Day: January 2, 2020

မြန်မာစာ

မြန်မာစာ စာလုံးပေါင်းသတ်ပုံကျမ်း App ဖြစ်ပါတယ်။ မြန်မာဝေါဟာရပေါင်း ၁၃.၀၀၀ ကျော်ရဲ့ စာလုံးပေါင်းသတ်ပုံတွေကို အလွယ်တကူ ရှာဖွေစစ်ကြည့်နိုင်မှာဖြစ်ပြီး Offline အနေနဲ့ အသုံးပြုနိုင်အောင် ဖန်တီးထားတာဖြစ်ပါတယ်။ မိမိရဲ့ စာလုံးပေါင်းမှန်ကန်မှုကို စမ်းသပ်ကြည့်နိုင်မယ့် စာလုံးပေါင်းအမှန်နဲ့ ပတ်သက်တဲ့ လေ့ကျင့်ခန်းနဲ့ ဂိမ်းတွေလည်း ပါဝင်ပြီး မြန်မာ့စကားပုံနဲ့ ရှင်းလင်းချက်တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More

၂၀၂၀ ခုနှစ်အတွက် အပြောင်းအလဲကို သယ်ဆောင်ပေးနိုင်တဲ့ နည်းပညာများ

၂၀၂၀ ခုနှစ်အတွင်း နည်းပညာကုမ္ပဏီကြီးတွေက ကြီးကျယ်တဲ့အရာတွေ ပြုလုပ်ဖို့ စိတ်အားထက်သန်နေကြပါတယ်။ ဒီနှစ်မှာ ဘယ်လိုနည်းပညာတွေက တော်လှန်ပြောင်းလဲနိုင်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။ ဈေးနှုန်းသက်သာတဲ့5G ဖုန်း ဒီနှစ်မှာတော့5G ဖုန်းတွေများစွာ ထွက်ပေါ်လာနိုင်ပါတယ်။ 5G ဖုန်းတွေလည်း ပိုမို ဈေးနှုန်းသက်သာပါတယ်။ 5G ကွန်ရက်ကလည်း ပိုမိုကျယ်ပြန့်လာပြီး ၂၀၂၀အကုန်မှာ 5G ဖုန်းတွေကို ပိုင်ဆိုင်သူလည်း ပိုမိုများပြားလာပါတယ်။ 5G ကွန်ရက်ကြောင့် အင်တာနက်လိုင်း ပိုမိုမြန်ဆန်လာမှာပါ။ ဒါကြောင့် သုံးစွဲသူတွေက လမ်းလျှောက်ရင်း ဖုန်းပေါ်မှာ မိနစ်အနည်းငယ်အတွင်း Netflix တီဗီအစီအစဉ်ကို season လိုက် download လုပ်နိုင်ပါမယ်။ အွန်လိုင်းမိုဘိုင်းဂိမ်း အမျိုးအစားသစ်ထွက်လည်း ပေါ်ထွက်လာပါတယ်။ ရယ်စရာကောင်းတဲ့ 5G ကွန်ရက်နည်းပညာဟာ ရာသီဥတုဂြိုဟ်တုတွေကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ ဒါကြောင့် ရာသီဥတုအပြောင်းအလဲနဲ့ စွမ်းအားပြင်း သဘာဝဘေးအန္တရာယ်တွေကို တိကျစွာ […]

Read More

Global MBA သင်တန်းအတွက် လျှောက်လွှာများခေါ်ယူ

ထိုင်းနိုင်ငံ University of the Thai Chamber of Commerce (UTCC) နဲ့ ကုန်သည်စက်မှုအသင်းချုပ် တို့ပူးပေါင်းပြီး Global MBA သင်တန်းအတွက် လျှောက်လွှာတွေခေါ်ယူနေပြီလို့ သိရပါတယ်။ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းခွင်မှ ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည် မြင့်မားရေးနဲ့ နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်ရန် ရည်ရွယ်လျက် “စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့”သင်တန်း (Global MBA) ကို ဖွင့်လှစ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းကို ဇန်နဝါရီလမှ စတင်ပြီး အသင်းချုပ်မှာ သင်ကြားပို့ချပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းနဲ့ ပတ်သက်တဲ့ အချက်အလက် (Program Outline) နဲ့ လျှောက်လွှာပုံစံ (Application Form) တို့ကို https://bit.ly/36hxgK9 မှာ လေ့လာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ သင်တန်းလျှောက်လွှာတွေကို ဇန်နဝါရီ ၁၆ ရက်၊ ရုံးချိန်အတွင်း နောက်ဆုံးထားလျှောက်ထားနိုင်မှာဖြစ်ပါတယ်။ Global MBA […]

Read More

ရင်သားကင်ဆာကို ဖော်ထုတ်ပေးနိုင်တဲ့ Google Health ရဲ့ AI နည်းပညာ

ကမ္ဘာပေါ်က အမျိုးသမီး ၈ ဦးထဲက တစ်ဦးမှာ ရင်သားကင်ဆာရှိနိုင်ပါတယ်။ ဒါကြောင့် ရင်သားကင်ဆာကို တိကျစွာ ရှာဖွေဖော်ထုတ်နိုင်မယ့် ရောဂါရှာဖွေရေး tool တွေ ပိုမိုလိုအပ်ပါတယ်။ အခုဆိုရင် မန်မိုဂရမ်ကတစ်ဆင့် ရင်သားကင်ဆာကို ရှာဖွေတဲ့နည်းလမ်းက အမျိုးသမီးများစွာအတွက် ရောဂါရှာဖွေမှုအတွင်း မမှန်ကန်တာတွေ ဖြစ်ပေါ်နေသလို ကင်ဆာကို ရှာမတွေ့တာလည်း ဖြစ်နေပါတယ်။ Goolge ရဲ့ Health ဌာနက လွန်ခဲ့တဲ့နှစ်များစွာအတွင်း ရောဂါရှာဖွေမှု မမှန်ကန်တာကို AI နဲ့ဖြေရှင်းဖို့ ကြိုးစားနေပါတယ်။ Google Health ကုမ္ပဏီခွဲ Deepmind, Cancer Research UK Imperial Centre, Northwestern တက္ကသိုလ်နဲ့ Royal Surrey County ဆေးရုံတို့ ပူးပေါင်းပြီး ပြုလုပ်ထားတဲ့ သုတေသနစာတမ်း တစ်စောင် ထွက်ပေါ်လာပါတယ်။ […]

Read More

AI ကို လူသားဘာသာစကား သင်ကြားပေးတဲ့ကဏ္ဍအတွင်း Microsoft နဲ့ Google ထက် Baidu သာလွန်နေ

တရုတ် Search engine ကုမ္ပဏီ Baidu ဟာ တရုတ်နဲ့ အင်္ဂလိပ်ဘာသာစကား ကွာခြားမှုကြောင့် လူသားဘာသာစကားကို AI နားလည်အောင်သင်ကြားမှု ကဏ္ဍအတွင်း Microsoft နဲ့ Google ထက် သာလွန်နေပါတယ်။ Baidu ရဲ့ ERNIE (Enhanced Representation through kNowledge IntEgration) ဟာ ဘာသာစကားသင်ကြားမှု အပိုင်းမှာ အမြင့်ဆုံးအမှတ် ၉၀.၁ ရရှိထားပါတယ်။ အထွေထွေဘာသာစကား နားလည်မှုအပိုင်းမှာ Microsoft နဲ့ Google တို့ထက်သာလွန်နေပါတယ်။ Baidu ရဲ့မော်ဒယ်ကို ကနဦးမှာ တရုတ်ဘာသာစကားကိုပဲ နားလည်ဖို့ ဖန်တီးထားခဲ့ပါတယ်။ ဒါပေမဲ့ သုတေသီတွေက အခု AI ကအင်္ဂလိပ်လိုပါ နားလည်နိုင်တာ တွေ့ရှိခဲ့ပါတယ်။ Baidu ရဲ့ ERNIE ဟာ […]

Read More

ကုမ္ပဏီရဲ့ ပထမဆုံး ပွင့်လင်းမြင်သာတဲ့အစီရင်ခံစာကို TikTok ထုတ်ပြန်

TikTok ဟာ ကုမ္ပဏီရဲ့ပထမဆုံး ပွင့်လင်းမြင်သာမှုရှိတဲ့ အစီရင်ခံစာကို ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအစီရင်ခံစာမှာ သုံးစွဲသူအချက်အလက် အပြင် ဘယ်နိုင်ငံတွေက content ဖယ်ရှားဖို့ တောင်းဆိုထားသလဲ ဆိုတာကိုလည်း ပြသပေးထားပါတယ်။ အဲဒီ အစီရင်ခံစာမှု တရုတ်နိုင်ငံက သုံးစွဲသူအချက်အလက် မပါဝင်ခဲ့ပါဘူး။ တရုတ်နည်းပညာကုမ္ပဏီ ByteDance က TikTok ကိုပိုင်ဆိုင်ပါတယ်။ ၂၀၁၉ ခုနှစ်၊ ပထမနှစ်ဝက် အတွင်း တရုတ်ကွန်မြူနစ်ပါတီက ဗီဒီယိုဖြုတ်ချပေးဖို့ မတောင်းဆိုခဲ့ဘူးလို့ TikTok ကပြောခဲ့ပါတယ်။ TikTok ဟာ တရုတ်ပြည်နဲ့ ဆက်စပ်မှုကြောင့် စုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ စက်တင်ဘာလက The Washing Post ရဲ့သတင်းတစ်ပုဒ်မှာ TikTok ဟာ တရုတ်တောင်းဆိုမှုနဲ့ ဟောင်ကောင်က ဒီမိုကရေစီထောက်ခံဆန္ဒပြမှုနဲ့ ဆက်စပ်တဲ့ content ကိုဆင်ဆာလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီပြောကြားချက်ကို […]

Read More

CES ပွဲအတွင်း ထုတ်ဖော်ပြသွားမယ့် Huami Amazfit T-Rex

Xiaomi ကထောက်ပံ့ပေးထားတဲ့ Huami ဟာ ဇန်နဝါရီ ၈ ရက်၊ လတ်စ်ဗီးဂတ်စ်မြို့၊မှာ ပြုလုပ်မယ့် CES ပွဲမှာ ထုတ်ကုန်သစ်မိတ်ဆက်မယ်လို့ သိရပါတယ်။ ကုမ္ပဏီအနေနဲ့ Amazfit BipS နဲ့ TWS ကြိုးမဲ့နားကြပ်ကို မိတ်ဆက်မယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ပွဲအတွင်း Amazfit T-Rex အမည်ရ အကြမ်းခံတဲ့ စမတ်နာရီသစ်ကိုလည်း ထုတ်ဖော်ပြသမယ်လို့ Weibo မှာတင်ထားပါတယ်။ Huami ကအမြည်းမိတ်ဆက်တဲ့ ပိုစတာမှာ စမတ်နာရီ လက်ပတ်အရိပ်ကို ဖော်ထုတ်ထားပါတယ်။ Amazfit T-Rex မိတ်ဆက်မယ့်ရက်က CES ပွဲကျင်းပမှုနဲ့ တိုက်ဆိုင်နေပါတယ်။ ဒါ့အပြင် Amazfit T-Rex ရဲ့ ဓာတ်ပုံတွေလည်း ပေါက်ကြားထွက်ပေါ်လာပါတယ်။ Huami Amazfit T-Rex ဟာကိုယ်ထည်ကို အလွန်အကြမ်းခံနိုင်အောင် ဖန်တီးထားပါတယ်။ […]

Read More

Human Resource Management Course for Entrepreneurs သင်တန်းဖွင့်လှစ်မည်

ရန်ကုန်စီးပွားရေးတက္ကသိုလ်နဲ့ Myanmar-India Entrepreneurship Development Center တို့မှ ဖွင့်လှစ်တဲ့ Human Resource Management Course for Entrepreneurs သင်တန်းကို ရက်တိုသင်တန်းအနေနဲ့ ဖွင့်လှစ်မယ်လို့ သိရပါတယ်။ သင်တန်းကို ဇန်နဝါရီ ၁၃ ရက်မှ ၂၂ ရက်အထိ ရုံးဖွင့်ရက် ညနေပိုင်း ၈ ရက်သင်တန်း တက်ရောက်ရမှာဖြစ်ပြီး သင်တန်းကြေးကတော့ ငါးသောင်းကျပ် ဖြစ်ပါတယ်။ သင်တန်းပြီးဆုံးပါက ရန်ကုန်စီးပွားရေးတက္ကသိုလ်က တိုက်ရိုက်ပေးအပ်တဲ့ သင်တန်းဆင်းလက်မှတ် ရရှိမှာဖြစ်ပါတယ်။ တက်ရောက်လိုသူတွေအနေနဲ့ ပါရမီလမ်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ) ဖုန်း – ၀၁-၆၆၄၆၈၄ နဲ့ ၀၉-၉၆၃၃၅၉၄၅၉ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။ -သန္တာ

Read More