Day: September 28, 2020

မြန်မာဘာသာဖြင့်ဖန်တီးထားသော ဘေးကင်းသည့် အွန်လိုင်းအသုံးပြုရေး ပညာပေးအစီအစဉ်ကို မိတ်ဆက်

တယ်လီနောမြန်မာမှ (၆) နှစ်ပြည့်အထိမ်းအမှတ် အဖြစ် မြန်မာဘာသာဖြင့် ဖန်တီးထားတဲ့ ဘေးကင်းတဲ့ အွန်လိုင်းအသုံးပြုရေးအစီအစဉ် “ဒစ်ဂျစ်တယ်ကမ္ဘာ” ကို ပလန်အင်တာနေရှင်နယ်မြန်မာနဲ့ ပူးပေါင်း မိတ်ဆက်လိုက်တယ်လို့ သိရပါတယ်။ တယ်လီနောရဲ့ ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ဖြစ်တဲ့ Parent Zone ရေးဆွဲထားတဲ့ အဆိုပါ ပလက်ဖောင်း သင်ရိုးညွှန်းတမ်းဟာ ဒစ်ဂျစ်တယ်မိသားစုဘဝကို အခြေခံ ဖန်တီးထားခြင်းဖြစ်တယ်လို့ သိရပါတယ်။ အွန်လိုင်းကမ္ဘာမှာ ပိုမိုလုံခြုံပြီး ပျော်ရွှင်ဖွယ် အသုံးပြုနိုင်ဖို့ လိုအပ်တဲ့ အသိပညာနဲ့ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေဖို့ အသက် ၅ နှစ်မှ ၁၆ နှစ်အကြား ကလေးများ၊ ၎င်းတို့ရဲ့ မိသားစုများနဲ့ ကျောင်းများအတွက် အဆိုပါ ပလက်ဖောင်းကို ရေးဆွဲထားခြင်းဖြစ်တယ်လို့ သိရပါတယ်။ လူငယ်လူရွယ်များ အင်တာနက်ကို ဘေးအန္တရာယ်ကင်းစွာ အသုံးပြု၊ ကျင်လည်နိုင်မှုကို မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်တဲ့ […]

Read More

Burmese Picture Dictionary

အင်္ဂလိပ်-မြန်မာနှစ်ဘာသာနဲ့ လေ့လာနိုင်မယ့် ပုံပြအဘိဓာန် App ဖြစ်ပါတယ်။ နေ့စဉ်အသုံးပြုတဲ့ အင်္ဂလိပ်၊ မြန်မာ ဝေါဟာရတွေရဲ့ အခေါ်အဝေါ်ကို ပုံနဲ့တကွ လေ့လာနိုင်ဖို့ ရည်ရွယ်ဖန်တီးထားတာ ဖြစ်ပြီး အင်္ဂလိပ်၊ မြန်မာ အသံထွက်ကိုလည်း နားဆင်နိုင်မှာဖြစ်ပါတယ်။ ပန်း၊ ငါး၊ သားရဲတိရစ္ဆာန်၊ အိမ်မွေးတိရစ္ဆာန်၊ ငှက်၊ အချိန်၊ ဟင်းသီးဟင်းရွက်၊ နေ့၊ လ၊ လမ်းညွှန်၊ ကာလာ စတဲ့ အကြောင်းအရာ ၂၀ စာ ဝေါဟာရတွေကို လေ့လာနိုင်မှာဖြစ်ပြီး အွန်လိုင်းအခြေပြု App ဖြစ်ပါတယ်။ App ကို Android ver 4.1 နဲ့ အထက်မှာ ထည့်သွင်းအသုံးပြုနိုင်ပြီး Download လုပ်ချင်ရင်တော့ ဒီနေရာမှာ download လုပ်နိုင်ပါတယ်။ -ရဲထွဋ်ဝင်း »»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ […]

Read More

Mac လိုအသုံးပြုနိုင်မယ့် iPadOS 14 လုပ်ဆောင်ချက်များ

iPad ဟာ ကွန်ပျူတာလို့ပြောမယ်ဆိုရင် ငြင်းစရာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ သမားရိုးကျပုံစံ ကွန်ပျူတာတော့ မဟုတ်ပါဘူး။ iPad မှာ Apple Pencil နဲ့ ပုံကြမ်းတွေ ရေးခြစ်တာအပြင် laptop ပုံစံမျိုး keyboard နဲ့ trackpad လည်း ထည့်သွင်းလို့ရပါတယ်။ Apple ရဲ့ iPadOS 14 ကတော့ လုပ်ဆောင်ချက်တွေများစွာ ထည့်သွင်းထားပြီး ပိုမိုမြန်ဆန်တဲ့ Siri နဲ့ ဒီဇိုင်းသစ် widget တွေလည်းပါဝင်လာပါတယ်။ တချို့ feature သစ်တွေကြောင့် iPad ဟာ Mac နဲ့တော်တော်ဆင်လာပါပြီ။ Search tool အသစ် Mac မှာလိုမျိုး တစ်ခုခုကို အလျင်အမြန် ရှာဖွေမှုတွေကို iPad ပေါ်က Search tool […]

Read More

အန္တရာယ်ရှိ Android app ၁၇ ခုကို ဖယ်ရှား

Google ဟာ PlayStore ကနေ Joker malware ကူးစက်ခံထားရတဲ့ app ၁၇ ခုကို ဖယ်ရှားလိုက်ပါတယ်။ အဲဒီ app တွေမှာ အန္တရာယ်ရှိ malware ကပ်ငြိနေတာကို Zscaler က လုံခြုံရေးသုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ “အဲဒီ spyware ကတော့ SMS message တွေနဲ့ contact စာရင်းနဲ့ ထုတ်ကုန်အချက်အလက်ကို ခိုးယူဖို့ ဒီဇိုင်းထုတ်ထားပါတယ်။ လူတွေက premium wireless application protocol (WAP) ဝန်ဆောင်မှု အသုံးပြုတာနဲ့ သားကောင်ဖြစ်သွားပါတယ်” လို့ Zscaler လုံခြံရေးသုတေသီ ဗီရယ်ဂန္ဒီက ပြောခဲ့ပါတယ်။ ဒီလအတွင်း Play Store ပေါ်မှာ app ၁၇ ခုကို upload လုပ်ထားပြီး […]

Read More

Google Pixel 5 ဈေးနှုန်း ပေါက်ကြား

Google ဟာ စက်တင်ဘာ ၃၀ ရဲ့ Launch Night In ပွဲမှာ Pixel 4a 5G, Nest Audio နဲ့ Chromecast အပြင် Pixel 5 ကိုလည်း မိတ်ဆက်ပါမယ်။ Google ဂျပန်က လူမှုရေးမီဒီယာ ထုတ်ပြန်သူတွေကတော့ Pixel 5 ဈေးနှုန်း တရားဝင် ထုတ်ပြန်မိလိုက်ပါတယ်။ အခုအခါမှာတော့ Pixel 5 ဈေးနှုန်း ထုတ်ပြန်ထားတဲ့ tweet ကိုဖျက်သွားပါတယ်။ အဲဒီ tweet မှာ Pixel 5 ဖုန်းဒီဇိုင်းနဲ့ ဂျပန်မှာရောင်းချမယ့် စျေးနှုန်းကိုလည်း ထုတ်ပြန်ထားပါတယ်။ Google Pixel 5 ကို မိတ်ဆက်တဲ့ရက်မှာပဲ ကြိုတင် မှာယူနိုင်မယ်လို့ သိရပါတယ်။ ဒေသတချို့မှာ […]

Read More

Black Adam ရုပ်ရှင်မှာ Hawkman အဖြစ် ပါဝင်လာမယ့် အယ်ဒစ်ဟော့ချ်

DC Comics ရဲ့ Black Adam ဇာတ်ကားမှာ Hawkman သရုပ်ဆောင်ကိုတော့ ရှာဖွေတွေ့သွားပါပြီ။ Black Adam အဖြစ် သရုပ်ဆောင်မယ့် ဒဝိန်းဂျွန်ဆင်က အသစ်ထွက်မယ့် ရုပ်ရှင်မှာ Hawkman အဖြစ် သရုပ်ဆောင်ဖို့ Leverage က အယ်ဒစ်ဟော့ချ်ကို ရွေးချယ်ထားတယ်လို့ ပြောလိုက်ပါတယ်။ သူဟာ One Night in Miami, The Invisible Man, Straight Outta Compton, Hidden Figures နဲ့ Underground ဇာတ်ကားတွေမှာ ပါဝင်ထားပါတယ်။ ဒဝိန်းဂျွန်ဆင်ကတော့ Black Adam ဇာတ်ကားမှာ ပါဝင်မယ့် အယ်ဒစ်ဂျွန်ဆင်ကို Instagram မှာ ကြိုဆိုလိုက်ပါတယ်။ Hawkman ဇာတ်ကောင်က Black Adam ဇာတ်ကားအတွက် […]

Read More

Avatar 2 နဲ့ 3 ရိုက်ကူးမှု ပြီးစီးတော့မယ်လို့ ဂျိမ်းစ်ကင်မရွန် အတည်ပြု

လက်ရှိအချိန်မှာ နယူးဇီလန်မှာ ရိုက်ကူးနေတဲ့ Avatar အဆက် ဇာတ်ကားတွေရဲ့ concept art နဲ့ ဓာတ်ပုံတွေဟာ ဆက်တိုက်ဆိုသလို ထွက်လာပါတယ်။ ဒါ့အပြင် ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်က Avatar 2 နဲ့ 3 ရိုက်ကူးမှု ပြီးစီးတော့မယ်လို့ အတည်ပြုသွားပါတယ်။ “ကျွန်တော်တို့ လက်ရှိ နယူးဇီလန်ရိုက်ကွင်းမှာ ကျွန်တော်လည်း ရှိနေပါတယ်။ ကျွန်တော်တို့က live-action ကျန်ရှိတဲ့အရာတွေ ရိုက်ကူးနေပါတယ်။ ၁၀ ရာခိုင်နှုန်းလောက် ကျန်ပါသေးတယ်။ Avatar 2 ကတော့ ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီး Avatar 3 ကတော့ ၉၅ ရာခိုင်နှုန်းလောက် ကျန်ပါသေးတယ်” လို့ ကင်မရွန်က အာနိုးရှာဝါဇန်နဂါနဲ့ ဗီဒီယို call မှာပြောခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ရိုက်ကူးမှု နှောင့်နှေးရပုံကိုလည်း […]

Read More

ခွင့်ပြုထားသောလုပ်ငန်းများအတွက် သွားလာခွင့် QR Pass များ ယနေ့ နံနက် ၅ နာရီမှ စတင်ကာ ပြန်လည် ပြုလုပ်နိုင်ပြီ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခွင့်ပြုလုပ်ငန်းများအတွက် သွားလာခွင့်အား အွန်လိုင်းမှ မှတ်ပုံတင်ခြင်းကို ယနေ့ နံနက် ၅ နာရီမှ စတင်ကာ ပြန်လည် ပြုလုပ်နိုင်ပြီ ဖြစ်တယ်လို့ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးတွင် Stay at Home ကာလ ရက်သတ္တပတ် နှစ်ပတ်အတွင်း ဖွင့်လှစ်ရန် ခွင့်ပြုထားတဲ့ စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီ၊ လုပ်ငန်း၊ အဖွဲ့အစည်းတွေအနေနဲ့ လုပ်ငန်းလည်ပတ်ရန် အတွက် အွန်လိုင်းမှတစ်ဆင့် မှတ်ပုံတင်ပြီး QR Pass ထုတ်ထားရန် လိုအပ်မည်ဖြစ်ကြောင်းကို စက်တင်ဘာ ၂၄ ရက်က အသိပေးကြေညာခဲ့ပါတယ်။ အဆိုပါ ခွင့်ပြုထားတဲ့လုပ်ငန်းများ QR Pass ရယူနိုင်ရန်အတွက် https://QRpass.SawSawShar.gov.mm မှာ ဝင်ရောက်ရမှာဖြစ်ပြီး မဖြစ်မနေ ဈေးဝယ်ယူခြင်း၊ ဆေးရုံဆေးခန်းများသို့ သွားရောက်ခြင်းတို့ […]

Read More

HP Envy 13-aq1054TX

စကရင်အရွယ်အစားကြီးတာကို မကြိုက်သူတွေအတွက် ၁၃.၃ လက်မအရွယ်အစားသာရှိပြီး Multitouch အသုံးပြုနိုင်မယ့် HP Envy 13-aq1054TX ဖြစ်ပါတယ်။ သွားလေရာကို ပေါ့ပေါ့ပါးပါးနဲ့ သယ်ဆောင်အသုံးပြုနိုင်မယ့် စွမ်းဆောင်ရည်မြင့် Laptop ဖြစ်ပါတယ်။ 10th Generation Intel Core i5-10210U Processor( 1.6GHz up to 4.2GHz Turbo Boost, 6MB Cache ) နဲ့ RAM ပိုင်းအတွက် DDR4 memory စနစ်နဲ့ 8GB (onboard) ထောက်ပံ့ပေးထားပါတယ်။ GPU ကိုတော့ NVIDIA Geforce MX 250 2GB နဲ့ရရှိနိင်မှာပါ။ အချက်အလက်တွေ သိမ်းဆည်းဖို့ အတွက် 256 GB PCIe® NVMe™ […]

Read More