Day: February 5, 2020

Easy Japanese in Burmese

ဂျပန်စာလေ့လာနေသူတွေ ဆောင်ထားသင့်တဲ့ App ဖြစ်ပါတယ်။ လွယ်ကူလေ့လာ ဂျပန်စာသင်ခန်းစာတွေကို အခန်းလိုက် မြန်မာလို ရှင်းလင်းပြန်ဆိုချက်တွေနဲ့တကွ လေ့လာနိုင်မှာဖြစ်ပါတယ်။ သင်ခန်းစာ ခေါင်းစဉ်အလိုက် ရွေးချယ်လေ့လာနိုင်မှာြဖစ်သလို အကြောင်းအရာအလိုက်လည်း လေ့လာနိုင်မှာဖြစ်ပါတယ်။ သင်ခန်းစာတွေအပြင် သတင်းနဲ့ ရေဒီယိုကိုလည်း App ကနေ နားဆင်နိုင်မှာြဖစ်ပြီး App ကို မြန်မာဘာသာနဲ့အသုံးပြုနိုင်မှာြဖစ်ပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း  

Read More

ဖေဖော်ဝါရီ ၁၄ မှာ ကြိုတင်မှာယူနိုင်မယ့် Samsung Galaxy S20

Samsung ဟာဖေဖော်ဝါရီ ၁၁ရက်မှာ Galaxy S20 ဖုန်းတွေကို မိတ်ဆက်ဖွယ်ရှိပါတယ်။ အခုအခါမှာ Samsung Galaxy S20 ဈေးနှုန်းနဲ့ ရောင်းချမယ့်ရက်ထွက်ရှိလာပါတယ်။ တောင်ကိုရီးယားမှာ ဖုန်းကို ဒေါ်လာ ၁,၀၀၀ ကျော်နဲ့စတင်ရောင်းချပြီး Galaxy S20 Ultra ကိုတော့ ဒေါ်လာ ၁,၃၅၀နဲ့ ရောင်းချမယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ Galaxy S20 ဖုန်းတွေကိုတော့ ဖေဖော်ဝါရီလ ၁၄ရက်မှာ ကြိုတင်မှာယူနိုင်ပြီး မတ်လ ၆ရက်မှာ တင်ပို့ရောင်းချမယ်လို့ သိရပါတယ်။Galaxy S20 ကိုတော့ ကိုရီးယားဝမ် ၁.၂၅သန်း (ဒေါ်လာ ၁,၀၅၂) နဲ့စတင်ရောင်းချမှာ ဖြစ်ပြီး S20 Plusကိုတော့ ဒေါ်လာ ၁,၁၃၇နဲ့ရောင်းချမယ်လို့ သိရပါတယ်။ Galaxy S20 Ultra ရဲ့ storage 256GB […]

Read More

Galaxy Z Flip ဖုန်းအမည်ကို Samsung အတည်ပြု

Samsung ရဲ့ဂျာမန်ဘာသာ တရားဝင်ဝက်ဘ်ဆိုက်မှာ Galaxy S20 စီးရီးအမည်ကို အတည်ပြုထားပါတယ်။ အခုဆိုရင်လည်း Samsung ရဲ့ခေါက်စမတ်ဖုန်းသစ်ကို Galaxy Z Flip လို့ခေါ်ဆိုသွားမယ်လို့ ရိုမေးနီးယားဘာသာ စကားဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ Samsung Romania ဌာနက Galaxy Z Flip ရဲ့သားရေနဲ့ပြုလုပ်ထားတဲ့ ကာကွယ်ရေး case အတွက် စာမျက်နှာတစ်ခုကို ဝက်ဘ်ဆိုက်မှာဖန်တီးခဲ့ပြီး ခေါက်စမတ်ဖုန်းအမည်ကို အတည်ပြုသွားခဲ့ပါတယ်။ စာမျက်နှာမှာ Galaxy Z Flip အသေးစိတ်အကြောင်းကို မဖော်ပြထားပါဘူး။ Galaxy Z Flip မှာ Snapdragon 855+ SoC ပါဝင်ပြီး Android 10 နဲ့ RAM 8GB , 256GB UFS 3.0 storage […]

Read More

Yangon ICT Fair တွင် MIH Fiber Internet မှ Internet Provider အဖြစ်ပံ့ပိုးကူညီခဲ့

ဇွန်လကုန်ပိုင်းကကျင်းပခဲ့တဲ့ Yangon ICT Fair မှာ MIH – Myanmar Information Highway Fiber Internet အနေနဲ့ Internet Provider အဖြစ်ပံ့ပိုးကူညီပေးခဲ့ပါတယ်။ MIH အနေနဲ့ ကော်ပိုရေးရှင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေအတွက် အင်တာနက် ဝန်ဆောင်မှုတွေကို မြန်ဆန်သော အဆင့်မြင့် Fiber နည်းပညာတွေနဲ့ ဆောင်ရွက်ပေးလျက်ရှိပြီး လက်ရှိ ပြည်တွင်းမှာလည်း Embassy & Education, Financial, Logistics, Construction, Trading,Hotels&Media,ISP စတဲ့လုပ်ငန်းပေါင်း၆၀ ကျော်နဲ့ လက်တွဲလုပ် ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။ MIH အနေဖြင့် သုံးစွဲသူတွေရဲ့ လိုအပ်ချက်အရ အသေးစားလုပ်ငန်းပိုင်ရှင်များအတွက် SOHO Plan (Special Offers for Home Offices) ကို စတင်ရောင်းချပေးလျက်ရှိပြီး […]

Read More

မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေး အစီအစဉ် ၂၀၂၀ အတွက် အောက်မြန်မာပြည်မှ ဆန်ခါတင်အဖွဲ့ ၅ ဖွဲ့ကို ရွေးချယ်

မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင်ဖွံ့ဖြိုးရေး အစီအစဉ် (MYTDP) ၂၀၂၀ ရဲ့ နောက်ဆုံးအဆင့်ပြိုင်ပွဲ အတွက် အောက်မြန်မာပြည်မှ ဆန်ခါတင် အဖွဲ့ ၅ ဖွဲ့ကို ဖေဖော်ဝါရီ ၄ ရက်က ရန်ကုန်မြို့ရှိ MICT Park မှာ ရွေးချယ်ခဲ့ပါတယ်။ ရွေးချယ်ခံခဲ့ရတဲ့ အဖွဲ့တွေကတော့ အွန်လိုင်းပေါ်မှတစ်ဆင့် စိတ်ကျန်းမာရေး ဝန်ဆောင်မှုပေး တဲ့ Knight (mental heal) အဖွဲ့၊ သုံးစွဲသူနဲ့ Beauty Salon အကြား အလှအပရေးရာနဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေကို ဝက်ဘ်ဆိုက်မှတစ်ဆင့် ကြိုတင်ရက်ချိန်းရယူနိုင်ဖို့ ဝန်ဆောင်မှုပေးမယ့် Charm (Charm) အဖွဲ့၊ အဝတ်လျှော်ဝန်ဆောင်မှုအတွက် အက်ပလီကေးရှင်းမှ ဝန်ဆောင်မှုပေးမယ့် Dhobi.co (dhobi.co) အဖွဲ့၊ အကောင်းဆုံးစားသောက်ဆိုင်များမှ Discount များရရှိနိုင်မယ့် အက်ပလီကေးရှင်း […]

Read More

ကရိုနာဗိုင်းရပ်စ်ကြောင့် ဒေါ်လာ ၁၇၅ သန်းအထိ Disney ဆုံးရှုံးနိုင်

Disney အနေနဲ့ ကမ္ဘာ့တစ်ဝန်း ကရိုနာဗိုင်းရပ်စ်ပျံ့နှံ့နေတာကြောင့် ရှန်ဟိုင်းနဲ့ ဟောင်ကောင်အတွင်းက အပန်းဖြေပန်းခြံတွေကို ယာယီပိတ်ခဲ့ရပါတယ်။ ဒါကြောင့် Disney ဟာဒေါ်လာ ၁၇၅ သန်းအထိ ဆုံးရှုံးနိုင်တယ်လို့ သိရပါတယ်။ “အခုဒေသတွင်း ကျွန်တော်တို့အတွက် အလုပ်လုပ်ကိုင်ပေးနေတဲ့ လူထောင်ပေါင်းများစွာအပါအဝင် ကြီးမားတဲ့အပျက်အစီးနဲ့ ကြုံတွေ့ရသူတွေကို ကျွန်တော်တို့ အလွန်ပဲ စာနာမိပါတယ်” လို့ Disney အမှုဆောင်အရာရှိချုပ် ဘော့ပ်အီဂါက ကုမ္ပဏီဝင်ငွေထုတ်ပြန်တဲ့ပွဲမှာ ပြောခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ အများပြည်သူကျန်းမာရေး အခက်အခဲကို လေ့လာစောင့်ကြည့်သွားမယ်လို့ အီဂါကပြောခဲ့ပါတယ်။Disney အနေနဲ့ ပန်းခြံ၂ခု ပိတ်သိမ်းမှုကာလ ဘယ်လောက်ကြာမလဲဆိုတာ မူတည်ပြီး ဆိုးရွားစွာ ထိခိုက်နိုင်သလို ဒုတိယသုံးလပတ်အတွင်း ဒေါ်လာ ၁၇၅သန်းအထိ ဆုံးရှုံးနိုင်တယ်လို့ ကုမ္ပဏီဘဏ္ဍာရေးမှူးအကြီးအကဲ ခရစ္စတင်းမက္ကာသီကပြောခဲ့ပါတယ်။ ရှန်ဟိုင်းပန်းခြံကနေ ဒေါ်လာ ၁၃၅သန်းဆုံးရှုံးနိုင်ပြီး ဟောင်ကောင်ပန်းခြံကနေ ဒေါ်လာသန်း ၄၀ နီးပါး […]

Read More

Disney Plus ကိုလစဉ်ကြေးပေးသွင်း ကြည့်ရှုသူ ၂၈.၆ သန်းအထိ ရှိလာ

Disney Plus ရဲ့အိပ်မက်တွေက အမှန်တကယ် အကောင်အထည် ပေါ်လာနိုင်ပါတယ်။ Disney ဟာ Disney Plus ဝန်ဆောင်မှုကို စတင်ထုတ်လွှင့်စဉ်ပြီး ၅ နှစ်အကြာ လစဉ်ကြေးပေးသွင်း ကြည့်ရှုသူ သန်း ၆၀ နဲ့ သန်း ၉၀ ကြား ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အခုအခါ Disney Plus ကိုစတင်ဖြန့်ချိပြီး ၃ လ အကြာမှာတော့ ဝန်ဆောင်မှုကို လစဉ်ကြေးပေးသွင်း ကြည့်ရှုသူ ၂၈.၆ သန်း ရှိလာပါတယ်။ ကမ္ဘာပေါ်မှာ လစဉ်ကြေးပေးသွင်းကြည့်ရှုသူ အများဆုံး ဗီဒီယိုဝန်ဆောင်မှု Netflix ဟာ သုံးစွဲသူ ၁၆၇ သန်းရှိပြီး အမေရိကန်က ကြည့်ရှုသူ ၆၁ သန်း ပါဝင်ပါတယ်။ ကုမ္ပဏီရဲ့ ဝင်ငွေစာရင်းကို ကြေညာမှုအတွင်း Disney […]

Read More

ကရိုနာဗိုင်းရပ်စ်ကြောင့် Mobile World Congress ပြပွဲကနေ LG နုတ်ထွက်

LG ဟာ ကမ္ဘာတစ်ဝန်း ကရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ ပြုလုပ်မယ့် Mobile World Congress ပြပွဲကနေ နုတ်ထွက်ခဲ့ပါတယ်။ LG ရဲ့ဆုံးဖြတ်ချက် ထွက်ပေါ်အပြီး ZTE ကလည်း MWC သတင်းစာရှင်းလင်းပွဲဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။ “ကုမ္ပဏီဝန်ထမ်းတွေနဲ့ အများပြည်သူလုံခြုံရေးကို အလေးထားပြီး LG အနေနဲ့ စပိန်၊ ဘာစီလိုနာအတွင်း ဒီလနှောင်းပိုင်း ပြုလုပ်မယ့် MWC 2020 မှာ ပါဝင်ပြီး ထုတ်ကုန်တွေ ပြသမှာမဟုတ်ပါဘူး။ LG ဝန်ထမ်းရာပေါင်းများစွာ နိုင်ငံတကာသို့ သွားရောက်ပြီး မလိုအပ်ဘဲ ရောဂါကူးစက်ခံရမှုကို တားဆီးပေးမှာ ဖြစ်ပါတယ်။ MWC ပြပွဲမှာ မပါဝင်ပေမယ့် ၂၀၂၀ မိုဘိုင်းထုတ်ကုန်တွေကို ကြေညာဖို့ အနာဂတ်မှာ သီးခြားပွဲတွေ LG ပြုလုပ်သွားမယ်” လို့ LG […]

Read More

Poco X2 ကို တရားဝင်မိတ်ဆက်

၂၀၁၈ ဩဂုတ်လမှာ မိတ်ဆက်ခဲ့တဲ့ Poco F1 ဟာ အောင်မြင်တဲ့ ဖုန်းတစ်လုံးဖြစ်ခဲ့ပါတယ်။ Poco F1 ဟာ ဈေးနှုန်းသင့်တင့်တဲ့ flagship အဆင့်ရှိထုတ်ကုန် ဖြစ်ပါတယ်။ အခုအခါ Poco F1 ထုတ်လုပ်ပြီး တစ်နှစ်ခွဲအကြာမှာတော့ Poco X2 အမည်ရ ဒုတိယမြောက်စမတ်ဖုန်းကို မိတ်ဆက်လိုက်ပါတယ်။ Poco X2 ဟာ Poco F1 နေရာဆက်ခံမယ့် ထုတ်ကုန်မဟုတ်ဘဲ တရုတ်နိုင်ငံမှာ ရောင်းချနေတဲ့ Redmi K30 ကို ပြန်လည်ဆန်းသစ်ထားတာ ဖြစ်ပါတယ်။ စမတ်ဖုန်းမှာ Snapdragon 730G SoC ပါဝင်ပြီး MIUI 11 အသုံးပြုထားပါတယ်။ ဒါ့အပြင် 6GB/64GB, 6GB/ 128GB နဲ့ 8GB/256GB မော်ဒယ် ၃ […]

Read More

မြန်မာဒီဂျစ်တယ်အခွင့်အရေးဖိုရမ် ၂၀၂၀ ကျင်းပပြုလုပ်မည်

မြန်မာဒီဂျစ်တယ်အခွင့်အရေးဖိုရမ် (MDRF) ၂၀၂၀ ကို ဖေဖော်ဝါရီ ၂၈ ရက်နဲ့ ၂၉ ရက်၊ ရန်ကုန်မြို့ရှိ Rose Garden Hotel မှာ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါဖိုရမ်ကို ဖန်တီးရာ၊ ဖွံ့ဖြိုးမှုအတွက် ‘မြန်’ အိုင်စီတီအဖွဲ့ Myan ICT for Development Organisation (MIDO), မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန Myanmar Centre for Responsible Business (MCRB)နဲ့ လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်းမြန်မာ (Free Expression Myanmar (FEM)) အဖွဲ့အစည်းလေးခုက ပူးပေါင်းပြုလုပ်တာဖြစ်ပါတယ်။ ယခုနှစ်အတွက် ဖိုရမ်ကို ဆွီဒင်သံရုံးနဲ့ Heinrich-Böll-Stiftung Myanmar တို့က ငွေကြေးထောက်ပံ့ပေးထားခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ဖိုရမ်မှာ ရွေးကောက်ပွဲ ဆိုင်ရာ ဒီဂျစ်တယ်အခွင့်အရေးတွေနဲ့ […]

Read More