Windows 10 Mobile

Windows 10 Mobile သည် မိုဘိုင်းထုတ်ကုန်များအတွက် Microsoft ၏ operating system ဖြစ်သည်။ ၎င်းသည် Windows Phone 8 နောက်ပိုင်းတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

Windows Phone နေရာတွင် အစားထိုးထားသည့် ၎င်း operating system သည် Windows desktop နှင့် မိုဘိုင်းစနစ်များ ပေါင်းစည်းခြင်း၏ ခြေလှမ်းတစ်ရပ် ဖြစ်သည်။ Windows 10 Mobile သည် Windows Phone ကဲ့သို့ပင် desktop စနစ်များတွင် မိတ်ဆက်ပေးခဲ့သော UI ကဲ့သို့သော လေးထောင့်ကွက်များနှင့် ဆင်တူသည့် Metro မှ ဆင်းသက်သော user interface ကို အသုံးပြုထားသည်။ ဖုန်း၏ home screen သည် Windows desktop စနစ်များအတွက် start menu နှင့် ဆင်တူသည်။

Windows Phone နောက်ဆုံးဗားရှင်းများ ကဲ့သို့ပင် Windows 10 Mobile တွင် အသံဖြင့် စေခိုင်းနိုင်သော feature များအတွက် Halo ဗီဒီယိုဂိမ်းတွင် synthetic intelligence (SI) ဇာတ်ကောင်ကို အခြေခံထားသော virtual assistant တစ်ခုဖြစ်သည့် Cortana ပါဝင်သည်။ Cortana သည် Apple ၏ Siri နှင့် တူညီပြီး ၎င်းကို Windows 10 desktop တွင်လည်း ထည့်သွင်းပေးထားသည်။

ထို့အပြင် Windows 10 Mobile တွင် software keyboard, threaded messaging, Internet Explorer (IE), voice recognition software နှင့် Bing search engine စသည့် စမတ်ဖုန်း feature များလည်း ပါဝင်သည်။ App များ၊ သီချင်းများ၊ ဗီဒီယိုများနှင့် podcast များ ရှာဖွေခြင်းနှင့် download ပြုလုပ်ခြင်းတို့ကို Windows Phone marketplace မှ ပြုလုပ်နိုင်သည်။

Windows 7 နှင့် Windows 8 desktop operating system သုံးစွဲသူများကဲ့သို့ပင် Windows Phone 7 နှင့် 8 သုံးစွဲသူများကလည်း Windows 10 Mobile ကို အခမဲ့ အဆင့်မြှင့်တင်နိုင်သည်။