Day: October 19, 2017

Third-party account များအတွက် Gmail iOS app ဗားရှင်းသစ်ကို Google စမ်းသပ်နေ

Google account များသာမက အခြား email account အားလုံးကိုပါ စစ်ဆေးနိုင်မယ့် Gmail app ဗားရှင်းသစ်တစ်မျိုးကို iOS ပေါ်မှာ စမ်းသပ်နေတယ်လို့ Google က ကြေညာလိုက်ပါတယ်။ အဲ့ဒီ app ဟာ Outlook, Hotmail, Live နဲ့ Yahoo တို့လို Google မဟုတ်တဲ့ account တွေကို ထည့်သွင်းစစ်ဆေးနိုင်မယ်လို့ သိရပါတယ်။ ဒီကြေညာချက်ကို Gmail ရဲ့ Twitter account ကနေ ပြုလုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီ feature သစ်ပါဝင်တဲ့ Gmail iOS app ဗားရှင်းကို စမ်းသပ်ရန်အတွက် သုံးစွဲသူတွေကို ဖိတ်ကြားခဲ့ပါတယ်။ အဲ့ဒီ link ကို နှိပ်လိုက်တဲ့အခါ Gmail beta […]

Read More

အမေရိကန်ရွေးကောက်ပွဲကို နှောင့်ယှက်ဖို့ ရုရှားအေးဂျင့်တွေက Messenger ကိုအသုံးပြုခဲ့ကြောင်း Facebook ဝန်ခံ

ရုရှားအေးဂျင့်တွေဟာ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲကို ကြားဝင်နှောင့်ယှက်ဖို့ နာမည်ကျော် Messenger platform ကိုအသုံးပြုခဲ့တယ်လို့ Facebook အမှုဆောင်အရာရှိတစ်ဦးက ဝန်ခံပြောကြားခဲ့ပါတယ်။ ရုရှားတွေဟာ သုံးစွဲသူတွေကိုဆက်သွယ်ဖို့အတွက် Messenger ကိုအသုံးပြုခဲ့ပါတယ်။ ရုရှားရဲ့စီမံကိန်းအတွင်းမှာ active ဖြစ်နေတဲ့ account ၄၇၀ ပဲရှိတယ်လို့ Facebook Messenger အကြီးအကဲ ဒေးဗစ်မားကပ်စ်က ပြောခဲ့ပါတယ်။ ရုရှားနဲ့ချိတ်ဆက်ထားတဲ့ account တွေဟာ ပြီးခဲ့တဲ့နှစ်က အမေရိကန်နိုင်ငံရေးကို ဟောပြောရေးသားချက်တွေနဲ့ ဘယ်လိုလွှမ်းမိုးဖို့ ကြိုးပမ်းခဲ့တယ်ဆိုတာနဲ့စပ်လျဉ်းပြီး ကုမ္ပဏီက ဖက်ဒရယ်အာဏာပိုင်တွေနဲ့ စုံစမ်းစစ်ဆေးနတယ်လို့ မားကပ်စ်က ပြောခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ account တွေဟာ Messenger ကို သိပ်မသုံးခဲ့ဘူးလို့ ဆိုပါတယ်။ “ကျွန်တော်နားလည်ထားသလောက် ရုရှားရဲ့စီမံကိန်းမှာပါဝင်တဲ့ Messenger သုံးစွဲသူတွေက အလွန်နည်းပါတယ်” လို့ မားကပ်စ်က […]

Read More

ကျောဘက်မှန်ပါပြီး Snapdragon 630 သုံးထားတဲ့ Nokia 7 ကို တရုတ်နိုင်ငံတွင် မိတ်ဆက်

HMD Global ဟာ Nokia အမှတ်တံဆိပ် Android စမတ်ဖုန်း မော်ဒယ်သစ်ကို တရုတ်နိုင်ငံမှာ တရားဝင်မိတ်ဆက်လိုက်ပါတယ်။ ဒီဟန်းဆက်ဟာ Nokia ရဲ့ ကျောဘက်မှန်ပါတဲ့ ပထမဆုံး Android device ဖြစ်ကာ ကိုယ်ထည်ဘောင်က 7000 series အလူမီနီယံ ဖြစ်ပါတယ်။ Qualcomm Snapdragon 630 ကို အသုံးပြုထားပြီး 4GB ဒါမှမဟုတ် 6GB RAM နဲ့ ရရှိနိုင်ပါတယ်။ MicroSD card တွေကို ထောက်ပံ့ပေးနိုင်တာကြောင့် built-in 64GB ကို တိုးမြှင့်အသုံးပြုနိုင်ပါတယ်။ IP54 အဆင့် ရေစိုခံနိုင်ပါတယ်။ Screen က ၅.၂ လက်မ 1080p IPS LCD ဖြစ်ပြီး Gorilla Glass […]

Read More

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအား ကော်ပိုရေးရှင်းအသွင်ပြောင်းလဲဖွဲ့စည်းရေး အစည်းအဝေး ဆဋ္ဌမကြိမ်ကျင်းပခဲ့

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ကော်ပိုရေးရှင်းအသွင်ပြောင်းလဲဖွဲ့စည်းရေး ဦးဆောင်ကော်မတီဆဋ္ဌမ အကြိမ်အစည်းအဝေးကို နေပြည်တော်မှာကျင်းပခဲ့တယ်လို့သိရပါတယ်။ လုပ်ငန်းတွေအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်လိုအပ်တဲ့မူဝါဒနဲ့ လုပ်ငန်းစဉ်တွေ သတ်မှတ်နိုင်ဖို့အတွက်ရည်ရွယ်ကျင်းပတာလို့သိရပါတယ်။ အဲဒီအခမ်းအနားကို အောက်တိုဘာ ၁၂ ရက်က ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှာကျင်းပခဲ့တာလို့သိရပါ တယ်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ကော်ပိုရေးရှင်းအသွင်ပြောင်းလဲနိုင်ဖို့အတွက် ဥပဒေပြဌာန်း ဆောင်ရွက်နိုင်ရေးနဲ့စပ်လျဉ်းပြီးအသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ အဲဒီအစည်းအဝေးကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးကျော်မျိုးတက် ရောက်ခဲ့ပြီး ဦးဆောင်ကော်မတီအဖွဲ့ဝင်တွေတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နဲ့ ၀န်ကြီးဌာနလက်အောက်ရှိဌာနတွေက ဌာနအကြီး အကဲတွေ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက တာဝန်ရှိသူတွေ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက တာဝန်ရှိသူတွေနဲ့ ဥပဒေအကြံပေးအဖွဲ့ ၀င်တွေပါဝင်တက်ရောက်ခဲ့တယ်လိုသိရပါတယ်။

Read More

POS များတွင်သုံးနိုင်သည့် MPU-UPI Co-Brand Card နှစ်မျိုးရှိ

Point of sale (POS) စက်တွေမှာအသုံးပြုနိုင်တဲ့ MPU-UPI Co-Brand Card နှစ်မျိုးရှိတယ်လို့သိရပါတယ်။ MPU-UPI Co-Brand Card တွေမှာ Chip နဲ့အသုံးပြုလို့ရတဲ့ Card နဲ့ Magstripe နဲ့ အသုံးပြုလို့ရတဲ့ Card ဆိုပြီးနှစ်မျိုးရှိပါတယ်။ ဘယ် MPU-UPI Co-Brand Card ကိုမဆို POS (Point of Sale) မှာ အသုံးပြုမယ်ဆိုရင် အဲဒီPOS စက်ဟာ အွန်လိုင်းဖြစ်နေဖို့လိုအပ်တယ်လို့သိရပါတယ်။ MPU-UPI Co-Brand Card တွေစတင်အသုံးပြုမယ်ဆိုရင် POS စက်ထဲသို့ Chip ပါတဲ့ဘက်ကနေ ထည့်သွင်းရမှာ ဖြစ်ပါတယ်။ Select Transaction မှာ Online Sale ကို ရွေးပြီး အစိမ်းရောင်ခလုတ်ကိုနှိပ်ကာ Enter […]

Read More

ဒုတိယအကြိမ် ရွှေ့လျား ICT သင်ကြားရေးခရီးစဉ် ၇ နေရာသွားရောက်မည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းနှင့်ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း တို့ပူးပေါင်၍ ရွေ့လျား ICT လေ့လာသင်ယူရေးစင်တာ (Mobile ICT Learning Center) ဖြင့် ဒုတိအကြိမ်မြောက် အခြေခံကွန်ပျူတာသင်တန်းနှင့်အတူအင်တာနက်လက်တွေ့အသုံးချခြင်းကို အောက်တိုဘာ ၁၅ ရက်မှစတင်ကာ နေရာ ၇ နေရာမှာသွားရောက်သင်ကြားပို့ချပေးသွားမယ်လို့သိရပါတယ်။ ပထမဆုံးအနေနဲ့ သုံးခွမြို့တွင် နှစ်နေရာကိုတစ်လကြာစီသင်ကြားပေးမှာဖြစ်သလို ခရမ်းမြို့မှာနှစ်နေရာ၊ တံတားမြို့မှာတစ်နေရာ၊ကျောက်တန်းမြို့မှာ ၂ နေရာစီကိုတစ် လကြာစီ သင်ကြားပေးသွားမယ်လို့သိရပါတယ်။သင်ကြားရေးအစီအစဉ်မှာ သင်ကြားရေးဆိုင်ရာ စာရွက်စာတမ်းမှ အစ အခမဲ့စီစဉ်ပေးမှာဖြစ်တဲ့အပြင်သင်တန်းသားတစ်ယောက်ကိုကွန်ပျူတာတစ်လုံးစီဖြင့်နာရီ ၄၀ သင်ကြားပေးနေတယ်လို့သိရပါတယ်။ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ စည်ပင်ဧရိယာပြင်ပမြို့နယ်တွေကို သွားရောက်သင်ကြားပေးနေတာဖြစ်ပြီးသင်တန်းကာလ တစ်လဖြစ်ကာ သတ်မှတ်စာမေးပွဲဖြေဆို အောင်မြင်သူတွေကို Crrtificate ပေးအပ်ချီးမြှင့်ပေးလျက်ရှိတယ်လို့ ရန်ကုန် တိုင်းဒေသကြီးကွန်ပျူတာ လုပ်ငန်းရှင် အသင်းဥက္ကဌ ဦးမျိုးမင်းဦးကပြောပါတယ်။

Read More