Day: October 13, 2020

IJcasts (Oct 13,2020)

COVID-19 ကြောင့် ဖြစ်ပေါ်တဲ့ ဗိုင်းရပ်စ်ဟာ မိုဘိုင်းဖုန်း၊ စတီး၊ ဗိုင်နယ်နဲ့ ငွေစက္ကူစတဲ့ မျက်နှာပြင်တွေပေါ်မှာ ၂၈ ရက်အထိ ရှင်သန်နိုင်မယ်လို့ ဩစတြေးလျသိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့တဲ့အကြောင်း၊ Samsung မိုဘိုင်းဖုန်းနဲ့ အီလက်ထရောနစ် ပစ္စည်းတွေကို KBZPay Shopper Loan မှတစ်ဆင့် အတိုးမဲ့ အရစ်ကျဖြင့် ဝယ်ယူနိုင်မယ့်အကြောင်း၊ Poco ဟာနောက်ဆုံးပေါ် စမတ်ဖုန်း Poco C3 ကိုမိတ်ဆက်လိုက်တယ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။

Read More

ပြည်တွင်းက နိုင်ငံရေးပါတီ ၄၆ ခု၏ Facebook စာမျက်နှာတွေကို အလွယ်တကူ ဝင်ကြည့်နိုင်မည်

လက်ရှိပြည်တွင်းက နိုင်ငံရေးပါတီ ၄၆ ခုရဲ့ တရားဝင် Facebook စာမျက်နှာတွေကို https://mmtan.org/PartyLeaderboard မှတစ်ဆင့် အလွယ်တကူ ရွေးချယ်ဝင်ရောက်ကာ ကြည့်ရှုနိုင်မယ်လို့ Facebook ရဲ့ လေးခုမြောက် ကြားခံပြင်ပအချက်အလက်စစ်ဆေးသူ Myanmar ICT for Development Organization (MIDO) ရဲ့ Facebook ဖော်ပြချက်အရ သိရပါတယ်။ မည်သည့်ပါတီက ဘယ်လိုအကြောင်းတွေ အဓိက ဆွေးနွေးပြောဆိုနေလဲ ဆိုတာကို ရှာဖွေကြည့်ရှုနိုင်မှာ ဖြစ်သလို Facebook ပေါ်မှာ လူတွေက နိုင်ငံရေးပါတီ အသီးသီးနဲ့ပတ်သက်ပြီး ဘာတွေ ဘယ်လိုပြောနေလဲ ဆိုတာတွေကို အလွယ်တကူ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ အဆိုပါ ဝက်ဆိုက်တွင် မိမိကြည့်ရှုလိုတဲ့ ပါတီတွေကို keyword ဖြင့်ရှာဖွေနိုင်မှာဖြစ်သလို Facebook ပေါ်တွင် မည်သည့်ပါတီက ပို့စ်အရေအတွက် ဘယ်လောက်တင်ထားတာနဲ့ ထိပ်တန်းရောက်နေတဲ့ […]

Read More

Motorcycle Repair

ဆိုင်ကယ်ပြုပြင်နည်းဆိုင်ရာတွေကို မြန်မာဘာသာနဲ့ လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ ဆိုင်ကယ်အင်ဂျင် အလုပ်လုပ်ပုံ၊ ဓာတ်ဆီ၊ အောက်တိန်းနဲ့ အရည်အသွေးညံ့ဓာတ်ဆီတွေရဲ့အပြစ်၊ ဆိုင်ကယ်စီးသူတိုင်း သိထားသင့်တဲ့အချက် စတဲ့ ဆိုင်ကယ်နဲ့ပတ်သက်တဲ့ အကြောင်းအရာအစုံကို စာဖြင့် ဖတ်ရှုလေ့လာနိုင်သလို YouTube ဗီဒီယိုတွေအနေနဲ့လည်း App ကနေ တိုက်ရိုက် ကြည့်ရှုလေ့လာနိုင်မှာ ဖြစ်ပါတယ်။ အွန်လိုင်းအခြေပြု App အမျိုးအစားဖြစ်ပါတယ်။ App ကို Android ver 4.4 နဲ့ အထက်မှာ ထည့်သွင်းအသုံးပြုနိုင်ပြီး Download လုပ်ချင်ရင်တော့ ဒီနေရာမှာ download လုပ်နိုင်ပါတယ်။ -ရဲထွဋ်ဝင်း »»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««

Read More

အွန်လိုင်း streaming အသားပေးသွားမယ့် Disney

Disney ဟာ တီဗီအစီအစဉ်နဲ့ ရုပ်ရှင်ဖန်တီးမှုကို ပြင်ဆင် ပြောင်းလဲနေပါတယ်။ Disney Plus နဲ့အတူ အွန်လိုင်း streaming လုပ်ငန်းကိုအသားပေးဖို့ စီစဉ်နေပါတယ်။ Disney အနေနဲ့ တီဗီကွန်ရက်အတွက် ထွက်ရှိမယ့် မူပိုင် ရုပ်ရှင်၊ အစီအစဉ်၊ အားကစားအစီအစဉ်နဲ့ streaming ဝန်ဆောင်မှုအတွက် မူလရုပ်ရှင်တွေ ထွက်ရှိဖို့ ကုမ္ပဏီအဖွဲ့ ၃ ခုကို ပြင်ဆင်ဖွဲ့စည်းနေပါတယ်။ Disney က အဖွဲ့တွေက အစီအစဉ်ဖြန့်ချိမှုကို ဖယ်ထုတ်ပြီး သီးခြားဌာနတစ်ခု ဖန်တီးပါမယ်။ မူပိုင်ရုပ်ရှင်တွေကိုတော့ streaming မှာပဲ အသားပေးပြသမယ်လို့ Disney ကပြောခဲ့ပါတယ်။ Disney အပြောင်းအလဲက တီဗီအစီအစဉ်နဲ့ ရုပ်ရှင် ဖြန့်ချိမှုတွေက တစ်သမတ်တည်းဖြန့်ချိမှု မဟုတ်ဘဲ ပြောင်းလွယ်ပြင်လွယ် ဖြစ်လာစေပါမယ်။ မူလက ရုံမှာ ဒါမှမဟုတ် တီဗီနဲ့ […]

Read More

iPhone 12 နဲ့တွဲဖက် အသုံးပြုနိုင်မယ့် ကြိုးမဲ့အားသွင်းထုတ်ကုန်

ဂျပန်စမတ်ဖုန်း ဆက်စပ်ပစ္စည်း ထုတ်လုပ်တဲ့ MPOW က ထုတ်ကုန်သစ်တစ်မျိုး ထုတ်လုပ်လိုက်တယ်လို့ Macotakara ကဖော်ပြခဲ့ပါတယ်။ အဲဒီ ထုတ်ကုန်ဟာ iPhone အသစ်အတွက် ဒီဇိုင်းထုတ်ထားတဲ့ ကြိုးမဲ့အားသွင်းစနစ်ထုတ်ကုန် ဖြစ်တယ်လို့ သိရပါတယ်။ အခု ထုတ်ကုန်မှာ လက်စွပ်ပုံသဏ္ဍာန် သံလိုက်အစိတ်အပိုင်း ပါဝင်ပြီး iPhone အသစ်နဲ့ အံဝင်ခွင်ကျ သုံးလို့ရပါတယ်။ အားသွင်းစွမ်းဆောင်ရည်ကလည်း သမားရိုးကျ ကြိုးမဲ့ charger တွေထက် ကောင်းမွန်ပါတယ်။ အခုထုတ်ကုန်ကို iPhone အသစ်အတွက် ဒီဇိုင်းထုတ်ထားပေမယ့် အခြား စမတ်ဖုန်းတွေနဲ့လည်း အသုံးပြုနိုင်မယ်လို့ ကုမ္ပဏီက ကြေညာထားပါတယ်။ MPOW ကတော့ သံလိုက်အားသွင်းထုတ်ကုန်ကို iPhone 12 မိတ်ဆက်မယ့် Apple ပွဲမတိုင်မီ ကြေညာခဲ့တာ ဖြစ်ပါတယ်။ Apple ဟာ ဒီနေ့ည iPhone […]

Read More

iCloud ဝက်ဘ်ဆိုက်မှာ iPhone 12 icon တွေထွက်ပေါ်

ဒီနေ့ည ၁၁ နာရီခွဲမှာ Apple ဟာ iPhone 12 မိတ်ဆက်ပါမယ်။ Apple ဟာ iCloud ဝက်ဘ်ဆိုက်မှာ iPhone 12 အတွက် ရေးဆွဲထားတဲ့ icon အသေးလေးတွေကို upload ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ပုံတွေက ရုပ်ထွက် သိပ်မကောင်းပေမယ့် အရင် iPhone မော်ဒယ်တွေ ခြားနားမှု အနည်းငယ်ရှိတာ သိသာပါတယ်။ အဲဒီပုံတွေကို Twitter ပေါ်က @AppleSWUpdates က ပထမဆုံး သတိပြုမိပြီး 9to5Max ကတော့ အရည်အသွေးကောင်းတဲ့ ပုံတွေ ရယူခဲ့ပါတယ်။ Twitter ပေါ်က post အရ Apple ဟာ iPhone icon အသစ် ၄ ခုကို ထည့်သွင်းခဲ့ပါတယ်။ ဒါကြောင့် […]

Read More

မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် ရောင်းချမည်

မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ စာတိုက်လုပ်ငန်းမှ မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့် အခမ်းအနား အထိမ်းအမှတ် ၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် တစ်မျိုကို အောက်တိုဘာ ၁၃ ရက် (ယနေ့) နံနက် ၉ နာရီခွဲ မှစတင်ကာ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီး နဲ့ တိုင်းဒေသကြီး /ပြည်နယ်များရှိ မြို့တော်စာတိုက်ကြီးများမှာ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ အထူးအစီအစဥ် အနေနဲ့ အောက်တိုဘာ ၁၃ ရက်မှာ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး နဲ့ မန္တလေးစာတိုက်ကြီး တို့မှ ဝယ်ယူသော […]

Read More

Pet Vet Hospital

အိမ်မွေးတိရိစ္ဆာန်လေးတွေကို ဆေးကုပေးရမယ့် ဂိမ်းဖြစ်ပါတယ်။ ကစားသူဟာ တိရိစ္ဆာန်တွေကို ကုသတဲ့ ဆရာဝန်နေရာကနေ ကစားပေးရမှာဖြစ်ပြီး ဒဏ်ရာ ရလာတဲ့ ခွေးလေးတွေနဲ့ ကျန်းမာရေးမကောင်းတဲ့ တိရိစ္ဆာန် လေးတွေ ပြန်လည်ကောင်းမွန်လာအောင် ကုသပေးရမှာဖြစ်ပါတယ်။ ထည့်သွင်းကစားလိုသူတွေအနေနဲ့ App Store ကနေအခမဲ့ ရယူနိုင်ပါတယ်။ iOS version 9.0 နဲ့ အထက်မှာထည့်သွင်းကစားနိုင်မယ့် ဂိမ်းဖြစ်ပါတယ်။ Download 👉 Click 👈 -သီဟ »»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««

Read More

iCons

ကိုယ့်ရဲ့ ဖုန်း screen မှာ icon တွေကို ကိုယ်တိုင်ဖန်တီး အသုံးပြုချင်သူတွေအတွက် အထောက်အကူပြုမယ့် app တစ်ခုဖြစ်ပါတယ်။ Icon တွေရဲ့ ဒီဇိုင်းကို ပြင်ဆင်နိုင်ပြီး စုစည်းသုံးစွဲနိုင်အောင်လည်း စီစဥ်ပေးထားပါတယ်။ ထည့်သွင်း အသုံးပြုလိုသူတွေအနေနဲ့ App Store ကနေ အခမဲ့ ရယူနိုင်မှာဖြစ်ပါတယ်။ iOS version 13.0 နဲ့ အထက်မှာထည့်သွင်း သုံးစွဲနိုင်မယ့် app ဖြစ်ပါတယ်။ Download 👉 Click 👈 -သီဟ »»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««

Read More