Day: December 12, 2019

ဗဟိုထိန်းချုပ်မှုမရှိတဲ့ platform ဖန်တီးဖို့ သုတေသနအဖွဲ့ကို Twitter ငွေကြေးထောက်ပံ့

လူမှုရေးမီဒီယာကို ဗဟိုထိန်းချုပ်မရှိဘဲ ပွင့်လင်းမြင်သာတဲ့ စံသတ်မှတ်ချက်တစ်ခု တည်ဆောက်နိုင်ဖို့ သုတေသနအဖွဲ့လေးတစ်ခုကို Twitter က ရန်ပုံငွေထောက်ပံ့ထားပါတယ်။ Twitter အမှုဆောင်အရာရှိချုပ် ဂျက်ဒိုဆေးက သတင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး ရည်ရွယ်ချက်ကို tweet ကနေရေးသားခဲ့ပါတယ်။ အခုလုပ်ငန်းစဉ်ဟာ နှစ်ပေါင်းများစွာ ကြာမြင့်နိုင်တယ်လို့ ဂျက်ဒိုဆေးက ပြောခဲ့ပါတယ်။ သုတေသနစီမံကိန်းကို Bluesky လို့ခေါ်ဆိုပါတယ်။ Twitter နည်းပညာအကြီးအကဲ အရာရှိဖြစ်သူ ပရာအက်ဂရာဝယ်က လူ ၅ ဦးပါဝင်တဲ့ အဖွဲ့ကို တည်ဆောက်သွားပြီး စီမံကိန်းဦးဆောင်မယ့်သူကို ရှာဖွေသွားပါမယ်။ Bluesky account က ဂျက်ဒိုဆေးရဲ့ tweet ကိုဝေမျှပြီး Io လို့မှတ်ချက်ရေးသားခဲ့ပါတယ်။ Io ဆိုတာ အင်တာနက်ပေါ်မှာ ပထမဆုံးပေးပို့ခဲ့တဲ့ message ကိုရည်ညွှန်းခဲ့တာပဲ ဖြစ်ပါတယ်။ Techdirt တည်ထောင်သူ မိုက်ခ်မာ့စ်နစ်ဆိုသူရဲ့ အကြံပြုချက်က […]

Read More

GoodShal

မြန်မာဇာတ်ကား၊ အင်္ဂလိပ်စာတန်းထိုးသီချင်း၊ စာပေဟောပြောပွဲ၊ တရား စတဲ့ စုံလင်လှတဲ့ အကြောင်းအရာပေါင်းစုံကို ရှာဖွေကြည့်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ ဒါ့အပြင် Channel 7, MRTV-4, မဟာဗောဓိ စတဲ့ ရုပ်သံလိုင်းတွေက Live ထုတ်လွှင့်မှုတွေကိုလည်း ကြည့်ရှုနိုင်မှာဖြစ်ပြီး နိုင်ငံခြားဇာတ်လမ်းတွေ၊ ပညာရေးဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာတွေနဲ့ စာအုပ်စာပေဆိုင်ရာတွေကို ကဏ္ဍအလိုက် ခွဲခြားထားပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More

msi Prestige 15 A10 SC laptop

msi Prestige 15 A10 SC မှာတော့ 10 th Generation Core i7-10710U (6 Core/12 Threads) Processor နဲ့ ဂရပ်ဖစ်ပိုင်းအတွက် Nvidia ရဲ့နောက်ဆုံးပေါ် Geforce GTX 1650 (Max-Q), 4GB GDDR5 ထည့်သွင်းအသုံးပြုထားပါတယ်။ official License Windows 10 Home နဲ့ဖြစ်ပါတယ်။ မျက်နှာပြင်က ၁၅.၆ လက်မ FHD (1920×1080) အရွယ်အစားဖြစ်ပြီး Creator တွေအတွက် ကာလာမှားတဲ့ပြဿနာတွေ မရှိစေတော့မယ့် ၁၀၀ ရာခိုင်နှုန်း RGB/Adobe RGB Display ကို အသုံးပြုထားပါတယ်။ DDR4 32/64 GB အထိတိုးလို့ရတဲ့ RAM နဲ့အတူ […]

Read More

 James Cook University Singapore ၏ ၂၀၂၀ ကျောင်းဖွင့်ချိန်များအတွက် ပညာသင်ဆုများလျှောက်ထားနိုင်

James Cook University Singapore ရဲ့ ၂၀၂၀ ကျောင်းဖွင့်ချိန်အတွက် ၁၀၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်းနဲ့ ၂၅ ရာခိုင်နှုန်း ပညာသင်ဆုတွေကို လျှောက်ထားနိုင်မယ်လို့ သိရပါတယ်။ James Cook University Singapore Merit Scholarships Test ကို ရန်ကုန်မြို့မှာ ဖေဖော်ဝါရီ ၁ ရက် မှာလည်းကောင်း၊ မန္တလေးမြို့မှာ ဖေဖော်ဝါရီ ၂ ရက်မှာလည်းကောင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။ James Cook University Singapore တွင် ဘာသာရပ်တွေအနေနဲ့Business , Information Technology , Enviromental Science , Psychology ,Hospitality & Tourism , Education ဘာသာရပ်တွေကို […]

Read More

၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံး iPhone နဲ့ Android app များ

နာမည်ကျော် နည်းပညာဝက်ဘ်ဆိုက် Mashable က ၂၀၁၉ ခုနှစ်ရဲ့ထူးခြားတဲ့ မိုဘိုင်း app တွေကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီ app တွေထဲမှာ Android သာမကဘဲ iOS အတွက်လည်း ပါဝင်လာပါတယ်။ ဒါ့အပြင် ဂိမ်းတွေလည်း ပါဝင်လာပါတယ်။ Call of Duty: Mobile Actvision အနေနဲ့ ပျော်စရာကောင်းပြီး လွတ်လပ်စွာကစားနိုင်တဲ့ Call of Duty: Mobile ဂိမ်းကို ဖန်တီးနိုင်ခဲ့ပါတယ်။ Call of Duty ဂိမ်းကို နှစ်ပေါင်းများစွာ ကစားလာခဲ့တဲ့ ကစားသူတွေအနေနဲ့ ရင်းနှီးကျွမ်းဝင်စေမယ့်အရာတွေ ဂိမ်းထဲမှာ ပါဝင်လာပါတယ်။ ဂိမ်းထဲမှာ Black Ops နဲ့ Modern Warfare ဂိမ်းတွေ၊ မြေပုံတွေပါဝင်လာပါတယ်။ ဒါ့အပြင် နာမည်ကျော် […]

Read More

လူငယ်များအတွက် Taste of Dream Profession ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲပြုလုပ်မည်

သာမန် အလုပ်အကိုင်ပြပွဲများကဲ့သို့ မဟုတ်ဘဲ လူငယ်များအနေနဲ့ မိမိစိတ်ကူး အိပ်မက်ကို အကြိုလေ့လာနိုင်စေဖို့ Taste of Dream Profession ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတစ်ရပ်ကို ဒီဇင်ဘာ ၁၅ ရက်၊ Rose Garden ဟိုတယ်မှာ ကျင်းပမှာဖြစ်ပါတယ်။ လူငယ်များ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ဆောင်ရွက်လျက်ရှိတဲ့ Myanmar Youth Inititate (MYI) နဲ့ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုကောင်းမွန်လာစေရေး ရှေးရှုလျက်ရှိတဲ့ Intern Plus Myanmar တို့ ပူးပေါင်းပြီး ယခုအစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ “လူငယ်တွေအနေနဲ့ ကိုယ်လုပ်ချင်တဲ့ အလုပ်တစ်ခုကို သေသေချာချာ သိတယ်၊ ဒါပဲ လုပ်မယ်၊ သေချာတယ်ဆိုတာ ရှားပါတယ်။ ကျွန်မတို့လည်း ငယ်ငယ်က ဒီလိုပဲ […]

Read More

OnePlus 7T Pro

Price : (1,169,000 Ks_12GB/256GB) အားသာချက် အလူမီနီယံကိုယ်ထည်ရှေ့ဘက်နဲ့ ကျောဘက်နှစ်ခုစလုံးကို Gorilla Glass 5 နဲ့ အုပ်ထားပြီး အရည်အသွေးမြင့် high-res 90H အမျိုးအစား အဆင့်မြင့် Fluid AMOLED screen ကို သုံးထားတဲ့အပြင် စတူဒီယိုစပီကာစနစ်က လည်း ကျယ်လောင်ကောင်းမွန်မှုရှိပါတယ်။ ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်သလို မြန်ဆန်တဲ့ အားသွင်း နည်းပညာလည်း ထောက်ပံ့ပါဝင်ပါတယ်။ Oxygen 10 OS က ချောမွေ့ ကောင်းမွန်သလို အသုံးပြုရတာ ကျေနပ်စရာကောင်းလှပါတယ်။ ကင်မရာက နေ့-ည ရိုက်ကူးမှုတွေမှာ Flagship အဆင့် ဓာတ်ပုံအရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပြီး ဗီဒီယိုရိုက်ကူးမှု ကောင်းမွန်တာတွေကလည်း ဒီဖုန်းရဲ့ အားသာချက်ပါ။ အားနည်းချက် OnePlus 7 Pro […]

Read More

Rakuten Viber (၉) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လက်ဆောင်များပေးအပ်လျက်ရှိ

Rakuten Viber (မ)ှ ၉ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အသုံးပြုသူတွေကို လက်ဆောင် ပြန်လည်ပေးအပ်သွားမယ့် အစီအစဉ်ကို စတင် မိတ်ဆက်လိုက်တယ်လို့ သိရပါတယ်။ အဆိုပါ အစီအစဉ်အရ Viber အသုံးပြုသူတွေအနေနဲ့ Viber Out ဝန်ဆောင်မှု အသုံးပြုနိုင်မယ့် ကူပွန်တွေ၊ လျှော့ဈေးခံစားခွင့်တွေ၊ မိတ်ဖက်အဖွဲ့အစည်းမှ ခံစားခွင့်ကူပွန်တွေအပြင် စတစ်ကာတွေကို ကံစမ်းရယူနိုင်မှာ ဖြစ်ပါတယ်။ Viber အက်ပလီကေးရှင်းကို ဒေါင်းလုတ်ရယူပြီး အသုံးပြုထားသူ မည်သူမဆို အစီအစဉ်တွင် တစ်ကြိမ်ပါဝင်ကံစမ်းခွင့်ရရှိသွားမှာ ဖြစ်တဲ့အပြင် နောက်ထပ်တစ်ကြိမ် ပါဝင်ကံစမ်းလိုပါက သူငယ်ချင်း ၃ ဦးကို အစီအစဉ်မှာ ပါဝင်ကံစမ်းရန် ဖိတ်ခေါ်ခြင်းဖြင့် ဒုတိယအကြိမ်မြောက် ကံစမ်းခွင့်ကို ရယူနိုင်မယ်လို့ သိရပါတယ်။ ကံစမ်းမဲ အစီအစဉ်ကို https://vb.me/e7e777 မှတစ်ဆင့် (မှတ်ချက် – မိုဘိုင်းဖုန်းရှိ Viber အက်ပလီကေးရှင်းမှသာ) […]

Read More

Redmi K30 နဲ့ K30 5G ကိုထုတ်ဖော်မိတ်ဆက်ခဲ့

Xiaomi အမှတ်တံဆိပ်ခွဲ ဖြစ်တဲ့ Redmi ဟာ ဒီဇင်ဘာလ ၁၀ ရက်က Redmi K30 နဲ့ Redmi K30 5G ဖုန်းတွေကို ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။ အဲဒီဖုန်းတွေမှာ ၆.၆၇ လက်မ 120Hz display တွေနဲ့ ကျောဘက်ကင်မရာ 64MP တို့ပါဝင်လာပါတယ်။ Redmi K30 5G Redmi K30 5G ဟာ Snapdragon 765G SoC ထောက်ပံ့ထားတဲ့ ပထမဆုံး စမတ်ဖုန်းဖြစ်လာကာ 5G ထောက်ပံ့မှု ပါဝင်လာပါတယ်။ ဒါ့အပြင် အခုဖုန်းဟာ 5G ကွန်ရက် အသုံးပြုနိုင်တဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာပါတယ်။ ဖုန်းမှာ Android 10 အခြေခံ MIUI 11 […]

Read More

ကွန်ပျူတာက ဖုန်းခေါ်ဆိုမှုကို လက်ခံနိုင်တဲ့ Microsoft ရဲ့ Your Phone

Microsoft ရဲ့ Your Phone app မှာပျောက်ဆုံးနေတဲ့ အကြီးမားဆုံး feature တစ်ခုဖြစ်တဲ့ ဖုန်းခေါ်ဆိုမှုပြုလုပ်တဲ့ လုပ်ဆောင်ချက်ကို ထည့်သွင်းလိုက်ပြီ ဖြစ်ပါတယ်။ Your Phone မှာ text message ပေးပို့တာ၊ သတိပေးချက်တွေကို syc ပြုလုပ်တာနဲ့ ဖုန်းနဲ့ကွန်ပျူတာအကြား ဓာတ်ပုံတွေဝေမျှတာ ပြုလုပ်နိုင်ပါတယ်။ အခုအခါမှာတော့ Android ဖုန်းနဲ့ ချိတ်ဆက်ထားတဲ့ ကွန်ပျူတာမှာ ဖုန်းခေါ်ဆိုတာအပြင် ဖုန်းလက်ခံဖြေကြားတာလည်း ဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်။ ကွန်ပျူတာပေါ်က Your Phone အတွင်းမှာ သုံးစွဲသူက ဖုန်းခေါ်ဆိုဖို့ contact ကိုရှာဖွေရပါမယ်။ ဒါ့အပြင် သုံးစွဲသူက call history နဲ့ဖုန်းခေါ်ဆိုမှုကို ကွန်ပျူတာကနေ ဖုန်းဆီလွှဲပြောင်းနိုင်ပါတယ်။ Your Phone မှာ ပါဝင်တဲ့ feature တွေနဲ့ပေါင်းစပ်ပြီး […]

Read More