Day: October 20, 2017

OPPO က ၄င်းတို့၏ကိုယ်စားပြုပုံရိပ်အဖြစ် ရုပ်ရှင်သရုပ်ဆောင် ရွှေမှုံရတီအား သံတမန်အဖြစ် ခန့်အပ်

ကင်မရာဖုန်းအမှတ်တံဆိပ်ဖြစ်သည့် OPPO က ၄င်း၏ ထုတ်ကုန်ပစ္စည်းများ၊ ကြော်ငြာများနှင့် လူမှုရေးလှုပ်ရှားမှုများတွင် ကိုယ်စားပြုရန် ရုပ်ရှင်သရုပ်ဆောင် ရွှေမှုံရတီအား သံတမန်အဖြစ် ခန့်အပ်ကြောင်း ယနေ့ထုတ်ပြန်လိုက်သည်။ ထိုကဲ့သို့ခန့်အပ်မှုအရ ရုပ်ရှင်သရုပ်ဆောင် ရွှေမှုံရတီသည် OPPO နှင့် လက်တွဲ၍ တစ်နှစ်တာအတွင်း OPPO ၏ တစ်နိုင်ငံလုံး အနှံ့ဈေးကွက်မြှင့်တင်ရေးအစီအစဉ်များနှင့် လူမှုရေးလှုပ်ရှားမှုများတွင် အတူပူးပေါင်းလုပ်ဆောင်သွား မည်ဖြစ်သည်။ “လူအများချစ်ခင်ပြီး သရုပ်ဆောင်အရည်အသွေးပြည့်ဝတဲ့ လူငယ်အနုပညာရှင် မြန်မာအမျိုးသမီးတစ်ယောက်ကို OPPO ရဲ့ Brand Ambassador အဖြစ် ခန့်အပ်နိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ OPPO ဟာ ငယ်ရွယ်ပြီး ဖတ်ရှင်ရေစီးကြောင်းကိုအခိုင်အမာပြုလျှောက်လှမ်းထိုးဖောက်နေသလို လူငယ်လူရွယ်ထုတွေပိုမိုသဘောကျနှစ်သက် စေမယ့် ထုတ်ကုန်ကောင်းတွေကိုပါ ဖန်တီးထုတ်လုပ်ပေးနေတာဖြစ်ပါတယ်။ ယခုလို Brand Ambassador အဖြစ်ခန့် အပ်လိုက်တဲ့ သရုပ်ဆောင်ရွှေမှုံရတီဟာဆိုရင် လက်ရှိမြန်မာပြည်လူငယ်ပရိသတ်တွေကြားမှာ ငယ်ရွယ်မှုနဲ့ဖတ်ရှင် ရေစီးကြောင်းကို […]

Read More

ကမ္ဘာ့ဈေးကွက်တွင်းသို့ ပိုမိုထိုးဖောက်ရန် စီစဉ်နေကြောင်း Vivo ထုတ်ပြန်ကြေညာ

ကမ္ဘာတစ်ဝှမ်းမှ ငယ်ရွယ်သူများ ကိုယ့်ကိုယ်ကို ထုတ်ဖော်ပြသနိုင်မှု ပိုမိုလာစေရန် ပြည့်စုံသည့် ထုတ်ကုန်ထုတ်လုပ်မှု စနစ်ဖြင့် ဈေးကွက်သစ်တွင်းသို့ ဝင်ရောက်တော့မည် ကမ္ဘာ့စမတ်ဖုန်းအမှတ်တံဆိပ်များတွင် နုပျိုစွာဖြင့် ဦးဆောင်ပါဝင်နေသည့် Vivo သည် အောက်တိုဘာလ ၂၀ ရက်တွင် သူတို့၏ နောက်ဆုံးပေါ် စမတ်ဖုန်းဖြစ်သည့် X Series ထဲမှ X20 ဖြင့် ဟောင်ကောင်ဈေးကွက်တွင်းသို့ ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ခဲ့ပါသည်။ ကုမ္ပဏီအနေဖြင့် ၎င်း၏ ထုတ်ကုန်များကို သိပ်မကြာမီအချိန်အတွင်းမှာပင် တရုတ်တိုင်ပေ၊ စင်ကာပူနှင့် ရုရှားနိုင်ငံများသို့ ယူဆောင်သွားတော့မည်ဖြစ်သည်။ ယခုတစ်ကြိမ်တွင် ဥရောပဈေးကွက်သို့ ချင်းနင်းဝင်ရောက်ခြင်းသာမက လာမည့်နှစ်ဦးပိုင်းတွင် အာဖရိကဈေးကွက်ကိုလည်း တွန်းအားပေးတော့မည် ဖြစ်သည်။ တရုတ်စမတ်ဖုန်းအမှတ်တံဆိပ်သည် ပြီးခဲ့သည့်နှစ်အတွင်း၌ တဟုန်ထိုး ကြီးထွားလာခဲ့သည်။ လိုက်လျောညီထွေဖြစ်စေရန် ကြိုးစားအားထုတ်မှုများကြောင့် ယခုအချိန်တွင် တရုတ်ပြည်မကြီးကိုကျော်လွန်ကာ ကမ္ဘာ့စမတ်ဖုန်းဈေးကွက် ရှယ်ယာ၏ ၄၈% […]

Read More

24MP နဲ့ စိတ်ကူးဆန်းလေးကို ပေါင်းစပ်လိုက်မယ်ဆိုရင်

ဓာတ်ပုံကောင်းတစ်ပုံရဖို့ဆိုတာ ကင်မရာကောင်းကောင်းရယ်၊ စိတ်ကူးစိတ်သန်းကောင်းကောင်းရယ် ပေါင်းစပ်ဖို့ လိုအပ်ပါတယ်။ ကင်မရာကောင်းတိုင်းလည်း ပုံကောင်းတစ်ပုံ မထွက်သလို၊ စိတ်ကူးကောင်းပေမယ့် ကင်မရာမကောင်းလို့ ကောင်းသင့်သလောက်မကောင်းတဲ့ ပုံတွေလည်း ရှိပါတယ်။ V7+ က Selfie ချစ်သူတွေအတွက် ကြည်လင်ပြတ်သားတဲ့ ပုံရိပ်ကို ရယူပေးတယ်ဆိုပေမယ့် ရိုက်ကူးသူတွေကလည်း ပြီးပြည့်စုံတဲ့ ပုံကောင်းလေးတွေရဖို့ စိတ်ကူးကောင်းလေးတွေနဲ့ ပေါင်းစပ်ဖို့ လိုပါသေးတယ်။ တချို့လည်း လက်ထဲကို ဖုန်းရောက်ပြီးမှ ခရီးမထွက်ရလို့၊ ဟိုဟိုသည်သည် မသွားရလို့ ရှုခင်းကောင်းကောင်းနဲ့ ပုံကောင်းလေးတွေ မရဘူးလို့ ဆိုကြပါတယ်။ တကယ်တမ်းတော့ Selfie မှာ ဖုန်းရဲ့ ကင်မရာက အရည်အသွေးပိုင်းနဲ့ နည်းစနစ်ပိုင်းကို အတော်လေး ထောက်ပံ့ပေးထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ရိုက်ကူးမယ့်သူကပဲ ကိုယ်ရောက်နေတဲ့ နေရာ၊ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး ကောင်းမွန်တဲ့ စိတ်ကူးစိတ်သန်းနဲ့ ကြည့်ရှုရိုက်ကူးရုံပါပဲ။ ၁။ ရှုထောင့်များနဲ့ […]

Read More

V7+ မျှော်မှန်းထားသည်ထက် ရောင်းအားကောင်းခဲ့

အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ရောင်းချခဲ့သော V7+ သည် စမတ်ဖုန်း သုံးစွဲသူများအကြားတွင် အလွန်ရေပန်းစား လူကြိုက်များလျက်ရှိပြီး ကုမ္ပဏီမှ မျှော်မှန်းထားသည်ထက် ရောင်းအားကောင်းခဲ့သောကြောင့် အချို့သော ဒေသများတွင် ရောင်းချရန်မကျန်တော့ဘဲ V7+ များ ထပ်မံရောက်ရှိလာမည့်အချိန်ကို စောင့်စားနေရကြောင်း သိရပါသည်။ V7+ သည် စတင်မိတ်ဆက်ချိန်ကတည်းက စမတ်ဖုန်းသုံးစွဲသူများကြားတွင် စိတ်ဝင်စားခြင်းကို ခံခဲ့ရသည်ဟု ဆိုရပါမည်။ Pre-Order ကာလတွင်လည်း ကုမ္ပဏီမှ မျှော်မှန်းထားသော ပမာဏထက် ပိုမိုများပြားသည့် ကြိုတင်မှာယူမှုကို ရရှိခဲ့ပါသည်။ ယခုအခါတွင်လည်း စတင်ရောင်းချသည့်ရက်မှစ၍ သုံးပတ်အတွင်းရောင်းအားမှာ မူလမျှော်မှန်းထားသည်ထက် များစွာပိုမိုနေပြီး အချို့သော နယ်များတွင် V7+ ကို ရောင်းချရန်မကျန်တော့သဖြင့် ထပ်မံရောက်ရှိလာမည့်နေ့ကို စောင့်ဆိုင်းနေကြရကြောင်း အရောင်းဆိုင်အချို့၏ ပြောဆိုချက်များအရ သိရှိရပါသည်။ အဆိုပါသတင်းနှင့်ပတ်သက်၍ Vivo Mobile Myanmar […]

Read More