Day: January 4, 2018

ABE (UK) Business Management သင်တန်းဖွင့်မည်

စီးပွားရေးပညာရပ်ကို သင်ကြားတတ်မြောက်ပြီး နိုင်ငံတကာအသိအမှတ်ပြု Diploma ရယူလိုသူ တွေအတွက်Business Management Diploma, ABE-UK ကို မန္တလေးရှိ AIM တွင် တက်ရောက် နိုင်မည်ဟု သိရသည်။ တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးသူတွေအတွက်Level-4 Foundation Diploma & Diploma in Business Management(4 Subjects-Assignment, 4 Subjects-Exam)သင်တန်း၊ Level 4 နှင့် ညီမျှသော Diploma ရရှိပြီးသူတွေ၊ အသက် (၁၈)နှစ်ပြည့်ပြီးသူတွေအတွက် Level-5 Diploma in Business Management (3 Subjects-Assignment, 3 Subjects-Exam) သင်တန်း၊ ဘွဲ့ရပြီးသူတွေ၊ level 5 နှင့် ညီမျှတဲ့Diploma ရရှိပြီးသူတွေအတွက် Level-6 Diploma in Business […]

Read More

Myanmar Calendar 2018

၂ဝ၁၈ ခုနှစ်အတွက် မြန်မာပြက္ခဒိန် App ဖြစ်ပါတယ်။ မြန်မာဘာသာဖြင့် ကြည့်ရှုအသုံးပြုနိုင်အောင် ဖန်တီးထားပြီး တစ်နှစ်တာရဲ့ အစိုးရရုံးပိတ်ရက်တွေကိုလည်း ကြည့်ရှုနိုင်မှာဖြစ်သလို လပြည့်၊ လကွယ်၊ ရက်ရာဇာ၊ ပြဿဒါးစတာတွေကိုလည်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download ပြုလုပ်နိုင်ပါတယ်။

Read More

မန္တလေးတွင် စီပွားရေးစီမံခန့်ခွဲမှုသင်တန်းကို သင်တန်းကြေးအခမဲ့ဖြင့်ဖွင့်လှစ်မည်

Business Management ရုံးချိန်လွတ်သင်တန်းကို မန္တလေးရှိ Royal Business Institute မှာ ပညာဒါန ဖွင့်လှစ်သင်ကြားပေးမယ်လို့သိရပါတယ်။ ဇန်နဝါရီ ၁၅ ရက်မှ ၁၉ ရက်အထိ၊ ညနေ ၆ နာရီ မှ ညနေ ၈နာရီအထိရုံးချိန်လွတ် သင်ကြားပေးမယ်လို့ သိရပါတယ်။လူဦးရေကို အကန့်အသက်နဲ့သာ လက်ခံမှာဖြစ်ပြီး သင်တန်းအပ်တဲ့အခါမှာ ပတ်စ်ပို့ဓာတ်ပုံ ၂ ပုံနှင့် CV From ဖြည့်ရန်လိုအပ်တယ်လို့သိရပါတယ်။ သင်တန်းကြေးအခမဲ့ဖြစ်ပြီးစာရွက်စာတမ်းများ + Guide Book + Certificate Registration နဲ့ Room Charges တွက် Registration Fees အနေနဲ့ ၂ သောင်းကျပ်သာကောက်ခံသွားမယ်လို့သိရပါတယ်။ သင်တန်းပြီးဆုံးပါက Royal Business Institute မှ ချီးမြှင့်မယ့် Certificate […]

Read More

2018 Myanmar Investment Outlook Seminar ပြုလုပ်မည်

2018 Myanmar Investment Outlook Seminar ကို ဇန်န၀ါရီလ ၇ ရက်၊ နံနက် ၉း၃၀ မှ ၁၂ နာရီအထိ၊ ရန် ကုန်မြို့၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း (UMFCCI) မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲမှာ ရင်းနှီးမြှုပ်နှံမှု၊ ကုမ္ပဏီနှင့် Banking ဆိုင်ရာ ဥပဒေအသစ်များ၊ လက်ရှိနိုင်ငံရေး အခင်းအကျင်း နှင့် စီးပွားရေးတိုးတက်နှုန်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပြည်တွင်းကုမ္ပဏီများပြင်ဆင်ထားရမယ့် အပိုင်းများ၊ ၂၀၁၈ ခုနှစ်အတွက် ဖြစ်ပေါ်လာမယ့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခင်းအကျင်းအသစ်များ စတာတွေကိုဆွေးနွေး ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဆွေးနွေးပြောကြားပေးမယ့်သူတွေကတော့ DG of DICA ဦးအောင်နိုင်ဦး၊ CEO of MCB Bank ဦးသောင်းဟန်၊ CEO […]

Read More

Kinect adapter ရောင်းချမှုကို Microsoft ရပ်တန့်

Microsoft အနေနဲ့ Xbox One ဂိမ်းနဲ့ Windows PC တွေမှာ depth-sensing ကင်မရာကို ချိတ်ဆက်နိုင်မယ့် Kinect adapter ကိုရောင်းချတော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။ Kinect adapter တွေကို ဆက်လက်ရောင်းချတော့မှာ မဟုတ်ဘူးလို့ Microsoft ကိုယ်စားလှယ်တစ်ဦးက Polygon ကိုပြောခဲ့ပါတယ်။ “ဂရုတစိုက် စဉ်းစားပြီးတဲ့နောက်မှာ ကျွန်တော်တို့အနေနဲ့ Xbox Kinect Adaptor ထုတ်လုပ်မှု ရပ်တန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ Xbox One နဲ့ Windows 10 ကပရိသတ်တွေ တောင်းဆိုတဲ့ gaming accessory သစ်တွေကို ထုတ်လုပ်ဖို့ အာရုံစိုက်သွားပါမယ်” လို့ထုတ်ပြန်ခဲ့ပါတယ်။ Microsoft ဟာ ၂၀၁၆ ခုနှစ်အတွင်း Xbox One S ဂိမ်းစက်ကို […]

Read More

ဒေါ်လာ ၂ ဘီလျံ အသုံးပြု၍ AI သုတေသနပန်းခြံ တည်ဆောက်ရန် တရုတ် စီစဉ်ထား

တရုတ်အစိုးရအနေနဲ့ ဘေကျင်းမြို့ အနောက်ဘက်က မန်တူဂူဒေသမှာ ယွမ် ၁၃.၈ ဘီလျံ (ဒေါ်လာ ၂.၁၂ ဘီလျံ) အသုံးပြုပြီး artificial intelligence သုတေသနပန်းခြံ တည်ဆောက်ဖို့ စီစဉ်ထားတယ်လို့ Xinhua သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ၂၀၂၅ ခုနှစ်အရောက် AI ကဏ္ဍမှာ ကမ္ဘာ့ခေါင်းဆောင်တစ်ဦးဖြစ်လာမယ့် ရည်မှန်းချက်ဖြစ်လာဖို့ ရည်မှန်းနေပါတယ်။ အဲဒီ AI ပန်းခြံမှာ စီမံကိန်း အခု ၄၀၀ အထိ ဆောင်ရွက်သွားမှာ ဖြစ်ပြီး နှစ်စဉ် ယွမ်ဘီလျံ ၅၀ ရရှိဖို့ ခန့်မှန်းထားတယ်လို့ ဘေကျင်းရဲ့ မန်တူဂူဒေသအတွင်းက အာဏာပိုင်ရဲ့ အစီရင်ခံစာကို ကိုးကားပြီး Xinhua က ဖော်ပြခဲ့ပါတယ်။ အဲဒီစီမံကိန်းကို ဖော်ဆောင်နေတဲ့ Zhongguancun Development Group အနေနဲ့ […]

Read More

အချိန်ပိုင်းအနုပညာဒီပလိုမာသင်တန်းဝင်ခွင့်လျှောက်လွှာခေါ်ယူ

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် အချိန်ပိုင်းအနုပညာ ဒီပလိုမာသင်တန်းဝင်ခွင့်လျှောက်လွှာခေါ်ယူလျက်ရှိပါတယ်။ သင်တန်းတွေကို ဇန်န၀ါရီလ ၁၁ ရက် မှ စတင်ကာ ဖွင့်လှစ်သင်ကြားပေးမှာဖြစ်ပြီး သင်ကြားနိုင်မယ့် ဘာသာရပ်တွေကတော့ ဂီတပညာဌာန(စောင်း/ပတ္တလား/စန္ဒရား/တယော/အဆို)၊ သဘင်ပညာဌာန (မြန်မာ့ရိုးရာရုပ်သေးပညာ/မြန်မာ့ရိုးရာ အကပညာ)၊ ပန်းချီပညာဌာန (အခြေခံ ပန်းချီသင်တန်း/ ရေဆေးရောင်စုံရေးဆွဲနည်းနှင့်လူပုံရေးဆွဲနည်းသင်တန်း/ ဆီဆေးနှင့်အခရိုက်လစ်ရေးဆွဲနည်း သင်တန်း)၊ ပန်းပုပညာဌာန (အခြေခံပန်းပုသင်တန်း/မြန်မာ့ရိုးရာပန်းပုသင်တန်း/ပန်းပုနည်းပညာသင်တန်း) တွေပဲဖြစ်ပါတယ်။ သင်တန်းကာလ ၉ လ ကြာမြင့်မှာဖြစ်ပြီးသင်တန်းကြေးမှာ Level တစ်ခုကို ၇၅၀၀၀ ကျပ်ဖြစ်ကာ Level ၃ ခု တက်ရောက်ရမှာဖြစ်ပါတယ်။ သင်တန်းပြီးဆုံးပါက ဒီပလိုမာဘွဲ့ကိုရရှိမှာဖြစ်ပြီး လျှောက်လွှာတွေကို ဇန်န၀ါရီလ ၁၀ ရက်နောက်ဆုံးထားကာ လျှောက်ထားရမှာဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေကို သင်တန်းရေးရာဌာန ဖုန်း-၀၁-၅၉၀၂၅၂၊ ၅၉၀၂၅၄ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်မှာဖြစ်ပါတယ်။ -သန္တာ

Read More

အင်ဂျင်နီယာပိုင်းဆိုင်ရာပညာရပ်များအကြောင်းဆွေးနွေးပွဲ ပြုလုပ်မည်

အင်ဂျင်နီယာပိုင်းဆိုင်ရာပညာရပ်များအကြောင်းဆွေးနွေးပွဲကို ဇန်န၀ါရီလ ၁၃ ရက်၊ နံနက် ၁၀ နာရီ မှ ၁၂ နာရီ အထိ Novotel Hotel Yangon Eureka Room မှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ အင်ဂျင်နီယာနယ်ပယ်တွင် ပညာရှင်တစ်ယောက် အဖြစ်ရပ်တည်နိုင်ရန် မဖြစ်မနေသိထားသင့်သော အကြောင်းအရာများကို PSB Academy (Singapore) ကျောင်းမှတာဝန်ရှိသူက အသေးစိတ်လာရောက် ဆွေးနွေးပေးသွားမှာဖြစ်ပြီး ပွဲမှာ Engineering နယ်ပယ်တွင် ပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နိုင်ရန် သိရှိထားသင့်တဲ့ အချက်တွေ၊ ပိုလီဒီပလိုမာနဲ့ သြစတြေးလျ ၊ အင်္ဂလန်နိင်ငံတို့မှပေးအပ်မယ့် အင်ဂျင် နီယာဘွဲ့ တွေရဲ့ ကွဲပြားခြားနားချက်တွေအကြောင်း၊ Mechanical နှင့် Electronic Electrical ကွာခြားချက်များ၊ စင်ကာပူမှ တစ်ဆင့် သြစတြေးလျသို့ပြောင်းရွှေ့ သင်ယူလိုပါကကြိုတင် ပြင်ဆင်ထားသင့်သည်များ၊ ကျောင်းပြီးပါက လုပ်ကိုင်နိုင်သောနယ်ပယ်များနှင့် […]

Read More

Pokémon Go ဂိမ်းကို ကမ္ဘာ့အကြီးဆုံး မိုဘိုင်းဈေးကွက် တရုတ်နိုင်ငံတွင် မိတ်ဆက်မည်

Pokémon Go ဂိမ်းဟာ ၂၀၁၆ခုနှစ် နွေရာသီမှာ စတင်ထွက်ရှိလာတုန်းက ကစားသူအလွန်များပြားတဲ့အတွက် ထိန်းကျောင်းဖို့ အခက်အခဲတွေ့ခဲ့ရပါတယ်။ ဆာဗာပြဿနာတွေ အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။ Niantic အနေနဲ့ ဆာဗာတွေကို အစီအစဉ်တကျဖြစ်အောင် ပြုလုပ်ပြီးတာနဲ့ နိုင်ငံတော်တော်များများက များပြားတဲ့ Pokémon Go ဂိမ်းကစားသူတွေအတွက် ဂိမ်းကို ဖြန့်ချိပေးခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းက Pokémon Go ဂိမ်းကစားသူ အသစ်တွေဟာ အကောင်တွေအားလုံးကို ဖမ်းဆီးဖို့ လမ်းမတွေပေါ် ပြန်လည်ရောက်ရှိလာကြပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ရေပန်းစားနေတဲ့ Pokémon Go ဂိမ်းကို download ပြုလုပ်နိုင်ပြီး ကစားနိုင်တဲ့ နိုင်ငံစာရင်းထဲမှာ တရုတ်နိုင်ငံ မပါဝင်ပါဘူး။ အခုဆိုရင် Niantic ဟာတရုတ်နိုင်ငံအတွင်းက NetEase ကုမ္ပဏီနဲ့သဘောတူညီချက်ရယူပြီး ဒေသတွင်းမှာ Pokémon Go ဂိမ်းကို ဖြန့်ချိသွားမယ်လို့ Financial […]

Read More

ပျော်ရွှင်တက်ကြွတဲ့နေ့စဉ်ဘဝကို ရရှိနိုင်ဖို့လိုအပ်တဲ့ စမတ်ဖုန်း စွမ်းဆောင်ရည်များ

ဒီနေ့ခေတ်မှာ လူတိုင်းနီးပါးရဲ့ နေ့စဉ်ဘဝမှာ စမတ်ဖုန်းတွေက အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်လို့နေပါပြီ။ ဒါကြောင့် ကိုယ့်ရဲ့ စမတ်ဖုန်းက နေ့စဉ်ဘဝကို ပျော်ရွှင်တက်ကြွနေအောင် ကူညီပေးနိုင်တဲ့ စွမ်းဆောင်ရည်မျိုး ရှိဖို့လိုပါတယ်။ အဓိကကတော့ ပျော်စရာနဲ့ အမှတ်တရ အခိုက်အတံ့တွေကို အမိအရမှတ်တမ်းတင်နိုင်ဖို့ ကင်မရာစွမ်းဆောင်ရည်၊ သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ ရယူနိုင်ဖို့ လျင်မြန်တဲ့ ကွန်ယက်ချိတ်ဆက်မှု၊ ဖျော်ဖြေရေးအတွက် ဂိမ်းကစား၊ သီချင်းနားထောင်၊ ရုပ်ရှင်တွေကြည့်နိုင်ဖို့ ရုပ်ထွက်နဲ့ မျက်နှာပြင်အရည်အသွေးတို့ ကောင်းမွန်နေဖို့လိုပါတယ်။ ဒီလိုစွမ်းဆောင်ရည်တွေနဲ့ပြည့်စုံပြီး ဈေးနှုန်းလည်း အလယ်အလတ်တန်းပဲ ရှိရမယ်ဆိုရင်တော့ HUAWEI nova 2i ကို ညွှန်းပေးချင်ပါတယ်။ HUAWEI nova 2i လို့ ပြောလိုက်တာနဲ့ အထူးခြားဆုံးနဲ့ အပေါ်လွင်ဆုံးဖြစ်နေတဲ့ အချက်ကတော့ ကင်မရာ ၄ လုံးဆိုတဲ့ စွမ်းဆောင်ရည်ပါ။ Professional […]

Read More