Day: January 28, 2020

Travel Myanmar Guide

မြန်မာပြည်ရဲ့ အထင်ကရနေရာဒေသဆိုင်ရာ ဗီဒီယိုတွေကို ကြည့်ရှုပြီး မြန်မာနိုင်ငံအနှံ့ခရီးသွားချင်သူတွေ ဆောင်ထားသင့်တဲ့ App ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ နေရာဒေသ၊ အစားအစာ၊ ကမ်းခြေစတာတွေရဲ့ ခရီးသွားလမ်းညွှန်ဗီဒီယိုတွေကို ကြည့်ရှုနိုင်အောင် ဖန်တီးပေးထားပြီး နေရာဒေသအလိုက် အသုံးပြုတဲ့ စကားအခေါ်အဝေါ်တွေကိုပါ လေ့လာနိုင်မှာဖြစ်ပါတယ်။ မိမိသွားရောက်လေ့လာချင်တဲ့နေရာနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ရှာဖွေနိုင်အောင် ဖန်တီးထားပါတယ်။ App ကို Android version 4.2 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More

ဆယ်နှစ်ပြည့် iPad နဲ့ပတ်သက်ပြီး လူသိနည်းတဲ့ အကြောင်းအရာ (၅) ခု

၂၀၁၀ ခုနှစ် ဇန်နဝါရီ ၂၇ ရက်မှာ Apple အမှုဆောင်အရာရှိချုပ် စတိဗ်ဂျော့ဟာ ဖုန်းမခေါ်ဆိုနိုင်တဲ့ ထုတ်ကုန်အကြီးစားတစ်ခုမိတ်ဆက်ခဲ့ပါတယ်။ လအနည်းငယ်အကြာမှာတော့ အများပြည်သူဆီ ပထမဆုံး iPad ကိုဖြန့်ချိလိုက်ပါတယ်။ iPad ဟာ tablet ကိုတော်လှန်ပြောင်းလဲခဲ့ပြီး သက်ရောက်မှုတွေက အခုထိရှိနေသေးပါတယ်။ အခုဆိုရင် နည်းပညာလောက ကုမ္ပဏီတိုင်းက iPad လိုမျိုး ထုတ်ကုန်အတွက် ရင်းနှီးမြှုပ်နှံ ထုတ်လုပ်နေကြပါတယ်။ တစ်ချို့ထုတ်ကုန်တွေက ဈေးနှုန်းသက်သာပြီး လူတိုင်းဝယ်ယူနိုင်ပါတယ်။ အခြား tablet တွေကတော့ ဆန်းသစ်၊ လှပကြပါတယ်။အခုအခါမှာတော့ iPad ရဲ့သက်တမ်းဟာ ဆယ်နှစ်ပြည့်သွားပြီ ဖြစ်ပါတယ်။ iPad ပထမဆုံးမျိုးဆက်နဲ့ ပတ်သက်ပြီး လူသိနည်းသေးတဲ့ အကြောင်းအရာတွေကို အောက်မှာဖော်ပြပေးလိုက်တယ်။ မအောင်မြင်တဲ့ ပထမဆုံးကြိုးပမ်းမှု Apple ဟာ iPad နဲ့စိတ်ကူးပိုင်း ဆင်တဲ့ touch […]

Read More

မှန်ထည်တစ်ခုတည်းနဲ့ ပြုလုပ်ထားတဲ့ iMac ကို Apple မူပိုင်ခွင့်တင်

Apple ဟာစိတ်ကူးဉာဏ်ဆန်းသစ်တဲ့ မူပိုင်ခွင့်တွေအမျိုးမျိုးကို မူပိုင်ခွင့်တင်လေ့ရှိပါတယ်။ အခုအခါမှာလည်း မှန်ထည်တစ်ခုတည်းနဲ့ ပြုလုပ်ထားတဲ့ iMac ထုတ်ကုန်ကို မူပိုခွင့်တင်ခဲ့ပါတယ်။ Apple ရဲ့မူပိုင်ခွင့်မှာ display ဧရိယာအဖြစ် အသုံးတော်ခံမယ့် အပေါ်ဘက်အပိုင်းနဲ့အတူ အီလက်ထရောနစ်ထုတ်ကုန်တစ်ခုလို့ ရေးသားထားပါတယ်။ အောက်ဘက်ခြမ်းကတော့ input ဧရိယာဖြစ်ပြီး အပေါ်ဘက်နဲ့ အောက်ဘက်အကြား မျက်နှာပြင်အကွေးပုံစံ ထက်ဝက်ခြမ်းထားတယ်လို့ သိရပါတယ်။ထုတ်ကုန်ရဲ့အောက်ဘက်ခြမ်းကတော့ desktop ပုံစံဖြစ်ပြီး input ထုတ်ကုန်တွေဖြစ်တဲ့ mouse နဲ့တွဲဖက်အသုံးပြုနိုင်ပါတယ်။ ကြီးမားတဲ့ဧရိယာကတော့ display ဖြစ်ပြီး တစ်ခုခုအပေါ် အမှီပြုနိုင်ပါတယ်။ ထုတ်ကုန်ဒီဇိုင်းအရ Mac ရဲ့မျက်နှာပြင်အကွေး ဒီဇိုင်းပဲ သုံးထားတဲ့အတွက် မှီထားဖို့ တွဲဖက်ပစ္စည်းတစ်ခု လိုအပ်ပါတယ်။ အဲဒီတွဲဖက်ပစ္စည်းက မျက်နှာပြင်ရှုထောင့်ကို ချိန်ညှိနိုင်ပါမယ်။ ထုတ်ကုန်ရဲ့မျက်နှာပြင်က ပြောင်းလွယ်၊ ပြင်လွယ်ရှိပြီး touchscreen လိုမျိုး အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ […]

Read More

အမည်မသိ Motorola စမတ်ဖုန်း သရုပ်ဖော်ပုံ ထွက်ပေါ်လာ

အသစ်ထွက်ရှိမယ့် Edge+ အမည်ရ အဆင့်မြင့် Motorola ဖုန်းသစ်ထွက်ရှိနိုင်တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ အခုအခါမှာတော့ အမည်မသိ Motorola ဖုန်းသစ် သရုပ်ဖော်ပုံထွက်ရှိလာပါတယ်။ ပုံအရ Motorola ဖုန်းသစ်မှာ stylus ပါဝင်လာပါတယ်။ ဖုန်းရဲ့ဘေးဘောင်တွေက အလွန်သေးငယ်ပြီး အောက်ခြေကတော့ အနည်းငယ်ထူထဲပါတယ်။ ရှေ့ကင်မရာကို အပေါ် ဘယ်ဘက်ခြမ်း punch-hole ကင်မရာထဲထည့်သွင်းထားပါတယ်။ အခုဖုန်းဟာ Motorola ရဲ့အသစ်မိတ်ဆက်မယ့် Edge+ ဟုတ်၊ မဟုတ် မသိရသေးပါဘူး။ နာမည်ကျော် သတင်းတွေ ဖော်ထုတ်သူ Evan Balss ကတော့ ကောလာဟလထွက်ရှိနေတဲ့ အဆင့်မြင့် Motorola ဖုန်း ဟုတ်၊ မဟုတ် မပြောနိုင်သေးဘူးလို့ မှတ်ချက်ပေးထားပါတယ်။ -စိုးထက် Ref: GSMArena

Read More

သုံးစွဲသူ ဝက်ဘ်ဆိုက်အချက်အလက်တွေ ရောင်းချနေတဲ့ Avast

ကမ္ဘာတစ်ဝန်းက သုံးစွဲသူသန်းပေါင်းများစွာ အသုံးပြုနေတဲ့အခမဲ့ antivirus software ဖြစ်တဲ့ Avast ဟာ Jumpshot လို့အမည်ရတဲ့ ကုမ္ပဏီခွဲကတစ်ဆင့် ဝက်ဘ်အသုံးပြုမှုအချက်အလက်တွေကို ရောင်းချနေတယ်လို့ သိရပါတယ်။ Avast ဟာဝက်ဘ်ဆိုက်ပေါ်က သုံးစွဲသူ click နဲ့ရွေ့လျားမှုကို ခြေရာခံနေပါတယ်။ Google နဲ့ Google Maps ပေါ်က ရှာဖွေမှုလိုမျိုး အရာတွေကို စုဆောင်းနေပါတယ်။ LinkedIn စာမျက်နှာ၊ YouTube ဗီဒီယိုနဲ့ ညစ်ညမ်းဝက်ဘ်ဆိုက်တစ်ချို့ကိုလည်း ခြေရာခံနေတယ်လို့ Motherboard နဲ့ PCMag စုံစမ်းစစ်ဆေးမှု သတင်းမှာ ဖော်ပြထားပါတယ်။ စုဆောင်းထားတဲ့ အချက်အလက်တွေကို ပြန်လည်ထုပ်ပိုးပြီး Jumpshot ကရောင်းချခဲ့ပါတယ်။ Jumpshot ရဲ့ဝက်ဘ်ဆိုက်မှာတော့ အင်တာနက်ရဲ့ တန်ဖိုးအရှိဆုံး နံရံကာ ပန်းဥယျာဉ်နောက်ကွယ်က သုံးစွဲသူလုပ်ရပ် အချက်အလက်တွေကို ပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။ […]

Read More

BA Program ၂၅ နှစ်ပြည့် ငွေရတုပွဲတော် အခမ်းအနားကျင်းပမည်

ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ စီမံခန့်ခွဲမှုပညာဌာန၊ MBA Program ရဲ့ 25th Anniversary Silver Jubilee of MBA Program အခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက်နဲ့ ၂ ရက်တွေမှာ နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ပတ္တမြားဆောင်ခြံဝန်းအတွင်းမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ MBA Program ၂၅ နှစ်ပြည့် ငွေရတုပွဲတော်ရက် ပထမနေ့မှာ ဖဲကြိုးဖြတ် ဖွင့်လှစ်ခြင်း၊ အမှတ်တရ ဓါတ်ပုံပြပွဲ၊ ဖွင့်ပွဲ အခမ်းအနား၊ အလှူရှင်များအား ဂုဏ်ပြုလက်မှတ် ပေးအပ်ခြင်း၊ ပညာရပ်ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲများ၊ သုတေသန စာတမ်းဖတ်ပွဲများ၊ မုန့်စျေးတန်း ရောင်းချမှုများ၊ လူမှုအကျိူးပြု အသင်းအဖွဲ့များ၏ ပြခန်းများ၊ ပွဲကျင်းပ‌ရေး ပံ့ပိုးကူညီပေးကြသည့် ကုမ္ပဏီများ၏ ပြခန်းများ […]

Read More

ကိုရိုနာဗိုင်းရပ်စ်နဲ့ လူမှုရေးမီဒီယာပေါ်က ဝေဖန်မှုများ

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံမှာ အစိုးရအပေါ် ဝေဖန်မှုမြင့်တက်လာပါတယ်။ ဘေကျင်းရဲ့သတင်းအပေါ် ကိုင်တွယ်မှုနဲ့ ပတ်သက်ပြီး သွေးတိုးစမ်းနေကြတယ်။ ဝေဖန်သူတွေက ဆင်ဆာပြုလုပ်ခံရနိုင်တဲ့ အခြေအနေအပေါ် ပါးနပ်စွာ ကိုင်တွယ်လျက်ရှိတယ်။ တစ်စုံတစ်ယောက်က တရုတ်အာဏာပိုင် သတင်းမီဒီယာကတစ်ဆင့် ကိုရိုနာဗိုင်းရပ်စ်အကြောင်းကို ကြည့်မယ်ဆိုရင် ဗီဒီယိုတွေများစွာ မြင်ရမှာပါ။ ဗီဒီယိုမှာ သီချင်းတွေပါဝင်ပြီး သူရဲကောင်းဝါဒအကြောင်း အမွှမ်းတင်ထားသလို ဒုက္ခရောက်နေတဲ့ နေရာတွေအထိ သွားရောက်ကြတဲ့ စွန့်လွှတ်အနစ်နာခံကျန်းမာရေး လုပ်သားတွေအကြောင်းကို မကြာခဏမြင်ရပါမယ်။ ဒါပေမဲ့ လူမှုရေးမီဒီယာကနေ ကိုရိုနာဗိုင်းရပ်စ်အကြောင်း လေ့လာမယ်ဆိုရင်တော့ လုံးဝမတူညီတဲ့ အရာတွေကို မြင်ရပါလိမ့်မယ်။ လူမှုမီဒီယာတွေမှာ အစိုးရအာဏာပိုင်တွေကို ဝေဖန်ကြတဲ့ မှတ်ချက်တွေနဲ့ ပြောင်လှောင်နေကြတဲ့ meme တွေကို တွေ့ရမှာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ မိသားစုဝင်တွေကို ဆေးမကုသပေးတာနဲ့ သေဆုံးနေတဲ့ လူနာတွေ ပြည့်နှက်နေတဲ့ ဆေးရုံကော်ရစ်ဒါ ဓာတ်ပုံတွေကို မြင်ရပါမယ်။ […]

Read More

MPT Money မိုဘိုင်းငွေကြေး ဝန်ဆောင်မှုကိုစတင်မိတ်ဆက်

MPT Money မိုဘိုင်းငွေကြေး ဝန်ဆောင်မှုကို ဇန်နဝါရီ ၂၈ ရက်နံနက်ပိုင်းက စတင်မိတ်ဆက် လိုက်ပါတယ်။ အဆိုပါ ဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် အီလက်ထရောနစ် စနစ်သုံးငွေကြေးလွှဲပြောင်းပေးခြင်း နဲ့ငွေပေးချေခြင်းဆိုင်ရာ လုပ်ဆောင်ချက်တွေဖြစ်တဲ့ OTC (နှစ်ဦးနှစ်ဖက် တိုက်ရိုက်ငွေလွှဲပြောင်းခြင်း)၊ Mobile Wallet ဖြင့်ငွေပေးချေခြင်း၊ MPT နှင့်အခြားသော အော်ပရေတာ များသို့ ဖုန်းငွေဖြည့်သွင်းခြင်း၊ ငွေတောင်းခံလွှာများပေးချေခြင်းအပြင် အခြားသောငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေကို သုံးစွဲသူတွေနဲ့ ရောင်းချသူတွေအကြား အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ “ မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက်ရခြင်းဟာ ငွေရေးကြေးရေးကဏ္ဍမှာ ဝန်ဆောင်မှုတွေကို တိုးတက်ပေးစွမ်းနိုင်ဖို့နဲ့ငွေသားကိုင်တွယ်သုံးစွဲ ဖို့မလိုတဲ့ လူမှုအဖွဲ့အစည်း (Cashless Society) တစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်လာစေဖို့ဖြစ်ပါတယ်။ Mobile Wallet ဝန်ဆောင်မှုကို သုံးစွဲသူတွေနဲ့ ချိတ်ဆက်ပေးလိုက်ခြင်းဖြင့် သန်းပေါင်းများစွာသော မြန်မာနိုင်ငံသားတွေအနေနဲ့ ငွေကြေးဝန်ဆောင်မှုကို […]

Read More

၂၀၂၁ ခုနှစ်မှာ App Maker ကို Google ပိတ်သိမ်းမည်

Google App Maker ဟာကုမ္ပဏီတွင် အသုံးပြုနိုင်မယ့် tool တွေ ဖန်တီးဖို့ လုပ်ငန်းတွေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ သုံးစွဲသူတွေအတွက် ထုတ်လုပ်ထားပြီး ကုတ်သုံးစွဲမှုနည်းပါးတဲ့ နည်းလမ်းဖြစ်ပါတယ်။ အခုဝန်ဆောင်မှုကို အသုံးပြုမှုနည်းပါးတာကြောင့် ၂၀၂၁ ခုနှစ်အတွင်း ပိတ်သိမ်းတော့မှာ ဖြစ်ပါတယ်။ App Maker မှာ template တွေ၊ drag-and-drop UI ဒီဇိုင်းနဲ့ အချက်အလက်တွေဖော်ပြနိုင်တဲ့ အရာတွေပါဝင်ပြီး IT developer တွေနဲ့ နည်းပညာစိတ်ဝင်စားသူတွေအတွက် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Gmail နဲ့ Calendar လိုမျိုး ဝန်ဆောင်မှုနဲ့ချိတ်ဆက်တဲ့ app တွေကို ဖန်တီးပြီး G Suite admin ကထိန်းချုပ်နိုင်ပါတယ်။ လက်ရှိမှာတော့ App Maker ဟာဆက်လက်တိုးတက်မှု မရှိတော့ပါဘူး။ ဝန်ဆောင်မှု ပိတ်သိမ်းမှုကို […]

Read More

ဝူဟန်က ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာတစ်ဝန်း ဖြစ်ပွားမှုကို ခြေရာခံပေးမယ့် အွန်လိုင်း dashboard

တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ဖြစ်ပေါ်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၈၁ ဦးအထိ ရှိလာပြီး လူပေါင်း ၂,၈၀၀ ကူးစက်ခံနေရပါတယ်။ အခုဆိုရင် ဂျွန်ဟော့ကင်းတက္ကသိုလ်က သုတေသီတွေက ရောဂါထိန်းချုပ်ရေးနဲ့ တားဆီးရေးစင်တာတွေ၊ ကမ္ဘာကျန်းမာရေးအဖွဲ့အစည်း၊ တရုတ်ရဲ့ CDC နဲ့ အခြားရင်းမြစ်က အချက်အလက်တွေ အသုံးချပြီး ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုနဲ့ပတ်သက်တဲ့ သတင်းတွေကို ရုပ်ပုံနဲ့ပြသ၊ ခြေရာခံတဲ့ မြေပုံတစ်ခုကို ထုတ်လုပ်လိုက်ပါတယ်။ အခုမြေပုံမှာ စုစုပေါင်းအတည်ပြုနိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုတွေ၊ စုစုပေါင်းသေဆုံးမှုနဲ့ ပြန်လည်သက်သာမှုတို့ကို ပြသထားပါတယ်။ မြေပုံပေါ်က အနီရောင်အစက်ကလေးတွေက ရောဂါပျံ့နှံ့မှုကို ပြသထားတာဖြစ်ပြီး ကိုရိုဗိုင်းရပ်စ်ဖြစ်ပွားမှု အခြေအနေကိုလည်း ကိုယ်စားပြုပါတယ်။ အနီရောင်အစက်လေးကို နှိပ်လိုက်ရင် ဒေသရဲ့ သတင်းအချက်အလက်ကို ပြသပေးမှာ ဖြစ်ပါတယ်။ကူးစက်ရောဂါဖြစ်ပွားမှုအတွင်း ကြောက်လန့်မှုနဲ့ စိတ်ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်တတ်ကာ သတင်းမှားတွေလည်း အလျင်အမြန်ပျံ့နှံ့တတ်ပါတယ်။ ဒါ့အပြင် တရုတ်ကလည်း […]

Read More