Day: January 19, 2018

ဘားကမ့်ရန်ကုန်တွင် ပါဝင်ဆွးနွေးရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အား ဖိတ်ခေါ်

(၉) ကြိမ်မြောက်အဖြစ်ကျင်းပမယ့် ဘားကမ့်ရန်ကုန်မှာ ပါဝင်ဆွေးနွေးဖို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။

Read More

Myanmar Font

Samsung ဖုန်းဗားရှင်းအမြင့်တွေအတွက် မြန်မာဖောင့်အလှတွေကို အလွယ်တကူထည့်သွင်းနိုင်မယ့် App ဖြစ်ပါတယ်။ ဖောင့်ကိုဦးစွာ Install လုပ်ပြီး Change Font ကနေ ပြောင်းကာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ မြန်မာစာ စာလုံးအလှဖောင့်များစွာလည်း ပါဝင်ပါတယ်။ App ကို Android version 2.0 နဲ့အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download ပြုလုပ်နိုင်ပါတယ်။ -ရဲထွဋ်ဝင်း

Read More

iPhone Siri နဲ့ Maps app သုံးပြီး ပါကင်မှာရပ်ထားတဲ့ကားကို ဘယ်လိုပြန်ရှာမလဲ

ကားပါကင်မှာ များပြားတဲ့ ကားတွေကြောင့် မိမိရဲ့ကားကို အလွယ်တကူ ပြန်ရှာမတွေ့နိုင် ဖြစ်တတ်ကြပါတယ်။ နှစ်ထပ်သုံးထပ်ရှိတဲ့ ရှိတက်တဲ့ ကားပါကင်နဲ့ ရှည်လျားလှတဲ့ ကားတန်းကြားမှာ iPhone Siri နဲ့ Maps app ကိုသုံး ပြီး ပါကင်မှာရပ်ထားတဲ့ ကားကို Bluetooth နဲ့ ချိတ်ဆက်ကာ အလွယ်တကူရှာဖွေနိုင်ပါတယ်။ Apple ရဲ့ Apple Maps app မှာ ပါဝင်တဲ့ Parked Car လုပ်ဆောင်ချက်ကိုသုံးပြီး iPhone ဒါမှမဟုတ် Apple Watch ကနေ တစ်ဆင့် ပါကင်မှာရပ်ထားတဲ့ ကားကို အလွယ်တကူ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ Parked Car လုပ် ဆောင်ချက်က ဘယ်လိုအလုပ် လုပ်လဲဆိုရင်တော့ iPhone 6 နဲ့ […]

Read More

ရေနစ်နေတဲ့ သြစတြေးလျ ဆယ်ကျော်သက်နှစ်ဦးကို ဒရုန်းသုံးပြီး ကယ်တင်နိုင်ခဲ့

ကမ်းခြေကိုပြန်လှည့်ဖို့ ရုန်းကန်နေရတဲ့ ပင်လယ်ထဲက ဆက်ကျော်သက်လူငယ်နှစ်ဦးကို အသက်ကယ်ဒရုန်းသုံးပြီး ကယ်တင်နိုင်ခဲ့တဲ့ဖြစ်ရပ် သြစတြေးလျမှာ ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီဒရုန်းဟာ

Read More

မျိုးဆက်သစ် Samsung ဖုန်းများတွင် in-display selfie camera များ ပါဝင်လာဖွယ်ရှိ

Fingerprint reader တွေကို ဖုန်းရဲ့ကျောဘက်ကိုရွှေ့ပြီး bezel တွေကို ကျဉ်းမြောင်းအောင် လုပ်ခဲ့ကြပေမယ့် selfie camera ကို ကျောဘက်ကို ရွှေ့လို့မရတဲ့အတွက်ကြောင့် iPhone X နဲ့ Essential Phone လို ဖုန်းအချို့မှာ notch တွေ ပေါ်ပေါက်လာပါတယ်။ အခုဆိုရင် Samsung က စမတ်ဖုန်းတစ်ခုရဲ့ display ထဲမှာ fingerprint sensor ကိုသာမက ကင်မရာကိုပါထည့်သွင်းဖို့ လုပ်ဆောင်နေပါတယ်။ LetsGoDigital က တွေ့ရှိခဲ့တဲ့ မူပိုင်ခွင့်မှာ selfie camera အပြင် ဖုန်းနားခွက်နဲ့ အခြား sensor တွေအတွက် အပေါက်ငယ်လေးတွေပါဝင်တဲ့ flexible OLED screen တစ်ခုကို ပြသထားပါတယ်။ ဒါဟာ display ကို ဖုန်းရဲ့ […]

Read More

Coding တတ်စရာမလိုဘဲ ကိုယ်ပိုင် AI tool တွေဖန်တီးနိုင်မယ့် Google ရဲ့ cloud ဝန်ဆောင်မှုသစ်

Google ရဲ့ ဝန်ဆောင်မှုသစ်ဖြစ်တဲ့ Cloud AutoML ဟာ drag နဲ့ drop လုပ်ရုံနဲ့ ရုပ်ပုံတွေကို သိမှတ်နိုင်တဲ့ tool တစ်ခုကို ဖန်တီးပေးနိုင်တယ်လို့ သိရပါတယ်။ ရုပ်ပုံနဲ့ စကားသံတွေကို မှတ်မိနိုင်ပြီး အဆင်သင့်သုံးစွဲနိုင်တဲ့ AI ဝန်ဆောင်မှုတွေဟာ cloud computing ထောက်ပံ့သူအဖြစ် သုံးစွဲသူတွေအပေါ် အားပြုထားတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ Google ဟာ Cloud AutoML နဲ့ AI ကို အလွယ်တကူ အသုံးပြုနိုင်စေဖို့အတွက် ခြေလှမ်းတစ်ရပ်ကို အကောင်အထည် ဖော်ခဲ့ပါတယ်။ Cloud AutoML ဆိုတဲ့ tool သစ်ဟာ code တစ်ကြောင်းမှ ရေးစရာမလိုဘဲ ကိုယ်ပိုင် machine learning algorithm သစ်တွေကို အစကနေ သင်ကြားပေးနိုင်ပါတယ်။ […]

Read More

Snapdragon 845 ပါဝင်တဲ့ Xiaomi Mi 7 ကို MWC 2018 တွင် မိတ်ဆက်ကြေညာဖွယ်ရှိ

Qualcomm ရဲ့ မျိုးဆက်သစ် flagship system-on-chip ဖြစ်တဲ့ Snapdragon 845 ကို ပြီးခဲ့တဲ့နှစ်က မိတ်ဆက်ကြေညာခဲ့ပါတယ်။ အဲ့ဒီ chip ကို

Read More

iPhone 8 နှင့် 8 Plus အတွက် အကောင်းဆုံး ဓာတ်ပုံ app တွေ ရွေးချယ်ခြင်း

Apple ရဲ့ iPhone 8 နဲ့ 8 Plus မှာ စွမ်းဆောင်ရည်မြင့်မားတဲ့ ကင်မရာတွေ ပါဝင်ပါတယ်။ 8 Plus မှာ dual-lens system ကို အသုံးပြုထားပြီး ၎င်းရဲ့ secondary lens က Protrait Mode သစ်ကနေ တစ်ဆင့် ထူးကဲကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ရိုက်ကူးပေးနိုင်ပါတယ်။ iOS မှာပါဝင်တဲ့ native Camera app ဟာ စွမ်းဆောင်ရည် ကောင်းမွန်ပေမယ့် iOS 10 ကစပြီး third party app developer များအတွက် RAW ဓာတ်ပုံရိုက်ကူးနိုင်မယ့် အထောက်အပံ့ ပါဝင်လာတာကြောင့် ဓာတ်ပုံရိုက်ကူးသူများက ၎င်းတို့ရဲ့ မိုဘိုင်းကင်မရာတွေနဲ့ အကောင်းဆုံးဓာတ်ပုံတွေကို ရိုက်ကူးနိုင်စေမှာ ဖြစ်ပါတယ်။ […]

Read More

SteamWorld Heist: Ultimate Edition

ဆွီဒင်အခြေစိုက် Image &Form ကနေ ဖန်တီးထားတဲ့ အခုဂိမ်းက အပစ်အခတ် အတိုက်အခိုက် ဂိမ်းတွေကို နှစ်သက်သူတွေအတွက် စိတ်ကြိုက်ဖြစ်မှာပါ။ ခေါင်းဆောင် Piper Faraday ရဲ့ နေရာမှာကစားသူက ဝင်ရောက်ကစားရမှာဖြစ်ပြီး သူက လျှို့ဝှက်လှုပ်ရှားသူအဖြစ် ဇာတ်ကောင်က ရှိနေမှာပါ။ ပင်လယ်ဓါးပြနဲ့ ပုံစံဆင်တူအောင် ဖန်တီးထားပြီး သူက ပင်လယ်ထဲမှာ မဟုတ်ပေမယ့် အာကာသယာဉ်ပျံတွေပေါ်မှာ ပစ်မှတ်တွေကို လိုက်လံရှာဖွေကာ အောင်မြင်အောင် ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။ အဓိကအနေနဲ့တော့ ကစားသူဟာ အဆင့်တက်ဖို့ လုပ်ရမယ်၊ ငွေများများ ရှာရမယ်၊ လိုအပ်တာ တွေ ၀ယ်ရမယ်။ ကစားသူရဲ့ သွားလမ်းတလျှောက် ရန်သူတွေကို ပစ်ခတ်ဖို့အတွက် လက်နက်တွေ၊ ကျည်ဆံတွေ ပြည့်ဝအောင် ဝယ်ယူတိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ ရုပ်ထွက် အရမ်းမဆန်းပေမယ့် ဂိမ်းမှာထူးခြားချက်က သေနတ်ပစ်ခတ်မှုတွေမှာအပြင် […]

Read More