Day: August 25, 2020

သင်ကြားရေးအတွက် အကောင်းဆုံး tablet များ

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအတွင်း tablet တွေဟာ ဖျော်ဖြေရေးသက်သက် ထုတ်ကုန် မဟုတ်တော့ဘဲ သင်ကြားရေး ကိရိယာတစ်ခုပါ ဖြစ်လာပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်က Apple က iPad Pro မော်ဒယ်သစ်တွေကို ဖြန့်ချိပြီး trackpad ထောက်ပံ့မှုပါ ထည့်သွင်းခဲ့ပါတယ်။ Microsoft ကလည်း Surface မော်ဒယ်သစ်တွေဖြစ်တဲ့ ၁၅ လက်မ Surface Book 3 နဲ့ Surface Go 2 တို့ကို ဖြန့်ချိထားပါတယ်။ Amazon ကလည်း ကလေးတွေအတွက် သင့်တော်တဲ့ ဈေးသက်သာတဲ့ tablet တွေကို ဖြန့်ထားပါတယ်။ iPad (၁၀.၂ လက်မ၊ သတ္တမမြောက်မျိုးဆက်၊ ၂၀၁၉) Apple ရဲ့ ဈေးနှုန်းသင့်တင့်တဲ့ iPad မျက်နှာပြင်အရွယ်အစားကတော့ ပိုမို […]

Read More

အခမဲ့ Music Streaming ဝန်ဆောင်မှုများ

ဒီနေ့ခေတ်မှာ သီချင်းနားထောင်နိုင်မယ့် ဝန်ဆောင်မှုတွေ များစွာ ရှိလာပါပြီ။ ကိုယ်ရွေးချယ်ထားတဲ့ ဝန်ဆောင်မှုနဲ့ ငွေပေးသွင်းမှုအပေါ် မူတည်ပြီး အကောင်းဆုံး music streaming ဝန်ဆောင်မှုတွေ ရှိလာပါပြီ။ ဒါ့အပြင် အခမဲ့ သီချင်းနားထောင်နိုင်တဲ့ ရွေးချယ်မှုလည်း ရှိပါသေးတယ်။ အခမဲ့ သီချင်းနားထောင်နိုင်တဲ့ ဝန်ဆောင်မှုတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ YouTube Music YouTube Music အခမဲ့ ဗားရှင်းကတော့ အခြားဝန်ဆောင်မှုနဲ့ ကွဲပြားပါတယ်။ Browser နဲ့ app မှာလည်း သီချင်းတွေ နားထောင်နိုင်ပါတယ်။ ဝန်ဆောင်မှုအများစုက အခမဲ့ဆိုရင် playlist ဒါမှမဟုတ် ရေဒီယိုစတိုင် station တွေကို ကန့်သတ်ထားပါတယ်။ သုံးစွဲသူတွေက cloud ကနေ သီချင်းဖိုင် ၁၀၀,၀၀၀ အထိ တင်နိုင်ပါတယ်။ ဒါ့အပြင် ပုံမှန် […]

Read More

ဒဿနိကဗေဒကို စိတ်ဝင်စားသူများအတွက် Philosopher AI

အသစ်ထွက်ရှိလာတဲ့ https://philosopherai.com/ Philosopher AI ဟာ အဓိပ္ပာယ်မရှိတဲ့ ကမ္ဘာကြီးအတွင်း တစ်စုံတစ်ရာကို တွေ့ရှိဖို့ အထောက်အပံ့ပေးမှာပါ။အဲဒီ ဝက်ဘ်ဆိုက်ကို ဝင်ရောက်လည်ပတ်သူက ကနဦးအစကတည်းက လူသားတွေက မကျေလည်နိုင်တဲ့ မေးခွန်းတွေကို ဖြည့်သွင်း မေးမြန်းနိုင်ပါတယ်။ Philosopher AI ဟာ ဒဿနိကဗေဒကို စိတ်ဝင်စားသူတွေအတွက် အသုံးဝင်စေမယ့် ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်မှာ OpenAI ရဲ့ GPT-3 စာသားထုတ်လုပ်မှုစနစ်ကို အသုံးပြုထားတဲ့အတွက် ဖြည့်သွင်းလိုက်တဲ့ စာသားကို စိစစ်ပြီး ပြန်လည်ဖြေကြားပေးပါမယ်။ အခုစနစ်ကို ဖန်တီးသူကတော့ ဗန်ကူပါးအခြေစိုက် ပရိုဂရမာ Murat Ayfer ဆိုသူဖြစ်ပါတယ်။ အခု AI မှာ ကိုယ်ပိုင် အမြင်တွေနဲ့ အသိပညာတွေ မရှိသေးဘူးလို့ ဆိုထားပါတယ်။ -စိုးထက် Ref: TheNextWeb »»» […]

Read More

Google ရဲ့ Android TV dongle

Google ဟာ ထုတ်ကုန်သစ် ၂ မျိုးကို FCC မှာလျှောက်ထားခဲ့ပါတယ်။ အဲဒီထဲက ထုတ်ကုန်တစ်ခုကတော့ Android TV နဲ့ဆက်စပ်တဲ့ ထုတ်ကုန်ဖြစ်ပါတယ်။ Google အနေနဲ့ Sabrina အမည်ရတဲ့ TV dongle တစ်မျိုးကို လုပ်ကိုင်နေတယ်လို့ XDA Developers ကဖော်ပြခဲ့ပါတယ်။ အဲဒီထုတ်ကုန်ကို Android TV နဲ့သမားရိုးကျ remote နဲ့ထိန်းချုပ်နိုင်တဲ့ UI ကို အသုံးပြုနိုင်ပါမယ်။ ဒါ့အပြင် Wi-Fi နဲ့ Bluetooth ထောက်ပံ့မှုလည်း ပါဝင်လာနိုင်ပါတယ်။ Sabrina ထုတ်ကုန်မှာ remote control ပါဝင်မယ်လို့ 9to5Google က ခန့်မှန်းခဲ့ပါသေးတယ်။ -စိုးထက် Ref: TheVerge စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ အိမ်အရောက်ဖတ်ရှုဖို့ […]

Read More

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရဖို့ ရေပေါ်ရုပ်ရှင်ရုံကို အစ္စရေးဖွင့်လှစ်

အစ္စရေးနိုင်ငံဟာ တယ်အဗစ်မြို့မှာ နိုင်ငံရဲ့ ပထမဆုံး ရေပေါ် ရုပ်ရှင်ရုံ စမ်းသပ်ပြသမှုကို ဩဂုတ် ၂၀ ရက်မှာ စတင်လုပ်ကိုင်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်တွေကြောင့် ရုပ်ရှင်ရုံတွေ ပိတ်နေပေမယ့် တယ်အဗစ်မြူနီစပယ်ကတော့ ရေပေါ်ရုပ်ရှင်ရုံစိတ်ကူးကို စတင်လိုက်ပါတယ်။ ရေပေါ်ရုပ်ရှင်ရုံကြောင့် လူတွေက တစ်ဦးနဲ့ တစ်ဦး စိတ်ချရတဲ့ အကွာအဝေးကနေ ရုပ်ရှင်ကြည့်နိုင်ပါမယ်။ ရာကွန်ပါ့ခ်ကန်က ရေပေါ်ရုပ်ရှင်ရုံအတွက် ခြေနင်းဘုတ် အခု ၇၀ ထောက်ပံ့ထားပြီး လာကြည့်တဲ့လူတွေက ၂ မီတာ ခွာနေရပါမယ်လို့ တယ်အဗစ်မြူနီစပယ်က ပြောခဲ့ပါတယ်။ ဩဂုတ်လ နောက်ဆုံးပတ်အတွင်း ညနေခင်းတိုင်း ရုပ်ရှင် ၂ ကား ပြသမယ်လို့ သိရပါတယ်။ စမ်းသပ်ပြသတဲ့ အချိန်မှာတော့ လူ၂၀၀ က မိသားစုရုပ်ရှင် “Paddington 2” ကို လာရောက် ကြည့်ရှုခဲ့ကြပါတယ်။ […]

Read More

ရန်ကုန်မြို့တော်စည်ပင်၏ဝန်ဆောင်မှုများကို MY CITY APP မှတစ်ဆင့် ရယူနိုင်မည်

ရန်ကုန်မြို့တော်စည်ပင်ရဲ့ ဝန်ဆောင်မှုတွေကို အွန်လိုင်းမှ စတင်ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် MY CITY APP ကို YCDC မှ မိတ်ဆက်လိုက်ပါတယ်။ MY CITY APP မှ တစ်ဆင့် ရန်ကုန်မြို့တော်စည်ပင်ရဲ့ ဝန်ဆောင်မှုတွေကို အလွယ်တကူ ခေါ်ယူနိုင်မှာဖြစ်ပြီး ‍စက်မှုဇုန်အမှိုက်သိမ်း ဝန်ဆောင်မှု၊ ဆေးရုံအမှိုက်သိမ်း ဝန်ဆောင်မှု၊ ရေပုပ်စုပ်ယာဉ် ဝန်ဆောင်မှု၊ ပါမစ်ဝန်ဆောင်ခ (YBPS)၊ ရေခွင့်ပြုမိန့် ဝန်ဆောင်ခ (Water Connection) အစရှိတဲ့ ဝန်ဆောင်မှုတွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ‍‍‍‍‍‍ ရယူလိုက်တဲ့ဝန်ဆောင်မှုကို Service Fee ပြန်လည်ပေးချေဖို့အတွက် MY CITY APP ထဲက CITY PAY WALLET မှတစ်ဆင့် လွယ်ကူစွာ ပေးချေနိုင်မှာဖြစ်ပြီး ကျသင့်ငွေပေးချေနိုင်ရန်အတွက် CITY PAY WALLET ကို […]

Read More

The Anatomy of Online Learning ဆွေးနွေးပွဲကျင်းပမည်

The Anatomy of Online Learning ခေါင်းစဉ်နဲ့ အွန်လိုင်း ပညာရေးဆွေးနွေးပွဲကို Regent ပညာရေးကုမ္ပဏီမှ ကြီးမှူးပြီး သြဂုတ် ၂၉ ရက် ညနေ ၃ နာရီမှ ၅ နာရီအထိ ကျင်းပသွားမယ်လို့ သိရပါတယ်။ Online ပညာရေးဆွေးနွေးပွဲသို့ ၁၀ တန်းဖြေဆိုအောင်မြင်ထားသူတွေ၊ IGCSE ဖြေဆိုအောင်မြင်ထားသူတွေ၊ American High School Diploma ဖြေဆိုအောင်မြင်ထားသူတွေ၊ GCE “A-Level” ဖြေဆိုအောင်မြင်ထားသူတွေ၊ IB Diploma ဖြေဆိုအောင်မြင်ထားသူတွေ၊ လက်ရှိ တက္ကသိုလ် တက်ရောက်နေသူတွေနဲ့ ဘွဲ့ရပြီးသူတွေ တက်ရောက်နိုင်မှာဖြစ်ပါတယ်။ COVID ကာလတွင် အွန်လိုင်းမှ တက္ကသိုလ်တက်ရောက်ခြင်းမှာ အချိန်များ အလဟဿ မဖြစ်ဘဲ အကျိုးရှိစွာ အသုံးပြုနိုင်မှာဖြစ်ပြီး မိမိတက်ရောက်မယ့် Semester အတွက် […]

Read More

Zoom ပြတ်တောက်မှု ဖြစ်ပွားခဲ့

Zoom ဟာ နာရီပေါင်းများစွာ ကြာရှည် ဖြစ်ပွားခဲ့တဲ့ ပြတ်တောက်မှုကို ဖြေရှင်းလိုက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ Zoom ဟာ အရှေ့ပိုင်းအချိန် နံနက် ၉ နာရီမတိုင်ခင် ပြတ်တောက်မှု ဖြစ်ပွားခဲ့ပြီး သုံးစွဲသူအများအပြားဟာ Zoom.us ဝက်ဘ်ဆိုက်ကို ဝင်လို့ မရခဲ့ပါဘူး။ Zoom Meeting တွေနဲ့ Webinars ကိုလည်း မစတင်နိုင်ခဲ့ပါဘူး။ “သုံးစွဲသူတွေအနေနဲ့ Zoom ဝက်ဘ်ဆိုက်ထဲ ဝင်မရတာကြောင့် Zoom Meeting နဲ့ Webinar တွေ မလုပ်နိုင်တာ သိရပါတယ်။ ပြဿနာကို ပြင်ဆင်ဖို့ ကြိုးစားနေတယ်” လို့ Zoom ကထုတ်ပြန်ခဲ့ပါတယ်။ အရှေ့ပိုင်းအချိန် နေ့လယ် ၁ နာရီမှာ ပြဿနာကို ဖြေရှင်းလိုက်ပြီလို့ Zoom ကပြောခဲ့ပါတယ်။ Zoom ပြတ်တောက်မှုက သုံးစွဲသူအနည်းငယ်အပေါ်ပဲ […]

Read More

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတရုံးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ဗီဒီယိုကွန်ဖရန့်စနစ် နှင့် နည်းပညာဝန်ဆောင်မှုများ Huawei မှ ပံ့ပိုးကူညီ

မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေး ယန္တရား (LMC) ရဲ့ အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်တဲ့ တရုတ်၊ ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို၊ ထိုင်း နဲ့ ဗီယက်နမ် မှ နိုင်ငံ့ခေါင်းဆောင်တွေ တက်ရောက်ခဲ့တဲ့ တတိယအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ Huawei မှ အမေရိကန် ဒေါ်လာ ၄၀၀၀ တန်ဖိုးရှိ ဗီဒီယိုကွန်ဖရန့်စနစ် နှင့် နည်းပညာ ဝန်ဆောင်မှု (၃) စုံ ကို ပံ့ပိုးကူညီပေးခဲ့တယ်လို့ သိရပါတယ်။ HUAWEI CloudLink Room ဗီဒီယို ကွန်ဖရန့် စနစ်တွေကို အသုံးပြုပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးအတွက် ပံ့ပိုးကူညီခွင့်ရတာ အလွန်တရာ ဂုဏ်ယူမိပါတယ်” လို့ […]

Read More