Day: December 11, 2019

ဖေ့စ်ဘုတ်လမ်းညွှန် – ဖေ့စ်ဘုတ်လမ်းညွှန်

အသုံးဝင်လှတဲ့ Facebook ဆိုင်ရာနည်းလမ်းများစွာကို လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ Facebook နည်းလမ်းတွေကို မြန်မာလိုလေ့လာနိုင်မှာ ဖြစ်ပြီး ဇော်ဂျီ၊ ယူနီကုတ် ဖောင့်စနစ် နှစ်မျိုးစလုံးနဲ့ အသုံးပြုနိုင်အောင် ဖန်တီးထားပါတယ်။ App ကို Android version 4.2 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More

iPhone နဲ့ iPad တွေမှာ VPN စနစ်ကို ဘယ်လိုသုံးမလဲ

Apple က VPN စနစ်ကို အလွယ်တကူ အသုံးပြုနိုင်အောင် iOS မှာ ထည့်သွင်းပေးထားပါတယ်။ iOS မှာ VPN နဲ့ပတ်သက်ပြီး L2TP, PPTP နဲ့ IPSec စနစ်တွေကို ထောက်ပံ့ပေးထားပါတယ်။ VPN စနစ်ဆိုတာက မိမိ အနေနဲ့ အများသုံး WiFi တွေကိုသုံး တဲ့အခါမှာ တချို့ဆိုက်တွေကို မိမိရဲ့ တည်နေရာအရ အသုံးမပြုနိုင်ပါဘူး။ အဲလိုမျိုး အခြေအနေတွေမှာ VPN စနစ်ကို သုံးပြီးတော့ နိုင်ငံဖြတ်ကျော် အနေနဲ့ အသုံးပြုနိုင်ပါတယ်။ မိမိအနေနဲ့လည်း VPN စနစ်သုံးပြီး မိမိ အင်တာနက် အသုံးပြုနေတဲ့ တည်နေရာကို သူများမသိအောင်လည်း လုပ်ထားနိုင်ပါတယ်။ အရင်ဆုံး VPN ဝန်ဆောင်မှုကို အသုံးပြုဖို့အတွက် မိမိရဲ့ iPhone ဒါမှမဟုတ် […]

Read More

အမေရိကန်စင်တာရန်ကုန်မှ အခမဲ့ အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်မည်

အမေရိကန်စင်တာရန်ကုန်မှ အခမဲ့ အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်မယ်လို့ သိရပါတယ်။ အဆိုပါ သင်တန်းကို အမေရိကန်စင်တာ အသင်းဝင်တွေတက်ရောက်နိုင်ပြီး ကွန်ပျူတာကျွမ်းကျင်သူကိုယ်တိုင် သင်ကြားပေးမှာ ဖြစ်ပါတယ်။ သင်တန်းကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက် မှ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်အထိ သောကြာနေ့တိုင်း နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ အပတ်စဉ်သင်ကြားပေးမှာ ဖြစ်ပါတယ်။ သင်တန်း ၈ ပတ်စလုံးတက်ရောက်နိုင်သူကိုသာ သင်တန်းအောင်လက်မှတ်ပေးမှာဖြစ်ပြီး သင်တန်းကိုလည်း မြန်မာဘာသာနဲ့ ပို့ချသွားမှာဖြစ်ပါတယ်။ သင်တန်းမှာ Hardware Basics, Software Basics, Internet Basics, Using Microsoft Windows, Multimedia and Printing, Set up and […]

Read More

အရှေ့တောင်အာရှတွင် Seedstars Summit ဆုအတွက် ကနဦးအဆင့်ရွေးချယ်မှုအဖြစ် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ အဖွဲ့အစည်းများကိုရွေးချယ်

အရှေ့တောင်အာရှမှာ Seedstars Summit ဆုအတွက် ကနဦးအဆင့်ရွေးချယ်မှုအဖြစ် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ အဖွဲ့အစည်းတွေကို ကမ္ဘောဒီးယားနိုင်ငံမှာ နိုဝင်ဘာ ၂၇ ရက်မှ ၂၉ ရက် အထိ ကျင်းပပြုလုပ်ခဲ့တဲ့ Seedstars Summit Asia မှာရွေးချယ်ခဲ့ပါတယ်။ အဆိုပါ အခမ်းအနားကို ကြွရောက်လာတဲ့ ဧည့်သည်ပေါင်း ၃၀၀ ရှေ့မှောက်မှာ အာရှရှိ စျေးကွက်ရှာဖွေ ပေါ်ထွန်းလာမှုဆိုင်ရာအဖွဲ့အစည်းနဲ့ ရင်းနှီးမြှုပ်နှံသူများအတွက် အလားအလာရှိတဲ့ အဖွဲ့အစည်းပေါင်း ၁၄ ဖွဲ့ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ Lausanne မြို့မှာ ကျင်းပပြုလုပ်မယ့် Seedstars Summit 2020 မှာ ဆုရတဲ့အဖွဲ့ကိုဖော်ပြမှာဖြစ်ပြီး အနိုင်ရရှိသူ အနေနဲ့ အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ နဲ့ညီမျှတဲ့ ငွေကြေးနဲ့ အခြားဆုတွေကို ရရှိမှာဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာ ရွေးချယ်ခံခဲ့ရတဲ့ […]

Read More

Lenovo ThinkBook 13s

ဈေးနှုန်း – ကန်ဒေါ်လာ ၇၄၉ အားသာချက် SSD ရဲ့ အမြန်နှုန်းက ရှိသင့်တဲ့စံထက် ပိုမြန်ပြီး Laptop စွမ်းဆောင်ရည်ပိုင်း မြင့်မားကာ ကီးဘုတ် အသုံးပြုရတာ သက်သောင့်သက်သာ ရှိတဲ့အပြင် ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တာတွေက ဒီ Laptop ရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။ မြန်ဆန်တဲ့ လက်ဗွေစနစ် ထောက်ပံ့ပါဝင်တာကလည်း နှစ်သက်စရာပါ။ အားနည်းချက် SD ကတ်ပေါက်နဲ့ Thunderbolt 3 ပေါက် မပါဝင်တာနဲ့ ဒီဇိုင်းပိုင်း ထူးထူးခြားခြား စိတ်လှုပ်ရှားစရာ မရှိတာတွေက ဒီ Laptop ရဲ့ အားနည်းချက်ပါ။ သုံးသပ်ချက် Lenovo ThinkBook 13s က နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်တဲ့ ဘတ်ဂျက် Laptop တစ်လုံးပါ။ ဒီဇိုင်းက […]

Read More

ပဋိပက္ခထိန်းသိမ်းဖြေရှင်းခြင်းအကြောင်း ၂ ရက် သင်တန်းဖွင့်မည်

မြန်မာနိုင်ငံစိတ်ပညာအသင်းမှ ပဋိပက္ခထိန်းသိမ်းဖြေရှင်းခြင်း (Conflict Management) အကြောင်း ၂ ရက် သင်တန်းဖွင့်မယ်လို့သိရပါတယ်။ သင်တန်းမှာ ပုဂ္ဂိုလ်တစ်ဦးစီရဲ့ရင်တွင်းပဋိပက္ခ (Intra Personal Conflict) ၊ တစ်ဦးနဲ့တစ်ဦးကြား ပဋိပက္ခ (Interpersonal Conflict) ၊ အုပ်စု၊ အဖွဲ့အစည်းအတွင်း ပဋိပက္ခ (Intra Organization Conflict) ၊ အုပ်စု၊ အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု ပဋိပက္ခ (Inter Organization Conflict) ၊ ယဥ်ကျေးမှုမတူတဲ့ အုပ်စုအတွင်း ပဋိပက္ခ (Inter Cultural Group Conflict) တွေကိုသင်ကြားရမှာဖြစ်ပါတယ်။ သင်တန်းတွေကို ဒီဇင်ဘာ ၂၁ ရက် နဲ့ ၂၂ ရက်တွေမှာ Taw Win Garden Hotel မှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး သင်တန်း […]

Read More

QR Code ဖြင့်ပေးချေမှုများ တစ်ပြေးညီဖြစ်စေရန် ဆောင်ရွက်ဆဲကာလတွင် ဆိုင်းငံ့ထားသောပေးချေမှုများ ဆောင်ရွက်ပါက အရေးယူမည်ဟုဆို

မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေနဲ့ QR Code နှင့်ပေးချေမှုများကို တစ်ပြေးညီဖြစ်စေရန်၊ International EMV Standard ဖြစ်စေရန်အတွက် MMQR Code Standard သတ်မှတ်နိုင်ရန် ပြည်တွင်းဘဏ်များ၊ နိုင်ငံတကာအဖွဲ့ အစည်းများ၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှုကုမ္ပဏီများ၊ MPU မှ ကိုယ်စားလှယ်များနှင့် စဉ်ဆက်မပြတ် ညှိနှိုင်း ဆောင်ရွက်လျက်ရှိစဉ်ကာလတွင် Alipay, Wechat Pay စတဲ့ Closed Loop Payment Scheme ဖြင့် ပေးချေမှုများ ဆောင်ရွက်ခြင်းကိုဆိုင်းငံ့ထားပြီး လုပ်ဆောင်ပါက ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေအရ အရေးယူခံရမည်ကို ဗဟိုဘဏ်က ပြည်တွင်းဘဏ်များအားလုံးကို အသိပေး အကြောင်းကြားထားပြီး ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်က ပြောပါတယ်။ နေပြည်တော်မှာ ဒီဇင်ဘာ ၁၀ ရက်က ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် […]

Read More