Day: September 19, 2020

Myanmar Wiki

မြန်မာဝီကီပီဒီးယား App ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်က စတင်ဖြန့်ချိထားတဲ့ app ဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာ ပညာရှင်တွေ စတင် ဝင်ရောက်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ ပထမဆုံး မြန်မာ့ဝီကီအလုပ်ရုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံမှာ ဝီကီမီဒီယာဖောင်ဒေးရှင်းက သူတွေ၊ ပြည်တွင်းက ဝီကီပီဒီးယန်းတွေနဲ့ ပြည်တွင်းပြည်ပ ယူနီကုဒ်ပညာရှင်တွေ တက်ရောက်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဘားကမ့်ရန်ကုန်မှာ မိတ်ဆက် မြန်မာဝီကီပီဒီယားကို မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို မြန်မာလို အလွယ်တကူ ရှာဖွေဖတ်ရှုနိုင်အောင် ဖန်တီးထားတာဖြစ်ပြီး အွန်လိုင်းအခြေပြု App ဖြစ်ပါတယ်။ App ကို Android ver 4.4 နဲ့ အထက်မှာ ထည့်သွင်းအသုံးပြုနိုင်ပြီး Download လုပ်ချင်ရင်တော့ ဒီနေရာမှာ download လုပ်နိုင်ပါတယ်။ […]

Read More

Mastercard မှ ဗဟိုဘဏ်ဒီဂျစ်တယ်ငွေကြေး (CBDCs) စိစစ်ရေးပလက်ဖောင်းကို မိတ်ဆက်

Mastercard အနေနဲ့ ဗဟိုဘဏ်များအတွက် ဗဟိုဘဏ်ဒီဂျစ်တယ်ငွေကြေး (CBDCs) အသုံးပြုမှုတွေကို လုပ်ဆောင်နိုင်ဖို့ တရားဝင် အွန်လိုင်းစနစ်စိစစ်ရေး ပလက်ဖောင်းကို ထုတ်လုပ်ပေးလိုက်တယ်လို့ သိရပါတယ်။ အဆိုပါ ပလက်ဖောင်းမှတစ်ဆင့် ဘဏ်များ၊ ငွေကြေးဝန်ဆောင်မှုပေးသော လုပ်ငန်းတွေနဲ့ သုံးစွဲသူများအကြား ဗဟိုဘဏ်ဒီဂျစ်တယ်ငွေကြေး (CBDCs) ထုတ်လုပ်မှုနဲ့ လဲလှယ်မှုတို့အား အချိန်နဲ့တစ်ပြေးညီ ကြည့်ရှုနိုင်မယ်လို့သိရပါတယ်။ ထို့အတွက် ဗဟိုဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၊ နည်းပညာနဲ့ငွေကြေးအကြံပေးလုပ်ငန်းတွေကို Mastercard မှ ပူးပေါင်းရန် ဖိတ်ခေါ်လျက်ရှိပြီး ဗဟိုဘဏ်ဒီဂျစ်တယ်ငွေကြေး (CBDCs) နည်းပညာ လုပ်ဆောင်ပုံများအား အသုံးပြုခြင်း၊ အသုံးပြုမှုမှတ်တမ်းကို အထောက်အထားထုတ်ယူခြင်း၊ စီးပွားရေးလုပ်ငန်းတွေနဲ့ consumer များအသုံးပြုနေသော လက်ရှိငွေပေးချေရေးစနစ်တွေနဲ့ ချိတ်ဆက်ခြင်းတို့အတွက် အကူအညီတွေပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ “ဗဟိုဘဏ်တွေအနေနဲ့ ရည်မှန်းချက်များစွာနဲ့ ၎င်းတို့ကိုယ်ပိုင် ဒီဂျစ်တယ်ငွေကြေးများ ပေါ်ပေါက်လာစေရေးအတွက် ငွေပေးချေရေးဂေဟစနစ် ကို အဆင့်မြှင့်တင်ပြီး […]

Read More

ဆီမီယိုအဖွဲ့ဝင်နိုင်ငံများ၊တွဲဖက်အဖွဲ့ဝင်နိုင်ငံများရှိ အခြေခံပညာအဆင့်မြင့်အရာရှိကြီးများ၏ (၉) ကြိမ်မြောက် ဆွေးနွေးပွဲပြုလုပ်ခဲ့

ဆီမီယိုအဖွဲ့ဝင်နိုင်ငံများ၊တွဲဖက်အဖွဲ့ဝင်နိုင်ငံများရှိ အခြေခံပညာအဆင့်မြင့်အရာရှိကြီးတွေရဲ့ (၉) ကြိမ်မြောက် ဆွေးနွေးပွဲကို Video Conferencing နဲ့ စက်တင်ဘာ ၁၇ ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။ အရှေ့တောင်အာရှ ကိုဗစ်-၁၉ ဆိုင်ရာကျောင်းများပြန်လည်ဖွင့်လှစ်ရေးနှင့် နည်းဗျူဟာရေးဆွဲပြန်လည်ထူထောင်ရေးဖြစ်သည့် အတွက် အခြေခံပညာကဏ္ဍရှိ အမျိုးမျိုးသော စိန်ခေါ်မှုများ၊ အခက်အခဲများအပေါ် နိုင်ငံအသီးသီး၏အတွေ့အကြုံများကို ဖလှယ်နိုင်ကြမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ပူးပေါင်း၍ ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် ကြီးကြပ်ရေး ပူးတွဲအဖွဲ့များကို ဖွဲ့စည်းကာ အကဲဖြတ်အချက် ၈၀ ပါစာရင်းဖြင့် အကဲဖြတ်ပြီး သတ်မှတ်ထားသော A အဆင့်ရရှိသည့် အထက်တန်းကျောင်းများကို ဖွင့်လှစ်ခွင့် ပြုခဲ့ကြောင်း၊ မြန်မာနိုင်ငံအကြိုသန်းခေါင်စာရင်း (၂၀၁၉) အရ အလယ်တန်းနှင့် အထက်တန်းကျောင်းအပ်နှံမှု သိသာစွာမြင့်တက်လာခဲ့ပြီး မူလတန်းကျောင်းထွက်နှုန်းမှာ ၁ ရာခိုင်နှုန်း၏အောက်အထိ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ၂ နှစ်သင် ပညာရေးကောလိပ်များကို ၄ […]

Read More

HP MFP M227fdw All in One Printer

HP အမှတ်တံဆိပ် MFP M227fdw All in one printer ဖြစ်ပါတယ်။ Laser Jet Pro အမျိုးအစားဖြစ်ပြီး Print, Scan, Copy, Fax စတဲ့ လုပ်ဆောင်ချက်တွေပါဝင်တဲ့ All in One Printer အမျိုးအစားဖြစ်ပါတယ်။ စွမ်းဆောင်ရည်မြင့်မားတဲ့ Processor 800MHz နဲ့ Memory 256MB ထောက်ပံ့ပေးထားပါတယ်။ ၂.၇ လက်မ အရွယ် touch screen, LCD (color graphics) Display ထောက်ပံ့ပေးထားပါတယ်။ Laser Jet Pro ဖြစ်တာကြောင့် 2 Color Printer (Black and White) အမျိုးအစား ဖြစ်ပေမယ့် Print Resolution […]

Read More