Month: June 2018

e-Government စနစ်အတွက် ကော်မတီ (၁) ခုနှင့် ဆပ်ကော်မတီ (၈) ခုဖွဲ့စည်းခဲ့

[ Zawgyi ] e-Government စနစ်အတွက် ကော်မတီ (၁) ခုနဲ့ ဆပ်ကော်မတီ (၈) ခုဖွဲ့စည်းခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ e-Government ဦးဆောင်ကော်မတီရဲ့ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို နေပြည်တော်မှာ ကျင်းပခဲ့ရာ e-Government ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားရာမှာထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ e-Government စနစ်ကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ အတွက် ဦးဆောင်ကော်မတီက ၂ဝ၁၈ ခုနှစ်၊ ဇွန်လ(၁၂)ရက်မှာ ဖွဲ့စည်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။ e-ID စနစ် လုပ်ငန်း ကော်မတီ၊ ကြီးကြပ်ကွပ်ကဲမှုဆပ်ကော်မတီ၊ အခြေခံအဆောက်အဦ၊ စနစ်၊ ပုံစံနှင့် ဒီဇိုင်းဆပ်ကော်မတီ၊ ဝယ်ယူရေးနှင့် အစိုးရပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေး ဆပ်ကော်မတီ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ စံသတ်မှတ်ရေး ဆပ်ကော်မတီ၊ သုတေသနနှင့် […]

Read More

Basic Java Programming Course သင်တန်းအတွက် အခမဲ့တက်ရောက်နိုင်

[ Zawgyi ] Java ပညာရပ်ကို အခြေခံကျကျ သိချင်သူများ၊ Java programming ကို ကိုယ်တိုင်လေ့လာလိုသူများနဲ့ Java ကို စိတ်ဝင်စားပြီး သင်ယူရန် ခက်ခဲနေသူတွေ အတွက် Basic Java Programming Course အတွက် သင်တန်းကြေး အခမဲ့နဲ့ တက်ရောက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Java Feature and Architecture အကြောင်းနားလည်စေရန်၊ Java Program ရေးရာမှာပါဝင်မယ့် components တွေကို သိရှိနားလည်ပြီး ရေးသားတတ်စေရန်၊ Operators များအသုံးပြုတတ်စေရန်၊ Arrays နဲ့ Strings class များကို သုံးပြီးရေးတတ်စေရန်၊ Inheritance, Exception Handling ရေးသားနည်းများကို မိမိကိုယ်တိုင် ရေးနိုင်တဲ့အထိ သင်ကြားပေးသွားမယ်လို့ သိရပါတယ်။ […]

Read More

Myanmar SRT

[ Zawgyi ] ပြည်တွင်းက အခမဲ့ကြည့်ရှုနိုင်တဲ့ ရုပ်သံလိုင်းတွေကို ဖုန်းကနေ အလွယ်တကူ ကြည့်ရှုနိုင်အောင် ဖန်တီးထားတဲ့ App ဖြစ်ပါတယ်။ ဖျော်ဖြေရေးဆိုင်ရာ ရုပ်သံလိုင်းတွေဖြစ်တဲ့ Channel7, MRTV, Channel9, mitv, mntv, NRC, မဟာဗောဓိစတဲ့ ရုပ်သံလိုင်းတွေကို မိမိနှစ်သက်ရာ ရွေးချယ်ကြည့်ရှုနိုင်မှာဖြစ်ပြီး စာတန်းထိုးရုပ်သံလိုင်းတွေအပြင် ရေဒီယိုလိုင်းတွေကိုလည်း App ကနေ နားဆင်နိုင်မှာ ဖြစ်ပါတယ်။ အွန်လိုင်းအခြေပြု App အမျိုးအစားဖြစ်တဲ့အတွက် App အသုံးပြုတိုင်း ဖုန်းမှာ အင်တာနက်ဖွင့်သုံးရမှာ ဖြစ်ပါတယ်။ App ကို Android version 4.0.3 နဲ့အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း [ Unicode ] ပြည်တွင်းက […]

Read More

iOS 12 beta ကို ဖုန်းမှာ ဘယ်လို ထည့်သွင်းမလဲ

[ Zawgyi ] မိမိအနေနဲ့ ဖုန်းမှာအလွယ်တကူ ထည့်သွင်းနိုင်ပါတယ်။ မိမိ အနေနဲ့ အရင်ကလည်း Apple ရဲ့ Beta ပရိုဂရမ်တွေမှာ ပါဝင်ဖူး တယ်ဆိုရင်တော့ အခုတစ်ခါမှာ လည်း ဘာမှထပ်လုပ်စရာမလိုဘဲ iOS 12 beta ကို ရယူသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ မိမိအနေနဲ့ အခုမှ စတင်သုံးစွဲမယ်ဆိုရင်တော့ Apple Beta ပရိုဂရမ်မှာ Sign up လုပ်ရ မှာဖြစ်ပါတယ်။ Sign up လုပ်ဖို့ အတွက် ကိုယ့်ရဲ့ Apple ID တော့ လိုအပ်မှာဖြစ်ပါတယ်။ အရင်ဆုံး Apple ရဲ့ Beta Program စာမျက်နှာကို အောက်က လင့်ကနေ သွားလိုက်ပါ။ [ https://beta.apple.com/sp/betaprogram/ ] […]

Read More

Instagram Stories မှာသီချင်းများ ထည့်သွင်းနိုင်မည်

Instagram က Stories မှာသုံးစွဲသူ ဖန်တီးထားတဲ့ ရုပ်ပုံတွေမှာ သီချင်းထည့်သွင်းခွင့်ပြုတဲ့ feature ကို ဖြန့်ချိလိုက်ပါတယ်။ အဲဒီ featuer ကိုသုံးစွဲသူတချို့ဆီ စတင်ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။ Instagram Stories ကိုနေ့စဉ်နေ့တိုင်း အသုံးပြုနေတဲ့ လူပေါင်း သန်း ၄၀၀ ရှိပါတယ်။ အခု feature ဟာ လူတွေရဲ့ ဘဝကို အပြောင်းအလဲဖြစ်စေလာနိုင်ပါတယ်။ သုံးစွဲသူအနေနဲ့ story တစ်ခုမှာ သီချင်းထည့်သွင်းနိုင်တဲ့ နည်းလမ်းက တည်နေရာ ဒါမှမဟုတ် ရာသီဥတုအချက်အလက် ထည့်သွင်းတဲ့ နည်းလမ်းအတိုင်း ပြုလုပ်ရပါမယ်။ သုံးစွဲသူဟာ screen ညာဘက်ထိပ်မှာ တွေ့မြင်ရတဲ့ face-sticker icon ကိုနှိပ်လိုက်ရင် သီချင်းတွေ ထည့်သွင်းနိုင်ပါတယ်။ သုံးစွဲသူရဲ့ဓာတ်ပုံဒါမှမဟုတ် ဗီဒီယိုမှာ သီချင်းကို ထည့်သွင်းလိုက်တာနဲ့ ပါဝင်လိုတဲ့ သီချင်းအစိတ်အပိုင်းကို […]

Read More

GitHub ကို Microsoft နဲ့အပြိုင်ဝယ်ယူရာမှာ Google ရှုံးနိမ့်ခဲ့

[ Zawgyi ] Google ဟာ Microsoft နဲ့အပြိုင် GitHub ကိုဝယ်ယူမှုမှာ ရှုံးနိမ့်ခဲ့တယ်လို့ ကုမ္ပဏီအမှုဆောင်တစ်ဦးက ဝန်ခံပြောကြားသွားပါတယ်။ မနေ့ကပြုလုပ်သွားခဲ့တဲ့ Fortune Magazine အခမ်းအနားမှာ “ကျွန်မအနေနဲ့ GitHub ကုမ္ပဏီဝယ်ဖို့ စိတ်ထဲ အရမ်းမထားပါဘူး။ အဆင်ပြေပါတယ်” လို့ Google ရဲ့ cloud အကြီးအကဲဖြစ်သူ ဒိုင်ယန်ဂရင်းကပြောခဲ့ပါတယ်။ Google ဟာ Microsoft ရဲ့ကမ်းလှမ်းမှုတွေနဲ့ အပြိုင် GitHub ကိုဝယ်ယူဖို့ ကြိုးစားခဲ့တယ်လို့ ကောလာဟလသတင်း ထွက်ပေါ်ခဲ့ပါတယ်။ GitHub တည်ထောင်သူ ခရစ္စဝမ်စရတ်က အမှုဆောင်အရာရှိချုပ် ဆတ်ရာနာဒယ်နဲ့ ဆက်ဆံရေး ကောင်းမွန်မှုကြောင့် Microsoft ကိုရွေးချယ်လိုက်တယ်လို့ သတင်းက ဖော်ပြခဲ့ပါတယ်။ GitHub ဟာစီမံကိန်းတွေ၊ သတင်းအချက်အလက်နဲ့ code တွေကို host […]

Read More

2018 မှာ ကိုယ်ရိုက်ထားတဲ့ ဗီဒီယိုတွေကို ဘယ်လို App တွေနဲ့ တည်းဖြတ်မလဲ

[ Zawgyi ] မိုဘိုင်းဖုန်းနဲ့ ဗီဒီယိုရိုက်ကူးတာကို ဝါသနာပါတဲ့သူတွေအတွက် ဖုန်းထဲမှာပဲ ဗီဒီယိုတွေကို ပြင်ဆင်တည်းဖြတ်နိုင်တဲ့ ၂၀၁၈ မှာ ဘယ်လို App တွေ ခေတ်စားနေလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ စမတ်ဖုန်းကင်မရာတွေကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေဟာလည်း အခုအခါမှာ အရည်အသွေး ပိုမိုကောင်းမွန်လာပြီဖြစ်ရာ ဗီဒီယိုတွေကို တည်းဖြတ်ဖို့အတွက်လည်း App တွေက ပိုမိုကောင်းမွန်လာတာကို တွေ့ရပါတယ်။ Chroma လိုမျိုး စိတ်ကြိုက် Video တွေကို လှီးထုတ် နိုင်တဲ့အထိကို mobile editing app တွေက ပိုမိုကောင်းမွန်လာတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့ သုံးလို့ကောင်းတဲ့ Video App တွေကို ဖော်ပြပေးလိုက်ပါတယ်။ Kinemaster Android ဖုန်းတွေမှာ အသုံးများတဲ့ Video Editing App တစ်ခုပဲ […]

Read More

အီလွန်မက်စ်ရဲ့ AI bot တွေကို ထောက်ခံလိုက်တဲ့ ဘီလ်ဂိတ်စ်

[ Zawgyi ] နည်းပညာလုပ်ငန်းရှင် ဘီလျံနာ အီလွန်မက်စ်ဟာ အကျိုးအမြတ်မယူတဲ့ OpenAI အဖွဲ့အစည်းတွဲဖက်တည်ထောင်သူဖြစ်သလို ငွေကြေးထောက်ပံ့မှုလည်း ပေးထားပါတယ်။ OpenAI ဟာ Dota 2 ဂိမ်းမှာ လူသားတွေပါဝင်တဲ့ အဖွဲ့ကို အနိုင်ယူနိုင်တဲ့ AI bot အဖွဲ့ကို တည်ဆောက်ခဲ့ပါတယ်။ Microsoft တွဲဖက်တည်ထောင်သူဖြစ်တဲ့ ဘီလ်ဂိတ်စ်ဟာ OpenAI ရဲ့စွမ်းဆောင်မှုကို အလွန်အားရကျေနပ်နေပါတယ်။ “AI bot တွေဟာ Dota 2 ဗီဒီယိုဂိမ်းမှာ လူသားတွေကို အနိုင်ယူခဲ့ပါတယ်။ ဒါဟာ အရေးပါတဲ့ ကိစ္စဖြစ်ပါတယ်။ AI bot တွေရဲ့အနိုင်ရရှိမှုမှာ အဖွဲ့လိုက်လုပ်အားနဲ့ ပူးပေါင်းဆောင်ရွက်မှု ပါဝင်ပြီး အဆင့်မြင့် artificial intelligence နည်းပညာရဲ့ အကြီးမားဆုံး သမိုင်းမှတ်တိုင်ဖြစ်ပါတယ်” လို့ ဘီလ်ဂိတ်စ်က Twitter […]

Read More

SD card များတွင် 128TB အထိ သိုလှောင်သိမ်းဆည်း နိုင်တော့မည်

[ Zawgyi ] SD card တွေမှာ အမြင့်ဆုံးသိုလှောင်မှုပမာဏ 128 terabytes အထိ တိုးမြှင့်နိုင်ပြီး တစ်စက္ကန့်ကို 985 megabytes နဲ့ မြန်ဆန်စွာ အချက်အလက် လွှဲပြောင်းပေးနိုင်မယ့် card specification သစ်ကို SD Association က ကြေညာလိုက်ပါတယ်။ လက်ရှိမှာ SD card တွေရဲ့ အမြင့်ဆုံး သိုလှောင်မှုပမာဏက 2TB ဖြစ်ပါတယ်။ ဒီသတ်မှတ်ချက်ကို ၂၀၀၉ ခုနှစ်ကတည်းက မိတ်ဆက်ခဲ့တာပါ။ ၂၀၁၆ ခုနှစ်မှာတော့ SanDisk က 1 terabyte SD card ရှေ့ပြေးပုံစံတစ်မျိုးကို ပွဲထုတ်မိတ်ဆက်ခဲ့ပေမယ့် ရောင်းချခဲ့ခြင်း မရှိပါဘူး။ Format သစ်ကို SD Express လို့ခေါ်ဆိုပြီး လက်ရှိ […]

Read More