Day: February 1, 2020

mm-CERT မှ Coronavirus Phishing Scam များနှင့်ပတ်သက်၍ သတိပေးချက်ထုတ်ပြန်ထား

Coronavirus ကူးစက်မှုများပျံ့နှံ့မှုနဲ့ ပတ်သတ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ ရောဂါဖြစ်ပွားမှုကို ကမ္ဘာလုံးဆိုင်ရာအရေးပေါ်အခြေအနေအဖြစ်သတ်မှတ်တာကို အခွင့်ကောင်းယူပြီး Coronavirus Phishing Scam လည်းထွက်ပေါ်လာပြီဖြစ်တဲ့အတွက် သတိထားကြရန် မြန်မာနိုင်ငံကွန်ပျူတာအရေးပေါ် တုံ့ပြန်ရေးအဖွဲ့ mm-CERT က သတင်းထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက်မှာ Coronavirus Phishing Scam ကို ဆိုက်ဘာလုံခြုံရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Mimecast ကရှာဖွေတွေ့ရှိထားတာလို့ ဖော်ပြထားပါတယ်။ အဆိုပါတွေ့ရှိချက်အရ “Singapore Specialist: Corona Virus Safety Measure” အမည်နဲ့ အီးမေးလ်တစ်စောင်ဖြစ်ပြီး အဖျက်အမှောင့်လုပ်ဆောင်ချက်များပါဝင်တဲ့ Link တွေနဲ့ PDF ဖိုင်တွေပါရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ Wuhan coronavirus နဲ့ပတ်သက်ပြီး လူတို့ရဲ့ စိုးရိမ်ကြောင့်ကြမှုကို အသုံးချကာ မသမာသူများကနေ အီးမေးလ်ကမ်ပိန်းများပြုလုပ်ပြီး ကွန်ပျူတာသုံးစွဲသူများရဲ့ အကောင့်တွေကို ခိုးယူရန်ကြိုးစားခြင်း၊ Spyware များ […]

Read More