Ubuntu OS တွင် Gnome Box အား ထည့်သွင်း အသုံးပြုခြင်း

gnome-boxes-easily-create-virtual-machines-creating-vm-fedora-22.jpg

Linux အခြေခံထားသည့် Opearting System တစ်ခုဖြစ်သည့် Ubuntu OS ပေါ်တွင် Virtual Machine ကိုထည့်သွင်း အသုံးပြုချင် သူတွေအနေနဲ့ Virtual Machine တစ်ခုကို အလွယ်တကူနဲ့ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ Gnome Box  ဟာ Virtual  Machine တစ်ခု တည်ဆောက်ရန်အ တွက် စီစဉ်ပေးထားတဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။

Gnome Boxကို Ubuntu OS မှာ ထည့်သွင်းဖို့အတွက်Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေပြုလုပ် ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို  အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံ လုပ်ပေးရပါမယ်။

နောက်တစ်ဆင့် ကတော့ Gnome Boxကို Install  ပြုလုပ်ဖို့အတွက် Terminal မှာဖော်ပြပါ Command ကို ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့် Command ကတော့

-sudo apt-get install gnome-boxes

ဆိုတဲ့ Command ပဲဖြစ်ပါတယ်။ အဆိုပါ Command  ကို ထည့်သွင်းလိုက်ရင် သက်ဆိုင်ရာ Package တွေကို တစ်ခုချင်းစီ Download ပြုလုပ်ပြီး တစ်ခါတည်း Install ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ Package တွေ Download ပြုလုပ်တဲ့ ကြာချိန်ကတော့ အင်တာနက်လိုင်း အနှေးအမြန် ပေါ်မူတည်ပြီး အချိန်ကွာခြားမှာ ဖြစ်ပါတယ်။

Gnome Box ရဲ့ အားသာချက် တစ်ခုကတော့ ISO ဖိုင်ရှိတဲ့ URL Address ကိုထည့်သွင်းပြီးလည်း အသုံးပြုနိုင်မှာ ဖြစ်သလို၊ Download ပြုလုပ်ထားတဲ့ ISO ဖိုင်လမ်းကြောင်းကိုလည်း ရွေးချယ်ပြီး အလွယ်တကူနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Gnome Box ဟာ ပုံမှန် အသုံးပြုနေကျ Virtual Machine တို့ကဲ့သို့ပင် ရိုးရှင်းစွာ အသုံးပြု နိုင်စေဖို့အတွက်ကို စီစဉ်ဖန်တီး ပေးထားတာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။