Day: December 10, 2019

Sony Xperia 3 မှာ RAM 12GB နဲ့ S865 chipset ပါဝင်လာနိုင်

အသစ်ထွက်ရှိမယ့် Sony Xperia 3 ကို ၂၀၂၀ခုနှစ်မှာ ဖြန့်ချိမှာ ဖြစ်ပါတယ်။ ထုတ်ကုန်နဲ့ပတ်သက်တဲ့ ကောလာဟလသတင်းတွေ ထွက်ပေါ်နေပါတယ်။ အခုဆိုရင် Geekbench မှာ Xperia 3 အသေးစိတ်အချက်အလက်တွေ ထွက်ပေါ်လာပါတယ်။ Xperia 3 မှာ RAM 12GB နဲ့ Snapdragon 865 chipset ပါဝင်လာပါတယ်။ Sony Xperia 3 မှာ Snapdragon 865 chipset ပါဝင်မယ်ဆိုတာ ကောလာဟလထွက်ပေါ်ဖူးပါတယ်။ Geekbench 4 က Snapdragon 865 ချစ်ပ်လျို့ဝှက်အမည်ကို Kona လို့ပေးထားပါတယ်။ ဖုန်းမှာ Android 10 အသုံးပြုထားတယ်လို့ သိရပါတယ်။ Sony Xperia 3 ကို ၃မျိုးထုတ်လုပ်ဖွယ်ရှိပြီး […]

Read More

မြန်မာ့သမိုင်း – History of Myanmar

မြန်မာ့သမိုင်းကို အင်္ဂလိပ်-မြန်မာ ဘာသာနှစ်မျိုးနဲ့ လေ့လာဖတ်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ သက္ကရာဇ် ၁၃ဝဝဝ ပြည့်နှစ် သမိုင်းကြောင်း၊ ၉ ရာစု အစောပိုင်းကာလ ပုဂံခေတ်၊ ၁၆ ရာစုကာလ တောင်ငူခေတ်၊ ၁၇ ရာစု ကုန်းဘောင်ခေတ်ဆိုင်ရာ သမိုင်းကြောင်းတွေကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.0.3 နဲ့အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More

Developer Conference 2019 တွင် ယခင်နှစ်များနှင့် မတူသည့် အစီအစဉ်များပါဝင်မည်

အဋ္ဌမအကြိမ်မြောက် ကျင်းပမယ့် Developer Conference 2019 ကို ဒီဇင်ဘာ ၂၁ ရက်မှ ၂၂ ရက်အထိ MICT Park မှာကျင်းပမှာဖြစ်ပြီး ယခုနှစ် အခမ်းအနားမှာ ယခင်နှစ်ကနဲ့ မတူတဲ့ အစီအစဉ်တွေ ပါဝင်မယ်လို့ သိရပါတယ်။ “ဒီနှစ်မှာ ထူးခြားတဲ့ အစီအစဉ်ဆိုရင် Tech debate လိုအစီအစဉ် ကျွန်တော်တို့ ထည့်ထားတယ်။ နောက်ပြီး Panel Discussion အစီအစဉ်ပါမယ်။ နောက်တစ်ခုက ပရောဂျက် display ဆိုတာရှိမယ်။ ပရောဂျက် display အတွက် ကွန်ပျူတာတက္ကသိုလ်တွေ၊ နည်းပညာတက္ကသိုလ်တွေကို ဖိတ်ခေါ်ထားပါတယ်။ အဲ့နေ့ကျရင် သက်ဆိုင်ရာတက္ကသိုလ်တွေက ဆောင်ရွက်ခဲ့ဖူးတဲ့ ပရောဂျက်တွေကို ဒီမှာလာပြီး ပြသနိုင်ဖို့အတွက် စီစဉ်ထားတာရှိတယ်။ ပရောဂျက် display တွေဖိတ်ခေါ်ထားပေမယ့် နေရာအနေအထားအရ ၁၀ […]

Read More

ဝက်ဘ်ဆိုက်နဲ့ မိုဘိုင်း app တွေအတွက် AR feature သစ်တွေကို Google ပြသ

Google အနေနဲ့ ပြီးခဲ့တဲ့နှစ် အစောပိုင်းက တရားဝင်မိတ်ဆက်ခဲ့တဲ့ ARCore အမည် augmented relity platform ကိုအဆင့်မြှင့်တင်လိုက်ပါတယ်။ Google အနေနဲ့ အနာဂတ်မှာ ပိုမိုသဘာဝကျတဲ့ AR အတွေ့အကြုံပေးနို်ငဖို့ depth detection နဲ့ physics အတွက် မျိုးဆက်သစ် အဆင့်မြှင့်တင်မှုတချို့ ထုတ်ပြန်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ Google ကပြောခဲ့ပါတယ်။ ARCore ရဲ့ Depth API အသစ် အဆင့်မြှင့်တင်မှုကြောင့် developer အနေနဲ့ မြင်ကွင်းတစ်ခုထဲက အခြားအရာဝတ္ထုတွေရဲ့ မြင်ကွင်းကို တားဆီးနိုင်မယ့် occlusion လို့သိကြတဲ့ လုပ်ဆောင်ချက်ကို ထည့်သွင်းလာနိုင်ပါမယ်။ ဒါ့အပြင် ပြင်ပကမ္ဘာက ဧည့်ခန်းမှာ virtual ကြောင်တစ်ကောင်ကို ထည့်သွင်းတာအပြင် ကင်မရာရှုထောင့်ကနေ ခုတင် ဒါမှမဟုတ် စားပွဲ ဒါမှမဟုတ် […]

Read More

Oppo Reno 3 စီးရီးဖုန်းနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

ကုမ္ပဏီက လွန်ခဲ့တဲ့တစ်ပတ်လောက်က Oppo Reno 3 Pro 5G ဖုန်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တချို့ကို အမြည်းမိတ်ဆက်ခဲ့ပါတယ်။ Oppo Reno 3 Pro 5G ဖုန်းမှာ ကင်မရာ ၄ လုံးနဲ့ ပါးလွှာတဲ့ဒီဇိုင်း အသုံးပြုထားတယ်လို့ သိရပါတယ်။ အခုဆိုရင် Oppo Reno 3 စီးရီဖုန်းတွေမှာ ဘာတွေပါဝင်လာမလဲ ဆိုတာကို တရားဝင်နဲ့ ကောလာဟလ သတင်းအချက်အလက်တွေ ကိုးကားပြီး အောက်မှာ ဖော်ပြသွားပါမယ်။ Reno 3 Pro 5G နဲ့ Reno 3 5G အတွက် ဝက်ဘ်ဆိုက်စာရင်းကို Oppo ကတရားဝင်တင်ခဲ့ပါတယ်။ အဲဒီဖုန်းတွေမှာ ကျောဘက် ကင်မရာ ၄ လုံး ပါဝင်လာတတွေ့ရပါတယ်။ ဒါ့အပြင် Pro […]

Read More

Pixel ထုတ်ကုန်တွေအတွက် feature သစ်တွေကို ထောက်ပံ့သွားမယ့် Google

Google Pixel 4 ကို မကြာခင်မှာ အဆင့်မြှင့်တင်ပေးတော့မှာ ဖြစ်ပါတယ်။ Pixel ဖုန်းတွေဟာ လစဉ်လတိုင်း fix နဲ့ပြင်ဆင်မှုတွေရရှိနေပါတယ်။ Google အနေနဲ့ Pixel feature drops လို့အမည်ရတဲ့ update အကြီးစား တစ်မျိုးကို ဖြန့်ချိနေပြီ ဖြစ်ပါတယ်။ ပထမဆုံးဗားရှင်းကို လာမယ့်နှစ်အတွင်း ဖြန့်ချိသွားမှာ ဖြစ်ပြီး portrait ဓာတ်ပုံတွေရိုက်ကူးမှုနဲ့ အလိုအလျောက် ဖုန်းခေါ်မှုကို ပြသတာကနေ robocall တွေကိုကာကွယ်မှု စတဲ့ နည်းလမ်းတွေ ပါဝင်လာမယ်လို့ Google က blog post မှာရေးသားခဲ့ပါတယ်။Google Photos အတွင်းက Portrait Blur feature သစ်က ရိုက်ကူးပြီးသား ဓာတ်ပုံကို portrait ပုံအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ Pixel 4 […]

Read More

Samsung Galaxy S11+ မှာ အထူးပြုလုပ်ထားတဲ့ ကင်မရာ 108MP sensor ပါဝင်လာနိုင်

Samsung ရဲ့ 108MP ISOCELL Bright HMX ကင်မရာ sensor ဟာ Xiaomi ဖုန်းတွေအားလုံးနဲ့ စမတ်ဖုန်း ၂ မျိုးမှာ ပါဝင်လာပြီ ဖြစ်ပါတယ်။ Samsung ရဲ့အသစ်ထွက်ရှိမယ့် Galaxy S11 မှာ 108MP sensor ပါဝင်လာမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ Twitter ပေါ်က နာမည်ကျော် သတင်းအချက်အလက်ဖော်ထုတ်သူ Ice Universe က Galaxy S11+ မှာ သီးသန့်ဖန်တီးထားတဲ့ CMOS ဗားရှင်း sensor ပါဝင်မယ်လို့ ဖော်ပြခဲ့ပါတယ်။ အဲဒီကင်မရာ sensor ရဲ့ အရည်အသွေးက အလွန်တရာ ကောင်းမွန်ပြီး ဈေးနှုန်းမြင့်မားမယ်လို့ သိရပါတယ်။ ဖုန်းမှာ ပါဝင်မယ့် sensor အရွယ်အစားက 1/1.3” ရှိတယ်လို့လည်း […]

Read More

Google Glass Explorer Edition အတွက် နောက်ဆုံး software ကို ဖြန့်ချိ

၂၀၁၅ ခုနှစ်မှာ ဈေးနှုန်းအလွန်မြင့်မားလှတဲ့ Google Glass Explorer Edition ထုတ်လုပ်မှု ရပ်တန့်ခဲ့ပြီးနောက် update အနည်းငယ်နဲ့ အသက်ဆက်နေခဲ့ပါတယ်။ အခုအခါမှာတော့ Google ဟာ လာမယ့်နှစ် ဖေဖော်ဝါရီလအတွင်း ထုတ်ကုန်ကို ဖျက်သိမ်းတော့မှာ ဖြစ်ပါတယ်။ အဲဒီအတွက် Google အနေနဲ့ နောက်ဆုံးပေါ် software update ကိုဖြန့်ချိခဲ့ပါတယ်။ အခုနောက်ဆုံး update ကိုညွှန်ကြားချက်နဲ့တကွ install ပြုလုပ်ဖို့ Google ကထောက်ပံ့ထားပါတယ်။ အဲဒီ update က Google account အသုံးပြုနိုင်မယ့် စွမ်းရည်အပြင် Glass နဲ့ချိတ်ဆက်ထားတဲ့ အခြားဝန်ဆောင်မှုတွေကို ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် Gmail, YouTube နဲ့အခြားဝန်ဆောင်မှုတွေကို Glass မှာ အသုံးပြုနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ […]

Read More