Day: December 13, 2017

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ICT လုပ်ငန်းဆိုင်ရာ လုပ်ငန်း ၃ ခု ဆောင်ရွက်နေ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအနေနဲ့ ICT လုပ်ငန်းဆိုင်ရာလုပ်ငန်း ၃ ခုကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Read More

Facebook က သတင်းနှင့်ပတ်သက်သည့် အသိပညာပေးရေးလှုပ်ရှားမှု မြန်မာနိုင်ငံတွင်ဆောင်ရွက်

Facebook က သတင်းနဲ့ပတ်သက်တဲ့ အသိပညာပေးရေးလှုပ်ရှားမှု မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

Read More

KMD Career Fair ကျင်းပခဲ့

KMD Computer Group ကနေကြီးမှူးတဲ့ KMD Career Fair ကို ဒီဇင်ဘာလ ၁၀ ရက်က မြေနီကုန်းရှိ KMD Centre မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာလာရောက် လျှောက်ထားသူတွေကို ပါဝင်ပြသတဲ့ ကုမ္ပဏီကြီးတွေရဲ့ သက်ဆိုင်ရာပြခန်းတွေမှာ တိုက်ရိုက်အင်တာဗျူး ဝင်ရောက်ဖြေဆိုခြင်းတွေ ပြုလုပ်နိုင်အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ -သန္တာ

Read More

ဆိုက်ဘာလုံခြုံရေးနှင့် ပတ်သက်၍ အထွေထွေ

ဆိုက်ဘာလုံခြုံရေးဦးစီးဌာနက လက်ရှိဘာတွေဆောင်ရွက်နေသလဲ ဦးရဲနိုင်မိုး (ညွှန်ကြားရေးမှူုး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန) ပြည်သူတွေကို ပညာပေးတဲ့ အစီအစဉ်တွေကို လုပ်နေတယ်၊ မြန်မာ့အသံမှာ 3D Animation နဲ့ပတ်သက်ပြီးတော့ ဆိုက်ဘာလုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ သိရှိသင့်တဲ့ အချက်အလက်တွေကို ထုတ်ပြန်ခဲ့တာတွေ ရှိပါတယ်။ ကာတွန်းစာအုပ်တွေကို ကျွန်တော်တို့ ဖြန့်ဝေပါတယ်။ ပြီးတော့ လူငယ်တွေကြားထဲမှာ ဆိုက်ဘာလုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်စားမှုတွေပိုလာအောင် ပြိုင်ပွဲလေးတွေ လုပ်ပေးပါတယ်။ ပြိုင်ပွဲနှစ်ကြိမ် လုပ်ပြီးပါပြီ။ ပထမတစ်ကြိမ်ကို ကျွန်တော်တို့ ၂၀၁၅ မှာလုပ်ပြီးတော့ အင်ဒိုနီးရှားနိုင်ငံကို အနိုင်ရတဲ့အသင်းကို စေလွှတ်ပြီးတော့ အာဆီယံနိုင်ငံအချင်းချင်း ယှဉ်ပြိုင်ခဲ့ပါတယ်။ အခုထိုင်းနိုင်ငံကို စေလွှတ်ဖို့ရှိပါတယ်။ ထိုင်းမှာလည်း အာဆီယံနိုင်ငံအချင်းချင်း ဆိုက်ဘာဂိမ်းတွေကို ယှဉ်ပြိုင်ရမှာပါ။ ကျွန်တော်တို့ဌာနအနေနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိပါတယ်၊ […]

Read More