အဖြစ် FullViewTM Display ပါဝင်လာတာ တွေ့ရပါတယ်။ အခြား brand တွေလည်း မျက်နှာပြင်အပြည့်နဲ့ ထုတ်လုပ်နေကြချိန်မှာ Vivo ကလည်း သူတို့နောက်ကျ မကျန်ခဲ့ဘူးဆိုတာကို ပြသလိုက်တာပါပဲ။ မြင်ကွင်းမျက်နှာပြင် ပိုပြီးကြီးမားကျယ်ပြန့်တဲ့ စမတ်ဖုန်းတွေကို အပြိုင်အဆိုင် ထုတ်လုပ်လာကြတာကို စာရေးသူတို့အနေနဲ့လည်း ကြိုဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ စာရေးသူတို့လို စာဖတ်များတဲ့၊ အွန်လိုင်းသုံးရတဲ့သူတွေအတွက် မျက်နှာပြင်သေးတဲ့ စမတ်ဖုန်းတွေနဲ့ဆိုရင် သိပ်ပြီး အဆင်မပြေပါဘူး။ Tablet တွေသုံးဖို့ဆိုတာကလည်း သွားသွားလာလာကျတော့ သယ်ရပြုရတာ အနည်းငယ် ဝန်ကျယ်ပါတယ်။ ဒါကြောင့် စမတ်ဖုန်းကိုပဲ သုံးတာများပါတယ်။ Vivo က V7+ ကို FullView အဖြစ် ထုတ်လုပ်လိုက်တော့ မီဒီယာတွေမှာလည်း […]

Read More