Day: December 20, 2019

သူနာပြုသိပ္ပံဘွဲ့ပေါင်းကူး (အဝေးသင်) အွန်လိုင်းအစီအစဥ်အတွက် MPT မှပါဝင်ကူညီ

မြန်မာနိုင်ငံအတွင်း ဒီဂျစ်တယ်နှင့် အိုင်တီနည်းပညာဆိုင်ရာ ကျွမ်းကျင်မှုရှိတဲ့ သူနာပြု အရေအတွက်တိုးပွားစေရန်အတွက် သူနာပြုသိပ္ပံဘွဲ့ပေါင်းကူး (အဝေးသင်) အွန်လိုင်းအစီအစဥ်အတွက် MPT မှပါဝင်ကူညီထောက်ပံ့ခဲ့ပါ တယ်။ MPT က မြန်မာနိုင်ငံအတွင်း ကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အပံ့ဖြစ်စေမည့် ကျောင်းပြင်ပသူနာပြုသိပ္ပံ (ပေါင်းကူး) အစီအစဥ်တွင် ပါဝင်ကူညီခဲ့ခြင်းဖြစ်တယ်လို့ ဒီဇင်ဘာ ၂၀ ရက်က သူနာပြုတက္ကသိုလ်တွင် ပြုလုပ်တဲ့ ဖိုက်ဘာအင်တာနက်ချိတ်ဆက်ပေးခြင်းနဲ့ ဗီဒီယိုကွန်ဖရင့်ဆိုင်ရာ ပစ္စည်းများပေးအပ်တဲ့ အခမ်းအနားမှ သိရပါတယ်။ သူနာပြုတက္ကသိုလ်ရန်ကုန်နှင့် အတူပူးပေါင်းပြီး အောက်မြန်မာပြည်ရှိတိုင်းဒေသကြီးနှင့်ပြည်နယ် ၈ ခုတွင်ရှိတဲ့ သူနာပြုသင်တန်းကျောင်း ၁၁ ခုနဲ့ ရန်ကုန်မြို့ရှိ သူနာပြုတက္ကသိုလ်တို့ ချိတ်ဆက်ထားတဲ့ ကျောင်းပြင်ပ အဝေးသင်အစီအစဥ်အတွက် ဆန်းသစ်မှုများအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ရန်ကုန်ရှိ ပင်မသူနာပြုတက္ကသိုလ်ဝင်းအတွင်း ဗီဒီယိုစကားပြောဆိုခြင်းတို့ကို လုပ်ဆောင်နိုင်မည့် ခေတ်မီ ဗီဒီယို ကွန်ဖရင့်ဆိုင်ရာ ပစ္စည်းကိရိယာများအပါအဝင် ဆက်စပ်နေတဲ့ သူနာပြုသင်တန်းကျောင်းများတွင် […]

Read More

Merge City

မြို့တော်ကို ပေါင်းစပ်၊ တည်ဆောက်ပြီး ဖွံ့ဖြိုးအောင် ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Merge City ကလွယ်ကူပြီး ပျော်စရာကောင်း ပါတယ်။ အထပ်မြင့်အဆောက် အဦကို အဆင့်မြှင့်တင် ချိတ်ဆက်ပြီး မြေတန်ဖိုးတိုးတက်ပြီး အခွန်တွေ များပြားလာအောင် ပြုလုပ်ရ ပါမယ်။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -စိုးထက်

Read More

Village Farm Free Offline Farm Games

Village Farm ဟာ ၂၀၁၉ ခုနှစ်ရဲ့ အကျော်ကြားဆုံးလယ် ယာစိုက်ပျိုးရေး offline ဂိမ်းဖြစ်ပါတယ်။ ကစားသူက လယ်ယာကို စီမံခန့်ခွဲပြီး တိုးတက်အောင်လုပ်ကိုင်ရပါမယ်။ လယ်ယာမှာသီးနှံတွေကို စိုက်ပျိုးရောင်းချဖို့ ရွာ တစ်ရွာဖန်တီးရပါမယ်။ အဆောက်အဦကို တည်ဆောက်တာ တိရစ္ဆာန်တွေကို မွေးမြူရပါမယ်။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -စိုးထက်  

Read More

My Town: Dance School FREE

အခုဂိမ်းမှာ ကစားသူက အကပွဲအတွက် ပြင်ဆင်ကာ စတိတ်စင်ကို စိတ်ကြိုက်ဖန်တီး နိုင်ပါတယ်။ ပျော်စရာကောင်းတဲ့ တည်နေရာတွေ၊ ယူနီဖောင်းတွေနဲ့ တူရိယာတွေ ပါဝင်လာပါတယ်။ ကိုယ်ပိုင် Town ဇာတ်ကောင်သစ်နဲ့ ကစားနိုင်ပါတယ်။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -စိုးထက်  

Read More

Stickman Master: League of Shadow – Ninja Legends

Stickman Master: Ninja Legends ဟာ တိုက်ခိုက်ရတဲ့ စွန့်စားခန်းဂိမ်းဖြစ်ပြီး ဒဏ္ဍာရီလာနင်ဂျာ မာစတာတစ်ဦးဖြစ်အောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ RPG ဂိမ်းအမျိုးအစားဖြစ်ပြီး offline ကစားနိုင်ပါတယ်။ ကစားသူက စွမ်းရည်မြင့်လက်နက်၊ ဓား နဲ့ ချပ်ဝပ်တန်ဆာကိုစုစည်းပြီးအ ဖွဲ့လိုက်တိုက်ခိုက်ကာ quest တွေ ပြီးဆုံးအောင် တိုက်ခိုက် ရပါမယ်။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -စိုးထက်  

Read More

Black Desert Mobile

Black Desert Mobile ဂိမ်းကို ကမ္ဘာတစ်ဝန်းက နိုင်ငံပေါင်း ၁၅၀ က ဂိမ်မာများစွာ ကစားနေကြပါတယ်။ ဂိမ်းအမျိုးအစားက MMO ဖြစ်ပြီး အံ့အားသင့်စရာကောင်းတဲ့ စွန့်စားခန်းဂိမ်းဖြစ်ပါတယ်။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -စိုးထက်  

Read More

ASUS ROG Phone 2

Price : 785,000 Ks အားသာချက် 120Hz AMOLED Display ၊ စိတ်ကျေနပ်ဖွယ်ရာ ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်မှု၊ ဖုန်းရဲ့ ကိုယ်ထည်မှာ RGB မီးလင်းဒီဇိုင်း အနေနဲ့ ပါဝင်တဲ့ သေသပ်လှပပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ ကိုယ်ထည်ဒီဇိုင်း၊ နောက်ဆုံးပေါ် ဟာ့ဒ်ဝဲတွေအသုံးပြုထားမှု၊ bloatware တွေမပါဝင်တာတွေ အပြင် ပြိုင်ဘက်ကင်း စွမ်းဆောင်ရည်တွေ ပိုင်ဆိုင်ထားတာက ဒီဖုန်းရဲ့ အားသာချက်ပဲဖြစ်ပါတယ်။ အားနည်းချက် စွမ်းဆောင်ရည်မြင့်မားကောင်းမွန်တဲ့ ဖုန်းတစ်လုံးဖြစ်ပေမယ့် ရေစိုခံတဲ့ ဖုန်းတစ်လုံး မဟုတ်သလို သူ့မှာ ကြိုးမဲ့အားသွင်းနိုင်တဲ့ Wireless charging စနစ်တွေလည်း ထောက်ပံ့ပါဝင်ခြင်း မရှိပါဘူး။ ဖုန်းနဲ့ ဂိမ်းကစားတဲ့ သုံးစွဲသူတွေကို အထူးဆွဲဆောင်နိုင်အောင် ဖန်တီးထားတဲ့ အထင်ကြီးစရာ ဖုန်းဒီဇိုင်းက လူတိုင်းအတွက်တွေ မဟုတ်တာတွေက ဒီဖုန်းရဲ့ […]

Read More

Buddha (Myanmar)

အိတ်ဆောင်တရားစာအုပ်သဖွယ် အသုံးပြုနိုင်မယ့် app ဖြစ်ပါတယ်။ ပရိတ်ကြီး၊ ပဌာန်း၊ ဂုဏ်တော်ကွန်ချာ၊ ၂၄ ပစ္စည်း စတဲ့ တရားတော်တွေနဲ့ ဗုဒ္ဓဝင်အကျဉ်း၊ ဇာတ်ကြီးဆယ်ဘွဲ့၊ အောင်ခြင်းရှစ်ပါး၊ ဘုရားသမိုင်း စတာတွေကို ဖတ်ရှုနိုင်မယ့်အပြင် တရားတော် FM လိုင်းကိုလည်း App ကနေ တိုက်ရိုက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကြည်ညိုဖွယ်ရာ ဗုဒ္ဓပုံတော်တွေကိုလည်း အယ်လ်ဘမ်အနေနဲ့ ထည့်သွင်းထားပါသေးတယ်။ App ကို Android version 4.1 နဲ့အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More

Samsung One UI 2.0 မှာအသစ်ပါဝင်လာတဲ့ feature အသစ် (၅) မျိုး

Samsung One UI ဟာ Android ကို စိတ်ကြိုက်ပြင်ဆင်ထားတဲ့ ကုမ္ပဏီရဲ့ ကိုယ်ပိုင် UI တစ်မျိုးဖြစ်ပါတယ်။ ဒီဇိုင်းပိုင်း မတူညီသလို Android နဲ့အနည်းငယ်ကွာခြားတဲ့ feature တွေပါဝင်လာပါတယ်။ Samsung ဟာ ပြီးခဲ့တဲ့နှစ်က Android 9 Pie ဗားရှင်း မိတ်ဆက်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ Samsung ဖုန်းများစွာအတွက် Android 10 အခြေခံ One UI 2.0 ကိုဖြန့်ချိလိုက်ပါတယ်။ One UI 2.0 မှာ ဒီဇိုင်းပိုင်း အပြောင်းအလဲ ကြီးကြီးမားမား မပြုလုပ်ထားပေမယ့် feature သစ်တွေ ပါဝင်လာပါတယ်။ Andorid 10 လုပ်ဆောင်ချက်ကို အခြေခံတဲ့ feature တချို့နဲ့ အသစ်စက်စက်တွေလည်း ပါဝင်လာပါတယ်။ Samsung […]

Read More

Stadia ဂိမ်းတွေကို ထုတ်လုပ်မယ့် Typhoon Stuidos ကို Google ဝယ်ယူ

Google ဟာ Stadia ဂိမ်းဝန်ဆောင်မှုမှာ ကစားနိုင်တဲ့ အာကာသစူးစမ်းရေး Journey to the Savage Planet ဂိမ်းကိုဖန်တီးတဲ့ Typhoon Studios ကိုဝယ်ယူခဲ့ပါတယ်။ Typhoon Studios ဟာ Stadia Games and Entertainment နဲ့ပူးပေါင်းသွားမှာ ဖြစ်တယ်လို့ ကုမ္ပဏီအကြီးအကဲ ဂျိတ်ရေမွန်ကထုတ်ပြန်ခဲ့ပါတယ်။ Typhoon Studios ကို ၂၀၁၇ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ စတူဒီယိုကို မွန်ထရီရယ်မှာ အခြေစိုက်ထားပြီး Ubisoft ဖန်တီးမှုဒါရိုက်တာဟောင်း အဲလက်စ်ဟက်ချင်ဆန်နဲ့ Electronic Arts အမှုဆောင်ထုတ်လုပ်သူဟောင်း ရိဒ်ရှနိုက်ဒါတို့က တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ နောက်နှစ်မှာတော့ Journey to the Savage Planet ထွက်လာပါတယ်။ မတ်လမှာ Google က Stadia […]

Read More