Day: October 7, 2020

IJcasts (Oct 7,2020)

သမ္မဒေါ်နယ်ထရမ့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့အခါ လူတချို့ကတော့ twitter ပေါ်မှာ ကျိန်ဆဲခဲ့ကြပါတယ်။ Twitter အနေနဲ့ ပလက်ဖောင်းပေါ်မှာ သမ္မတဒေါ်နယ်ထရမ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေပါစေလို့ ကျိန်ဆဲတဲ့ tweet တွေကို ဖယ်ရှားမယ်ဆိုတဲ့အကြောင်း၊ အမေရိကန်အင်္ဂလိပ်စာသင်ခန်းစာ Teacher Development Series 9 အစီအစဉ်ကို ဆရာ၊ ဆရာမများ တက်ရောက်ဖို့ အမေရိကန်သံရုံးက ဖိတ်ခေါ်ထားတဲ့အကြောင်း၊ Zeiss ဟာ လွန်ခဲ့တဲ့၂ နှစ်က မိတ်ဆက်ခဲ့တဲ့ ZX1 ကင်မရာကို မကြာခင် ရောင်းချပါတော့မယ်။ အဲဒီ ကင်မရာကို ဒေါ်လာ ၆,၀၀၀ နဲ့ ကြိုတင်မှာယူနိုင်မယ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။

Read More

နိုင်ငံခြားငွေလွှဲ ပေးပို့မှုများကို ဘဏ်အကောင့်သို့ တိုက်ရိုက်ပေးပို့နိုင်မည်

ကမ္ဘောဇဘဏ်နဲ့ Tranglo တို့ ပူးပေါင်းကာ နိုင်ငံခြားငွေလွှဲဝန်ဆောင်မှုဆိုင်ရာ မိတ်ဖက်ပူးပေါင်းမှုတစ်ခု ပြုလုပ်ခဲ့ပြီး နိုင်ငံခြားငွေလွှဲများကို ကမ္ဘောဇဘဏ် customer တွေရဲ့ ဘဏ်အကောင့်သို့ တိုက်ရိုက်ပေးပို့နိုင်ဖို့ ဝန်ဆောင်မှုပေးသွားမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်အရ ပေးအပ်သွားမယ့် ငွေလွှဲဝန်ဆောင်မှုတွေကို အသုံးပြုကာ မလေးရှား၊ စင်ကာပူနဲ့ တောင်ကိုရီးယား အစရှိတဲ့ နိုင်ငံများမှ မြန်မာအလုပ်သမားများ ပိုမို လွယ်ကူမြန်ဆန်ပြီး လုံခြုံစိတ်ချရတဲ့ လမ်းကြောင်းနဲ့ မိမိတို့ရဲ့ မိသားစုထံ ငွေပေးပို့နိုင်မှာ ဖြစ်ပါတယ်။ Tranglo ဝန်ဆောင်မှုမှတစ်ဆင့် မြန်မာနိုင်ငံသို့ ငွေလွှဲလိုသူများအနေနဲ့ Tranglo ရဲ့ ငွေလွှဲကောင်တာများ သို့မဟုတ် မလေးရှားနိုင်ငံရှိ MaxMoney ၊ စင်ကာပူနိုင်ငံရှိ SlidesSG ၊ တောင်ကိုရီးယားနိုင်ငံရှိ GME စတဲ့ မိတ်ဖက်ကောင်တာများသို့ သွားရောက်ပြီး ငွေလွှဲနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံသို့ […]

Read More

အူရီဒူးမြန်မာမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အသက်ရှူစက်များနှင့် ဆေးပစ္စည်းကိရိယာများ ပံ့ပိုးလှူဒါန်း

အူရီဒူးမြန်မာသည် မြန်မာနိုင်ငံ၏ COVID-19 တွန်းလှန်တိုက်ဖျက်ရေးဆိုင်ရာ အားထုတ်ကြိုးပမ်းမှုများကို ကူညီထောက်ပံ့ပေးရန် ကျပ်သိန်း ၁၃၇၀ ကျော်တန်ဖိုးရှိ အရေးတကြီးလိုအပ်နေသော အသက်ရှူစက်များ၊ defibrillators များ၊ patient monitorများနှင့် အခြားအရေးပေါ်ဌာနသုံး ဆေးပစ္စည်းကိရိယာများကို COVID-19 အရေးပေါ်အခြေအနေ ပံ့ပိုးမှုတစ်ခု အဖြစ် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဆေးကုသမှုဌာနသို့ လှူဒါန်းခဲ့ပါတယ်။ အူရီဒူးမြန်မာအနေနဲ့ ဒေတာတွေနဲ့ ဖုန်းဘီလ်ပါဝင်တဲ့ ဆင်းမ်ကတ် ၁၄,၀၀၀ ကျော်ကို ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီ၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်များရှိ quarantine centers များသို့ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန် အသွားအလာကန့်သတ်ခံထားရသူများမှ ခက်ခဲတဲ့ အချိန်ကာလအတွင်း မိမိတို့မိသားစုဆွေမျိုးသားချင်းတွေနဲ့ အဆက်အသွယ်မပြတ် ရှိနေနိုင်စေရန် ပံ့ပိုးလှူဒါန်းပေးခဲ့ပါတယ်။ -သန္တာ »»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း […]

Read More

ကုန်ပစ္စည်းပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများ၏ ပစ္စည်းလက်ခံပြေစာများ အတုပြုလုပ်၍ Online Shopping Page တချို့ လိမ်လည်ဆောင်ရွက်နေ

ကုန်ပစ္စည်းပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ ပစ္စည်းလက်ခံပြေစာများကို အတုပြုလုပ်ပြီး Online Shopping Page တချို့က လိမ်လည်ဆောင်ရွက်နေခြင်းများရှိနေကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူပြည်သူများကို အသိပေးခဲ့ပါတယ်။ စားသုံးသူရေးရာဦးစီးဌာနရဲ့ တရားဝင် Facebook စာမျက်နှာကနေ ယနေ့ နေ့လယ်ပိုင်းက သတိပေးခဲ့တာ ဖြစ်ပြီး အခုအခါမှာ အွန်လိုင်း Shopping လုပ်ငန်းများ ကျယ်ပြန့်စွာ ဆောင်ရွက်လာနိုင်သည်နှင့် အမျှ စားသုံးသူတွေ အနေနဲ့ အွန်လိုင်းမှ တစ်ဆင့် ကုန်စည်နဲ့ ဝန်ဆောင်မှုများကို အလွယ်တကူ ဝယ်ယူရာမှာ စားသုံးသူတွေရဲ့ အင်တာနက်အခြေခံ ဝယ်ယူမှုစနစ် ဆိုင်ရာ အသိပညာဗဟုသုတ နည်းပါးမှုကို အခွင့်အကောင်းယူပြီးသော်လည်းကောင်း၊ မမှန်မကန် ရောင်းချခြင်းနည်းလမ်းများ အသုံးပြုပြီး သော်လည်းကောင်း Online Shopping လုပ်ငန်းများက စားသုံးသူများကို လိမ်လည်မှု လုပ်နေကြောင်း အသိပေးချက်မှာ ပါဝင်ပါတယ်။ တချို့သော Online […]

Read More

အွန်လိုင်းသုတေသန စာတမ်းရေးနည်းသင်တန်း ဖွင့်လှစ်မည်

တတိယအကြိမ်မြောက် အွန်လိုင်းသုတေသန စာတမ်းရေးနည်းသင်တန်း တန်းခွဲသစ်အနေနဲ့ အောက်တိုဘာ ၁၀ ရက်မှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ သင်တန်းကို ပညာရေးသုတေသနလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ကုန်ထုတ်ဓာတုဗေဒလုပ်ငန်းများ ၊ ကျန်းမာရေးဆိုင်ရာနယ်ပယ်များမှ သုတေသနလုပ်ငန်းများ စတဲ့ နယ်ပယ်အသီးသီးမှာ သုတေသနပြုလုပ်နေကြသူများ၊ သုတေသနလုပ်ငန်းကို သဘောပေါက် နားလည်ချင်တဲ့သူများ၊ Thesis Paper, Research Paper, Research proposal ရေးသားနည်းများကို စနစ်တကျ ရေးသားတတ်မြောက်လိုသူများ၊ ပြည်တွင်းပြည်ပ တက္ကသိုလ်များမှာ မဟာဘွဲ့၊ ဒီပလိုမာဘွဲ့၊ ပါရဂူဘွဲ့ MBA ဘွဲ့သင်တန်း တက်နေသူများ၊ တက်ရန် ပြင်ဆင်နေသူများအတွက် ကျမ်းပြုစုရာမှာ အထောက်အကူဖြစ်စေဖို့နဲ့ NGO, INGO တွေမှာ သုတေသနပရောဂျက် လုပ်ဆောင်နေကြသူတွေအတွက် အကျိုးရှိပြီး တက်ရောက်လေ့လာသင်တဲ့ သင်တန်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းကို Google […]

Read More

MDIS Singapore ၏ UK Top Up Degree Program များကို တိုက်ရိုက်တက်ရောက်နိုင်

စင်ကာပူနိုင်ငံ MDIS ရဲ့ UK Top Up Degree Program တွေကို HND (UK) / NCC (UK) / ABE (UK) Level 5 အထိ ပြီးထားသော ကျောင်းသား/သူများ တိုက်ရိုက် တက်ရောက်နိုင်မှာဖြစ်ပါတယ်။ Management Development Institute of Singapore (MDIS) ရဲ့ UK Partner Universities များဖြစ်တဲ့ University of Sunderland နဲ့ Teesside University ရဲ့ Bachelor တန်း နောက်ဆုံးနှစ်ကို HND (UK) Level 5, NCC (UK) Level 5 / ABE […]

Read More

Myanmar to Canada ခေါင်းစဉ်ဖြင့် အွန်လိုင်းပညာရေးဆွေးနွေးပွဲ ပြုလုပ်မည်

Myanmar to Canada ခေါင်းစဉ်နဲ့ အွန်လိုင်းပညာရေးဆွေးနွေးပွဲကို အောက်တိုဘာ ၁၀ ရက်၊ နံနက် ၁၀ နာရီ မှ နေ့လယ် ၁၂ နာရီအထိ ကျင်းပသွားမယ်လို့ သိရပါတယ်။ ကနေဒါနိုင်ငံ ပညာရေးကို စိတ်ဝင်စားတဲ့ မြန်မာ (၁၀) တန်းအောင်မြင်ပြီးစ ကလေးတွေ၊ GCE O level, A level, Grade-12, Secondary 3, 4, 5, 6 ကလေးတွေ, HND, NCC, ABE ကျောင်းသားတွေ၊ မြန်မာအစိုးရတက္ကသိုလ်မှာ တက်ရောက်နေဆဲ ကလေးတွေ၊ ဘွဲ့ရထားပြီးသား ကျောင်းသူ/သားတွေအတွက် – ကနေဒါနိုင်ငံမှာ ကျောင်းတက်မယ်ဆိုရင် ပြင်ဆင်ရမယ့် အချက်တွေနဲ့ အခြားအချက်အလက်တွေကို CROWN Educationရှိ Canada Education […]

Read More

အောက်တိုဘာ ၁၃ ရက်တွင် Apple iPhone 12 မိတ်ဆက်မယ်

Apple ဟာ စက်တင်ဘာလ “Time Flies” ပွဲမှာ Apple Watch နဲ့ iPad မော်ဒယ်တွေကို မိတ်ဆက်သွားပါတယ်။ အခုအခါမှာတော့ Apple က “Hi, Speed” အမည်ရ iPhone သစ်မိတ်ဆက်မယ့်ပွဲ ထပ်မံ ပြုလုပ်ပါမယ်။ အောက်တိုဘာ ၁၃ ရက်နေ့ ပစိဖိတ်အချိန် နံနက် ၁၀ နာရီမှာ ပြုလုပ်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ပွဲကိုတော့ virtual format ပုံစံနဲ့ပဲ ပြုလုပ်ပါမယ်။ https://www.apple.com/apple-events/ ဒီလင့်ကနေ ပွဲတိုက်ရိုက်ထုတ်လွှင့်ပြသသွားပါမယ်။ ကယ်လီဖိုးနီးယားပြည်နယ်၊ ကူပါတီနိုက Apple ရဲ့ဌာနချုပ်ကနေ ထုတ်လွှင့်ပါမယ်။ Apple ကတော့ ဒီနှစ်အတွင်း မိတ်ဆက်မယ့် နောက်ဆုံးပေါ်ဖုန်းမှာ 5G ကိုအသုံးပြုလာဖွယ် ရှိပါတယ်။ ပြိုင်ဘက် Samsung ကတော့ 5G […]

Read More

COVID-19 က ရာသီတုပ်ကွေးထက်အားပျော့’ ဆိုတဲ့ ဒေါ်နယ်ထရမ့်ပို့စ် Facebook ဖျက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ COVID-19 က ရာသီတုပ်ကွေးထက် အားပျော့ဆိုတဲ့ ပို့စ်ကို Facebook ကဖျက်လိုက်ပါတယ်။ သမ္မတဒေါ်နယ်ထရမ့်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကြောင့် ဆေးရုံမှာ အနီးကပ်ကုသမှု ခံယူနေတာ ၃ ရက်ရှိပါပြီ။ သူက အမေရိကန်နိုင်ငံသားတွေ တုပ်ကွေးရာသီနဲ့ နေထိုင်တတ်အောင် အလေ့အကျင့် နေထိုင်သင့်ကြောင်း၊ COVID နဲ့နေထိုင်သလိုဖြစ်ကြောင်း၊ COVID က လူဦးရေအများစုအတွက် အားမပြင်းကြောင်း ရေးသားခဲ့ပါတယ်။ Twitter ကတော့ အဲဒီ message ကို မမြင်သာအောင် လုပ်လိုက်ပြီး အယူလွဲနိုင်တဲ့ သတင်းအချက်အလက်နဲ့ အန္တရာယ်ရှိ သတင်းအချက်အလက် ဖြန့်ချိမှုနဲ့ ပတ်သက်ပြီး သတိပေးခဲ့ပါတယ်။ သုံးစွဲသူတွေက ထရမ့် tweet ကိုဖတ်ရှုဖို့ အဲဒီသတိပေးချက်ကို မြင်ရပါမယ်။ “ကျွန်တော်တို့က COVID-19 ပြင်းထန်မှုနဲ့ ပတ်သက်တဲ့ မမှန်မကန် […]

Read More