Day: November 14, 2019

NASA မှ ကနဦးဖန်တီးခဲ့တဲ့ နေ့စဉ်သုံး ထုတ်ကုန် (၁၀) မျိုး

(၁) Memory Foam မွေ့ရာ ၁၉၆၆ ခုနှစ်မှာ NASA က ယာဉ်အတက်နဲ့ အဆင်းအတွင်း ထိခိုက်တုန်ခါမှု ကာကွယ်ပေးဖို့အတွက် လေယာဉ်ထိုင်ခုံ ကောင်းကောင်းဖန်တီးဖို့ လေကြောင်းအတတ်ပညာရှင် ချားလ်ရော့စ်ကို တာဝန်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ရော့စ်ရဲ့ဖန်တီးမှု ကာကွယ်မှုကောင်းကောင်း ပေးနိုင်ရုံတင် မဟုတ်ဘဲ သက်သောင့်သက်သာလည်း ရှိပါတယ်။ ၁၉၈၀ ခုနှစ်တွေမှာတော့ NASA က memory foam ကို အများပြည်သူဆီ ဖြန့်ချိပေးလိုက်ပါတယ်။ (၂) Nike Air Sneakers Nike Air ဖိနပ်တွေရဲ့ တုန်ခါမှုဒဏ်ခံနိုင်ရည်ရှိတဲ့ အောက်ခံပြားတွေကို NASA အင်ဂျင်နီယာဟောင်း အမ်ဖရန့်ရူဒီက မူပိုင်ခွင့် ဖန်တီးထားတာ ဖြစ်ပါတယ်။ အမ်ဖရန့်ရူဒီဟာ အပိုလို ခရီးစဉ်အတွင်း အာကာသဦးထုပ်တွေမှာ “blow rubber molding” […]

Read More

ရွှေ ၁၈ ကာရတ်နဲ့ ဖန်တီးထားတဲ့ Caviar AirPods Pro Gold Edition

ဇိမ်ခံပစ္စည်းတွေ ထုတ်လုပ်တဲ့ Caviar က နောက်ဆုံးဖန်တီးမှု တစ်ခုအဖြစ် ရွှေ ၁၈ ကာရတ်နဲ့ ဖန်တီးထားတဲ့ AirPods Pro ကိုဖန်တီးလိုက်ပါတယ်။ Caviar ဟာ AirPods Pro နားကြပ်အပြင် အားသွင်းတဲ့ case ကိုပါ ရွှေနဲ့ ပြုလုပ်ထားပါတယ်။ Caviar ကထုတ်တဲ့ AirPods Pro ဟာ ရွှေနဲ့ဖန်တီးထားတဲ့အတွက် မူလထုတ်ကုန်ထက် ပိုမိုလေးလံပါတယ်။ Caviar AirPods Pro Gold Edition ကအလွန်ဈေးနှုန်းမြင့်မားပြီး ဒေါ်လာ ၆၇,၇၉၀ အထိ ကျသင့်ပါမယ်။ ဒါ့အပြင် Caviar က ပိုင်သွန်သားရေနဲ့ Caviar ရွှေလိုဂိုပါဝင်တဲ့ AirPods Pro ကိုထုတ်လုပ်ထားပါသေးတယ်။ အဲဒီထုတ်ကုန်ကတော့ ဒေါ်လာ ၁,၅၅၀ ကျသင့်ပါမယ်။ စိုးထက် […]

Read More

ဘဏ်အကောင့်တွေထဲ ဝင်ရောက်စစ်ဆေးနိုင်မယ့် feature ကို Google ထည့်သွင်းမည်

Google ဟာ လာမယ့်နှစ်အတွင်း သုံးစွဲသူတွေ ဘဏ်အကောင့်ထဲ ငွေကြေးဝင်ရောက်စစ်ဆေးနိုင်အောင် ထောက်ပံ့ပေးဖို့ စီစဉ်နေပါတယ်။ အဲဒီ account တွေကို Citigroup နဲ့ စတန်းဖို့ဒ်တက္ကသိုလ်က အကြွေးဝယ်ကတ်သမဂ္ဂက စီမံသွားမယ်လို့ Google ကအတည်ပြုခဲ့ပါတယ်။ “ကျွန်တော်တို့ရဲ့ ချဉ်းကပ်မှုက ဘဏ်တွေနဲ့ ဘဏ္ဍာရေးစနစ်နဲ့အတူ ထဲထဲဝင်ဝင် ပူးပေါင်းသွားဖို့ပဲဖြစ်ပါတယ်” လို့ Google က ဆီဇာဆန်ဂုပတားက WSJ ကိုပြောခဲ့ပါတယ်။ သုံးစွဲသူတွေက Google Pay ကတစ်ဆင့် ဘဏ်အကောင့်တွေကို စစ်ဆေးနိုင်ပါမယ်။ ဒါပေမဲ့ ဘဏ်အကောင့်တွေ စစ်ဆေးတဲ့အခါ ငွေကြေးကောက်ခံသွားမလား ဆိုတာကိုတော့ စဉ်းစားနေဆဲဖြစ်တယ်လို့ ဆန်ဂုပတားက ပြောခဲ့ပါတယ်။ Google အနေနဲ့ သုံးစွဲသူတွေရဲ့ ဘဏ္ဍာရေးအချက်အလက်တွေကို ရောင်းချသွားမှာ မဟုတ်သလို ကြော်ငြာအတွက် Google Pay အချက်အလက်တွေကို ဝေမျှ၊ […]

Read More

စပီကာကောင်းမွန်တဲ့ ၁၆ လက်မ MacBook Pro ကို Apple ထုတ်ဖော်မိတ်ဆက်

Apple ဟာ ၁၆ လက်မ MacBook Pro ထုတ်ကုန်အသစ်ကို မိတ်ဆက်ခဲ့ပြီး ကြိုတင်မှာယူနိုင်ပြီ ဖြစ်ကာ ဒီတစ်ပတ်နှောင်းပိုင်းမှာ စတိုးတွေကနေ ရောင်းချသွားမှာ ဖြစ်ပါတယ်။ အသစ်မိတ်ဆက်လိုက်တဲ့ ၁၆ လက်မ MacBook Pro ကို ဒေါ်လာ ၂,၃၉၉ နဲ့ရောင်းချမှာ ဖြစ်ပါတယ်။ Apple ရဲ့ မော်ဒယ်ဟောင်း ၁၅ လက်မ MacBook Pro ဈေးနှုန်းအတိုင်း ရောင်းချတာဖြစ်တယ်လို့ သိရပါတယ်။ Apple ရဲ့ MacBook Pro အသစ်က keyboard ကလည်းအလွန်ကောင်းမွန်ပါတယ်။ Apple ဟာ butterfly mechanism ကိုအသုံးမပြုတော့ဘဲ အားထားရတဲ့ scissor switch တွေကိုပဲ ပြန်လည် ပြောင်းလဲအသုံးပြုခဲ့ပါတယ်။ ၁၆ လက်မ MacBook […]

Read More

အစိုးရနည်းပညာအထက်တန်း အောင်မြင်သူများ AGTI ညနေပိုင် းသင်တန်းလျှောက်ထားနိုင်

အစိုးရစက်မှုလက်မှုသိပ္ပံ (မန္တလေး) မှာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် A.G.T.I no ဒီပလိုမာ ညနေပိုင်း (ပထမနှစ်) သင်တန်းသားများခေါ်ယူရာမှာ အစိုးရနည်းပညာအထက်တန်း အောင်မြင်ပြီးသူများပါ လျှောက်ထားနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သိရပါတယ်။ လျှောက်ထားသူတွေအနေနဲ့ ကျန်းမာရေးကောင်းမွန်ပြီး လက်တွေ့လုပ်ငန်းနှင့် စက်ရုံ၊ ကုမ္ပဏီများသို့ ကွင်းဆင်းဆောင်ရွက်နိုင်သူဖြစ်ရမှာ ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒဘာသာရပ်များပါဝင်တဲ့ မည်သည့်ဘာသာတွဲဖြင့် အောင်မြင်သည်ဖြစ်စေ လျှောက်ထားနိုင်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ရရှိခဲ့တဲ့ အင်္ဂလိပ်နဲ့ သင်္ချာ စုစုပေါင်းရမှတ်ပေါ်မူတည်ကာ ရွေးချယ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ သင်ကြားပေးမယ့် သင်တန်း‌ေတွက မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရွန်နစ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာနဲ့ သုတနည်းပညာတို့ဖြစ်ပြီး သင်တန်းကာလ (၃) နှစ် ဖြစ်ပါတယ်။ သင်တန်းပြီးဆုံးပါက A.G.T.I ဒီပလိုမာအောင်လက်မှတ်ပေးအပ်မှာ […]

Read More

ဥရောပသမဂ္ဂမှ ပေးအပ်မည့် Eramus Mundus Full Scholarship အတွက် လျှောက်လွှာခေါ်ယူ

ဥရောပသမဂ္ဂရဲ့ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် Eramus Mundus ပညာသင်ဆုကို မြန်မာကျောင်းသား၊ ကျောင်းသူများ စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း နိုဝင်ဘာ (၁) ရက်က ဥရောပသမဂ္ဂမှ ကြေညာထားပါတယ်။ ဥရောပတစ်ဝန်းရှိ တက္ကသိုလ်များမှာ မဟာတန်းနဲ့ ပါရဂူတန်း တက်ရောက်မယ့် မြန်မာကျောင်းသား/သူတွေအတွက် ပညာသင်ဆု ပံ့ပိုးမှာဖြစ်ပြီး ဒီနေရာမှ တစ်ဆင့် ပညာသင်ဆု လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ စိုက်ပျိုးမွေးမြူရေးနှင့် တိရစ္ဆာန်ကုသရေးဆိုင်ရာ ဘာသာရပ်များ၊ အင်ဂျင်နီယာ၊ ကုန်ထုတ်လုပ်မှုနှင့် အဆောက်အအုံတည်ဆောက်ရေးဆိုင်ရာ ဘာသာရပ်များ၊ ကျန်းမာရေးနှင့် လူမှုကူညီထောက်ပံ့ရေးဆိုင်ရာ ဘာသာရပ်များ၊ အနုပညာဘာသာရပ်များ၊ လူမှုရေးသိပ္ပံ၊ စီးပွားရေး၊ ဥပဒေပညာရပ်ဆိုင်ရာဘာသာရပ်များ၊ သိပ္ပံ၊ သင်္ချာနှင့် ကွန်ပျူတာပညာရပ်ဆိုင်ရာ ဘာသာရပ်များအတွက် ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ လျှောက်ထားနိုင်ပါတယ်။ ပညာသင်ဆုအစီအစဉ်မှာ ရွေးချယ်ခံရပါက လစဉ် နေထိုင်စရိတ်၊ ကျောင်းလခ၊ ခရီးစရိတ်နဲ့ အာမခံကြေးများ […]

Read More